“သန်းခေါင်ယံ ပါရီ” Midnight in Paris (Matt)

This was written about some years ago. And the movie was also released in 2011. If this essay annoyed you, you can skip it for some reviews. Because this is not a review.

“သန်းခေါင်ယံ ပါရီ”

ဒါရိုက်တာ ဝူဒီအယ်လန် ရိုက်ကူးထားသည့် ၂၀၁၁ ထွက် Midnight in Paris အမည်ရ ရုပ်ရှင်ကို ရှုခင်းရှုကွက်ပေါင်း ခြောက်ဆယ်ဖြင့် ပြင်သစ်ပြည် မြို့ပါရီ၏ လှလှပပ နေရာများကို ရုပ်ရှင်ခေါင်းစဉ်မရေးထိုးခင် နောက်ခံတီးလုံး ငြိမ့်ငြိမ့်လေးဖြင့် သုံးမိနစ်ခန့် ဖွင့်လှစ်ပြသသွားသည် ။

Owen Wilson သရုပ်ဆောင်သည့် Gil Pender အမည်ရှိ ဇာတ်ကောင်သည် အောင်မြင်သော ဟောလိဝုဒ် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပြီး မိမိကိုယ်မိမိ ဖန်တီးမှုစွမ်းအား လျော့နည်းနေသည်ဟု ယူဆထား၍ သူ၏ပထမဦးဆုံး လုံးချင်းဝတ္ထုကို ပြီးစီးရန် ကြိုးစားနေသူလည်း ဖြစ်သည်။ သူ၏ဇနီးလောင်းဖြစ်သူ Inez (Rachel McAdams သရုပ်ဆောင်သည်) နှင့် ချမ်းသာကြွယ်ဝသော ရှေးရိုးဆန် ယောက္ခမလောင်းနှစ်ယောက်နှင့်အတူ ပါရီမြို့သို့ အလည်လာကြရင်း အီနက်ဇ် ၏ သူငယ်ချင်းဖြစ်သူ စာအုပ်ကြီးသမားယောင်ယောင် တဆိတ်ကိုတအိတ်လုပ်တတ်သူ Paul (Michael Sheen) နှင့် ဆုံကြသည်။ အီနက်ဇ်က ဂေးလ် ကို သူ့ရည်မှန်းချက်သည် နေ့ခင်းကြောင်တောင် အိပ်မက်မက်သလိုဖြစ်ကြောင်း ၊ အကျိုးအမြတ်များသော ဇာတ်ညွှန်းရေးသားခြင်းသာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောဆိုသည် ။ ပါရီသို့ ရွှေ့ပြောင်းနေထိုင်ချင်သော ဂေးလ် ကို ကယ်လီဖိုးနီးယား ရှိ မာလီဘူးတွင် နေထိုင်ချင်သော အီနက်ဇ် က နားမလည်သလိုပြောဆိုလေ့ရှိသည်။ ထို့အပြင် စကားကြီးစကားကျယ် ပြောတတ်သော၊ ပါရီမြို့၏ သမိုင်းနှင့်အနုပညာရေးရာတို့ကို တိတိကျကျ မေးခွန်းမေးတတ်သော၊ ဧည့်လမ်းညွှန်တယောက်နှင့်ပင် စကားအငြင်းပွား၍ သူ့ထက်ငါ ပိုသိတယ် ပိုတတ်တယ် ယူဆနေသော ပေါလ် ကို အီနက်ဇ် က အထင်ကြီးလေးစားနေသောအခါ ဂေးလ် ခမျာ စိတ်မသက်မသာ ဖြစ်ရရှာသည်။

(ဤတွင် ရေချယ် ၏ ဇာတ်ရုပ်အတွက် ဝူဒီ အယ်လန် မှာ ဇာတ်လမ်းရေးစကပင် သူ့အတွက် ရည်ရွယ်၍ရေးကြောင်း သိရသည်။ ရေချယ့်ကို ဤဇာတ်ရုပ်မျိုးသရုပ်ဆောင်လျှင် ပို၍စိတ်ဝင်စားမှုရှိကြောင်း ၊ လှလှပပ အမျိုးသမီးဘဝဇာတ်ကောင်များထက် စာလျှင် ဗျစ်တောက်ဗျစ်တောက် ပြောတတ်၍ အပေါက်ဆိုးဆိုး သဘောထားဆိုးဆိုး ဇာတ်ကောင်များနှင့် ပိုမို စိတ်ဝင်စားဖွယ် ရှိကြောင်း ပြောပြထားသည်ကို ဖတ်ရှုမိသည်။)

တညတွင် ဂေးလ် မှာ အရက်မူးပြီး အီနက်ဇ် နှင့် ပေါလ်တို့ ကပွဲသွားရာသို့ မလိုက်တော့ဘဲ တည်းခိုရာသို့ တယောက်တည်း လမ်းလျှောက်ပြန်လာသည်။ တကိုယ်တည်း ပါရီမြို့၏ ညအလှများကို ခံစားရင်း နောက်ခံတီးလုံးနှင့်အတူ ရုပ်ရှင်ရှုမိတ်ဆွေများ မျောလွင့်လာနိုင်ပါသည်။

(အိုဝင်ဝီလ်ဆင် ဇာတ်ရုပ်နှင့် ဂေးလ် မှာ လိုက်ဖက်လှသဖြင့် ရှေ့တွင် အိုဝင်ဟုသာ သုံးနှုန်းပါရစေ။)

ထို့နောက် အိုဝင် တယောက် ပါရီ၏ လမ်းကြိုလမ်းကြားများတွင် လမ်းစပျောက်တော့သည်။ ဟိုမေး ဒီမေး နှင့် ကြံရာမရ လက်မှိုင်ချထိုင်နေသော အိုဝင် ၏ ရုပ်ကို ခန့်မှန်းကြည့်လျှင်ပင် ရယ်စရာဖြစ်နေသည်။ ဤသို့ဖြင့် သန်းခေါင်ယံတိတိတွင် ခေါင်းလောင်းထိုးသံကြားပြီး သူထိုင်နေရာ မလှမ်းမကမ်းတွင် ၁၉၂၀ ခုနှစ်ထုတ် ကားလေးတစီး လာရပ်သည်။ ကားပေါ်က ခရီးသည်များကလည်း ၁၉၂၀ ခေတ်ပုံစံ ဝတ်ဆင်ထား၍ သူ့အား လှမ်းခေါ်နေသည်။ စိတ်ကလေး ခပ်ထွေထွေကြားထဲတွင် ပျော်သလိုပင် ရှိလာသော အိုဝင်မှာ မထူးသောဇာတ်မို့ ကားပေါ်တက်ကာ သူတို့နှင့် ပျော်ပွဲတခုသို့ လိုက်ပါသွားလေသည်။ ပျော်ပွဲတွင် ၁၉၂၀ ပြည့်နှစ်များဆီက ဟန်ပန် အမူအရာများ ကို ကြုံတွေ့ရသောအခါ သူ့ခမျာ ဇဝေဇဝါ ဖြစ်လာသည်။ ပျော်ပွဲမှာ Jean Cocteau ၏ ပွဲဖြစ်ကြောင်း သိရသောအခါ အံအားသင့်၍ သူ အထင်ကြီးလေးစားခဲ့သော စံပြုနမူနာယူထားသော ၁၉၂၀ ခုနှစ်များဆီသို့ စိတ်ကူးယဉ်ဆန်ဆန် ရောက်သွားကြောင်း နားလည်လိုက်ရသည်။

(Jean Cocteau သည် သူ၏ဝတ္ထုကြီး Les Enfants Terribles [1929], ရုပ်ရှင်များဖြစ်ကြသော Blood of a Poet [1930], Les Parents Terribles [1948], Beauty and the Beast [1946], Orpheus [1949] တို့နှင့်ထင်ရှားပါသည်။)

ထိုခေတ်အခါ က အနုပညာရှင်များဖြစ်ကြသော Cole Porter, Alice B. Toklas, Josephine Baker တို့ကို ကြုံတွေ့ရသည့်အပြင် Zelda နှင့် Scott Fitzgerald တို့မောင်နှံနှင့် ရင်းနှီးသွားသည်။ သူတို့ဇာတ်ရုပ်များကို Alison Pill နှင့် Tom Hiddleston တို့ နှစ်ယောက် လိုက်ဖက်ညီညီ သရုပ်ဆောင်ထားကြသည်။ အဲလစ်ဆန် ၏ ဇဲဒါး အဖြစ်သရုပ်ဆောင်မှုမှာ ချစ်ဖို့ ကောင်းသည် ဟု ကျွန်တော်မြင်သည်။ ခပ်သွက်သွက် ခပ်စွာစွာ ခပ်ပျော်ပျော် နေတတ်ပြီး ခင်မင်ချင်စရာ စကော့ ၏ ဇနီးချော စာရေးဆရာမလေးလည်း ဖြစ်သည်။ တွမ် ဟစ်ဒယ်စတန် သရုပ်ဆောင်သည့် F. Scott Fitzgerald ကိုလည်း နှစ်ခြိုက်မိသည်။ The Great Gatsby ကဲ့သို့သော ခမ်းနားသည့်ဝတ္ထုကြီးကို ရေးဖွဲ့သူ စာရေးဆရာကြီးသည် Tom သရုပ်ဆောင်ထားသလို ပေါ့ပေါ့ပါးပါးနှင့် လေးလေးနက်နက် နေတတ်ခဲ့သလားဟုပင် တွေးမိအောင် တွမ် ၏ သရုပ်ဆောင်မှုကို သဘောကျမိသည်။

(ဤတွင် ဝူဒီအယ်လင် သည် စကော့ နေရာအတွက် တွမ်အား သရုပ်ဆောင်စေရန် သုံးကြောင်းမျှသာရှိသော စာတစ်စောင်နှင့်အတူ ၁၅ မျက်နှာသော သူ့အတွက် ဇာတ်ညွှန်းကို ပို့လိုက်လေ၏ ။ စာတွင် “ခင်မင်ရပါသော တွမ်၊ ဒီနွေရာသီထဲ ပါရီမြို့ မှာ ငါ ရုပ်ရှင်တကား ရိုက်မယ်၊ ဇာတ်ညွှန်းစာမျက်နှာတွေကို တွဲပို့လိုက်တယ်၊ စကော့ ဇာတ်ရုပ်အတွက် မင်းသရုပ်ဆောင်မှာကို ငါကြည့်ချင်စမ်းပါဘိ” ဆို၍ ပါဝင်ထားပါသည်။ နောင်တွင် တွမ်က ထိုစာ ကို မှန်ဘောင်သွင်း၍ အလှဆင်ကာ သူ၏ အိမ်ရုံးခန်းတွင် ချိတ်ဆွဲတပ်ဆင်ထားပါသည်)

စကော့ က အိုဝင့် ကို အမေရိကန် စာရေးဆရာကြီး Ernest Hemingway နှင့် မိတ်ဆက်ပေးပါသည် ။ ဟဲမင်းဝေး နေရာတွင် Corey Stoll ကလည်း လူလတ်ပိုင်းအရွယ် ပီပြင်အောင် သရုပ်ဆောင်ထားသည်။ စကားပြောပုံ လေယူလေသိမ်း ဟန် စိတ် ထက်ထက် ခပ်ပြတ်ပြတ် ဖြင့် သရုပ်ဖော်ထားသည်မှာ တကယ့်ပြင်ပ၌ ဟဲမင်းဝေး ကြီးကို တွေ့ရသကဲ့သို့ပင် ခံစားမိစေသည်။

(ဤတွင်လည်း Corey တယောက် နာမည်ကြီး ဟဲမင်းဝေး အဖြစ်သာမက တသီးတခြား ဟဲမင်းဝေးဟန်ဖြင့် သရုပ်ဆောင်ရမည်ဆိုသောအခါ စိတ်လှုပ်ရှားမှုများ ရှိခဲ့ဖူးသည် ဟု ဖတ်ရသည်။ ဝူဒီအယ်လင်ကလည်း အစမ်းလေ့ကျင့်မှုသဘောမလုပ်ခဲ့ပေ။ သူ၏ ဟဲမင်းဝေးအဖြစ် ပထမဆုံးအကြိမ် တဦးတည်း စကားပြောကောင်းကောင်းဖြင့် သရုပ်ဆောင်ခန်းတွင် သူသည် သရုပ်ဆောင်အလုပ်အနေဖြင့် မှန်ကန်သောအလုပ်များကို ပြုခြင်း မပြုခြင်းတို့ကို မသိပင် မသိတော့ပါ ဟု ဆိုဖူးပါသည်။ သို့သော် ပထမအခန်းရိုက်ကူးပြီးသွားသောအခါ “လုံးဝကောင်းတယ်၊ ဒါ ငါ လိုချင်တဲ့ပုံစံ အတိအကျပဲ” အယ်လင် က သူ့ အား စိတ်ဖြေလျော့အောင် အားပေးခဲ့ပါသည်)

ဟဲမင်းဝေး နှင့် အိုဝင် တွေ့ဆုံကြပြီး အိုဝင် က သူ၏ ရေးပြီးလုံးချင်းကို စမ်းဖတ်ကြည့်၍ ပြီးလျှင် သူ့အား ထင်မြင်ချက် ပေးရန် တောင်းဆိုသည်။ ဟဲမင်းဝေး က “ငါ့အမြင်ကတော့ ငါ မကြိုက်ဘူး” ဟု မဖတ်ရသေးတွင်ပင် ခပ်ပြတ်ပြတ် ပြန်ပြောသည်။ အိုဝင် က “မင်းမှ မဖတ်ရသေးတာကိုး” ဟု ပြန်ပြောသောအခါ … ဟဲမင်းဝေးကြီးက “တကယ်လို့ အဲ့ဒါ မကောင်းဘူးဆိုရင် ငါ မကြိုက်ဘူး ဘာလို့ဆိုတော့ စာအရေးအသားညံ့တာ ငါသိပ်မုန်းလို့ … တကယ်လို့ ကောင်းနေမယ်ဆိုရင် ငါ မနာလိုဖြစ်ပြီး ပိုပြီး မုန်းမယ်၊ တခြား စာရေးဆရာ တစ်ယောက်ဆီ က အထင်တွေ အမြင်တွေ မင်း မယူချင်ပါနဲ့” ဟု ပြောသော အခန်းလေးလည်း ကျွန်တော် သဘောကျသည်။ ထို့နောက်တော့ သူ က သူ့ ဝတ္ထုကို Gertrude Stein ကို ပေးဖတ်ပြီး သူ့ထင်မြင်ချက် ကိုတောင်းရန် အကြံပြုသည်။ အိုဝင် က သူ့ ဝတ္ထုကို သွားယူရန် ပြန်သောအခါ ၂၀၁၀ သို့ ပြန်ရောက်လာပြီး ၁၉၂၀ခုနှစ်များမှာ ပျောက်ကွယ်သွားသည်။

နောက်တညတွင် အိုဝင် က အီနက်ဇ် ကို ပါ အတိတ်ဆီ ခေါ်သွားဖို့ကြံသည်။ သို့သော် သူမ၏ စိတ်မရှည်မှု တို့ကြောင့် ဗျစ်တောက်ဗျစ်တောက် ပြောဆိုပြန်ပြီး ဟိုတယ်သို့ပြန်သွားသည်။ သူမပြန်သွားပြီး မကြာမီပင် နာရီသည် သန်းခေါင်ယံသို့ရောက်ပြီ ဖြစ်ကြောင်း အသံပြုသည်။ ယမန်ညကဲ့သို့ပင် ကားတစီးရောက်လာပြန်သည်။ ဤအချိန်တွင်မူ ဟဲမင်းဝေးမှာ ကားထဲတွင် တစ်ခါတည်း ရှိနေပြီး သူ့ကို အမျိုးသမီးကြီး ဂါထရုစတိုင်း ဆီကို ခေါ်သွားသည်။ ထိုရောက်တော့ Pablo Picasso နှင့် သူ့ ချစ်သူ Adriana ဆိုသူကို တွေ့ဆုံသည်။ ဂါထရု က ပီကာဆို ကို သူ့ပန်းချီကားတကားနှင့် ပက်သက်ပြီး ဝေဖန်ပြောဆိုနေသည် ။ ဟဲမင်းဝေး က ပီကာဆို ကို မိန်းမတွေနဲ့ အိပ်ရင်အိပ် မအိပ်ရင်ပန်းချီဆွဲတဲ့ကောင် ဟု သမုတ်ပြန်သည်။ Adriana သည် ဝူဒီအယ်လန် ထည့်သွင်းထားသော ဇာတ်ကောင်တကောင်သာ ဖြစ်ပြီး သူ့နေရာတွင် Marion Cotillard က ချစ်စဖွယ် သရုပ်ဆောင်ထားသည်။ သူ နှင့် အိုဝင်တို့ မြင်မြင်ချင်း စိတ်ဝင်စားသွားကြသည်။ ဂါထရုစတိုင်း အဖြစ် သရုပ်ဆောင်သူ Kathy Bates က အိုဝင့် ဝတ္ထုရှေ့စာကြောင်းများကို ရွတ်ဖတ်နေစဉ် အဒ္ဒရီယာနာက ကြားပြီး ချက်ချင်း သူမကို ငြိတွယ်သွားစေသည် ဟု ဆိုသည်။ ၁၈၉၀ ခုနှစ် အတိတ်ကာလ များဆီကိုလည်း မကြာခဏ သွားချင်သည်ဟု တမ်းတသည်။

နောက်ပိုင်း ညများတွင်လည်း အိုဝင် သည် အတိတ်ကာလများဆီပြန်သွားရင် အချိန်ကုန်ဆုံးစေသည်။ ညဥ့်နက်သန်းခေါင် လျှောက်လည်နေခြင်း သည် အီနက်ဇ်ကို စိတ်အနှောက်အယှက် ဖြစ်စေရုံသာမက သူမအဖေ၏ သံသယကိုပါ ကြီးထွားစေပြီး အလွတ်တန်းစုံထောက်တယောက်ကို ငှားရမ်းစေကာ အိုဝင့်နောက်သို့ လိုက်လံချောင်းမြောင်းစေသည်။

အိုဝင်သည် အဒ္ဒရီယာနာ နှင့် အချိန်ပိုပေးရင်း သူမကို ချစ်ခင်မြတ်နိုးမိလာသည်။ သူ၏ ခံစားချက်ကို စပိန် ပန်းချီဆရာ Salvador Dali , အမေရိကန် ဓာတ်ပုံဆရာ Man Ray နှင့် ရုပ်ရှင်ဒါရိုက်တာ Luis Bunuel တို့ကို ရင်ဖွင့်ပြသည်။ Surrealists များဖြစ်ကြသည့် အနုပညာရှင်များ ဖြစ်ကြသောအခါခေတ်ကာလမတူသည့် အမျိုးသမီးတစ်ဦးကို ချစ်မိသောအဖြစ်ကို ပုံမှန်အဖြစ်ဟု တွေးမိကြသေးသည့် ထိုအခန်းသည် ကျွန်တော် လွတ်လပ်ပေါ့ပါးစွာ ရယ်မိသည့် အခန်းလည်း ဖြစ်ပါသည်။

အိုဝင်တစ်ယောက် နေ့ခင်းပိုင်းတွင် Seine မြစ်အနီး ရှေးဟောင်းပစ္စည်းများ အရောင်းဆိုင်၌ ဝင်စူးစမ်းကြည့်ရင်း ဂေဘရီယယ်ဆိုသည့် ကောင်မလေးနှင့်လည်း တွေ့ဆုံခဲ့ပြီး အဒ္ဒရီယာနာ ၏ ၁၉၂၀ ပြည့်နှစ်များမှ နေ့စဉ်မှတ်တမ်းစာအုပ်ကို တွေ့လာခဲ့၍ ဝယ်လာခဲ့သေးသည်။ ထိုအထဲတွင် အဒ္ဒရီယာနာ က သူ့ကို သူမအား နားကပ်တစ်စုံလက်ဆောင်ပေးပြီး သူမနှင့် ချစ်ခင်စုံမက်စေချင်ကြောင်း ရေးထားသည်ကို ဖတ်မိသောအခါ အိုဝင်သည် နားကပ်တစုံကို ကြံ၍ဖန်၍ ယူဆောင်လာပြီး ၁၉၂၀ ခုနှစ်များသို့ ပြန်သွားသည်။ သူတို့ နှစ်ဦး ကြည်နူးနေကြစဉ်အတွင်း မြင်းလှည်းရထားတစီး ဆိုက်ရောက်လာ၍ သူတို့အား ဖိတ်ခေါ်မှုပြုသည်။ ထို မြင်းရထားနှင့် သူတို့ လိုက်ပါသွားသောအခါ အဒ္ဒရီယာနာ၏ ပါရီ ရဲ့ ရွှေခေတ်ဟု အထင်ကြီးလေးစားမိသော ၁၈၉၀ ခုနှစ်များဆီသို့ ထပ်မံရောက်သွားခဲ့သည်။ ပြင်သစ် ပန်းချီဆရာများ ဖြစ်ကြသော Henri de Toulouse-Lautrec , Edgar Degas, Post-Impressionist အနုပညာရှင် Paul Gaugin တို့ နှင့် တွေ့ဆုံပြီး အဒ္ဒရီယာနာ ကို ဒီဇိုင်းအလုပ်တစ်ခုလက်ခံရန်နှင့် အိုဝင်ကိုပါအတူနေခိုင်းစေသည်။ အိုဝင် က ဤကာလတွင်နေလျှင် အခြားကာလတစ်ခုကိုပါ ရွှေခေတ်ဟု စိတ်ကူးယဉ်လာနိုင်သည်။ ပစ္စုပ္ပန်သည် အနည်းငယ် မကျေမနပ် အလိုမကျနိုင်ဖွယ် ရှိနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ဘဝသည်လည်း မကျေမနပ် အလိုမကျဖွယ် အနည်းငယ်များ ရှိနေသည် ဟု ပြောဆိုသောအခါ အဒ္ဒရီယာနာ က စာရေးဆရာတွေနဲ့ ပြဿနာဟာ အဲ့ဒါပဲ၊ ရှင် က သိပ်စကားကြွယ်တယ် ဟု ပြန်ပြောပြီး အိုဝင်နှင့် လမ်းခွဲကာ ၁၈၉၀ခုနှစ်များတွင် နေရန် ဆုံးဖြတ်လိုက်သည်။ အိုဝင် ကမူ သူကိုယ်တိုင် သဘောပေါက်လာ၍ ပစ္စုပ္ပန်သို့ ပြန်နေရန် ပြင်သည်။ အိုဝင်သည် သူ၏ပထမဦးဆုံး လုံးချင်း၏ ရှေ့ပိုင်းအခန်းများကို ပြန်ပြင်ရေးထား၍ စာမူကြမ်းများကို ဂါထရုဆီမှပြန်လည်ရယူသည်။ ဟဲမင်းဝေးလည်း သဘောကျသည် ပြောသည်။

ဂါထရု က “အနုပညာရှင်၏အလုပ်သည် မျှော်လင့်ချက်ပျက်သုဉ်းခြင်းကို မလွန်ဆန်နိုင်ဖို့မဟုတ်ဘဲ တည်ရှိနေခြင်း၏ ကွက်လပ်ဖြစ်မှု လစ်ဟာမှုတို့အတွက် ကုသရာဖြေဆေးရှာရန်” ဟု ဆိုသည်။

အိုဝင် သည် ၂၀၁၀ သို့ ပြန်သွားပြီး အီနက်ဇ်ကို ဖြောင်းဖြပြန်သည်။ အီနက်ဇ်က သူမသည် တတ်ယောင်ကား ပေါလ် နှင့် ပျော်ပါးပြီးပြီဟု ဝန်ခံသည်။ ရှေ့ဆက်၍ သူတို့ နှစ်ဦး လက်တွဲရန် မဖြစ်နိုင်တော့ကြောင်း ပြောပြီး လမ်းခွဲကာ ပါရီတွင် အိုဝင်တယောက်တည်း ဆက်နေရန် တည်ငြိမ်အေးချမ်းစွာ ထွက်လာခဲ့တော့သည်။

ပါရီမြို့၏ စိန်းမြစ်နံဘေး သန်းခေါင်ယံလမ်းလျှောက်လာရင်း ရှေးဟောင်းပစ္စည်းဆိုင်က ကောင်မလေးနှင့် ပြန်ဆုံတွေ့သည်။ မိုးများစတင်ရွာသောအခါ အိုဝင် က သူမကို အိမ်လိုက်ပို့ ပေးဖို့ပြောရင်း နှစ်ယောက်သား မိုးရေထဲတွင် ထွက်ခွာသွားကြပြန်သည်ကို နောက်ခံတီးလုံး ငြိမ့်ငြိမ့်ညောင်းညောင်း ဖြင့် ပြသထားရင် အဆုံးသတ်ထားပါသည်။

၂၀၁၁ ခုနှစ်ထွက်ရှိခဲ့သော ဤရုပ်ရှင်ကို ဝူဒီအယ်လန် ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားသည်။ ဇာတ်လမ်းကြည့်ရင်း စိတ်ကူးယဉ် ဆန်ပြီး ပျော်စရာ ကြည်နူးစရာမျိုးလည်း ဖြစ်သည်။ ဝူဒီအယ်လင် က ၂၀၀၆ ခုနှစ်ကတည်း က ဤရုပ်ရှင်ကို ရိုက်ကူးဖို့ ဆန္ဓရှိခဲ့သည်ဟု ဖတ်မိထားပါသည်။ အကောင်းဆုံးဇာတ်ညွှန်းဆုဖြင့်လည်း ၂၀၁၂ တွင် အော်စကာဆု ရခဲ့ပါသည်။

ဤရုပ်ရှင်တွင် Vincent van Gogh ၏ နာမည်ကြီး Starry Night ဖြင့် ပိုစတာတွင် ပုံဖော်ထားသော်လည်း ဗန်ဂိုးမှာ ဤရုပ်ရှင်တွင် မပါဝင်ခဲ့ပေ။ ( ဗန်ဂိုး အဖြစ် ဒါရိုက်တာ မာတင် စကော့စေးစီ သည် ကူရိုဆာဝါ ၏ Dreams တွင် သရုပ်ဆောင်ခဲ့ခြင်း ရှိခဲ့ဖူးသည်ကို အမှတ်ရမိပါသည် )

ကျွန်တော့် အနေဖြင့် ဤဇာတ်ကားလေး ကြည့်ပြီး ခံစားသက်ဝင် မျောမိနေခဲ့မိပါသည်။ ရုပ်ရှင် ပြီးလို့ပြီးသွားမှန်း မသိရအောင် တီးလုံးသံလေး သာသာယာယာဖြင့် ကြည့်ရ ကျေနပ်ဖွယ်ကောင်းလှသည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း ဤရုပ်ရှင်မျိုးပမာ အတုယူ၍ ၁၉၃၀၊ ၁၉၄၀ ကျော် ကာလများဆီမှ အနုပညာရှင်ကြီးများထံ သွားရောက်တွေ့ဆုံသည့်ပမာ ရိုက်ကူးထားသည့်ရုပ်ရှင်မျိုး ထွက်ရှိလာလျှင် သိပ်ကောင်းမည်ဟု စိတ်ကူးယဉ်မိနေပါသည်။

လူတစ်ယောက်အဖို့ စိတ်ကူးယဉ်မိခြင်းဟာ သူ့ရဲ့ အရိုးသားဆုံးအချိန် မဟုတ်ပါလားဗျာ

ထိုကာလသို့ ရောက်သွား၍ ဆရာကြီး ရွှေဥဒေါင်းနှင့်တွေ့ဆုံလျှင် ယခုခေတ်တွင် မော်ဒန် ရှားလော့ ထွက်ရှိနေပြီဖြစ်ကြောင်း ပြောရမည်။ တက်ကျမ်းရေးသော ပီမိုးနင်း ကိုမူ ခေါင်းငိုက်စိုက်ပြီး လမ်းမလျှောက်ဖို့နှင့် လမ်းသွားလျှင် သတိထားဖို့ ပြောရမည်။ သိပ္ပံမောင်ဝ ကိုလည်း ကျွန်တော် ဝိဇ္ဇာမောင်ပိန် ဟု ခပ်တည်တည် မိတ်ဆက်ဖို့ သွားရင်သွားမည်။ ဆရာကြီးကိုယ်တော်မှိုင်း ကိုမူ သူနှင့် ကျွန်တော်နှင့် နာမည် တစ်လုံး တူသည်၊ သို့ သော် သူ့ကိုတုပ၍ ယူခြင်းမဟုတ်ဟုလည်း ပြောသင့်ပြောရမည်။ ထို့နောက် တခြား ပန်းချီဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ အနုပညာရှင်များနှင့်လည်း ဆုံတွေ့ရမည်။

Midnight in Paris ရုပ်ရှင်ထဲတွင် အိုဝင် ဝီလ်ဆင်သည် ၁၉၂၀ ခုနှစ်များကို ပါရီ၏ ရွှေခေတ်ဟု မြင်သည်။ ကျွန်တော်တို့ဆီတွင်လည်း ရန်ကုန်၏ ရွှေခေတ်၊ မန္တလေး၏ ရွှေခေတ် ဟု ခေါ်တွင်နိုင်သော ခေတ်များ ရှိသည်။ ထိုခေတ်များရှိ အနုပညာရှင်တို့တွင် ယနေ့ ခေတ် ရှားပါးလာသော အနုပညာ ရိုးသားမှုများ ရှိမည်ဟု ယုံကြည်မျှော်လင့်နေမိပြန်သေးသည်။ အိုဝင် အပြောအရ အတိတ်ကာလသည် သူ့အတွက် ရွှေဖြစ်သည်။ သို့သော် လက်ရှိ အလိုမကျနေမှုသည်သာ ပကတိအရှိတရား ဖြစ်သည်ဟု ကောက်ချက်ချမိချင်သည်။

သို့သော်လည်း စိတ်ကူးယဉ်မှု အားသန်၍ မတော်တဆများ Midnight in Rangoon သို့မဟုတ် Midnight in Mandalay အဖြစ်မျိုးနှင့် ကြုံလာခဲ့ပါမူ ရွှေခေတ်များဆီသို့ သွားရောက်လည်ပတ်လိုစိတ်များ ပြင်းပြလျက်ရှိလို့နေပါသည်။

ရုပ်ရှင်ဖန်တီးလိုသူများ ဝါသနာရှင်များ အနေဖြင့်သော်လည်းကောင်း ၊ စာပေ ဖန်တီးသူများ ဝါသနာရှင်များအနေဖြင့်သော်လည်း ဤဇာတ်ကားကို ကြည့်ရှုမိကောင်းဖြစ်မည် ထင်ပါသည်။ သို့သော် မကြည့်ရှုရသေးသော မိတ်ဆွေ တချို့အတွက် ရည်ရွယ်ရင်း ရေးသားမိသော စာစုသာဖြစ်သည်ဟု သဘောထားစေလိုပါသည်။ ကြည့်သင့်ကြည့်ထိုက်သော ရုပ်ရှင်မျိုးဖြစ်သည့်အတွက် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းချင်မိပါသည်။ ထို့အပြင် ရုပ်ရှင်တွင်ပါဝင်သော တကယ့်ဇာတ်ကောင်များ၏ အနုပညာဖန်တီးမှုများကိုပါ အားလပ်သောအချိန်များတွင် ဝါသနာပါလျှင်ဖတ်ရှုလေ့လာရင်း စိတ်အပန်းဖြေစေလိုကြောင်း ပြောကြားလိုပါသည်။

ဤရုပ်ရှင်ကို ခင်မင်သော မိတ်ဆွေတို့အတွက် ရည်ရွယ်ရင်း စေတနာဖြင့် ရိုးသားစွာ ညွှန်းဆိုလိုက်ပါသည်။

matt

၁၃.၀၆.၂၀၁၅

Burning “မသေချာမှုတွေနဲ့ လောင်ကျွမ်းနေသော” (Tim)

Burning “မေသခ်ာမႈေတြနဲ႕ ေလာင္ကြၽမ္းေနေသာ”

Tim


လီခ်န္းဒြန္ရဲ႕ Burning ကို ဒီေန႕မွ အၿပီးသတ္မိတယ္။

ၾကည့္ၿပီးၿပီးခ်င္းမွာ က်ေနာ့္ေခါင္းထဲေရာက္လာတာက မေသခ်ာမႈနဲ႕ က်ေနာ္တို႔ရဲ႕ အခန္းက႑ပဲ။ က်ေနာ္တို႔ဟာ မေသခ်ာမႈလူသားေတြျဖစ္တယ္ဆိုရင္ ခင္ဗ်ား ျငင္းမလား။ ေန႕စဥ္နဲ႕အမွ် ရွင္သန္ေနထိုင္ရျခင္းမွာ က်ေနာ္တို႔ဟာ ဘယ္ေလာက္ ရာခိုင္ႏႈန္းထိ ေသခ်ာေနလဲဆိုတာ ေမးခြန္းထုတ္ဖို႔ေကာင္းတယ္။

ေနာက္ဘဝ တကယ္ရွိတာ ေသခ်ာရဲ႕လား။ ထာဝရဘုရားနဲ႕ ျပန္ဆုံရမွာ ေသခ်ာရဲ႕လား။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မွာ ေသခ်ာရဲ႕လား။ ငရဲ ဆိုတာ တကယ္ရွိရဲ႕လား။ အပ်ိဳစင္ ၇၂ေယာက္က အပ်ိဳစစ္ပါ့မလား။

အဲဒီမေသခ်ာမႈေတြဟာ လူ႕အဖြဲ႕အစည္းကို ေမာင္းႏွင္ေနတဲ့ ဂီယာတစ္ခုပဲ။ လေပၚကို က်ေနာ္တို႔ ဘာလို႔ သြားၾကတာလဲ။ အဂၤါၿဂိဳဟ္ေပၚကို ဘာလို႔ သြားၾကတာလဲ။ စၾကဝဠာထဲမွာ က်ေနာ္တို႔အျပင္တျခား သက္ရွိေတြရွိမရွိ ဘာလို႔ တရစပ္ ရွာေဖြေနၾကတာလဲ။ ေသခ်ာခ်င္တဲ့ စိတ္ဟာ လူ႕အဖြဲ႕အစည္းကို အခုထိ ေမာင္းႏွင္ေနတုန္း။

Area 51 မွာ ၿဂိဳဟ္သားေတြရွိတာေရာ ေသခ်ာရဲ႕လား။

Burning ထဲမွာ မေသခ်ာမႈေတြကို ေပြ႕ပိုက္ထားသူက ဂ်ဳံးဆုျဖစ္တယ္။

ဂ်ဳံးဆုက ဟဲမီရဲ႕ တိုက္ခန္းမွာ ေၾကာင္စာသြားသြားေကြၽးတယ္။ ေၾကာင္အညစ္အေၾကးခြက္ထဲ အညစ္အေၾကးေတြ ေတြ႕ရတာကလြဲရင္ ေၾကာင္ကို သူတစ္ခါမွ မေတြ႕ခဲ့ဘူး။

ဟဲမီငယ္ငယ္က ေရတြင္းထဲ ျပဳတ္က်ဖဴးတယ္ေျပာတယ္၊ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေရတြင္းမရွိပါဘူးလို႔ ေျပာၾကတယ္၊

ဘန္က ဂ်ဳံးဆုအိမ္နားက ဖန္လုံအိမ္ကို မီးလာရွို႔မယ္တဲ့။ ေနာက္တေခါက္ျပန္ေတြ႕ေတာ့ ငါရွို႔ၿပီးသြားၿပီတဲ့။ ဒါေပမယ့္ မီးေလာင္ေနတဲ့ဖန္လုံအိမ္ကို ဂ်ဳံးဆုက လုံးဝ မေတြ႕ရဘူး။

ဟဲမီရဲ႕ေၾကာင္ဟာ တကယ္ရွိရဲ႕လား။
ေရတြင္းက တကယ္ရွိရဲ႕လား။
မီးရွို႔ခံလိုက္ရတဲ့ ဖန္လုံအိမ္က တကယ္ရွိရဲ႕လား။
ဂ်ဳံးဆုရဲ႕ မေသခ်ာျခင္းေတြေပါ့။

ဒီအခ်ိန္မွာ ဂ်ဳံးဆုကို အတည္ျပဳေပးမယ့္ လူတစ္ေယာက္ေပၚလာတယ္။ သူ႕အေမပါပဲ။ ဟုတ္တယ္ေလ၊ ေရတြင္းက တကယ္ရွိတယ္ေလ၊ ေရခမ္းေနတဲ ေရတြင္းပ်က္ႀကီးတဲ့။ သူ႕အေမကိုယ္တိုင္ကေတာ့ အေႂကြးေတြနဲ႕ ပတ္ေျပးေနရတဲ့သူ။ တနည္းေျပာရရင္ ယုံၾကည္စရာမေကာင္းတဲ့သူ။ အခုေရာက္လာတာလည္း ၁၆ႏွစ္ေလာက္ ပစ္ထားတဲ့ သားျဖစ္သူကို မ်က္ႏွာေျပာင္တိုက္ၿပီး အကူအညီေတာင္းဖို႔လာတာ။ စဥ္းစားၾကည့္ရင္ သူကေတာ့ သားျဖစ္သူဆီက အကူအညီရဖို႔ သူ႕သားၾကားေစခ်င္တာ ဘာမဆိုေျပာမွာပဲ မဟုတ္လား။

ဟုတ္တယ္ေလ၊ ေရတြင္းက တကယ္ရွိပါတယ္၊ ေသခ်ာပါတယ္။
ဟုတ္တယ္ေလ၊ ဘုရားသခင္က အၿမဲေစာင့္ေရွာက္ပါတယ္၊ ေသခ်ာပါတယ္။
ဟုတ္တယ္ေလ၊ ကံကံ၏အက်ိဳးဆိုတာ တကယ္ရွိပါတယ္၊ ေသခ်ာပါတယ္။
ဟုတ္တယ္ေလ၊ ေသခ်ာပါတယ္။
ဟုတ္တယ္ေလ၊ ေသခ်ာပါတယ္။
ဟုတ္တယ္ေလ၊ ေသခ်ာပါတယ္။

________. __________. ___________

ေသခ်ာတာတစ္ခုကေတာ့ မေသခ်ာမႈပါပဲ။

ဘန္ကေတာ့ မေသခ်ာမႈေတြကို လႊတ္ခ်ထားဖို႔၊ တနည္းအားျဖင့္ ႀကိဳးစားၿပီး အတည္မျပဳဖို႔ ဆုံးျဖတ္ထားတဲ့သူလို႔ ျမင္တယ္။ ဒါေပမယ့္ သူက သူ႕လိုမလႊတ္ခ်ထားနိုင္တဲ့ ဂ်ဳံးဆုကို အထင္အျမင္ေသးတယ္၊ ေလွာင္ခ်င္တယ္။ သူ႕ကိုယ္သူ ဂ်ဳံးဆုထက္သာတဲ့ superior being တခုလို႔ ေတြးတယ္၊ အဲဒီအေတြးက တိုက္ရိုက္မဟုတ္ရင္ေတာင္ သူ႕မသိစိတ္ထဲမွာ ရွိေနတာပဲ။ သူမီးရွို႔မယ္လို႔ လွန့္လိုက္ေတာ့ ဂ်ဳံးဆုက မနက္တိုင္း အသည္းအသန္ ထေျပးၿပီး ၾကည့္ရတယ္။ ဟဲမီနဲ႕ ဆက္သြယ္လို႔ မရေတာ့ သူသြားေလရာေနာက္ ဂ်ဳံးဆုက တေကာက္ေကာက္လိုက္ေခ်ာင္းတယ္။ အဲဒီလိုေျပးလႊားေနတဲ့ အခ်ိန္မွာ ဘန္က ေနာက္က ေရာက္မေနဘူးလို႔ ေျပာနိုင္လား။ အဲဒီလို လိုက္ေခ်ာင္းေနတဲ့အခ်ိန္မွာ ဘန္က သိေနၿပီး ႀကိတ္ခြီေနတာေရာ မျဖစ္နိုင္ဘူးလား။

ဘန္ကေျပာတယ္ “ဂ်ဳံးဆု မင္းတအား အတည္ႀကီးေတြေတြးတာပဲ”တဲ့

ေသခ်ာတာကေတာ့
မေသခ်ာမႈကို အတည္ျပဳခ်င္တဲ့လူက ပင္ပန္းၿပီး
မေသခ်ာမႈကို လ်စ္လ်ဴရႈထားတဲ့သူက ေနသာသပ ေလညွာကပါပဲ။

ဘန္ဟာ အစတည္းက ဂ်ဳံးဆုကို ကစားဖို႔ ေရာက္လာခဲ့တာလား။ သူ႕ဟာသူ တိုက္ဆိုင္ၿပီး ျဖစ္သြားတဲ့ မေသခ်ာမႈေတြကို ဘန္က အလိုက္သင့္စီးေမ်ာေနခဲ့တာလား။

ဟဲမီရဲ႕ အိမ္မွာေၾကာင္ရွိတယ္။ ဟဲမီရဲ႕အိမ္မွာ ေၾကာင္ရွိတယ္။ ဟဲမီရဲ႕ အိမ္မွာ ေၾကာင္ရွိတယ္။ ဟင္အင္း။ ဘန္ရဲ႕ အိမ္မွာ ေၾကာင္ရွိတယ္။ ဘန္ရဲ႕အိမ္မွာေၾကာင္ရွိတယ္။ ဘန္ရဲ႕ အိမ္မွာ ေၾကာင္ရွိတယ္။ ဘန္ရဲ႕ ေရခ်ိဳးခန္းထဲမွာ ဟဲမီရဲ႕ လက္ပတ္နာရီရွိတယ္။ ဘန္ရဲ႕ အၿပဳံးထဲမွာ ေလွာင္ေျပာင္မႈေတြ ရွိတယ္။ ဘန္ဟာ ဘာလဲ။ ဘန္ဟာ မေသခ်ာမႈပဲ။ ဟင္အင္း။ ဟဲမီကမွ မေသခ်ာမႈ။ ဟဲမီ တကယ္ရွိခဲ့တာ ေသခ်ာလို႔လား။ ဟဲမီက ဘန္ေရာ မျဖစ္ေနနိုင္ဘူးလား။ ဟင္အင္း အဲဒီ ဆင္ျခင္နည္းက မွားတယ္။ လက္ေတြ႕က်က် စဥ္းစားစမ္း၊ ဘန္က ဟဲမီကို သတ္လိုက္တာ။ အစေဖ်ာက္လိုက္တာ။ ၿပီးေတာ့ မသိသလို ဟန္ေဆာင္ေနတာ။ ငါ့ကို ေလွာင္ေျပာင္ေနတာ။ ဘန္က ေသခ်ာသြားၿပီ။ ဘန္က ေသခ်ာတဲ့ဖက္မွာေရာက္ေနၿပီ။ ဘာက အျဖဴ၊ ဘာက အမည္းဆိုတာ သူေကာင္းေကာင္းသိတယ္။ ငါကေတာ့ မေသခ်ာဘူး။ ဟဲမီရဲ႕ေၾကာင္ ရွိမရွိ ငါမေသခ်ာဘူး။ ဟဲမီျပဳတ္က်တဲ့ ေရတြင္းရွိမရွိ ငါမေသခ်ာဘူး။ မီးရွို႔ခံရတဲ့ ဖန္လုံအိမ္ရွိမရွိ ငါမေသခ်ာဘူး။ ဘန္က ေသခ်ာေနၿပီ။

ေနာက္ဆုံးမွာ ဂ်ဳံးဆုက ဘန္ကို သတ္ၿပီး၊ မီးရွို႔ အစေဖ်ာက္လိုက္တယ္။ အဲဒီလိုလုပ္တဲ့ အခ်ိန္မွာ သူ႕ကိုယ္ေပၚက အဝတ္အစားေတြကိုပါ တစ္ခုမက်န္ ခြၽတ္ပစ္တယ္။ သူဟာ မေသခ်ာတဲ့ ဂ်ဳံးဆုကို စြန့္ခြာသြားၿပီ။ သူတစ္ခုခုကို ေသခ်ာသြားၿပီ။ ဟဲမီကိုသတ္တဲ့ ဘန္ကို သူျပန္သတ္ၿပီး လက္စားေခ်လိဳက္ၿပီ၊ ဒါကေသခ်ာမႈ နံပတ္တစ္။ သူဘန့္ကို မီးရွို႔လိုက္ၿပီ။ သူ႕အေမ အိမ္ကထြက္သြားတုန္းက သူ႕အေမရဲ႕ အဝတ္ေတြကို သူမီးရွို႔ပစ္သလို၊ ညတိုင္း သူ႕ကို ေျခာက္လွန့္ေနတဲ့ အိပ္မက္ထဲကလို သူမီးရွို႔ပစ္လိုက္ၿပီ။ ဖန္လုံအိမ္ေတြကို မီးလိုက္ရွို႔တဲ့လူကို သူမီးရွို႔ပစ္လိုက္ၿပီ။ ဘယ္အခ်ိန္ ဘယ္ဖန္လုံအိမ္ မီးေလာင္မလဲလို႔ အေျပးအလႊားၾကည့္ရတဲ့ ပေဟဠိကို သူ မီးရွို႔ပစ္လိုက္ၿပီ။ ဒါေသခ်ာမႈ နံပတ္ႏွစ္ပဲ။

ဓားနဲ႕အထိုးခံရၿပီးတဲ့ အခ်ိန္မွာ ဘန္က ဂ်ဳံးဆုကို လွမ္းဖက္တယ္၊ embrace လုပ္လိုက္တယ္ေပါ့။ ဒါဟာ မေသခ်ာမႈကို လႊတ္ခ်ထားသူက မေသခ်ာမႈကို ေပြ႕ပိုက္ထားသူကို ႏႉတ္ဆက္ျခင္းပဲ။ အဲဒီႏႈတ္ဆက္ျခင္းမွာ ကြန္ဂရက္က်ဴေလးရွင္း၊ မင္းေသခ်ာခ်င္တာေတြ ေသခ်ာသြားၿပီ ဆိုတဲ့ သေရာ္ေတာ္ေတာ္ ခနဲ႕တဲ့တဲ့ ရည္႐ြယ္ခ်က္ မပါဘူးလို႔ ေျပာနိုင္မလား။

ေနာက္ဆုံးမွာေတာ့ ကိုယ္လုံးတီးနဲ႕ ကားေမာင္းၿပီး ထြက္သြားတဲ့ ဂ်ဳံးဆုက သူ႕ကိုယ္သူ ေသခ်ာသြားတဲ့ လူတစ္ေယာက္လို႔ ထင္ေကာင္းထင္သြားလိမ့္ေလမလား။

လီခ်န္းဒြန္ကေျပာတယ္၊ Burning ဟာ လူငယ္ေတြရဲ႕ ေဒါသအေၾကာင္းတဲ့။ ေဒါသကို ေဖာက္ထုတ္ေထြးအန္မပစ္နိုင္ဘဲ မ်ိဳသိပ္ထားရတဲ့ လူငယ္ေတြရဲ႕ အေၾကာင္းတဲ့။

ဒါေပမယ့္ အဲဒီေဒါသဟာ မေသခ်ာမႈေတြကေန အေျခတည္လာတာလို႔ ေျပာရင္ ျငင္းမလား။

ခင္ဗ်ားတို႔ရဲ႕ မေသခ်ာမႈေတြကို ဖလွယ္ခဲ့ၾကပါဦး။

– Tim

Burning “မသေချာမှုတွေနဲ့ လောင်ကျွမ်းနေသော” (Tim)

လီချန်းဒွန်ရဲ့ Burning ကို ဒီနေ့မှ အပြီးသတ်မိတယ်။

ကြည့်ပြီးပြီးချင်းမှာ ကျနော့်ခေါင်းထဲရောက်လာတာက မသေချာမှုနဲ့ ကျနော်တို့ရဲ့ အခန်းကဏ္ဍပဲ။ ကျနော်တို့ဟာ မသေချာမှုလူသားတွေဖြစ်တယ်ဆိုရင် ခင်ဗျား ငြင်းမလား။ နေ့စဉ်နဲ့အမျှ ရှင်သန်နေထိုင်ရခြင်းမှာ ကျနော်တို့ဟာ ဘယ်လောက် ရာခိုင်နှုန်းထိ သေချာနေလဲဆိုတာ မေးခွန်းထုတ်ဖို့ကောင်းတယ်။

နောက်ဘဝ တကယ်ရှိတာ သေချာရဲ့လား။ ထာဝရဘုရားနဲ့ ပြန်ဆုံရမှာ သေချာရဲ့လား။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာ သေချာရဲ့လား။ ငရဲ ဆိုတာ တကယ်ရှိရဲ့လား။ အပျိုစင် ၇၂ယောက်က အပျိုစစ်ပါ့မလား။

အဲဒီမသေချာမှုတွေဟာ လူ့အဖွဲ့အစည်းကို မောင်းနှင်နေတဲ့ ဂီယာတစ်ခုပဲ။ လပေါ်ကို ကျနော်တို့ ဘာလို့ သွားကြတာလဲ။ အင်္ဂါဂြိုဟ်ပေါ်ကို ဘာလို့ သွားကြတာလဲ။ စကြဝဠာထဲမှာ ကျနော်တို့အပြင်တခြား သက်ရှိတွေရှိမရှိ ဘာလို့ တရစပ် ရှာဖွေနေကြတာလဲ။ သေချာချင်တဲ့ စိတ်ဟာ လူ့အဖွဲ့အစည်းကို အခုထိ မောင်းနှင်နေတုန်း။

Area 51 မှာ ဂြိုဟ်သားတွေရှိတာရော သေချာရဲ့လား။

Burning ထဲမှာ မသေချာမှုတွေကို ပွေ့ပိုက်ထားသူက ဂျုံးဆုဖြစ်တယ်။

ဂျုံးဆုက ဟဲမီရဲ့ တိုက်ခန်းမှာ ကြောင်စာသွားသွားကျွေးတယ်။ ကြောင်အညစ်အကြေးခွက်ထဲ အညစ်အကြေးတွေ တွေ့ရတာကလွဲရင် ကြောင်ကို သူတစ်ခါမှ မတွေ့ခဲ့ဘူး။

ဟဲမီငယ်ငယ်က ရေတွင်းထဲ ပြုတ်ကျဖူးတယ်ပြောတယ်၊ ဒါပေမယ့် လူတော်တော်များများကတော့ ရေတွင်းမရှိပါဘူးလို့ ပြောကြတယ်၊

ဘန်က ဂျုံးဆုအိမ်နားက ဖန်လုံအိမ်ကို မီးလာရှို့မယ်တဲ့။ နောက်တခေါက်ပြန်တွေ့တော့ ငါရှို့ပြီးသွားပြီတဲ့။ ဒါပေမယ့် မီးလောင်နေတဲ့ဖန်လုံအိမ်ကို ဂျုံးဆုက လုံးဝ မတွေ့ရဘူး။

ဟဲမီရဲ့ကြောင်ဟာ တကယ်ရှိရဲ့လား။
ရေတွင်းက တကယ်ရှိရဲ့လား။
မီးရှို့ခံလိုက်ရတဲ့ ဖန်လုံအိမ်က တကယ်ရှိရဲ့လား။
ဂျုံးဆုရဲ့ မသေချာခြင်းတွေပေါ့။

ဒီအချိန်မှာ ဂျုံးဆုကို အတည်ပြုပေးမယ့် လူတစ်ယောက်ပေါ်လာတယ်။ သူ့အမေပါပဲ။ ဟုတ်တယ်လေ၊ ရေတွင်းက တကယ်ရှိတယ်လေ၊ ရေခမ်းနေတဲ ရေတွင်းပျက်ကြီးတဲ့။ သူ့အမေကိုယ်တိုင်ကတော့ အကြွေးတွေနဲ့ ပတ်ပြေးနေရတဲ့သူ။ တနည်းပြောရရင် ယုံကြည်စရာမကောင်းတဲ့သူ။ အခုရောက်လာတာလည်း ၁၆နှစ်လောက် ပစ်ထားတဲ့ သားဖြစ်သူကို မျက်နှာပြောင်တိုက်ပြီး အကူအညီတောင်းဖို့လာတာ။ စဉ်းစားကြည့်ရင် သူကတော့ သားဖြစ်သူဆီက အကူအညီရဖို့ သူ့သားကြားစေချင်တာ ဘာမဆိုပြောမှာပဲ မဟုတ်လား။

ဟုတ်တယ်လေ၊ ရေတွင်းက တကယ်ရှိပါတယ်၊ သေချာပါတယ်။
ဟုတ်တယ်လေ၊ ဘုရားသခင်က အမြဲစောင့်ရှောက်ပါတယ်၊ သေချာပါတယ်။
ဟုတ်တယ်လေ၊ ကံကံ၏အကျိုးဆိုတာ တကယ်ရှိပါတယ်၊ သေချာပါတယ်။
ဟုတ်တယ်လေ၊ သေချာပါတယ်။
ဟုတ်တယ်လေ၊ သေချာပါတယ်။
ဟုတ်တယ်လေ၊ သေချာပါတယ်။

. _.

သေချာတာတစ်ခုကတော့ မသေချာမှုပါပဲ။

ဘန်ကတော့ မသေချာမှုတွေကို လွှတ်ချထားဖို့၊ တနည်းအားဖြင့် ကြိုးစားပြီး အတည်မပြုဖို့ ဆုံးဖြတ်ထားတဲ့သူလို့ မြင်တယ်။ ဒါပေမယ့် သူက သူ့လိုမလွှတ်ချထားနိုင်တဲ့ ဂျုံးဆုကို အထင်အမြင်သေးတယ်၊ လှောင်ချင်တယ်။ သူ့ကိုယ်သူ ဂျုံးဆုထက်သာတဲ့ superior being တခုလို့ တွေးတယ်၊ အဲဒီအတွေးက တိုက်ရိုက်မဟုတ်ရင်တောင် သူ့မသိစိတ်ထဲမှာ ရှိနေတာပဲ။ သူမီးရှို့မယ်လို့ လှန့်လိုက်တော့ ဂျုံးဆုက မနက်တိုင်း အသည်းအသန် ထပြေးပြီး ကြည့်ရတယ်။ ဟဲမီနဲ့ ဆက်သွယ်လို့ မရတော့ သူသွားလေရာနောက် ဂျုံးဆုက တကောက်ကောက်လိုက်ချောင်းတယ်။ အဲဒီလိုပြေးလွှားနေတဲ့ အချိန်မှာ ဘန်က နောက်က ရောက်မနေဘူးလို့ ပြောနိုင်လား။ အဲဒီလို လိုက်ချောင်းနေတဲ့အချိန်မှာ ဘန်က သိနေပြီး ကြိတ်ခွီနေတာရော မဖြစ်နိုင်ဘူးလား။

ဘန်ကပြောတယ် “ဂျုံးဆု မင်းတအား အတည်ကြီးတွေတွေးတာပဲ”တဲ့

သေချာတာကတော့
မသေချာမှုကို အတည်ပြုချင်တဲ့လူက ပင်ပန်းပြီး
မသေချာမှုကို လျစ်လျူရှုထားတဲ့သူက နေသာသပ လေညှာကပါပဲ။

ဘန်ဟာ အစတည်းက ဂျုံးဆုကို ကစားဖို့ ရောက်လာခဲ့တာလား။ သူ့ဟာသူ တိုက်ဆိုင်ပြီး ဖြစ်သွားတဲ့ မသေချာမှုတွေကို ဘန်က အလိုက်သင့်စီးမျောနေခဲ့တာလား။

ဟဲမီရဲ့ အိမ်မှာကြောင်ရှိတယ်။ ဟဲမီရဲ့အိမ်မှာ ကြောင်ရှိတယ်။ ဟဲမီရဲ့ အိမ်မှာ ကြောင်ရှိတယ်။ ဟင်အင်း။ ဘန်ရဲ့ အိမ်မှာ ကြောင်ရှိတယ်။ ဘန်ရဲ့အိမ်မှာကြောင်ရှိတယ်။ ဘန်ရဲ့ အိမ်မှာ ကြောင်ရှိတယ်။ ဘန်ရဲ့ ရေချိုးခန်းထဲမှာ ဟဲမီရဲ့ လက်ပတ်နာရီရှိတယ်။ ဘန်ရဲ့ အပြုံးထဲမှာ လှောင်ပြောင်မှုတွေ ရှိတယ်။ ဘန်ဟာ ဘာလဲ။ ဘန်ဟာ မသေချာမှုပဲ။ ဟင်အင်း။ ဟဲမီကမှ မသေချာမှု။ ဟဲမီ တကယ်ရှိခဲ့တာ သေချာလို့လား။ ဟဲမီက ဘန်ရော မဖြစ်နေနိုင်ဘူးလား။ ဟင်အင်း အဲဒီ ဆင်ခြင်နည်းက မှားတယ်။ လက်တွေ့ကျကျ စဉ်းစားစမ်း၊ ဘန်က ဟဲမီကို သတ်လိုက်တာ။ အစဖျောက်လိုက်တာ။ ပြီးတော့ မသိသလို ဟန်ဆောင်နေတာ။ ငါ့ကို လှောင်ပြောင်နေတာ။ ဘန်က သေချာသွားပြီ။ ဘန်က သေချာတဲ့ဖက်မှာရောက်နေပြီ။ ဘာက အဖြူ၊ ဘာက အမည်းဆိုတာ သူကောင်းကောင်းသိတယ်။ ငါကတော့ မသေချာဘူး။ ဟဲမီရဲ့ကြောင် ရှိမရှိ ငါမသေချာဘူး။ ဟဲမီပြုတ်ကျတဲ့ ရေတွင်းရှိမရှိ ငါမသေချာဘူး။ မီးရှို့ခံရတဲ့ ဖန်လုံအိမ်ရှိမရှိ ငါမသေချာဘူး။ ဘန်က သေချာနေပြီ။

နောက်ဆုံးမှာ ဂျုံးဆုက ဘန်ကို သတ်ပြီး၊ မီးရှို့ အစဖျောက်လိုက်တယ်။ အဲဒီလိုလုပ်တဲ့ အချိန်မှာ သူ့ကိုယ်ပေါ်က အဝတ်အစားတွေကိုပါ တစ်ခုမကျန် ချွတ်ပစ်တယ်။ သူဟာ မသေချာတဲ့ ဂျုံးဆုကို စွန့်ခွာသွားပြီ။ သူတစ်ခုခုကို သေချာသွားပြီ။ ဟဲမီကိုသတ်တဲ့ ဘန်ကို သူပြန်သတ်ပြီး လက်စားချေလိုက်ပြီ၊ ဒါကသေချာမှု နံပတ်တစ်။ သူဘန့်ကို မီးရှို့လိုက်ပြီ။ သူ့အမေ အိမ်ကထွက်သွားတုန်းက သူ့အမေရဲ့ အဝတ်တွေကို သူမီးရှို့ပစ်သလို၊ ညတိုင်း သူ့ကို ခြောက်လှန့်နေတဲ့ အိပ်မက်ထဲကလို သူမီးရှို့ပစ်လိုက်ပြီ။ ဖန်လုံအိမ်တွေကို မီးလိုက်ရှို့တဲ့လူကို သူမီးရှို့ပစ်လိုက်ပြီ။ ဘယ်အချိန် ဘယ်ဖန်လုံအိမ် မီးလောင်မလဲလို့ အပြေးအလွှားကြည့်ရတဲ့ ပဟေဠိကို သူ မီးရှို့ပစ်လိုက်ပြီ။ ဒါသေချာမှု နံပတ်နှစ်ပဲ။

ဓားနဲ့အထိုးခံရပြီးတဲ့ အချိန်မှာ ဘန်က ဂျုံးဆုကို လှမ်းဖက်တယ်၊ embrace လုပ်လိုက်တယ်ပေါ့။ ဒါဟာ မသေချာမှုကို လွှတ်ချထားသူက မသေချာမှုကို ပွေ့ပိုက်ထားသူကို နှူတ်ဆက်ခြင်းပဲ။ အဲဒီနှုတ်ဆက်ခြင်းမှာ ကွန်ဂရက်ကျူလေးရှင်း၊ မင်းသေချာချင်တာတွေ သေချာသွားပြီ ဆိုတဲ့ သရော်တော်တော် ခနဲ့တဲ့တဲ့ ရည်ရွယ်ချက် မပါဘူးလို့ ပြောနိုင်မလား။

နောက်ဆုံးမှာတော့ ကိုယ်လုံးတီးနဲ့ ကားမောင်းပြီး ထွက်သွားတဲ့ ဂျုံးဆုက သူ့ကိုယ်သူ သေချာသွားတဲ့ လူတစ်ယောက်လို့ ထင်ကောင်းထင်သွားလိမ့်လေမလား။

လီချန်းဒွန်ကပြောတယ်၊ Burning ဟာ လူငယ်တွေရဲ့ ဒေါသအကြောင်းတဲ့။ ဒေါသကို ဖောက်ထုတ်ထွေးအန်မပစ်နိုင်ဘဲ မျိုသိပ်ထားရတဲ့ လူငယ်တွေရဲ့ အကြောင်းတဲ့။

ဒါပေမယ့် အဲဒီဒေါသဟာ မသေချာမှုတွေကနေ အခြေတည်လာတာလို့ ပြောရင် ငြင်းမလား။

ခင်ဗျားတို့ရဲ့ မသေချာမှုတွေကို ဖလှယ်ခဲ့ကြပါဦး။

  • Tim

ရီဗျူးဆိုမဖတ်နဲ့

ရီဗ်ဳးဆိုမဖတ္နဲ႕

Cinéma de la Passion ကို Parasite ကားၾကည့္ဖို႔ ဖိတ္လာတယ္၊ ဖိတ္လာေတာ့လည္း သြားၾကည့္ျဖစ္တာေပါ့ဗ်ာ၊ မၾကည့္ခင္လည္း ဘြန္ဂြၽန္းဟို အင္တာဗ်ဴးနဲ႕ ေဆာင္ကန္ဟို ေဆာင္းပါး ႏွစ္ပုဒ္ တင္ထားဖူးတာကိုး၊ ဒါနဲ႕ … ၾကည့္ၿပီးသကာလ ကြၽန္ေတာ္တို႔ေတြ ႐ုပ္ရွင္အေၾကာင္းကို ေပ်ာ္ေပ်ာ္ႀကီး ေဆြးႏြေးခဲ့ၾကတယ္။ ဖိတ္ေပးတဲ့သူေတြကိုေတာ့ ေက်းဇူးတင္ပါတယ္။ ႐ုပ္ရွင္ၾကည့္တဲ့အေၾကာင္းကေတာ့ ႂကြားစရာမဟုတ္ပါဘူးဗ်ာ၊ ႂကြားမယ့္ႂကြားေတာ့ ကိုယ္နဲ႕ခင္တဲ့ မိတ္ေဆြေတြနဲ႕ ႐ုပ္ရွင္အတူၾကည့္၊ ၿပီးေတာ့ ညလုံးေပါက္ဖြင့္တဲ့ဆိုင္မွာ ထမင္းေၾကာ္သြားစား၊ ေကာ္ဖီေသာက္၊ ေဆးလိပ္ဖြာရင္း ႐ုပ္ရွင္အေၾကာင္း ေဝဖန္ေလကန္ရတာပဲ ႂကြားခ်င္တယ္၊ ဒါက ပိုအရသာရွိတယ္။

ကြၽန္ေတာ္တို႔ ေျပာခဲ့သလိုပဲ၊ ရီဗ်ဴးဆို ခင္ဗ်ားတို႔ သိတဲ့အတိုင္း ပြထေနေအာင္ ေရးေနၾကတာ ဆိုေတာ့၊ ကြၽန္ေတာ္တို႔ေတြ တတ္နိုင္သေလာက္ေတာ့ ရီဗ်ဴးေရးဖို႔ ေရွာင္တယ္၊ ရီဗ်ဴးလို႔ ေခါင္းစဥ္အတပ္ခံမယ့္အစား အေပ်ာ္တန္း ႐ုပ္ရွင္ေလ့လာမႈျဖစ္ျဖစ္ ေဆြးႏြေးသုံးသပ္မႈျဖစ္ျဖစ္ လုပ္ခ်င္တယ္။ ဒါနဲ႕ ပက္သက္ၿပီး ကြၽန္ေတာ္တို႔ ေရးျပမယ့္အေၾကာင္းေတြက ႐ုပ္ရွင္ထဲက ဘြန္ဂြၽန္းဟို ျပတဲ့ ေျမေအာက္ခန္းထဲက ထြက္လာခ်င္လည္း ထြက္လာနိုင္တယ္၊ လမ္းေဘးထမင္းေၾကာ္ဆိုင္ကလည္း ထြက္လာခ်င္ထြက္လာနိုင္တယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ ရီဗ်ဴးဆို မေရးဘူး၊ ခင္ဗ်ားတို႔လည္း ရီဗ်ဴးဆို ဖတ္မေနနဲ႕ေတာ့ေပါ့။

ကြၽန္ေတာ္ မွတ္မိသေလာက္ဆို ကိုဂ်က္ေဘး စတဲ့ေမးခြန္းပဲဗ်၊ ဒီေမးခြန္းနဲ႕ပဲ စတာေပါ့၊ သူေမးတာ ဒီ႐ုပ္ရွင္ၾကည့္ဖို႔ ဘာလို႔ၾကည့္တာလဲ။

ကိုျပည့္စုံရယ္၊ ကိုေတဇရယ္၊ ကြၽန္ေတာ္ရယ္က စၾကည့္ျဖစ္တာ ဘြန္ဂြၽန္းဟိုေၾကာင့္လို႔ ျပန္ေျဖျဖစ္တယ္၊ ေနာက္ Palme d’Or ဆုရတဲ့အတြက္ေၾကာင့္ေပါ့၊ အဓိက ဒီႏွစ္ခ်က္ေၾကာင့္ပဲ ကြၽန္ေတာ္တို႔ကို ဆြဲေဆာင္ခဲ့တာပါ။ စတီဗင္ကေတာ့ Shoplifters ကို ႀကိဳက္ရင္ဆိုၿပီး ဒီကားကို ဘာေၾကာင့္ၾကည့္ျဖစ္တာလဲ ပက္သက္ၿပီး ေျပာျပတယ္၊ Dark Comedy vibe ပါတာလည္း ႀကိဳက္ပါတယ္တဲ့။

ဘြန္ဂြၽန္းဟိုက ၾကည့္တဲ့သူေတြကို စိတ္လႈပ္ရွားခိုင္းတယ္၊ ရယ္ခိုင္းတယ္၊ ၿပီးေတာ့မွ climax နဲ႕ ထကစ္ေတာ့တာပဲ၊ ေျပာရရင္ အေပၚကို ျမင့္သထက္ျမင့္ေအာင္ ျမႇောက္ၿပီးမွ ရိုက္ခ်ခံရတာ၊ အဲ့ဒီလို ခံစားခ်က္မ်ိဳးဗ်ာ။

စတီဗင္က Cinematography လည္းႀကိဳက္တယ္တဲ့၊ Doyle လို မလွတာကို လွေအာင္ရိုက္သြားတာထက္ မလွတာကို ဒီအတိုင္း ျပသြားတာကို ေတာ္ေတာ္ႀကိဳက္တယ္တဲ့။ ေကာင္မေလး အိမ္သာထဲ ဘူသြားတဲ့အခန္းဆို ေတာ္ေတာ္အားရတဲ့အေၾကာင္း ေျပာသြားတယ္။

ကြၽန္ေတာ္လည္း သေဘာက်ပါတယ္၊ သေဘာက်တဲ့အခန္းေတြမ်ားတယ္၊ သူတို႔ မိုးေရထဲ အိမ္ကို ျပန္ေျပးတဲ့အခန္းဆို ဓာတ္ႀကိဳးေတြ ရႈပ္ရွက္ခက္ေနတဲ့ ရိုက္ကြက္ဆို မ်က္စိထဲ စြဲေနတယ္၊ နတ္ျပည္ကေန ငရဲကို တနိမ့္နိမ့္ဆင္းသြားသလိုပဲ၊ ဆရာသမားက ျပတတ္တယ္။

ကိုဟိန္းကေတာ့ Score ေတြကို သတိထားမိၿပီး သေဘာက်တဲ့အေၾကာင္း ထေျပာတယ္၊ ေအာ္ပရာသံေတြဟာ အထက္တန္းစား လူေနမႈကို ကိုယ္စားျပဳထားသလို ခံစားေစမိတာေတာ့အမွန္ပဲ။ ဒါနဲ႕ ကြၽန္ေတာ္ Barking Dogs Never Bite ၾကည့္လိုက္ေသးတယ္ဗ်၊ အဲ့ထဲဆို Jazz ေတြနဲ႕ ခ်သြားတာ၊ စိန္ေျပးတမ္းအခန္းေတြဆို ေနာက္ခံ Jazz ေတြ ေတာ္ေတာ္မ်ားတယ္၊ ဒါလည္း အဲ့ Class တခုကို ကိုယ္စားျပဳထားသလိုပဲ။

ကိုဂ်က္ေဘးက ေနာက္ဆုံးအခန္းကို သေဘာအက်ဆဳံးပါပဲတဲ့၊ မိုး႐ြာထဲ ေျပးတဲ့အခန္းလည္း သူႀကိဳက္တယ္။

ေနဦးဗ်ာ၊ ကြၽန္ေတာ္တို႔ေျပာတာ ေရာကုန္ၿပီ၊ ႐ုပ္ရွင္မၾကည့္ရေသးတဲ့သူေတြအတြက္ဆို နည္းနည္းရႈပ္ကုန္လိမ့္မယ္၊ သ႐ုပ္ေဆာင္ေတြအေၾကာင္းနဲ႕ ဇာတ္အေၾကာင္း ျပန္ေျပာၾကမလား။

ကိုေတဇက ေျပာပါတယ္၊ ဒီကားက ဒရာမာသာေျပာတာ၊ အကုန္ပါတယ္၊ ကိုရီးယား ႐ုပ္ရွင္ေတြနဲ႕ မစိမ္းတဲ့သူေတြဆို ေတာ္ေတာ္မ်ားမ်ား သ႐ုပ္ေဆာင္ေတြကို သိပါတယ္။

အင္းေပါ့၊ ေဆာင္ကန္ဟိုကေတာ့ ေခါင္ ေပါ့၊ ေနာက္ ခြၽဲဝူရွစ္၊ အဲ့… ခ်ိဳင္ဝူရွစ္လား၊ ခြၽိုင္လား ခြၽဲလား မသိေတာ့ဘူး။

Tim ဝင္ေျပာတာက သူ႒ေးလုပ္တဲ့ မင္းသား လီဆြန္းကြၽန္း အေၾကာင္း၊ သူလည္း A Hard Day ထဲက၊ Jo Pil-ho : The Dawning Rage ထဲလည္းပါတယ္။

ေဆာင္ကန္ဟိုကေတာ့ ခင္ဗ်ားတို႔ ေတာ္ေတာ္မ်ားမ်ား သိတဲ့အတိုင္း၊ ကားကေတာ့မ်ားတယ္။ ဒါနဲ႕ ဘယ္ကားေတြမွာ ႀကိဳက္ၾကလဲဗ်။ ၿပီးေတာ့ ဘြန္ဂြၽန္းဟိုကားထဲေတြေရာ၊ ဒီကားကို Shoplifters နဲ႕ ယွဥ္မယ္ဆိုရင္ေရာပါ ေျပာၾကဗ်ာ။

ေဆာင္ကန္ဟိုထဲဆို Memories of Murder နဲ႕ Thirst ေပါ့ဗ်ာ၊ ဘြန္ဂြၽန္းဟိုထဲဆို MoM နဲ႕ Mother ပဲ။ ဒါေတာ့ ကိုဂ်က္ေဘး အႀကိဳက္ေပါ့။ MoM နဲ႕ Parasite ဆို MoM ကိုေတာ့ ပိုႀကိဳက္တယ္ေပါ့၊ Shoplifters နဲ႕ဆို ေျဖရခက္တယ္၊ ၾကည့္ၿပီးခ်ိန္ ခံစားခ်က္ျခင္းလည္း မတူဘူးဆိုေတာ့ မေျဖလို႔မရဘူးလား။

မေျဖလည္းရတယ္ေလ၊ ဘာမွမျဖစ္ဘူး။

Tim ကေတာ့ ေဆာင္ကန္ဟိုကားထဲေတာ့ MoM ႀကိဳက္တာေပါ့၊ လူတိုင္းအဲဒါပဲ ေျပာၾကမွာဆိုေတာ့ Joint Securitu Aera ကိုေ႐ြးခ်င္တယ္။ ဘြန္ကေတာ့ မမၼရီ ဖယ္လိုက္ရင္ မားသားပဲ၊ တလက္စတည္း MoM vs Parasite ကေတာ့ ရွင္းပါတယ္ MoM ပဲ။ Shoplifters ကေတာ့ မၾကည့္ရေသးလို႔ မေျပာတတ္ဘူး။ စကားမစပ္ Like Father Like Son ေရာဗ်။ ဆိုင္မယ္ထင္လို႔။ အင္း … သားအဖေတြေပါင္းႀကံၾကတာဆိုရင္ Chaplin ရဲ႕ The Kid လည္းသတိရတယ္။

အဲ့သားအဖကား မၾကည့္ရေသးဘူး၊ ဆင္တယ္လို႔ေတာ့ ေျပာတယ္။

သားလုပ္တဲ့ေကာင္လည္း သ႐ုပ္ေဆာင္ေကာင္းသားဗ်၊ ေအာက္မွာပါတီလုပ္ေနတာကို သူကအေပၚထပ္က ၾကည့္ေနတဲ့အခန္းဆို သူ႕ပုံစံက တမ်ိဳးပဲ။ ေနာက္၊ ေက်ာက္တုံးႀကီး မလာတာတို႔ ဘာတို႔။ ေဆာင္ကန္ဟိုနဲ႕လည္း သားအဖပုံစံ လိုက္ပါတယ္။

ဟိုေကာင္မေလးက Goblin ကဆို ဟုတ္လား၊ စီးရီး မၾကည့္ေတာ့ သိပ္မသိဘူးဗ်ာ၊ ေနာက္ၿပီး မင္းသား သူငယ္ခ်င္း တခန္းပါသြားတဲ့ သူ႒ေးသား ကလည္း နာမည္ႀကီးတယ္ ေျပာတယ္၊ ကြၽန္ေတာ္ေတာ့ သိကို မသိတာပါဗ်ာ။

(Goblin က မဟုတ္ပါဘူးတဲ့၊ ႐ုပ္ဆင္တာပါတဲ့၊ တေယာက္ ေထာက္ျပသြားပါတယ္)

ဒါေတာ့ ကိုယ့္အႀကိဳက္နဲ႕ကိုယ္ကိုး။ ကြၽန္ေတာ္တို႔သာ ဘြန္ဂြၽန္းဟို ႀကိဳက္လို႔ လာၾကည့္ျဖစ္တာ၊ တခ်ိဳ႕က ဒီကားဘယ္သူရိုက္မွန္းေတာင္ သိၾကမွာ မဟုတ္ဘူးေလ၊ တခ်ိဳ႕ဂိဆရာေတြကလည္း Parasite ၾကည့္တာကို ေပၚပင္လို႔ ေျပာခ်င္ၾကတယ္ေရာ၊ ေရွ႕မွာလည္း ေကာင္းတဲ့ကားေတြရွိတာ လက္ခံပါတယ္၊ သူတို႔ေျပာသလိုပဲ Great Korean Artworks မွာ Burning တို႔ Oldboy ဘာတို႔ ဟုတ္လား၊ ဇာတ္ကားျဖင့္ မၾကည့္ရေသးဘဲ အခ်ဥ္တူးေနသကိုး။ ေနာက္ရွိေသးတယ္၊ တေလာကလုံးက ပါရာဆိုက္ ပါရာဆိုက္ နဲ႕ တဆိုက္တည္း ဆိုက္၊ Once Upon a Time in Hollywood နဲ႕လည္း တဝုတည္း ဝုေနၾကလို႔ဆိုလား၊ ေပ်ာ္စရာ ကားေဟာင္းေတြပဲ ေအးေဆး မ်က္ႏွာေပးနဲ႕ ၾကည့္ေနတယ္တဲ့။

ဒါေတာ့ မေျပာခ်င္ပါဘူးဗ်ာ၊ သူတို႔လည္း သူတို႔ စိတၱဇနဲ႕ သူတို႔ေပါ့။ အရမ္းၾကည့္ခ်င္ၿပီး ႐ုပ္ရွင္႐ုံကို ေဘာမတဲ့ ေကာင္ေတြထက္ စာရင္ ေတာ္ပါေသးတယ္။

ထားပါေတာ့ဗ်ာ၊ ဇာတ္ကို ေျပာရေအာင္။ ဇာတ္ကေတာ့ သြက္တယ္ဗ်ာ၊ ရွယ္ကို သြက္တာ။

ေအးဗ်၊ အဖြင့္အပိတ္တူတာလည္း ႀကိဳက္တယ္၊ အခ်ိတ္အဆက္မိမိ ေရးသြားတာလည္း သေဘာက်တယ္။ Capitalism ေပါ့ေနာ္၊ အဓိက Subject က။

အဲ့အေၾကာင္း ေနာက္ဆုံးထည့္ေျပာရမယ္။ ဒါနဲ႕ ဘယ္အခန္းေတြကို သေဘာက်လဲ။ ခုဏက ကိုဂ်က္ေဘးက ေနာက္ဆုံးအခန္းတဲ့၊ ကိုမတ္က မိုးေရထဲအခန္း၊ ေျပာပါဦး၊ က်န္တဲ့သူေတြ။

တေယာက္တခန္းစီေျပာရရင္ ဇာတ္ကားတကားလုံးစာျဖစ္သြားပါဦးမယ္ဗ်ာ၊ ေတာ္ၾကာ ငါးေကာင္ေတြ စပြိုင္လာမိလို႔ ေၾကာင္ေပ်ာက္ေနပါဦးမယ္။

ကြၽန္ေတာ္ေတာ့ အနံ႕ရတာကို သေဘာက်တယ္ဗ်ာ၊ အခန္းအေၾကာင္းထက္ ဒီအေၾကာင္း ပိုေျပာခ်င္တယ္၊ Visual နဲ႕ Audio ေပါင္းၿပီး အနံ႕တခု ရလာတယ္၊ အဲ့အနံ႕ကို ခင္ဗ်ားတို႔လည္း ရၾကမွာပဲ၊ စားေနတဲ့ ထမင္းေၾကာ္အနံ႕ေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။

ထားပါေတာ့၊ ထမင္းေၾကာ္လည္း ကုန္သြားလို႔ေတာ္ေတာ့တယ္။ မေကာင္းတဲ့အခ်က္ေလးေတြ ကပ္သီးကပ္သပ္ စဥ္းစားၾကည့္ရေအာင္၊ plot hole ဘာညာ။

ဒီအခါေတာ့ ကိုျပည့္စုံက သတိထားမိပုံရတယ္၊ သူေျပာတဲ့အထဲ CCTV တလုံးတည္းရွိတဲ့အေၾကာင္းပါတယ္၊ အိုင္တီသူ႒ေးႀကီး လုပ္ေနၿပီးေတာ့ဗ်ာ၊ VR ေတြဘာေတြ ဟုတ္လား၊ ကိုင္ျပေနတာ၊ အိမ္အျပင္မွာ security camera တလုံးတည္း ရွိတာေတာ့ မမိုက္ဘူး၊ ဒါကေတာ့ သူ႕ privacy နဲ႕ သူဆိုေပမယ့္ ၿခံထဲေတာ့ တလုံး ႏွစ္လုံး တပ္ထားသင့္တာေပါ့ေလ။

ဘြန္ဂြၽန္းဟို ကားထဲ Realism အျမင့္ဆုံး ေျပာတယ္၊ သေဘာတူၾကလား။

မတူနိုင္ပါဘူးဗ်ာ၊ သူ႕ကားထဲ Realism ဆို Mother အျဖစ္ဆုံးပဲ ေနမွာ၊ ၿပီးေတာ့ Memories of Murder၊ ကိုဂ်က္ေဘးေျပာတာ လက္ခံမိပါတယ္။ တဘက္ကျမင္ၾကည့္ရင္ေတာ့ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတဲ့ Realism မဟုတ္ဘဲ ဘြန္ဂြၽန္းဟို သတ္မွတ္ထားတဲ့ Realsim ျဖစ္ရင္လည္း ျဖစ္နိုင္တာပဲ။

အမွန္တရားဟာ တခုတည္း ရွိသလား။ အရွိအတိုင္းပဲဆိုတာေရာ သူ႕အရွိလား၊ ကိုယ့္အရွိလား။

နည္းနည္းေတာ့ ျမင့္သြားသလိုပဲ၊ ကိုယ့္ဆရာတို႔၊ ထမင္းေၾကာ္ဆိုင္ကေန ဝိုင္းေျပာင္းၿပီး ေဆြးႏြေးမွျဖစ္မယ္ထင္တယ္။

ခဏေလး၊ ခဏေလး။ ဝိုင္းမေျပာင္းခင္ ဒါေလး လက္စသပ္ခ်င္လို႔၊ ကိုယ့္ဆရာတို႔နဲ႕က ဝိုင္းေျပာင္းၿပီးရင္ ဟိုအေၾကာင္း ဒီအေၾကာင္း ေရာက္သြားေတာ့မွာ၊ သိေနတယ္။

Guardian ကေတာ့ Invasion of the lifestyle snatchers ဆိုၿပီး တင္စားသြားတယ္၊ လွေတာ့လွတယ္။

ကြၽန္ေတာ္တို႔ ၾကည့္ခဲ့ရတာ လုံးဝလည္း Smooth ျဖစ္ပါတယ္၊ ကိုရီးယား႐ုပ္ရွင္ေတြမွာ ခိုင္းဖတ္ဘဝနဲ႕ လိမ္လည္လွည့္စားတဲ့ ပုံစံေတြ ေရာယွက္ျပတာ theme ျဖစ္ေနသလိုပဲ။ ဆရာပက္ရဲ႕ Handmaiden တို႔၊ အင္ဆန္ဆြန္းရဲ႕ Housemaid တို႔လိုမ်ိဳး။ လီခ်န္းဒုံရဲ႕ Burning ထဲေတာင္ ဆင္းရဲတာေတြ၊ ေသာက္ေႂကြးကေန ႐ုန္းထြက္ရတာေတြ ပါေသးလားလို႔၊ အေျခခံလူတန္းစားတင္မက၊ သာမန္ျပည္သူေတြကေတာ့ ဆင္းရဲေနဆဲပါပဲ။ ခုဆို မီတာခ တက္တယ္ဗ်ာ၊ ဆိုင္မဆိုင္ေတာ့ မသိဘူး၊ ထည့္ေျပာၿပီ။ ကုန္ေဈးႏႈန္းတက္တယ္၊ ဒီကားထဲေတာင္ WiFi ခ မတတ္နိုင္လို႔၊ ကပ္သုံးရတာေတြျပတယ္။ သူတို႔လည္း ဒီလိုပဲ၊ ကိုယ္ေတြလည္း ဒီလိုပဲ၊ ႐ုပ္ရွင္နဲ႕ ျပသြားေတာ့ သိရတာေပါ့၊ ဒါေတာ့ ရွိၿပီးသားေတြပဲ၊ ဘြန္ဂြၽန္းဟိုက သူ႕႐ုပ္ရွင္ထဲ အရွိတရားေတြ ထည့္ျပသြားနိုင္တယ္ေတာ့ ျမင္တယ္။ သူ႕အရင္႐ုပ္ရွင္ေတြထဲလည္း ျပခဲ့တာပဲ၊ သိသာလား မသိသာလား၊ ဒါမွမဟုတ္ ျမင္လား မျမင္လားကေတာ့ ၾကည့္တဲ့သူေတြအေပၚပဲ မူတည္မယ္၊ ဒါက မက္ေဆ့ခ်္မဟုတ္ဘူးဗ်၊ ဆပ္ဂ်က္သေဘာပဲ၊ ဆပ္ဂ်က္က ဘာမဆိုလည္း ျဖစ္နိုင္တယ္၊ ဘာမဆိုလည္း ဆပ္ဂ်က္ ျဖစ္သြားနိုင္တာပဲ။ ဒီထဲေတာ့ ဆင္းရဲတဲ့သူ၊ ခ်မ္းသာတဲ့သူေတြဆီကေန အရင္းရွင္စနစ္ကို ျပသြားတယ္။ ထပ္ေျပာရရင္ ဒါကရွိၿပီးသားပဲ၊ ဘြန္ဂြၽန္းဟိုက သူျမင္သလို ဟာသေလး ကပ္ႏွောၿပီး ေခၚသြားတာ၊ ၿပီးမွ ရိုက္ခ်လိဳက္ေတာ့၊ ကိုယ္ေတြထဲ ကပ္ပါးေကာင္ေတြ ကပ္ပါလာေရာ။ ကြၽန္ေတာ္အေနနဲ႕ေတာ့ ဒီကားကို should watch လို႔ပဲ ေျပာခ်င္တယ္၊ ဘြန္းဂြၽန္းဟို ေၾကာင့္ဆို ၾကည့္၊ ေဆာင္ကန္ဟိုေၾကာင့္ဆို ၾကည့္၊ Comedy Thriller ဘာညာဆိုလည္း ၾကည့္၊ Capitalism ကို သေရာ္တာၾကည့္ခ်င္တယ္ဆိုလည္း ၾကည့္ၾကေပါ့။

ကိုဂ်က္ေဘးေရ၊ ကိုမတ္ေျပာသလို should watch လားေျပာပါဦး။

Must watch လို႔ေတာ့ ေျပာရမယ္ဗ်ာ၊ Every one cup of tea ေပါ့၊ Shoplifters ဆိုရင္ေတာင္မွ Drama မႀကိဳက္ရင္ ႀကိဳက္ၾကမယ္မထင္ဘူး၊ Parasite ကေတာ့ သာမန္ ႐ုပ္ရွင္မႀကိဳက္တဲ့သူေတြေတာင္ ခံစားလို႔ရမယ္ထင္တယ္။ ေတာ္ေတာ္လည္း Thrill ျဖစ္ေတာ့ ႀကိဳက္ၾကဖို႔မ်ားတယ္။

ဂိကားလို႔ေတာ့ ေျပာလို႔မရဘူး ထင္တယ္။

ဂိကားေတာ့ မဟုတ္ပါဘူး၊ art house လုံးဝမဟုတ္ဘူး၊ အားလုံး အတူခံစားၾကည့္လို႔ရတယ္၊ မၾကည့္ရေသးတဲ့သူေတြလည္း ဘာမွ ျဖစ္ပ်က္စရာမလိုဘူး၊ ၾကည့္ၿပီးသြားတဲ့သူေတြလည္း ဘာမွ ျဖစ္ပ်က္စရာမလိုဘူး။ ထမင္းေၾကာ္ သြားစားၿပီး ေကာ္ဖီေသာက္ ေလကန္ ေဝဖန္႐ုံပဲ၊ ကြၽန္ေတာ္တို႔လိုေပါ့။

ေနာက္ပြဲမတက္ေတာ့ဘူးလား၊

ပြဲတက္ၿပီးရင္လည္း လမ္းစရိတ္က ဒီေလာက္၊ ၿပီးရင္လည္း ထမင္းေၾကာ္စားရဦးမွာ၊ ဆိုေတာ့ ပြဲဆက္ေတြမ်ားရင္ ငါးေကာင္ေတြ ေသကုန္ပါဦးမယ္၊ ပြဲမတက္ရတဲ့ေကာင္ေတြပဲ ေျပာင္းဖိတ္လိုက္ၾကေပါ့ဗ်ာ။

ေလးစားပါတယ္ ကိုပါဆြန္း။

ဒီေလာက္ဆို ေတာ္ေလာက္ၿပီထင္တယ္၊ ဘာက်န္ေသးလဲ၊ ထမင္းေၾကာ္ဖိုး ရွင္းဖို႔ပဲ က်န္ေတာ့တယ္။ ႐ုပ္ရွင္အေၾကာင္းလည္းေျပာၿပီးၿပီ၊ ေသာင္ေဖာင္းလည္းထုၿပီးၿပီဆိုေတာ့ ဝိုင္းေျပာင္းရင္ေျပာင္း၊ မေျပာင္းရင္ ျပန္ၿပီဗ်ာ။ လက္ခုပ္တီး စားပြဲထိုးေခၚ ေတာ့မွ ႐ုပ္ရွင္အၿပီး လက္ခုပ္စတီးတာ ဒို႔အဖြဲ႕ပါလား သတိရမိတယ္။

ေလးစားပါတယ္။

Matt

ရီဗျုးဆိုမဖတ်နဲ့

Cinéma de la Passion ကို Parasite ကားကြည့်ဖို့ ဖိတ်လာတယ်၊ ဖိတ်လာတော့လည်း သွားကြည့်ဖြစ်တာပေါ့ဗျာ၊ မကြည့်ခင်လည်း ဘွန်ဂျွန်းဟို အင်တာဗျူးနဲ့ ဆောင်ကန်ဟို ဆောင်းပါး နှစ်ပုဒ် တင်ထားဖူးတာကိုး၊ ဒါနဲ့ … ကြည့်ပြီးသကာလ ကျွန်တော်တို့တွေ ရုပ်ရှင်အကြောင်းကို ပျော်ပျော်ကြီး ဆွေးနွေးခဲ့ကြတယ်။ ဖိတ်ပေးတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အကြောင်းကတော့ ကြွားစရာမဟုတ်ပါဘူးဗျာ၊ ကြွားမယ့်ကြွားတော့ ကိုယ်နဲ့ခင်တဲ့ မိတ်ဆွေတွေနဲ့ ရုပ်ရှင်အတူကြည့်၊ ပြီးတော့ ညလုံးပေါက်ဖွင့်တဲ့ဆိုင်မှာ ထမင်းကြော်သွားစား၊ ကော်ဖီသောက်၊ ဆေးလိပ်ဖွာရင်း ရုပ်ရှင်အကြောင်း ဝေဖန်လေကန်ရတာပဲ ကြွားချင်တယ်၊ ဒါက ပိုအရသာရှိတယ်။

ကျွန်တော်တို့ ပြောခဲ့သလိုပဲ၊ ရီဗျူးဆို ခင်ဗျားတို့ သိတဲ့အတိုင်း ပွထနေအောင် ရေးနေကြတာ ဆိုတော့၊ ကျွန်တော်တို့တွေ တတ်နိုင်သလောက်တော့ ရီဗျူးရေးဖို့ ရှောင်တယ်၊ ရီဗျူးလို့ ခေါင်းစဥ်အတပ်ခံမယ့်အစား အပျော်တန်း ရုပ်ရှင်လေ့လာမှုဖြစ်ဖြစ် ဆွေးနွေးသုံးသပ်မှုဖြစ်ဖြစ် လုပ်ချင်တယ်။ ဒါနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ရေးပြမယ့်အကြောင်းတွေက ရုပ်ရှင်ထဲက ဘွန်ဂျွန်းဟို ပြတဲ့ မြေအောက်ခန်းထဲက ထွက်လာချင်လည်း ထွက်လာနိုင်တယ်၊ လမ်းဘေးထမင်းကြော်ဆိုင်ကလည်း ထွက်လာချင်ထွက်လာနိုင်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ရီဗျူးဆို မရေးဘူး၊ ခင်ဗျားတို့လည်း ရီဗျူးဆို ဖတ်မနေနဲ့တော့ပေါ့။

ကျွန်တော် မှတ်မိသလောက်ဆို ကိုဂျက်ဘေး စတဲ့မေးခွန်းပဲဗျ၊ ဒီမေးခွန်းနဲ့ပဲ စတာပေါ့၊ သူမေးတာ ဒီရုပ်ရှင်ကြည့်ဖို့ ဘာလို့ကြည့်တာလဲ။

ကိုပြည့်စုံရယ်၊ ကိုတေဇရယ်၊ ကျွန်တော်ရယ်က စကြည့်ဖြစ်တာ ဘွန်ဂျွန်းဟိုကြောင့်လို့ ပြန်ဖြေဖြစ်တယ်၊ နောက် Palme d’Or ဆုရတဲ့အတွက်ကြောင့်ပေါ့၊ အဓိက ဒီနှစ်ချက်ကြောင့်ပဲ ကျွန်တော်တို့ကို ဆွဲဆောင်ခဲ့တာပါ။ စတီဗင်ကတော့ Shoplifters ကို ကြိုက်ရင်ဆိုပြီး ဒီကားကို ဘာကြောင့်ကြည့်ဖြစ်တာလဲ ပက်သက်ပြီး ပြောပြတယ်၊ Dark Comedy vibe ပါတာလည်း ကြိုက်ပါတယ်တဲ့။

ဘွန်ဂျွန်းဟိုက ကြည့်တဲ့သူတွေကို စိတ်လှုပ်ရှားခိုင်းတယ်၊ ရယ်ခိုင်းတယ်၊ ပြီးတော့မှ climax နဲ့ ထကစ်တော့တာပဲ၊ ပြောရရင် အပေါ်ကို မြင့်သထက်မြင့်အောင် မြှောက်ပြီးမှ ရိုက်ချခံရတာ၊ အဲ့ဒီလို ခံစားချက်မျိုးဗျာ။

စတီဗင်က Cinematography လည်းကြိုက်တယ်တဲ့၊ Doyle လို မလှတာကို လှအောင်ရိုက်သွားတာထက် မလှတာကို ဒီအတိုင်း ပြသွားတာကို တော်တော်ကြိုက်တယ်တဲ့။ ကောင်မလေး အိမ်သာထဲ ဘူသွားတဲ့အခန်းဆို တော်တော်အားရတဲ့အကြောင်း ပြောသွားတယ်။

ကျွန်တော်လည်း သဘောကျပါတယ်၊ သဘောကျတဲ့အခန်းတွေများတယ်၊ သူတို့ မိုးရေထဲ အိမ်ကို ပြန်ပြေးတဲ့အခန်းဆို ဓာတ်ကြိုးတွေ ရှုပ်ရှက်ခက်နေတဲ့ ရိုက်ကွက်ဆို မျက်စိထဲ စွဲနေတယ်၊ နတ်ပြည်ကနေ ငရဲကို တနိမ့်နိမ့်ဆင်းသွားသလိုပဲ၊ ဆရာသမားက ပြတတ်တယ်။

ကိုဟိန်းကတော့ Score တွေကို သတိထားမိပြီး သဘောကျတဲ့အကြောင်း ထပြောတယ်၊ အော်ပရာသံတွေဟာ အထက်တန်းစား လူနေမှုကို ကိုယ်စားပြုထားသလို ခံစားစေမိတာတော့အမှန်ပဲ။ ဒါနဲ့ ကျွန်တော် Barking Dogs Never Bite ကြည့်လိုက်သေးတယ်ဗျ၊ အဲ့ထဲဆို Jazz တွေနဲ့ ချသွားတာ၊ စိန်ပြေးတမ်းအခန်းတွေဆို နောက်ခံ Jazz တွေ တော်တော်များတယ်၊ ဒါလည်း အဲ့ Class တခုကို ကိုယ်စားပြုထားသလိုပဲ။

ကိုဂျက်ဘေးက နောက်ဆုံးအခန်းကို သဘောအကျဆုံးပါပဲတဲ့၊ မိုးရွာထဲ ပြေးတဲ့အခန်းလည်း သူကြိုက်တယ်။

နေဦးဗျာ၊ ကျွန်တော်တို့ပြောတာ ရောကုန်ပြီ၊ ရုပ်ရှင်မကြည့်ရသေးတဲ့သူတွေအတွက်ဆို နည်းနည်းရှုပ်ကုန်လိမ့်မယ်၊ သရုပ်ဆောင်တွေအကြောင်းနဲ့ ဇာတ်အကြောင်း ပြန်ပြောကြမလား။

ကိုတေဇက ပြောပါတယ်၊ ဒီကားက ဒရာမာသာပြောတာ၊ အကုန်ပါတယ်၊ ကိုရီးယား ရုပ်ရှင်တွေနဲ့ မစိမ်းတဲ့သူတွေဆို တော်တော်များများ သရုပ်ဆောင်တွေကို သိပါတယ်။

အင်းပေါ့၊ ဆောင်ကန်ဟိုကတော့ ခေါင် ပေါ့၊ နောက် ချွဲဝူရှစ်၊ အဲ့… ချိုင်ဝူရှစ်လား၊ ချွိုင်လား ချွဲလား မသိတော့ဘူး။

Tim ဝင်ပြောတာက သူဋ္ဌေးလုပ်တဲ့ မင်းသား လီဆွန်းကျွန်း အကြောင်း၊ သူလည်း A Hard Day ထဲက၊ Jo Pil-ho : The Dawning Rage ထဲလည်းပါတယ်။

ဆောင်ကန်ဟိုကတော့ ခင်ဗျားတို့ တော်တော်များများ သိတဲ့အတိုင်း၊ ကားကတော့များတယ်။ ဒါနဲ့ ဘယ်ကားတွေမှာ ကြိုက်ကြလဲဗျ။ ပြီးတော့ ဘွန်ဂျွန်းဟိုကားထဲတွေရော၊ ဒီကားကို Shoplifters နဲ့ ယှဥ်မယ်ဆိုရင်ရောပါ ပြောကြဗျာ။

ဆောင်ကန်ဟိုထဲဆို Memories of Murder နဲ့ Thirst ပေါ့ဗျာ၊ ဘွန်ဂျွန်းဟိုထဲဆို MoM နဲ့ Mother ပဲ။ ဒါတော့ ကိုဂျက်ဘေး အကြိုက်ပေါ့။ MoM နဲ့ Parasite ဆို MoM ကိုတော့ ပိုကြိုက်တယ်ပေါ့၊ Shoplifters နဲ့ဆို ဖြေရခက်တယ်၊ ကြည့်ပြီးချိန် ခံစားချက်ခြင်းလည်း မတူဘူးဆိုတော့ မဖြေလို့မရဘူးလား။

မဖြေလည်းရတယ်လေ၊ ဘာမှမဖြစ်ဘူး။

Tim ကတော့ ဆောင်ကန်ဟိုကားထဲတော့ MoM ကြိုက်တာပေါ့၊ လူတိုင်းအဲဒါပဲ ပြောကြမှာဆိုတော့ Joint Securitu Aera ကိုရွေးချင်တယ်။ ဘွန်ကတော့ မမ္မရီ ဖယ်လိုက်ရင် မားသားပဲ၊ တလက်စတည်း MoM vs Parasite ကတော့ ရှင်းပါတယ် MoM ပဲ။ Shoplifters ကတော့ မကြည့်ရသေးလို့ မပြောတတ်ဘူး။ စကားမစပ် Like Father Like Son ရောဗျ။ ဆိုင်မယ်ထင်လို့။ အင်း … သားအဖတွေပေါင်းကြံကြတာဆိုရင် Chaplin ရဲ့ The Kid လည်းသတိရတယ်။

အဲ့သားအဖကား မကြည့်ရသေးဘူး၊ ဆင်တယ်လို့တော့ ပြောတယ်။

သားလုပ်တဲ့ကောင်လည်း သရုပ်ဆောင်ကောင်းသားဗျ၊ အောက်မှာပါတီလုပ်နေတာကို သူကအပေါ်ထပ်က ကြည့်နေတဲ့အခန်းဆို သူ့ပုံစံက တမျိုးပဲ။ နောက်၊ ကျောက်တုံးကြီး မလာတာတို့ ဘာတို့။ ဆောင်ကန်ဟိုနဲ့လည်း သားအဖပုံစံ လိုက်ပါတယ်။

ဟိုကောင်မလေးက Goblin ကဆို ဟုတ်လား၊ စီးရီး မကြည့်တော့ သိပ်မသိဘူးဗျာ၊ နောက်ပြီး မင်းသား သူငယ်ချင်း တခန်းပါသွားတဲ့ သူဋ္ဌေးသား ကလည်း နာမည်ကြီးတယ် ပြောတယ်၊ ကျွန်တော်တော့ သိကို မသိတာပါဗျာ။

(Goblin က မဟုတ်ပါဘူးတဲ့၊ ရုပ်ဆင်တာပါတဲ့၊ တယောက် ထောက်ပြသွားပါတယ်)

ဒါတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ကိုး။ ကျွန်တော်တို့သာ ဘွန်ဂျွန်းဟို ကြိုက်လို့ လာကြည့်ဖြစ်တာ၊ တချို့က ဒီကားဘယ်သူရိုက်မှန်းတောင် သိကြမှာ မဟုတ်ဘူးလေ၊ တချို့ဂိဆရာတွေကလည်း Parasite ကြည့်တာကို ပေါ်ပင်လို့ ပြောချင်ကြတယ်ရော၊ ရှေ့မှာလည်း ကောင်းတဲ့ကားတွေရှိတာ လက်ခံပါတယ်၊ သူတို့ပြောသလိုပဲ Great Korean Artworks မှာ Burning တို့ Oldboy ဘာတို့ ဟုတ်လား၊ ဇာတ်ကားဖြင့် မကြည့်ရသေးဘဲ အချဥ်တူးနေသကိုး။ နောက်ရှိသေးတယ်၊ တလောကလုံးက ပါရာဆိုက် ပါရာဆိုက် နဲ့ တဆိုက်တည်း ဆိုက်၊ Once Upon a Time in Hollywood နဲ့လည်း တဝုတည်း ဝုနေကြလို့ဆိုလား၊ ပျော်စရာ ကားဟောင်းတွေပဲ အေးဆေး မျက်နှာပေးနဲ့ ကြည့်နေတယ်တဲ့။

ဒါတော့ မပြောချင်ပါဘူးဗျာ၊ သူတို့လည်း သူတို့ စိတ္တဇနဲ့ သူတို့ပေါ့။ အရမ်းကြည့်ချင်ပြီး ရုပ်ရှင်ရုံကို ဘောမတဲ့ ကောင်တွေထက် စာရင် တော်ပါသေးတယ်။

ထားပါတော့ဗျာ၊ ဇာတ်ကို ပြောရအောင်။ ဇာတ်ကတော့ သွက်တယ်ဗျာ၊ ရှယ်ကို သွက်တာ။

အေးဗျ၊ အဖွင့်အပိတ်တူတာလည်း ကြိုက်တယ်၊ အချိတ်အဆက်မိမိ ရေးသွားတာလည်း သဘောကျတယ်။ Capitalism ပေါ့နော်၊ အဓိက Subject က။

အဲ့အကြောင်း နောက်ဆုံးထည့်ပြောရမယ်။ ဒါနဲ့ ဘယ်အခန်းတွေကို သဘောကျလဲ။ ခုဏက ကိုဂျက်ဘေးက နောက်ဆုံးအခန်းတဲ့၊ ကိုမတ်က မိုးရေထဲအခန်း၊ ပြောပါဦး၊ ကျန်တဲ့သူတွေ။

တယောက်တခန်းစီပြောရရင် ဇာတ်ကားတကားလုံးစာဖြစ်သွားပါဦးမယ်ဗျာ၊ တော်ကြာ ငါးကောင်တွေ စပွိုင်လာမိလို့ ကြောင်ပျောက်နေပါဦးမယ်။

ကျွန်တော်တော့ အနံ့ရတာကို သဘောကျတယ်ဗျာ၊ အခန်းအကြောင်းထက် ဒီအကြောင်း ပိုပြောချင်တယ်၊ Visual နဲ့ Audio ပေါင်းပြီး အနံ့တခု ရလာတယ်၊ အဲ့အနံ့ကို ခင်ဗျားတို့လည်း ရကြမှာပဲ၊ စားနေတဲ့ ထမင်းကြော်အနံ့တော့ မဟုတ်ဘူးပေါ့ဗျာ။

ထားပါတော့၊ ထမင်းကြော်လည်း ကုန်သွားလို့တော်တော့တယ်။ မကောင်းတဲ့အချက်လေးတွေ ကပ်သီးကပ်သပ် စဥ်းစားကြည့်ရအောင်၊ plot hole ဘာညာ။

ဒီအခါတော့ ကိုပြည့်စုံက သတိထားမိပုံရတယ်၊ သူပြောတဲ့အထဲ CCTV တလုံးတည်းရှိတဲ့အကြောင်းပါတယ်၊ အိုင်တီသူဋ္ဌေးကြီး လုပ်နေပြီးတော့ဗျာ၊ VR တွေဘာတွေ ဟုတ်လား၊ ကိုင်ပြနေတာ၊ အိမ်အပြင်မှာ security camera တလုံးတည်း ရှိတာတော့ မမိုက်ဘူး၊ ဒါကတော့ သူ့ privacy နဲ့ သူဆိုပေမယ့် ခြံထဲတော့ တလုံး နှစ်လုံး တပ်ထားသင့်တာပေါ့လေ။

ဘွန်ဂျွန်းဟို ကားထဲ Realism အမြင့်ဆုံး ပြောတယ်၊ သဘောတူကြလား။

မတူနိုင်ပါဘူးဗျာ၊ သူ့ကားထဲ Realism ဆို Mother အဖြစ်ဆုံးပဲ နေမှာ၊ ပြီးတော့ Memories of Murder၊ ကိုဂျက်ဘေးပြောတာ လက်ခံမိပါတယ်။ တဘက်ကမြင်ကြည့်ရင်တော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Realism မဟုတ်ဘဲ ဘွန်ဂျွန်းဟို သတ်မှတ်ထားတဲ့ Realsim ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ။

အမှန်တရားဟာ တခုတည်း ရှိသလား။ အရှိအတိုင်းပဲဆိုတာရော သူ့အရှိလား၊ ကိုယ့်အရှိလား။

နည်းနည်းတော့ မြင့်သွားသလိုပဲ၊ ကိုယ့်ဆရာတို့၊ ထမင်းကြော်ဆိုင်ကနေ ဝိုင်းပြောင်းပြီး ဆွေးနွေးမှဖြစ်မယ်ထင်တယ်။

ခဏလေး၊ ခဏလေး။ ဝိုင်းမပြောင်းခင် ဒါလေး လက်စသပ်ချင်လို့၊ ကိုယ့်ဆရာတို့နဲ့က ဝိုင်းပြောင်းပြီးရင် ဟိုအကြောင်း ဒီအကြောင်း ရောက်သွားတော့မှာ၊ သိနေတယ်။

Guardian ကတော့ Invasion of the lifestyle snatchers ဆိုပြီး တင်စားသွားတယ်၊ လှတော့လှတယ်။

ကျွန်တော်တို့ ကြည့်ခဲ့ရတာ လုံးဝလည်း Smooth ဖြစ်ပါတယ်၊ ကိုရီးယားရုပ်ရှင်တွေမှာ ခိုင်းဖတ်ဘဝနဲ့ လိမ်လည်လှည့်စားတဲ့ ပုံစံတွေ ရောယှက်ပြတာ theme ဖြစ်နေသလိုပဲ။ ဆရာပက်ရဲ့ Handmaiden တို့၊ အင်ဆန်ဆွန်းရဲ့ Housemaid တို့လိုမျိုး။ လီချန်းဒုံရဲ့ Burning ထဲတောင် ဆင်းရဲတာတွေ၊ သောက်ကြွေးကနေ ရုန်းထွက်ရတာတွေ ပါသေးလားလို့၊ အခြေခံလူတန်းစားတင်မက၊ သာမန်ပြည်သူတွေကတော့ ဆင်းရဲနေဆဲပါပဲ။ ခုဆို မီတာခ တက်တယ်ဗျာ၊ ဆိုင်မဆိုင်တော့ မသိဘူး၊ ထည့်ပြောပြီ။ ကုန်ဈေးနှုန်းတက်တယ်၊ ဒီကားထဲတောင် WiFi ခ မတတ်နိုင်လို့၊ ကပ်သုံးရတာတွေပြတယ်။ သူတို့လည်း ဒီလိုပဲ၊ ကိုယ်တွေလည်း ဒီလိုပဲ၊ ရုပ်ရှင်နဲ့ ပြသွားတော့ သိရတာပေါ့၊ ဒါတော့ ရှိပြီးသားတွေပဲ၊ ဘွန်ဂျွန်းဟိုက သူ့ရုပ်ရှင်ထဲ အရှိတရားတွေ ထည့်ပြသွားနိုင်တယ်တော့ မြင်တယ်။ သူ့အရင်ရုပ်ရှင်တွေထဲလည်း ပြခဲ့တာပဲ၊ သိသာလား မသိသာလား၊ ဒါမှမဟုတ် မြင်လား မမြင်လားကတော့ ကြည့်တဲ့သူတွေအပေါ်ပဲ မူတည်မယ်၊ ဒါက မက်ဆေ့ချ်မဟုတ်ဘူးဗျ၊ ဆပ်ဂျက်သဘောပဲ၊ ဆပ်ဂျက်က ဘာမဆိုလည်း ဖြစ်နိုင်တယ်၊ ဘာမဆိုလည်း ဆပ်ဂျက် ဖြစ်သွားနိုင်တာပဲ။ ဒီထဲတော့ ဆင်းရဲတဲ့သူ၊ ချမ်းသာတဲ့သူတွေဆီကနေ အရင်းရှင်စနစ်ကို ပြသွားတယ်။ ထပ်ပြောရရင် ဒါကရှိပြီးသားပဲ၊ ဘွန်ဂျွန်းဟိုက သူမြင်သလို ဟာသလေး ကပ်နှောပြီး ခေါ်သွားတာ၊ ပြီးမှ ရိုက်ချလိုက်တော့၊ ကိုယ်တွေထဲ ကပ်ပါးကောင်တွေ ကပ်ပါလာရော။ ကျွန်တော်အနေနဲ့တော့ ဒီကားကို should watch လို့ပဲ ပြောချင်တယ်၊ ဘွန်းဂျွန်းဟို ကြောင့်ဆို ကြည့်၊ ဆောင်ကန်ဟိုကြောင့်ဆို ကြည့်၊ Comedy Thriller ဘာညာဆိုလည်း ကြည့်၊ Capitalism ကို သရော်တာကြည့်ချင်တယ်ဆိုလည်း ကြည့်ကြပေါ့။

ကိုဂျက်ဘေးရေ၊ ကိုမတ်ပြောသလို should watch လားပြောပါဦး။

Must watch လို့တော့ ပြောရမယ်ဗျာ၊ Every one cup of tea ပေါ့၊ Shoplifters ဆိုရင်တောင်မှ Drama မကြိုက်ရင် ကြိုက်ကြမယ်မထင်ဘူး၊ Parasite ကတော့ သာမန် ရုပ်ရှင်မကြိုက်တဲ့သူတွေတောင် ခံစားလို့ရမယ်ထင်တယ်။ တော်တော်လည်း Thrill ဖြစ်တော့ ကြိုက်ကြဖို့များတယ်။

ဂိကားလို့တော့ ပြောလို့မရဘူး ထင်တယ်။

ဂိကားတော့ မဟုတ်ပါဘူး၊ art house လုံးဝမဟုတ်ဘူး၊ အားလုံး အတူခံစားကြည့်လို့ရတယ်၊ မကြည့်ရသေးတဲ့သူတွေလည်း ဘာမှ ဖြစ်ပျက်စရာမလိုဘူး၊ ကြည့်ပြီးသွားတဲ့သူတွေလည်း ဘာမှ ဖြစ်ပျက်စရာမလိုဘူး။ ထမင်းကြော် သွားစားပြီး ကော်ဖီသောက် လေကန် ဝေဖန်ရုံပဲ၊ ကျွန်တော်တို့လိုပေါ့။

နောက်ပွဲမတက်တော့ဘူးလား၊

ပွဲတက်ပြီးရင်လည်း လမ်းစရိတ်က ဒီလောက်၊ ပြီးရင်လည်း ထမင်းကြော်စားရဦးမှာ၊ ဆိုတော့ ပွဲဆက်တွေများရင် ငါးကောင်တွေ သေကုန်ပါဦးမယ်၊ ပွဲမတက်ရတဲ့ကောင်တွေပဲ ပြောင်းဖိတ်လိုက်ကြပေါ့ဗျာ။

လေးစားပါတယ် ကိုပါဆွန်း။

ဒီလောက်ဆို တော်လောက်ပြီထင်တယ်၊ ဘာကျန်သေးလဲ၊ ထမင်းကြော်ဖိုး ရှင်းဖို့ပဲ ကျန်တော့တယ်။ ရုပ်ရှင်အကြောင်းလည်းပြောပြီးပြီ၊ သောင်ဖောင်းလည်းထုပြီးပြီဆိုတော့ ဝိုင်းပြောင်းရင်ပြောင်း၊ မပြောင်းရင် ပြန်ပြီဗျာ။ လက်ခုပ်တီး စားပွဲထိုးခေါ် တော့မှ ရုပ်ရှင်အပြီး လက်ခုပ်စတီးတာ ဒို့အဖွဲ့ပါလား သတိရမိတယ်။

လေးစားပါတယ်။

#Matt

ဆောင်ကန်ဟို ပြောပြတဲ့ ပါရာဆိုက်

“Palme d’Or ရလို့တော့ပြောတာ မဟုတ်ဘူးဗျ၊ ဒါပေမယ့် အနုသုခုမဒဿနအားဖြင့်တော့၊ ဒီရုပ်ရှင်က ဘွန်ဂျွန်းဟိုရဲ့ အရှိအတိုင်းသရုပ်ဖော်မှုမှာ အမြင့်ဆုံးရောက်သွားပြီ၊ Barking Dogs Never Bite (2000) က စလိုက်တယ်ပေါ့” — ဆောင်ကန်ဟို

ရုပ်ရှင်ပွဲတော်မှာ ဆုတဆုချိတ်ဖို့ ဖန်တီးထားတဲ့ ရုပ်ရှင်ဆိုတာမရှိပါဘူး၊ Parasite လည်း ဒီလိုပါပဲ။ ဒါကြောင့် အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဆောင်ကန်ဟို ပြောနေတာ၊ ရုပ်ရှင်ကို လွှမ်းရုံနေတဲ့ ကိန်းစ်ရဲ့ အရှိန်အဝါတွေ ထည့်မစဥ်းစားခင်၊ ဒီရုပ်ရှင်ရဲ့ အသေးစိတ်ဖန်တီးမှုတွေနဲ့ ပေးချင်တဲ့အချက်ကိုသာ အာရုံစိုက် တဲ့။ ဆိုးလ်က ကော်ဖီဆိုင်လေးမှာ ဆောင်ကန်ဟိုကို တွေ့တုန်း သူပြောတာတွေပဲ။

“ခေါင်းစဥ်ကတော့ ကပ်ပါးကောင်၊ ဒါပေမယ့် ရုပ်ရှင်က သဟဇီဝနဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးအကြောင်း”

ပြီးတော့ ရုပ်ရှင်အကြောင်း ဆက်မိတ်ဆက်ပေးတယ်။

“ဒါရိုက်တာဘွန်က ကျွန်တော်တို့ကို မှာတယ်ဗျာ၊ Parasite ဆိုတဲ့ စကားလုံးကို ပိုးမွှားတကောင် ဒါမှမဟုတ် အဆင့်နိမ့်တဲ့သတ္တဝါလို့ မြင်တဲ့အမြင်ထက် သံယောဇဥ် နဲ့ အားထားမှီခိုရတဲ့ အမြင်မျိုးကို ပို အာရုံစိုက်ဖို့ပေါ့

ဘွန်ဂျွန်းဟိုက အသက် ၅၀ ရှိပြီဆိုတဲ့အကြောင်းလည်း ဖော်ပြဖို့ မမေ့ခဲ့ဘူး။ ဆောင်နဲ့ စကားပြောနေတဲ့ကာလအတွင်းမှာ သူ့ရဲ့ ဘွန်ဂျွန်းဟိုအပေါ်ထားရှိတဲ့ လေးစားမှုနဲ့ ယဥ်ကျေးမှုကို ကျွန်မတို့ ခံစားလို့ရမိတယ်။ ဘွန် နဲ့ ဆောင် တွဲအလုပ်လုပ်တာ ၁၇နှစ် ရှိပြီ။

မကြာသေးခင်က ဆောင်ကန်ဟိုကို နာမည်ပြောင်တခုပေးကြတယ်၊ “ဘွန်ပီဆွန်” တဲ့၊ အဓိပ္ပါယ်က ဆောင်ကန်ဟိုဟာ ဘွန်ဂျွန်းဟိုရဲ့ သရုပ်သကန်တဲ့။ စကားလုံးပေါင်းစပ်ထားတာ အသစ်ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် ဆိုလိုရင်းကိုတော့ ရင်းနှီးကြမှာပဲ။ Memories of Murder (2003)၊ The Host (2006)၊ ကနေ Snowpiercer (2013)၊ ခု Parasite အထိ ဘွန်ရဲ့ မှတ်ကျောက်တင်လောက်တဲ့ အလုပ်တွေထဲ ဆောင်က အခရာပဲလေ။ ဒါပေမယ့် ဆောင်ကတော့ အနေရခက်နေတယ်။

“ဘွန်ပီဆွန် တဲ့၊ ပြင်သစ်စကားလိုပဲ (ရယ်လျက်)၊ ကျွန်တော်ထင်တာ လူတွေက ကျွန်တော် ဘွန်ရဲ့ကားတွေ တော်တော်များများထဲ သရုပ်ဆောင်ထားလို့ နာမည်ပြောင် ပေးကြတယ်လို့ပဲ၊ ကျွန်တော်က ဘွန်ရဲ့ အနုပညာ အရည်အသွေး အမြင်တွေရှိလို့လား၊ တကယ့် သရုပ်သကန်လား၊ ကျွန်တော်လည်း သိချင်တယ်၊ ဒီလို ချီးကျုးမှုကိုတော့ မခံယူဝံ့ပါဘူး၊ နားထောင်လို့တော့ကောင်းပါတယ်”

ဆောင် က ဒီလို ထောပနာပြုတာနဲ့ မတန်ဘူးဆိုတာ ဟုတ်ရဲ့လား၊ တကယ်လို့ သူပြောသလို Parasite က ဘွန်ဂျွန်းဟို ရဲ့ ရီရယ်လစ်ဇင်မှာ အမြင့်ဆုံး ဆိုရင် ဆောင်ကန်ဟိုရဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်ပုံကလည်း အလယ်ဗဟိုမှာရှိတာပဲ။ ဒါက အမြဲဖြစ်နေတာပါ။ မှုခင်းပုံပြင်တွေကနေ စိတ်ကူးယဥ်သိပ္ပံကားတွေထိ၊ ဘွန်ရဲ့ မတူကွဲပြားတဲ့ ရုပ်ရှင်အမျိုးအစားတွေမှာ၊ ဆောင်ကန်ဟိုက ခုမှနိုးလာတဲ့ရုပ်နဲ့ အရှိအတိုင်း သဏ္ဍာန်ကို အေးအေးဆေးဆေး သရုပ်ထင်စေတယ်။ Parasite ထဲမှာ ဆောင်က မြေအောက်ထပ် အခန်းထဲ နိုးလာပြီး ပိတ်ကားထက် မြင်ရတဲ့ Kitaek အဖြစ် သရုပ်ဆောင်တယ်။

ဆောင်ကန်ဟို ပြောတာက “ဒီရုပ်ရှင်မှာ အမျိုးအစားတွေ ရောယှက်ပြီး ပြထားတယ်၊ ဒီအထဲ အရေးကြီးဆုံးက Kitaek နေရာကို ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် သရုပ်ဖော်ဖို့ပဲ၊ သူ့ဘဝကို ဒီလို အမူအရာနဲ့ပဲ အမြဲနေခဲ့သလိုပဲ၊ ခရုလိုပေါ့”

Kitaek ရဲ့သား၊ Kiwoo (ချိုင်ဝူရှစ်) နဲ့ ရုပ်ရှင်ကို ပျိုးတယ်၊ Park ရဲ့အိမ်ကို သူက ငြိတွယ်နေတာ၊ Park (လီဆွန်းကျွန်း) က ဂလိုဘယ် အိုင်တီ စီးပွားရေးလုပ်ငန်းပိုင်ရှင်၊ ကျန်တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို တယောက်ချင်းစီ ပြပြီး၊ Park အိမ်ထဲ ကပ်ပါးရပ်ပါး တည်ရှိမှု တခုကို ဦးတည်ဖို့ ပြတယ်။ ပုံမှန်အားဖြင့်တော့ ကပ်ပါးကောင် ဆိုတဲ့ စကားလုံးက မကောင်းတဲ့သဘော။ ဒါပေမယ့် တချို့အကြောင်းတွေနဲ့၊ ကျွန်မတို့တွေ ဒီမိသားစုရဲ့ ကပ်ပါးရပ်ပါး ဖြစ်တည်မှုကို အားပေးလာမိတာ တွေ့ရတယ်။ Park မိသားစုကိုလည်း မုန်းစရာမလိုပါဘူး၊ သူကိုယ်တိုင်က အိမ်ရှင်ပဲလေ။ ဒီရုပ်ရှင်က ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကြား ကွာဟချက်၊ အတန်းအစား ပဋိပက္ခ ကို ရှင်းရှင်းလင်းလင်းပြတယ်၊ ဒါပေမယ့် လူမှု–ဘောဂ ဗေဒဆိုင်ရာ စကားလုံးတလုံးနဲ့ အနှစ်ချုပ်ပြောနိုင်ဖို့ရာ တော်တော်တော့ခက်တယ်။

ဒါကြောင့်လည်း ဆောင်ကန်ဟိုက ပြောတယ်။

“ဒီရုပ်ရှင်မျိုးက လူချမ်းသာနဲ့ လူဆင်းရဲကြား ကွာဟချက်ဖြစ်ဖြစ်၊ ကြွယ်ဝတဲ့သူနဲ့ မကြွယ်ဝတဲ့သူတို့ ထိပ်တိုက်တွေ့ကြတာပဲဖြစ်ဖြစ် တစ်တစ်ခွခွ ပြတဲ့ ရိုးရိုးတန်းတန်း ရုပ်ရှင်မျိုးတော့ မဟုတ်ဘူး။ ငါတို့ဟာ နံရံခြား အကန့်ခွဲထားတာ ဟုတ်သလား မဟုတ်သလားကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိစေနိုင် ရုပ်ရှင်မျိုးထက်ပိုတယ်၊ လူ့ဂုဏ်သိက္ခာ အကြောင်း ရုပ်ရှင်ပဲ”

အစောဦးကတည်းက Kitaek က ဆောင်ကန်ဟိုပဲ၊ အင်တာဗျူးတခုမှာ ဘွန်ဂျွန်းဟို ပြောတာက “ဆောင်ကန်ဟို နဲ့ ချွိုင်ဝူရှစ် တို့ကို သားအဖအဖြစ် ရည်ရွယ်ပြီး ဇာတ်ညွှန်းစရေးခဲ့တယ်” တဲ့။ ဒါကြောင့််လည်း ဆောင်ကန်ဟိုရဲ့ Kitaek အပေါ် ခင်တွယ်မှုနဲ့ နားလည်နိုင်မှုက နက်ရှိုင်းနေခဲ့တာ ဖြစ်နိုင်တယ်။ ဆောင်က Kitaek ရဲ့ အကောင်းမြင်ခြင်း ဘာကြောင့် မပျောက်သွားလဲကို ရှင်းပြတယ်။ ဇာတ်ထဲ စိတ်ဓာတ်ကျတဲ့ အနေအထားမှာတောင် Kitaek ပြောတာက “အစီအမံ မရှိတာလည်း စီမံတာပဲ” တဲ့။

“Kitaek က အလုပ်အရမ်းကြိုးစားတယ်၊ ထိုင်ဝမ်ကိတ်တွေလည်း ရောင်းတယ်၊ အစေအပါးအနေနဲ့လည်း လုပ်တယ်၊ ဒါပေမယ့် သူက မြေအောက်ခန်းမှာပဲ နေရတယ်၊ မွေးကတည်းကတော့ အကောင်းမြင် မဟုတ်လောက်ဘူးပေါ့ဗျာ၊ ပတ်ဝန်းကျင်က ပြောင်းလဲပေးတာပဲ၊ ကျွန်တော်ထင်တာက ရခဲ့တဲ့ဘဝအပေါ် ကိုယ့်ကိုယ်ကိုယ် သရော်တော်လှန်တဲ့ အမြင်တမျိုးဗျ၊ ဘာလို့ဆို သူ ကြံသမျှစည်သမျှ ဘာတခုမှ ဖြစ်မလာတာကိုး”

ဒီလို ဖော်ပြပေးတာ မလိုအပ်ဘူးလို့ထင်တယ်၊ ဘာလို့ဆို အသိသာကြီးပဲကိုး။ ဒါပေမယ့် ဆောင်ကန်ဟိုရဲ့ Parasite မှာ သရုပ်ဆောင်တာက အကောင်းဆုံးပဲ။ ဆောင်က ကိန်းစ်ကိုရောက်တာ ဒါနဲ့ဆို သုံးခေါက်ရှိပြီ။ ပက်ချန်ဝုခ်ရဲ့ Thirst (2009) နဲ့က ဂျူရီဆုရလို့ တခါ၊ ပြီးတော့ လီချန်ဒုံးရဲ့ Secret Sunshine (2007) အကောင်းဆုံး မင်းသမီးဆုကို ဂျောင်းဒိုယွန်း ရလို့ တခါ သွားတယ်။ ဒီတခါမှာ ဆောင်က အကောင်းဆုံး မင်းသားဆုကို မျက်စိကျတာ သဘာဝကျပါတယ်။ ဆုပေးပွဲအခမ်းအနားပြီးလို့ ချက်ချင်းပဲ ဂျူရီတွေက ဘွန်ကို ပြောတယ်၊ ဆောင်ကန်ဟိုက အလားအလာကောင်းတဲ့ ဆုရဖို့ထဲမှာပါတယ်တဲ့၊ ဒါပေမယ့် သူတို့ Palme d’Or ကို ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြလို့ပါတဲ့။ ဆောင်ကတော့ပြောတယ်။

“ခင်ဗျားတို့ ကျွန်တော် ဘယ်လောက်ဖြေသိမ့်မိလဲဆိုတာ တွေးမိမှာမဟုတ်ဘူး၊ သူတို့က ဆုတဆုပဲပေးရင်၊ သေချာတာပေါ့၊ Palme d’Or ပဲ ယူသင့်တာပေါ့” ပြီးတော့ ရယ်နေတယ်။

“ဘွန် နဲ့ ရုပ်ရှင်ဆရာ ဂျန်ဂျွန်းဟွမ် က ၁၉၉၇ ရုပ်ရှင် Motel Cactus မှာ ထုတ်လုပ်ရေးအဖွဲ့ထဲ အတူလုပ်တုန်းက ကျွန်တော့်ကို Green Fish ဆိုတဲ့ ကားမှာကြည့်မိပြီး ကြိုက်သွားကြတာတဲ့၊ သူတို့က ကျွန်တော့်ကို အရင်ဆုံးတွေ့ဖို့ တောင်းဆိုကြတယ်”

ဘွန်နဲ့ဆောင် ပထမဦးဆုံး တွေ့ပုံလေးကို ပြန်သွားရအောင်လား။ ဆောင်ကတော့ သရုပ်ရွေးပွဲပုံစံထက် သရုပ်ဆောင်နဲ့ သူ့ပရိသတ်တွေ့တဲ့ပွဲ ဆိုပြီး ပိုမှတ်မိတယ်။

“သူတို့တွေက နောက်ပိုင်း ရုပ်ရှင်ဆရာတွေဖြစ်လာကြမယ့်သူတွေပေါ့ဗျာ၊ ကောလိပ်ကျောင်းသားတွေလို ခုတ်ထားတဲ့ကေနဲ့၊ လက်ဖက်ရည်သောက်တယ်၊ ပြီးတော့ ရုပ်ရှင်တွေအကြောင်း တခွန်းမှမပြောဘဲ ပြန်သွားကြတယ်၊ နောက်တော့ သူတို့က ရုပ်ရှင်ထဲ သရုပ်ဆောင်စေချင်တဲ့အကြောင်း ပြောလာတယ်”

အချိန်တွေကြာခဲ့ပြီးနောက်မှတော့ ဆောင်ရဲ့ ပေဂျာမှာ ဘွန် အသံသွင်းခဲ့တဲ့ အသံဖိုင် အရှည်ကြီးကို ဆောင် တယောက် နားထောင်နေခဲ့တယ်၊ ဘွန်ပြောတာ နားထောင်ကြည့်မယ်ဆိုရင်၊ “ရုပ်ရှင်မှာ အတူတူမလုပ်နိုင်ရင်ကို စိတ်ကောင်းမှာမဟုတ်ဘူး” တဲ့။ သရုပ်ဆောင်ကလည်း တွေးတယ်။ “ဒီလူဟာ ကြီးကြီးကျယ်ကျယ် လုပ်ဖြစ်မယ့်သူပဲ” တဲ့။ သူတို့ရဲ့ ပထမဦးဆုံး တွေ့ဆုံခြင်းမှာတင် လူသားနှစ်ယောက် မျှဝေခဲ့တဲ့ ယုံကြည်မှုနဲ့ ယက်တဲ့ ကွန်တခု ပေါ်လာခဲ့တယ်။

( The Kyunghyang Shinmun ရဲ့ ကင်ဂျီဟေးရေးတဲ့ အင်တာဗျူးဆောင်းပါးတပုဒ် ဖြစ်ပါတယ်၊ Cinéma de la Passion အတွက် ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်၊ ပုံကိုတော့ ဆောင်ကန်ဟိုနဲ့ ဘွန်ဂျွန်းဟိုတို့ရဲ့ သူငယ်ချင်းသံယောဇဥ်ကို ပေါ်လွင်စေတယ်လို့၊ နွေးထွေးတဲ့ခံစားချက်လည်း ရတယ်လို့၊ ယူဆမိတာကြောင့် ထည့်သုံးဖြစ်ပါတယ် )

— Matt

“Palme d’Or ရလို႔ေတာ့ေျပာတာ မဟုတ္ဘူးဗ်၊ ဒါေပမယ့္ အႏုသုခုမဒႆနအားျဖင့္ေတာ့၊ ဒီ႐ုပ္ရွင္က ဘြန္ဂြၽန္းဟိုရဲ႕ အရွိအတိုင္းသ႐ုပ္ေဖာ္မႈမွာ အျမင့္ဆုံးေရာက္သြားၿပီ၊ Barking Dogs Never Bite (2000) က စလိုက္တယ္ေပါ့” — ေဆာင္ကန္ဟို

႐ုပ္ရွင္ပြဲေတာ္မွာ ဆုတဆုခ်ိတ္ဖို႔ ဖန္တီးထားတဲ့ ႐ုပ္ရွင္ဆိုတာမရွိပါဘူး၊ Parasite လည္း ဒီလိုပါပဲ။ ဒါေၾကာင့္ အသက္ ၅၂ႏွစ္ရွိၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဆာင္ကန္ဟို ေျပာေနတာ၊ ႐ုပ္ရွင္ကို လႊမ္း႐ုံေနတဲ့ ကိန္းစ္ရဲ႕ အရွိန္အဝါေတြ ထည့္မစဥ္းစားခင္၊ ဒီ႐ုပ္ရွင္ရဲ႕ အေသးစိတ္ဖန္တီးမႈေတြနဲ႕ ေပးခ်င္တဲ့အခ်က္ကိုသာ အာ႐ုံစိုက္ တဲ့။ ဆိုးလ္က ေကာ္ဖီဆိုင္ေလးမွာ ေဆာင္ကန္ဟိုကို ေတြ႕တုန္း သူေျပာတာေတြပဲ။

“ေခါင္းစဥ္ကေတာ့ ကပ္ပါးေကာင္၊ ဒါေပမယ့္ ႐ုပ္ရွင္က သဟဇီဝနဲ႕ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးအေၾကာင္း”

ၿပီးေတာ့ ႐ုပ္ရွင္အေၾကာင္း ဆက္မိတ္ဆက္ေပးတယ္။

“ဒါရိုက္တာဘြန္က ကြၽန္ေတာ္တို႔ကို မွာတယ္ဗ်ာ၊ Parasite ဆိုတဲ့ စကားလုံးကို ပိုးမႊားတေကာင္ ဒါမွမဟုတ္ အဆင့္နိမ့္တဲ့သတၱဝါလို႔ ျမင္တဲ့အျမင္ထက္ သံေယာဇဥ္ နဲ႕ အားထားမွီခိုရတဲ့ အျမင္မ်ိဳးကို ပို အာ႐ုံစိုက္ဖို႔ေပါ့”

ဘြန္ဂြၽန္းဟိုက အသက္ ၅၀ ရွိၿပီဆိုတဲ့အေၾကာင္းလည္း ေဖာ္ျပဖို႔ မေမ့ခဲ့ဘူး။ ေဆာင္နဲ႕ စကားေျပာေနတဲ့ကာလအတြင္းမွာ သူ႕ရဲ႕ ဘြန္ဂြၽန္းဟိုအေပၚထားရွိတဲ့ ေလးစားမႈနဲ႕ ယဥ္ေက်းမႈကို ကြၽန္မတို႔ ခံစားလို႔ရမိတယ္။ ဘြန္ နဲ႕ ေဆာင္ တြဲအလုပ္လုပ္တာ ၁၇ႏွစ္ ရွိၿပီ။

မၾကာေသးခင္က ေဆာင္ကန္ဟိုကို နာမည္ေျပာင္တခုေပးၾကတယ္၊ “ဘြန္ပီဆြန္” တဲ့၊ အဓိပၸါယ္က ေဆာင္ကန္ဟိုဟာ ဘြန္ဂြၽန္းဟိုရဲ႕ သ႐ုပ္သကန္တဲ့။ စကားလုံးေပါင္းစပ္ထားတာ အသစ္ျဖစ္ခ်င္ျဖစ္မယ္၊ ဒါေပမယ့္ ဆိုလိုရင္းကိုေတာ့ ရင္းႏွီးၾကမွာပဲ။ Memories of Murder (2003)၊ The Host (2006)၊ ကေန Snowpiercer (2013)၊ ခု Parasite အထိ ဘြန္ရဲ႕ မွတ္ေက်ာက္တင္ေလာက္တဲ့ အလုပ္ေတြထဲ ေဆာင္က အခရာပဲေလ။ ဒါေပမယ့္ ေဆာင္ကေတာ့ အေနရခက္ေနတယ္။

“ဘြန္ပီဆြန္ တဲ့၊ ျပင္သစ္စကားလိုပဲ (ရယ္လ်က္)၊ ကြၽန္ေတာ္ထင္တာ လူေတြက ကြၽန္ေတာ္ ဘြန္ရဲ႕ကားေတြ ေတာ္ေတာ္မ်ားမ်ားထဲ သ႐ုပ္ေဆာင္ထားလို႔ နာမည္ေျပာင္ ေပးၾကတယ္လို႔ပဲ၊ ကြၽန္ေတာ္က ဘြန္ရဲ႕ အႏုပညာ အရည္အေသြး အျမင္ေတြရွိလို႔လား၊ တကယ့္ သ႐ုပ္သကန္လား၊ ကြၽန္ေတာ္လည္း သိခ်င္တယ္၊ ဒီလို ခ်ီးက်ဳးမႈကိုေတာ့ မခံယူဝံ့ပါဘူး၊ နားေထာင္လို႔ေတာ့ေကာင္းပါတယ္”

ေဆာင္ က ဒီလို ေထာပနာျပဳတာနဲ႕ မတန္ဘူးဆိုတာ ဟုတ္ရဲ႕လား၊ တကယ္လို႔ သူေျပာသလို Parasite က ဘြန္ဂြၽန္းဟို ရဲ႕ ရီရယ္လစ္ဇင္မွာ အျမင့္ဆုံး ဆိုရင္ ေဆာင္ကန္ဟိုရဲ႕ ဆြဲေဆာင္မႈရွိတဲ့ သ႐ုပ္ေဆာင္ပုံကလည္း အလယ္ဗဟိုမွာရွိတာပဲ။ ဒါက အၿမဲျဖစ္ေနတာပါ။ မႈခင္းပုံျပင္ေတြကေန စိတ္ကူးယဥ္သိပၸံကားေတြထိ၊ ဘြန္ရဲ႕ မတူကြဲျပားတဲ့ ႐ုပ္ရွင္အမ်ိဳးအစားေတြမွာ၊ ေဆာင္ကန္ဟိုက ခုမွနိုးလာတဲ့႐ုပ္နဲ႕ အရွိအတိုင္း သ႑ာန္ကို ေအးေအးေဆးေဆး သ႐ုပ္ထင္ေစတယ္။ Parasite ထဲမွာ ေဆာင္က ေျမေအာက္ထပ္ အခန္းထဲ နိုးလာၿပီး ပိတ္ကားထက္ ျမင္ရတဲ့ Kitaek အျဖစ္ သ႐ုပ္ေဆာင္တယ္။

ေဆာင္ကန္ဟို ေျပာတာက “ဒီ႐ုပ္ရွင္မွာ အမ်ိဳးအစားေတြ ေရာယွက္ၿပီး ျပထားတယ္၊ ဒီအထဲ အေရးႀကီးဆုံးက Kitaek ေနရာကို ေျပာင္းလြယ္ျပင္လြယ္ ျဖစ္ေအာင္ သ႐ုပ္ေဖာ္ဖို႔ပဲ၊ သူ႕ဘဝကို ဒီလို အမူအရာနဲ႕ပဲ အၿမဲေနခဲ့သလိုပဲ၊ ခ႐ုလိုေပါ့”

Kitaek ရဲ႕သား၊ Kiwoo (ခ်ိဳင္ဝူရွစ္) နဲ႕ ႐ုပ္ရွင္ကို ပ်ိဳးတယ္၊ Park ရဲ႕အိမ္ကို သူက ၿငိတြယ္ေနတာ၊ Park (လီဆြန္းကြၽန္း) က ဂလိုဘယ္ အိုင္တီ စီးပြားေရးလုပ္ငန္းပိုင္ရွင္၊ က်န္တဲ့ သူ႕ရဲ႕ မိသားစုဝင္ေတြကို တေယာက္ခ်င္းစီ ျပၿပီး၊ Park အိမ္ထဲ ကပ္ပါးရပ္ပါး တည္ရွိမႈ တခုကို ဦးတည္ဖို႔ ျပတယ္။ ပုံမွန္အားျဖင့္ေတာ့ ကပ္ပါးေကာင္ ဆိုတဲ့ စကားလုံးက မေကာင္းတဲ့သေဘာ။ ဒါေပမယ့္ တခ်ိဳ႕အေၾကာင္းေတြနဲ႕၊ ကြၽန္မတို႔ေတြ ဒီမိသားစုရဲ႕ ကပ္ပါးရပ္ပါး ျဖစ္တည္မႈကို အားေပးလာမိတာ ေတြ႕ရတယ္။ Park မိသားစုကိုလည္း မုန္းစရာမလိုပါဘူး၊ သူကိုယ္တိုင္က အိမ္ရွင္ပဲေလ။ ဒီ႐ုပ္ရွင္က ခ်မ္းသာတဲ့သူနဲ႕ ဆင္းရဲတဲ့သူၾကား ကြာဟခ်က္၊ အတန္းအစား ပဋိပကၡ ကို ရွင္းရွင္းလင္းလင္းျပတယ္၊ ဒါေပမယ့္ လူမႈ–ေဘာဂ ေဗဒဆိုင္ရာ စကားလုံးတလုံးနဲ႕ အႏွစ္ခ်ဳပ္ေျပာနိုင္ဖို႔ရာ ေတာ္ေတာ္ေတာ့ခက္တယ္။

ဒါေၾကာင့္လည္း ေဆာင္ကန္ဟိုက ေျပာတယ္။

“ဒီ႐ုပ္ရွင္မ်ိဳးက လူခ်မ္းသာနဲ႕ လူဆင္းရဲၾကား ကြာဟခ်က္ျဖစ္ျဖစ္၊ ႂကြယ္ဝတဲ့သူနဲ႕ မႂကြယ္ဝတဲ့သူတို႔ ထိပ္တိုက္ေတြ႕ၾကတာပဲျဖစ္ျဖစ္ တစ္တစ္ခြခြ ျပတဲ့ ရိုးရိုးတန္းတန္း ႐ုပ္ရွင္မ်ိဳးေတာ့ မဟုတ္ဘူး။ ငါတို႔ဟာ နံရံျခား အကန့္ခြဲထားတာ ဟုတ္သလား မဟုတ္သလားကို ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းျပန္ထုတ္မိေစနိုင္ ႐ုပ္ရွင္မ်ိဳးထက္ပိုတယ္၊ လူ႕ဂုဏ္သိကၡာ အေၾကာင္း ႐ုပ္ရွင္ပဲ”

အေစာဦးကတည္းက Kitaek က ေဆာင္ကန္ဟိုပဲ၊ အင္တာဗ်ဴးတခုမွာ ဘြန္ဂြၽန္းဟို ေျပာတာက “ေဆာင္ကန္ဟို နဲ႕ ခြၽိုင္ဝူရွစ္ တို႔ကို သားအဖအျဖစ္ ရည္႐ြယ္ၿပီး ဇာတ္ၫႊန္းစေရးခဲ့တယ္” တဲ့။ ဒါေၾကာင့္္လည္း ေဆာင္ကန္ဟိုရဲ႕ Kitaek အေပၚ ခင္တြယ္မႈနဲ႕ နားလည္နိုင္မႈက နက္ရွိုင္းေနခဲ့တာ ျဖစ္နိုင္တယ္။ ေဆာင္က Kitaek ရဲ႕ အေကာင္းျမင္ျခင္း ဘာေၾကာင့္ မေပ်ာက္သြားလဲကို ရွင္းျပတယ္။ ဇာတ္ထဲ စိတ္ဓာတ္က်တဲ့ အေနအထားမွာေတာင္ Kitaek ေျပာတာက “အစီအမံ မရွိတာလည္း စီမံတာပဲ” တဲ့။

“Kitaek က အလုပ္အရမ္းႀကိဳးစားတယ္၊ ထိုင္ဝမ္ကိတ္ေတြလည္း ေရာင္းတယ္၊ အေစအပါးအေနနဲ႕လည္း လုပ္တယ္၊ ဒါေပမယ့္ သူက ေျမေအာက္ခန္းမွာပဲ ေနရတယ္၊ ေမြးကတည္းကေတာ့ အေကာင္းျမင္ မဟုတ္ေလာက္ဘူးေပါ့ဗ်ာ၊ ပတ္ဝန္းက်င္က ေျပာင္းလဲေပးတာပဲ၊ ကြၽန္ေတာ္ထင္တာက ရခဲ့တဲ့ဘဝအေပၚ ကိုယ့္ကိုယ္ကိုယ္ သေရာ္ေတာ္လွန္တဲ့ အျမင္တမ်ိဳးဗ်၊ ဘာလို႔ဆို သူ ႀကံသမွ်စည္သမွ် ဘာတခုမွ ျဖစ္မလာတာကိုး”

ဒီလို ေဖာ္ျပေပးတာ မလိုအပ္ဘူးလို႔ထင္တယ္၊ ဘာလို႔ဆို အသိသာႀကီးပဲကိုး။ ဒါေပမယ့္ ေဆာင္ကန္ဟိုရဲ႕ Parasite မွာ သ႐ုပ္ေဆာင္တာက အေကာင္းဆုံးပဲ။ ေဆာင္က ကိန္းစ္ကိုေရာက္တာ ဒါနဲ႕ဆို သုံးေခါက္ရွိၿပီ။ ပက္ခ်န္ဝုခ္ရဲ႕ Thirst (2009) နဲ႕က ဂ်ဴရီဆုရလို႔ တခါ၊ ၿပီးေတာ့ လီခ်န္ဒုံးရဲ႕ Secret Sunshine (2007) အေကာင္းဆုံး မင္းသမီးဆုကို ေဂ်ာင္းဒိုယြန္း ရလို႔ တခါ သြားတယ္။ ဒီတခါမွာ ေဆာင္က အေကာင္းဆုံး မင္းသားဆုကို မ်က္စိက်တာ သဘာဝက်ပါတယ္။ ဆုေပးပြဲအခမ္းအနားၿပီးလို႔ ခ်က္ခ်င္းပဲ ဂ်ဴရီေတြက ဘြန္ကို ေျပာတယ္၊ ေဆာင္ကန္ဟိုက အလားအလာေကာင္းတဲ့ ဆုရဖို႔ထဲမွာပါတယ္တဲ့၊ ဒါေပမယ့္ သူတို႔ Palme d’Or ကို ေပးဖို႔ တညီတၫြတ္တည္း ဆုံးျဖတ္ခဲ့ၾကလို႔ပါတဲ့။ ေဆာင္ကေတာ့ေျပာတယ္။

“ခင္ဗ်ားတို႔ ကြၽန္ေတာ္ ဘယ္ေလာက္ေျဖသိမ့္မိလဲဆိုတာ ေတြးမိမွာမဟုတ္ဘူး၊ သူတို႔က ဆုတဆုပဲေပးရင္၊ ေသခ်ာတာေပါ့၊ Palme d’Or ပဲ ယူသင့္တာေပါ့” ၿပီးေတာ့ ရယ္ေနတယ္။

“ဘြန္ နဲ႕ ႐ုပ္ရွင္ဆရာ ဂ်န္ဂြၽန္းဟြမ္ က ၁၉၉၇ ႐ုပ္ရွင္ Motel Cactus မွာ ထုတ္လုပ္ေရးအဖြဲ႕ထဲ အတူလုပ္တုန္းက ကြၽန္ေတာ့္ကို Green Fish ဆိုတဲ့ ကားမွာၾကည့္မိၿပီး ႀကိဳက္သြားၾကတာတဲ့၊ သူတို႔က ကြၽန္ေတာ့္ကို အရင္ဆုံးေတြ႕ဖို႔ ေတာင္းဆိုၾကတယ္”

ဘြန္နဲ႕ေဆာင္ ပထမဦးဆုံး ေတြ႕ပုံေလးကို ျပန္သြားရေအာင္လား။ ေဆာင္ကေတာ့ သ႐ုပ္ေ႐ြးပြဲပုံစံထက္ သ႐ုပ္ေဆာင္နဲ႕ သူ႕ပရိသတ္ေတြ႕တဲ့ပြဲ ဆိုၿပီး ပိုမွတ္မိတယ္။

“သူတို႔ေတြက ေနာက္ပိုင္း ႐ုပ္ရွင္ဆရာေတြျဖစ္လာၾကမယ့္သူေတြေပါ့ဗ်ာ၊ ေကာလိပ္ေက်ာင္းသားေတြလို ခုတ္ထားတဲ့ေကနဲ႕၊ လက္ဖက္ရည္ေသာက္တယ္၊ ၿပီးေတာ့ ႐ုပ္ရွင္ေတြအေၾကာင္း တခြန္းမွမေျပာဘဲ ျပန္သြားၾကတယ္၊ ေနာက္ေတာ့ သူတို႔က ႐ုပ္ရွင္ထဲ သ႐ုပ္ေဆာင္ေစခ်င္တဲ့အေၾကာင္း ေျပာလာတယ္”

အခ်ိန္ေတြၾကာခဲ့ၿပီးေနာက္မွေတာ့ ေဆာင္ရဲ႕ ေပဂ်ာမွာ ဘြန္ အသံသြင္းခဲ့တဲ့ အသံဖိုင္ အရွည္ႀကီးကို ေဆာင္ တေယာက္ နားေထာင္ေနခဲ့တယ္၊ ဘြန္ေျပာတာ နားေထာင္ၾကည့္မယ္ဆိုရင္၊ “႐ုပ္ရွင္မွာ အတူတူမလုပ္နိုင္ရင္ကို စိတ္ေကာင္းမွာမဟုတ္ဘူး” တဲ့။ သ႐ုပ္ေဆာင္ကလည္း ေတြးတယ္။ “ဒီလူဟာ ႀကီးႀကီးက်ယ္က်ယ္ လုပ္ျဖစ္မယ့္သူပဲ” တဲ့။ သူတို႔ရဲ႕ ပထမဦးဆုံး ေတြ႕ဆုံျခင္းမွာတင္ လူသားႏွစ္ေယာက္ မွ်ေဝခဲ့တဲ့ ယုံၾကည္မႈနဲ႕ ယက္တဲ့ ကြန္တခု ေပၚလာခဲ့တယ္။

( The Kyunghyang Shinmun ရဲ႕ ကင္ဂ်ီေဟးေရးတဲ့ အင္တာဗ်ဴးေဆာင္းပါးတပုဒ္ ျဖစ္ပါတယ္၊ Cinéma de la Passion အတြက္ ဆီေလ်ာ္ေအာင္ ဘာသာျပန္လိုက္ပါတယ္၊ ပုံကိုေတာ့ ေဆာင္ကန္ဟိုနဲ႕ ဘြန္ဂြၽန္းဟိုတို႔ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ကို ေပၚလြင္ေစတယ္လို႔၊ ႏြေးေထြးတဲ့ခံစားခ်က္လည္း ရတယ္လို႔၊ ယူဆမိတာေၾကာင့္ ထည့္သုံးျဖစ္ပါတယ္ )

— Matt

ဘွန်ဂျွန်းဟို အင်တာဗျူး

၂၀၁၉ ကိန်းရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခဲ့ပြီး အမြင့်ဆုံးဆု Palme d’Or ကို Parasite ရုပ်ရှင်နဲ့ ဒါရိုက်တာ Bong Joon-ho ရခဲ့ပါတယ်၊ ဆုမရခင် သူ့ကို ကိန်းကနေ နည်းနည်းပါးပါး မေးမြန်းသွားတာတွေကို Cinéma de la Passion ကနေ ဖော်ပြလိုက်ပါတယ်။

Parasite ရဲ့ အဓိပ္ပါယ်က ဘာလဲ။

ဘွန်ဂျွန်းဟို
အရင်ဆုံး လူတွေ မျှော်လင့်ကြတာက Parasite က အကောင်ပလောင်ကား ဒါမှမဟုတ် စိတ်ကူးယဥ်သိပ္ပံကား တကားကားတော့ ဖြစ်မယ်ပေါ့လေ၊ ဘာလို့လဲဆိုတော့ ကျွန်တော့် အရင်ရုပ်ရှင် The Host နဲ့က ခေါင်းစဥ်ချင်း ဆက်စပ်နေတာကိုး။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်တွေဟာ တကယ့်ကမ္ဘာမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေ၊ တခြားသူတွေနဲ့ အတူယှဥ်တွဲ သဟဇီဝ နေချင်ကြတဲ့လူမျိုးတွေ၊ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အဲ့ဒီတော့ သူတို့က ကပ်ပါးရပ်ပါး ဆက်ဆံရတဲ့အထိ ဖြစ်လာတယ်။ ကြီးပွားချမ်းသာတဲ့ဘဝကို အတူတူနေချင်ကြတဲ့အခါ ဖြစ်လာတဲ့ ဟာသ ရသ၊ ကရုဏာ ရသ၊ ဘယာနက ရသတို့ကို ပုံဖော်ထားတဲ့ အလွမ်းအသောစုံတဲ့ဇာတ် လို့ပဲ ထင်တယ်၊ ဒါပေမယ့် ဘယ်လောက်ခက်ခဲနိုင်သလဲဆိုတဲ့ လက်ရှိတရားကို ခင်ဗျား ရင်ဆိုင်နိုင်တယ်။ အထင်နဲ့ အမြင် တခြားစီဖြစ်တဲ့ ခေါင်းစဥ်ပါဗျာ၊ Memories of Murder ရဲ့ ​ကိုရီးယား ခေါင်းစဥ်နဲ့တော့ မတူဘူး၊ ဂယက်အနက်က ‘နွေးထွေး၊ သာယာသော အမှတ်တရများ’ တဲ့၊ ဘယ်လိုလူတယောက်က လူသတ်မှုရဲ့ နွေးထွေး၊ လွမ်းဆွတ်စေတဲ့ အမှတ်တရတွေသိမ်းထားမှာတုန်း၊ ဒါနဲ့ အဲ့လိုလုပ်တာရော မှားလား၊ တပုံစံတည်းပဲ အဲ့ကားမှာ ဟွာဆွန်း ဆက်တိုက် လူသတ်မှု ဖြစ်ရပ်တွေကနေ ခေတ်ရဲ့ အမှတ်တရတွေကို ပုံဖော်သွားတယ်။ Parasite လည်း အတူတူပဲ၊ ခေါင်းစဥ်မှာကိုက ရွဲ့တဲ့တဲ့ မသိမသာ ပါတယ်။

Parasite ရဲ့ အမျိုးအစားကို ဘယ်လိုခွဲမလဲဗျ။

ဘွန်ဂျွန်းဟို
လူသား ဒရာမာဇာတ်ပေါ့ဗျာ၊ ဒါပေမယ့် ခေတ်ပြိုင်တွေနဲ့ စိမ့်ဝင်အားကောင်းတဲ့ တခုပေါ့။ ဇာတ်လမ်းက တမူထူးခြား ကွဲပြားခြားနား တဲ့ အနေအထားတွေ အစီအတန်းလိုက် ပါတယ်ဆိုပေမယ့်လည်း၊ လက်ရှိကမ္ဘာမှာ ကောင်းကောင်းဖြစ်နိုင်တဲ့ ဇာတ်လမ်းမျိုးလည်း ဖြစ်တယ်။ လူမှုကွန်ယက်တွေပေါ်၊ သတင်းတွေပေါ်မှာ ဖြစ်တဲ့ အဖြစ်တခုကို ယူထားတယ်လို့လည်း တမျိုးမြင်နိုင်ပါတယ်။ ဒါကြောင့် အဲ့အသိနဲ့ပဲ၊ ဒါဟာ လက်တွေ့ကျတဲ့ ဒရာမာဇာတ်လို့ ဆိုရမယ်၊ ဒါပေမယ့် တယောက်ယောက်က မှုခင်း ဒရာမာ၊ ဟာသ၊ ဝမ်းနည်းစရာ ​ဒရာမာ၊ ဒါမှမဟုတ် ကြောက်မက်ဖွယ် လျှို့ဝှက်သည်းဖို တို့ဘာတို့ ပြောရင်လည်း ကျွန်တော်တော့ ကန့်ကွက်မှာ မဟုတ်ဘူး။ ပရိသတ်တွေ မျှော်လင့်ထားတာတွေကို ချေပနိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားတယ်၊ Parasite က ဒီလိုပဲ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်တယ်။

Parasite ရဲ့ အလယ်က မိသားစုတွေက ဘယ်သူတွေလဲဗျ။

ဘွန်ဂျွန်းဟို 
သူတို့က အောက်ခြေမိသားစု၊ နေတာက စုတ်တီးစုတ်ပြတ်တဲ့ မြေအောက်တဝက်အခန်းမှာ၊ သာမန်ဘဝတခု ရဖို့ မျှော်လင့်နေတဲ့သူတွေပေါ့၊ ဘာမှထူးခြားတာမရှိဘူး – ဒါပေမယ့် ဒါတောင်မှ ရဖို့ တော်တော်ခက်နေတယ်။ အဖေ က စီးပွားကျတာမှအပုံလိုက်၊ အမေက အားကစားသမား အနေနဲ့ လေကျင့်လာတာ ထူးခြားပြီး အောင်မြင်တာမရှိ၊ သား နဲ့ သမီးက တက္ကသိုလ်ဝင်ခွင့်ကို ခဏခဏ ကျတဲ့သူတွေ။ 
သူတို့နဲ့ ပြောင်းပြန်၊ မစ္စတာပက်ခ်တို့ မိသားစုမှာ၊ မစ္စတာပက်ခ်က အိုင်တီလုပ်ငန်းတခုရဲ့ ဥက္ကဌ၊ ထူးချွန်တဲ့သူ၊ အလုပ် မတရား ကြိုးစားလုပ်ပြီး ချမ်းသာလာတယ်၊ သူ့မိန်းမက ငယ်ကလည်းငယ် ချောက​လည်းချော၊ ချစ်​ဖို့ကောင်းတဲ့ အထက်တန်းကျောင်းသူ သမီးလေးတယောက်နဲ့ သားငယ်လေး ရှိတယ်။ သူတို့ မိသားစုလေးယောက်ကိုတော့ ခေတ်သစ် မြို့ပြ လူတန်းစားရဲ့ စံပြအဖြစ် မြင်နိုင်တယ်။

ရုပ်ရှင်ထဲက လူတွေကို ဘယ်လိုရွေးခဲ့သလဲဆိုတာရယ်၊ နောက်က ဘာကြောင့်လဲဆိုတာရယ် ပြောပါဦး။

ဘွန်ဂျွန်းဟို 
ရုပ်ရှင်အတွက်က၊ တယောက်နဲ့တယောက် အချိတ်အဆက်မိမိနဲ့ အကျိုးထိရောက်တဲ့ သရုပ်ဆောင်အဖွဲ့၊ ဘောလုံးအသင်းလိုပေါ့၊ သရုပ်ဆောင်တွေကို စုဝေးပြီး ရွေးဖို့ကလည်း အရေးကြီးပါတယ်။ သူတို့က ပထမဦးဆုံးမှာပဲ မိသားစုတစုကို လေထဲ ​ပုံဖော်ကြည့်ဖို့လိုမယ်၊ ဒါကြောင့် အတွေးတွေအများကြီးကို ကျွန်တော်ချပြရတယ်။ ပထမဦးဆုံး ကျွန်တော်ရွေးလိုက်တဲ့ တယောက်က ဆောင်ကန်ဟိုပဲဗျ၊ ပြီးတော့ Okja ကို ချွိုင်ဝူရှစ် နဲ့ ရိုက်တုန်းက၊ ဆောင်ကန်ဟိုရဲ့ သား ငပိန် ဇာတ်ရုပ်နဲ့ဆို ရယ်ရမှာပဲ တွေးမိတယ်။ နောက်ပြီးတော့ ရုပ်ဆင်တဲ့ ပက်ခ်ဟိုဒမ်၊ သရုပ်ဆောင်ကောင်းတယ်၊ တမူကွဲပြားပြီး မှုန်မှုန်ဝါးဝါး အာရုံနဲ့ အရှိတရားကို ထွင်းဖောက်နိုင်တယ်၊ သူ့ကို ဝူရှစ်ရဲ့ ညီမနေရာအတွက် ရွေးလိုက်တယ်။ မိသားစုဝင်တွေကြား ရုပ်ပိုင်းဆိုင်ရာ အဆက်အစပ်ရှိတာဖော်ပြနိုင်ဖို့ သူတို့အချင်းချင်း ဆင်နေဖို့ကလည်း အရေးကြီးတယ်လေ။ မင်းသမီး ချန်ဟေးဂျင် အတွက်ကတော့ သူသရုပ်ဆောင်တဲ့ The World of Us ထဲက ကျစ်လစ်သိုသိပ်တဲ့ နေ့စဥ်ခွန်အားမျိုးတွေကို ကြိုက်တယ်၊ ဒါကြောင့် သူ့ကို ဆောင်ကန်ဟိုရဲ့ စွမ်းအားပြည့်ဝတဲ့ မိန်းမအဖြစ် ရွေးလိုက်တယ်။ 
ပက်ခ်မိသားစုအတွက်ကတော့၊ ခင်ဗျားတို့ ကိုရီယား တီဗွီ ဒရာမာတွေထဲကလို ခေါက်ရိုးကျိုး အထက်တန်းစား အလွှာပုံဖော်သလိုတော့ မလိုချင်ဘူး၊ အဲ့အစား၊ ယဥ်ကျေးမှုမြင့်မြင့်နဲ့ နူးနူးညံ့ညံ့ ပုံစံမျိုးလုပ်နိုင်မယ့် သရုပ်ဆောင်တွေ လိုလာတယ်၊ လီဆွန်းကျွန်းရဲ့ ရှုစုံထောင့်စုံ ညှို့​ဓာတ်ကို တော်တော်သဘောကျတယ်၊ အဲ့ဒီတော့ သူက မစ္စတာပက်ခ်ပေါ့။ ချိုယောင်ဂျောင်းအတွက်ဆိုရင်၊ သူက တော်တော်လှတဲ့ အပြည့်တူးမဖော်ရသေးတဲ့ စိန်တွင်းနက်နက်ကြီးတတွင်းလိုပဲ၊ ဒါကြောင့် သူ့ကို တစိတ်တပိုင်းအနေနဲ့ ဖော်ပြနိုင်ဖို့ ရွေးချယ်လိုက်တယ်။ ဒီရုပ်ရှင်က အဓိကဇာတ်ဆောင် တယောက်တည်းတော့ မဟုတ်ဘူး၊ ဒါကြောင့် သရုပ်ဆောင်တွေ တယောက်နဲ့တယောက် ဆက်ဆံတုန့်ပြန် နိုင်ဖို့က အရမ်း အရေးကြီးတယ်။ အဆုံးမှာတော့ သူတို့ အပိုင်း သူတို့ နိုင်အောင် ကပြသွားနိုင်တာကို သိပ်ကျေးဇူးတင်ရတယ်၊ အကွက်ညီညီ ကစားပြသွားနိုင်တဲ့ ဘောလုံးအသင်းတသင်းလိုပဲ။

ဘယ်လို ခေတ်ပေါ် လူမှုအဖွဲ့အစည်း ပုံရိပ်မျိုးက ခင်ဗျားကို ဒီရုပ်ရှင် ရိုက်ဖို့ ဖြစ်လာတာလဲဗျ

ဘွန်ဂျွန်းဟို 
ကျွန်တော်ထင်တာ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းရဲ့ အဆက်မပြတ်ဖြစ်နေတဲ့ အယူအဆနှစ်ခြမ်းကွဲတာနဲ့ မညီမျှမှု ကို ပုံဖော်နိုင်ဖို့ နည်းလမ်းတလမ်းက ဒီနတာ ဟာသ ပဲ၊ ​ကြေကွဲစရာ ပြက်လုံးပေါ့။ အရင်းရှင်းဝါဒ က မင်းမူနေတဲ့ ခေတ်ကြီးထဲ ကျွန်တော်တို့နေနေတာ၊ တခြား အပြောင်းအလဲ လည်းမရှိဘူးလေ။ ကိုရီးယားမှ မဟုတ်ဘူး၊ တကမ္ဘာလုံးက လစ်လျူရှုမရတဲ့ အရင်းရှင်စနစ် ​သက်ဝင်ယုံကြည်တဲ့ ရေသောက်မြစ်တွေရဲ့ အနေအထားတခု နဲ့ ရင်ဆိုင်နေရတာ။ တကယ့်ကမ္ဘာမှာတော့ ကျွန်တော်တို့ရဲ့ အလုပ်လက်မဲ့ အဓိကဇာတ်ဆောင်လေးယောက်လို မိသားစုပုံစံမျိုးတွေရှိတယ်၊ ပက်ခ်မိသားစုနဲ့တော့ တခြားစီ ဖြတ်လို့ကိုမရတာ။ တခုတည်းဖြစ်စဥ်က အတန်းအစားတွေကြား အလုပ်အကိုင်ခန့်ထားတာ၊ တယောက်ယောက်က ကျူတာဆရာ ဒါမှမဟုတ် အလုပ်သမား ငှားသလို။ အဲ့လိုကိစ္စမျိုးတွေမှာ အတန်းအစားနှစ်ခုဟာ ကပ်လျက်ထိစပ်နေပြီး တယောက် အသက်ရှုရတာ တယောက် ခံစားသိနားလည်လာတဲ့ အခိုက်အတန့်တွေရှိတယ်။ ဒီရုပ်ရှင်ထဲမှာ တဘက်နဲ့တဘက် မလိုမုန်းထားမှုတွေမပါပေမယ့်လည်း၊ အတန်းအစား နှစ်ခုလုံးဟာ ပက်ကြားအပ်တွေ၊ ပေါက်ကွဲမှုတွေဆီကို ဦးတည်ဖို့ လုံးဝ ချော်နိုင်မယ့် အနေအထားဆီ ဆွဲခေါ်ခံခဲ့ရတယ်။ 
ဒီနေ့ခေတ် အရင်းရှင် အဖွဲ့အစည်းတွေမှာ အဆင့်တွေနဲ့ လူတန်းစားခွဲခြားတဲ့စနစ်တွေကို သာမန်မမြင်နိုင်ဘူး။ ကျွန်တော်တို့က အသွင်ဖျောက်ပြီး အမြင်ကွယ်ရာမှာ ထားထားကြတယ်၊ အတိတ်ရဲ့ အကြွင်းအကျန်​လို ရာထူးဂုဏ်သိမ် အတန်းအစားကို အပေါ်ယံလျှပ်ကြည့်ကြတယ်၊ ဒါပေမယ့် အမှန်တရားက အဲ့ဒီမှာ ကျော်လို့ ဖြတ်လို့ မရတဲ့ အတန်းအစား စည်းမျဥ်းတွေရှိတယ်။ ကျွန်တော်ထင်တာက ဒီရုပ်ရှင်က ဒီနေ့ခေတ် တိုးသထက်တိုးလာတဲ့ အယူကွဲ အဖွဲ့အစည်းထဲမှာ အတန်းအစားနှစ်ရပ် အပြန်အလှန် ဖုတ်ဖက်ခါပေးရင်း ထွက်လာတဲ့ မလွဲမရှောင်သာ အက်ကြောင်းလေးတွေကို ပြတာပါပဲ။

ဒီရုပ်ရှင်ကနေ ကြည့်တဲ့သူတွေ ဘာများထွက်လာမလဲလို့ မျှော်လင့်သလဲ။

ဘွန်ဂျွန်းဟို 
ကြည့်တဲ့ ပရိသတ်တွေကို တွေးစရာအများကြီး ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက ​ရယ်လည်းရယ်ရတယ်၊ ကြောက်ဖို့လည်းကောင်းတယ်၊ ဝမ်းလည်းနည်းရတယ်။ ပြီးတော့ သောက်စရာတခုကို မျှသောက်ရသလိုပဲလို့ ခံစားမိစေလိမ့်မယ်၊ ကြည့်နေရင်းနဲ့ စိတ်ကူး အကြံဉာဏ်တွေပြောကြဆိုကြပါလိမ့်မယ်။ ဒီထက်တော့ ပိုပြီး မမျှော်လင့်ပါဘူး။

Matt


ပေါလ်ရှရေဒါ အင်တာဗျူး

First Reformed ရုပ်ရှင်ကို ရေးသားရိုက်ကူးခဲ့သူ ရုပ်ရှင်ဆရာ Paul Schrader ကို Filmmaker ရုပ်ရှင်စာစောင်ကနေ မေးခွန်းများ မေးမြန်းထားပါတယ်။ သူ့ရဲ့ ဖြေကြားပုံတွေဟာ စိတ်ဝင်စားစရာမို့လည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

Filmmaker : အယူဝါဒနွယ် ရုပ်ရှင်တကား ဖန်တီးဖို့ ခင်ဗျားကို ဘာကစိတ်ပါစေသလဲ။

Paul_Schrader
ဇာတ်ညွှန်းရေးသူတယောက်အနေနဲ့ မဖြစ်ခင်က၊ ကျွန်တော်ဟာ ဝေဖန်ရေးသမားတယောက်ဗျ။ ပြီးတော့ အယူဝါဒနဲ့ရုပ်ရှင်တွေအကြောင်းကို ရုပ်ရှင်ထဲမှ ရုပ်လွန်ဝါဒ ဆိုပြီး စာအုပ်တအုပ် ရေးခဲ့ဖူးတယ်၊ အခု ပြန်လည်ပုံနှိပ်ထားပါတယ်။ အဲ့ဒါကြောင့် ဒီလိုရုပ်ရှင်ဟာ ကျွန်တော် အမြဲစိတ်ဝင်စားနေမိတဲ့ အမျိုးအစားပါ။ တကယ်တော့ ဒီလို ရုပ်ရှင်မျိုး ဖန်တီးဖြစ်လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး၊ ကျွန်တော် ပိုပြီးကြိုက်တာ ခပ်ကြမ်းကြမ်း ရန်လိုတဲ့ စရိုက်မျိုးဗျ၊ တိုက်ခိုက်တာ စာနာတာ … အဲ့လိုမျိုးပေါ့။ (Transcendal Style in Film: Ozu, Bresson, Dreyer ခေါင်းစဉ်ဖြင့် စာအုပ်ထွက်ရှိထားသည်၊ ဂန္တဝင် ရုပ်ရှင်ဆရာများ ဖြစ်သော ဂျပန်လူမျိုး Yasajiro Ozu ၊ ပြင်သစ်လူမျိုး Robert Bresson နှင့် ဒိန်းမတ်လူမျိုး Carl Dreyer တို့၏ ရုပ်ရှင်ဟန်များကို လေ့လာဆန်းစစ်ထား၏။)

နောက်တော့ … နှစ်တွေကြာပါပြီ၊ Paul Pawlikowski နဲ့ ညစာစားနေခဲ့တာ… သူက သူ့ရုပ်ရှင် Ida အကြောင်းပြောတယ်ဗျာ။ ညစာပြီးတော့ လမ်းလျှောက်ရင် ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့တာ။ “မင်းသိလား၊ အချိန်ကျပြီ၊ ဒီလိုရုပ်ရှင်မျိုးရေးဖို့ မင်းအတွက် အချိန်ရောက်ပြီ” တခါတည်း ကိုယ့်သဘောကိုယ်ပေါက်တာနဲ့တင် လွယ်သွားတော့တာပဲ၊ ဒါပေမယ့် ငွေရေးကြေးရေးနဲ့လည်း ဆိုင်ရဦးမယ်လေ။ အခုခါမှာတော့ ဒီလိုရုပ်ရှင်ကို ရိုက်ကူးရတာဟာ ငွေရေးကြေးရေးအတွက် လွန်ခဲ့တဲ့ ဆယ်နှစ်ကလုပ်သလို မဟုတ်ဘဲနဲ့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဘတ်ဂျတ်ငွေကျတာ များလို့ပါ။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကဆို ဒီရုပ်ရှင်ကို ရက်လေးဆယ်လောက် အချိန်ယူရလိမ့်မယ်၊ ခုဆို ရက် နှစ်ဆယ်ပဲကြာမယ်ဗျာ။ ဒါက လုံးဝကွာသွားတဲ့ ငွေကြေး အမှန်ပဲ၊ အုပ်ချုပ်တဲ့ဘုတ်အဖွဲ့ရဲ့ တဖက်က ရုပ်ရှင်တွေအားလုံးကို အကျိုးသက်ရောက်တယ်။ ကောင်းတာကတော့ ရုပ်ရှင်တကားရိုက်ဖို့က လွယ်လာတယ်၊ ဆိုးတာက ပြဖို့ကလည်း မဖြစ်နိုင်တော့သလိုပဲ။

Filmmaker : Toller လိုလူရဲ့ အဓိကစရိုက်ကို ဘယ်လိုပြောမလဲ ။

Paul_Schrader
ဒီလူက ရောဂါတမျိုးရှိတယ်ဗျ၊ ကီရာကီဂတ် ပြောတဲ့ ဗျာဓိမှသည်မရဏဆီသို့ ဆိုသလိုပဲ၊ မျှော်လင့်ခြင်းကင်းမဲ့တာ၊ စိတ်အားငယ်လက်လျှော့တာ၊ လောကကိုစိတ်ပျက်တာတွေ ဖြစ်တယ်။ ဒီရောဂါမှာ သရုပ်သကန်တွေရှိတယ်။ ခရစ်ယာန်ဘုန်းတော်ဝတ်စုံက တခု၊ နေ့စဉ်မှတ်တမ်းက နောက်တခု၊ အရက်ကလည်း နောက်တခုပဲ၊ နောက်ဆုံး ပတ်ဝန်းကျင်က သူ့ စိတ်ဝိညာဉ် နာမကျန်းဖြစ်မှုရဲ့ သရုပ်သကန် တခုပဲ။ အဲ့တော့ သူက ဒီအကျိုးတရားတွေကို သူ့ကိုယ်သူပဲ ကူးစက်သင့်စေတယ်ဗျာ။ တကယ်တော့၊ ကူးစက်ပိုးတမျိုးကို တခြားသူတယောက်ဆီက ကောက်ယူတာပါပဲ၊ ပတ်ဝန်းကျင်သာမဟုတ်ခဲ့ဘူး ဆိုရင်တော့ တခြားတခုခုကြောင့်ပေါ့လေ။ (ဒိန်းမတ်လူမျိုး တွေးခေါ်ပညာရှင် Søren Kierkegaard သည် ၁၈၄၉ ခုနှစ်တွင် ရေးသားခဲ့သော The Sickness Unto Death အမည်ရှိ စာအုပ်ကိုရေးသားခဲ့ပါသည်။ ထိုစာအုပ်ကို ရုပ်ရှင်ဆရာ ပေါလ်ရှရေဒါ က ရည်ညွှန်းပြောဆိုခြင်းဖြစ်၏)

Mandatory Credit: Photo by Stephen Lovekin/Deadline/REX/Shutterstock (10010311a) Ethan Hawke and Paul Schrader A24 ‘First Reformed’ film presentation, Arrivals, The Contenders New York presented by Deadline, USA – 01 Dec 2018

Flimmaker : ရာသီဥတုပြောင်းလဲမှုကို ဇာတ်လမ်းရဲ့ ကဏ္ဍကြီးအနေနဲ့ ဘာကြောင့်ထည့်သွင်းဖြစ်လဲဗျ။

Paul_Schrader
ဘာသာရေးပညာရှင်တွေနဲ့ ဒဿနပညာရှင်တို့ဟာ ဒီအကြောင်း ဆွေးနွေးခဲ့ကြတာမှာ နှစ်ပေါင်း လေးထောင် ငါးထောင် လောက်တော့ရှိပါပြီ။ ခုတော့ အဲ့ဒီဆွေးနွေးချက်တွေ အားလုံးကို ရင်ဆိုင်တွေ့လာရတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အဲ့လိုဆွေးနွေးချက်တွေ ဆုံးခန်းတိုင်နေနိုင်တဲ့ လူသမိုင်းရဲ့ ထိပ်ဖျားတနေရာမှာ ရောက်နေပြီမို့လို့ပဲ။ ခင်ဗျားအနေနဲ့ စမေးမယ်ဗျာ၊ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူသားမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူဖြစ်ရတာရော ဘာအဓိပ္ပါယ်လဲ၊ အသိစိတ်ရှိရတာ ဘာအဓိပ္ပါယ်နဲ့လဲပေါ့။ နည်းနည်းမြှင့်ပြီး ကြည့်လိုက်၊ ဒီစကားပြောနေတာရဲ့ အဆုံးသတ်ကို တွေ့လိမ့်မယ်။ ဒါကြောင့် ရှင်သန်နေထိုင်ရတာဟာ စိတ်လှုပ်ရှားစရာ အချိန်ဖြစ်တယ်၊ ထိတ်လန့်စရာ တချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ရှေးဟောင်း ဘာသာရေးနဲ့ ဒဿနိကဆိုင်ရာ ငြင်းခုံမှုတွေ ယူပြီးတော့ နီယွန်မီးအောက်ထဲ ပစ်ထည့်လိုက်တာပဲ၊ အဲ့မှာ ခင်ဗျားကို စပြီး အလင်းထိုး အချက်ပြတော့တာဗျ။

Filmmaker : Travis Bickle က သူ့ကိုယ်သူ မှန်ထဲမှာပြောသလိုမျိုးကနေ Toller က မှတ်တမ်းရေးတဲ့အထိဗျာ၊ အငုံ့စိတ်ကို ပိတ်ကားပေါ်ပြသရတဲ့ သော့ချက်က ဘာဖြစ်မလဲ။

Paul_Schrader
အဲ့လို ရုပ်ရှင်တွေတော်တော်များများလည်း ပြီးသွားပါပြီ၊ ကျွန်တော်ကတော့ အဲ့လိုမျိုးကို တဘက်တည်းမြင်တဲ့ ရုပ်ရှင်မျိုးတွေလို့ ခေါ်တယ်၊ ဘာလို့လဲဆိုတော့ ဘဝကို အဲ့ဒီအတိုင်း ကြည့်နေရတာကိုး။ ခင်ဗျား ဇာတ်ကောင်ရဲ့ ဘဝကလွဲရင် တခြားသူတွေရဲ့ ဘဝကို မမြင်ရဘူးလေ၊ တခြားဘဝမှမရှိတာ။ တကယ်တော့ ခင်ဗျားသာ အငှားကားမောင်းတဲ့သူရဲ့ ဖြစ်တည်ခြင်းထက် နောက်ထပ် ဖြစ်တည်ခြင်းတခုကိုသာ မြင်ခဲ့မယ်ဆိုရင်၊ အကျိုးနည်းမှာပဲ။ ဒါကြောင့် လူတမျိုးတည်းကို ဦးတည်တယ်၊ မျှော်လင့်ရတာပေါ့လေ၊ ရည်ရွယ်တာက ကြည့်ရှုသူတွေကို စပြီး ကိုယ်ချင်းစာမိစေချင်လို့ပဲ၊ ဘာလို့ဆို ဒီလိုလုပ်လေ့ရှိတယ်မဟုတ်လား၊ ကြယ်တွေကြည့်ပြီး နက္ခတ်ဖွဲ့သလိုမျိူး။ ကြယ်တွေကြည့်ရင်တော့ ခွေးတကောင်၊ ခြငေ်္သ့တကောင် လို ဘယ်တူပါ့မလဲ၊ ကျွန်တော်တို့ စိတ်ထဲပုံဖော်ရတာပေါ့လေ။ အဲ့လိုနဲ့ ကျွန်တော်တို့က ကိုယ်ချင်းစာနာတဲ့ ဆက်ဆံရေးမျိုးကို သရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းတယ်ဗျာ။ ခင်ဗျား တခါတည်း လုပ်ပြီးတာနဲ့၊ ခင်ဗျား နားလည်သဘောပေါက်သွားတဲ့ လူတယောက်နဲ့ ထပ်တူကျသွားလိမ့်မယ်၊ အဲ့ ခင်ဗျား ကိုယ်ပိုင်လက္ခဏာနဲ့တော့ ညီတူမှာ မဟုတ်ဘူး။ အဲ့မှာ ကြည့်တဲ့သူတယောက် မျောဖို့ စိတ်ဝင်စားစရာကောင်းတာပဲ။ ဘာလို့ဆို သူတို့ ထွက်သွားဖို့ကလည်း အတော်ဝေးဝေးရောက်နေပြီလေ၊ ပြီးတော့ သတိမမှားမိအောင်လည်း စိတ်နှစ်ထားရတာ၊ ဒါပေမယ့် ဇာတ်ကောင်ရဲ့ အမှန်တရားကို သူတို့ ကြာကြာ ယုံကြည်နိုင်တော့မှာ မဟုတ်ပါဘူး။

Filmmaker : ရုပ်ရှင်ဂုရုကြီး မာတင် စကော်စေးစီးရဲ့ ပြီးခဲ့တဲ့ သက်ဝင်ယုံကြည်မှုဆိုင်ရာ ရုပ်ရှင် ဖြစ်တဲ့ Silence ကိုခင်ဗျား အမြင် တွေ ပြောပြပါဦး။

Paul_Schrader
တကယ်တော့၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် သုံးဆယ်လောက်က သူ့ဆီကနေ အဲ့ဒီဇာတ်ညွှန်းကို ကျွန်တော် ခိုးဖို့ ကြိုးစားသေးတယ်ဗျ၊ ကျွန်တော့်ကို သူမိသွားလို့ပေါ့ဗျာ။ ဒီရုပ်ရှင်ကို အတိတ်မှာ အခြေတည်တာနဲ့ ပက်သက်လို့ သူ့မှာ ပြဿနာရှိပုံရတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို စာအုပ်ထဲရေးထားတဲ့ ဥပစာက အသုံးချဖို့ မဖြစ်တော့လို့ပဲ။ စာအုပ် ဥပစာက သာသနာပြုအဖွဲ့ရဲ့ အားထုတ်မှုဟာ ပင်ကိုယ်အားဖြင့် ကောင်းမွန်မှုဖြစ်တဲ့အကြောင်းပါ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကတော့ ကျွန်တော်တို့ ယုံခဲ့တာပေါ့နော်၊ ခုတော့လည်း ဘယ်သူမှ အဲ့ဒါကို မယုံတော့ပါဘူး။ ခု လူတွေက သာသနာပြုအဖွဲ့တွေကို နယ်ချဲ့ကိုလိုနီစနစ် ရဲ့ ရှေ့ပြေးလို့ပဲ ထင်လာကြတာကိုး။ ဒါကြောင့် ဒီစာအုပ်က သာသနာပြုအဖွဲ့ရဲ့ အားထုတ်ခြင်းဟာ မွန်မြတ်တဲ့ကြိုးစားမှု ဖြစ်ကြောင်း သက်သေပြု အခိုင်အမာ ဆိုထားတယ်။ ဒါကို မာတီကြီးက ယုံကြည်ရုံတင်မက၊ ရုပ်ရှင်တွေတောင် ရိုက်ခဲ့သေးတယ်လေ။ Kundun (1997) နဲ့ The Last Temptation of Crist (1988) ဆိုပြီးတော့။ ငြင်းကြခုန်ကြသေးတယ်။ ဘယ်သူမှလည်း မနိုင်ဘူး။

Matt


First Reformed ႐ုပ္ရွင္ကို ေရးသားရိုက္ကူးခဲ့သူ ႐ုပ္ရွင္ဆရာ Paul Schrader ကို Filmmaker ႐ုပ္ရွင္စာေစာင္ကေန ေမးခြန္းမ်ား ေမးျမန္းထားပါတယ္။ သူ႕ရဲ႕ ေျဖၾကားပုံေတြဟာ စိတ္ဝင္စားစရာမို႔လည္း ျပန္လည္ေဖာ္ျပလိုက္ပါတယ္။

Filmmaker အယူဝါဒႏြယ္ ႐ုပ္ရွင္တကား ဖန္တီးဖို႔ ခင္ဗ်ားကို ဘာကစိတ္ပါေစသလဲ။

Paul_Schrader ဇာတ္ၫႊန္းေရးသူတေယာက္အေနနဲ႕ မျဖစ္ခင္က၊ ကြၽန္ေတာ္ဟာ ေဝဖန္ေရးသမားတေယာက္ဗ်။ ၿပီးေတာ့ အယူဝါဒနဲ႕႐ုပ္ရွင္ေတြအေၾကာင္းကို ႐ုပ္ရွင္ထဲမွ ႐ုပ္လြန္ဝါဒ ဆိုၿပီး စာအုပ္တအုပ္ ေရးခဲ့ဖူးတယ္၊ အခု ျပန္လည္ပုံႏွိပ္ထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီလို႐ုပ္ရွင္ဟာ ကြၽန္ေတာ္ အၿမဲစိတ္ဝင္စားေနမိတဲ့ အမ်ိဳးအစားပါ။ တကယ္ေတာ့ ဒီလို ႐ုပ္ရွင္မ်ိဳး ဖန္တီးျဖစ္လိမ့္မယ္လို႔ မေတြးမိခဲ့ပါဘူး၊ ကြၽန္ေတာ္ ပိုၿပီးႀကိဳက္တာ ခပ္ၾကမ္းၾကမ္း ရန္လိုတဲ့ စရိုက္မ်ိဳးဗ်၊ တိုက္ခိုက္တာ စာနာတာ … အဲ့လိုမ်ိဳးေပါ့။ (Transcendal Style in Film: Ozu, Bresson, Dreyer ေခါင္းစဥ္ျဖင့္ စာအုပ္ထြက္ရွိထားသည္၊ ဂႏၱဝင္ ႐ုပ္ရွင္ဆရာမ်ား ျဖစ္ေသာ ဂ်ပန္လူမ်ိဳး Yasajiro Ozu ၊ ျပင္သစ္လူမ်ိဳး Robert Bresson ႏွင့္ ဒိန္းမတ္လူမ်ိဳး Carl Dreyer တို႔၏ ႐ုပ္ရွင္ဟန္မ်ားကို ေလ့လာဆန္းစစ္ထား၏။)

ေနာက္ေတာ့ … ႏွစ္ေတြၾကာပါၿပီ၊ Paul Pawlikowski နဲ႕ ညစာစားေနခဲ့တာ… သူက သူ႕႐ုပ္ရွင္ Ida အေၾကာင္းေျပာတယ္ဗ်ာ။ ညစာၿပီးေတာ့ လမ္းေလွ်ာက္ရင္ ကိုယ့္ကိုယ္ကိုယ္ ေတြးေနခဲ့တာ။ “မင္းသိလား၊ အခ်ိန္က်ၿပီ၊ ဒီလို႐ုပ္ရွင္မ်ိဳးေရးဖို႔ မင္းအတြက္ အခ်ိန္ေရာက္ၿပီ” တခါတည္း ကိုယ့္သေဘာကိုယ္ေပါက္တာနဲ႕တင္ လြယ္သြားေတာ့တာပဲ၊ ဒါေပမယ့္ ေငြေရးေၾကးေရးနဲ႕လည္း ဆိုင္ရဦးမယ္ေလ။ အခုခါမွာေတာ့ ဒီလို႐ုပ္ရွင္ကို ရိုက္ကူးရတာဟာ ေငြေရးေၾကးေရးအတြက္ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကလုပ္သလို မဟုတ္ဘဲနဲ႕ ျဖစ္နိုင္ပါတယ္။ ဘာေၾကာင့္ဆိုေတာ့ ဘတ္ဂ်တ္ေငြက်တာ မ်ားလို႔ပါ။ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ဆယ္ေက်ာ္ကဆို ဒီ႐ုပ္ရွင္ကို ရက္ေလးဆယ္ေလာက္ အခ်ိန္ယူရလိမ့္မယ္၊ ခုဆို ရက္ ႏွစ္ဆယ္ပဲၾကာမယ္ဗ်ာ။ ဒါက လုံးဝကြာသြားတဲ့ ေငြေၾကး အမွန္ပဲ၊ အုပ္ခ်ဳပ္တဲ့ဘုတ္အဖြဲ႕ရဲ႕ တဖက္က ႐ုပ္ရွင္ေတြအားလုံးကို အက်ိဳးသက္ေရာက္တယ္။ ေကာင္းတာကေတာ့ ႐ုပ္ရွင္တကားရိုက္ဖို႔က လြယ္လာတယ္၊ ဆိုးတာက ျပဖို႔ကလည္း မျဖစ္နိုင္ေတာ့သလိုပဲ။

Filmmaker Toller လိုလူရဲ႕ အဓိကစရိုက္ကို ဘယ္လိုေျပာမလဲ ။

Paul_Schrader ဒီလူက ေရာဂါတမ်ိဳးရွိတယ္ဗ်၊ ကီရာကီဂတ္ ေျပာတဲ့ ဗ်ာဓိမွသည္မရဏဆီသို႔ ဆိုသလိုပဲ၊ ေမွ်ာ္လင့္ျခင္းကင္းမဲ့တာ၊ စိတ္အားငယ္လက္ေလွ်ာ့တာ၊ ေလာကကိုစိတ္ပ်က္တာေတြ ျဖစ္တယ္။ ဒီေရာဂါမွာ သ႐ုပ္သကန္ေတြရွိတယ္။ ခရစ္ယာန္ဘုန္းေတာ္ဝတ္စုံက တခု၊ ေန႕စဥ္မွတ္တမ္းက ေနာက္တခု၊ အရက္ကလည္း ေနာက္တခုပဲ၊ ေနာက္ဆုံး ပတ္ဝန္းက်င္က သူ႕ စိတ္ဝိညာဥ္ နာမက်န္းျဖစ္မႈရဲ႕ သ႐ုပ္သကန္ တခုပဲ။ အဲ့ေတာ့ သူက ဒီအက်ိဳးတရားေတြကို သူ႕ကိုယ္သူပဲ ကူးစက္သင့္ေစတယ္ဗ်ာ။ တကယ္ေတာ့၊ ကူးစက္ပိုးတမ်ိဳးကို တျခားသူတေယာက္ဆီက ေကာက္ယူတာပါပဲ၊ ပတ္ဝန္းက်င္သာမဟုတ္ခဲ့ဘူး ဆိုရင္ေတာ့ တျခားတခုခုေၾကာင့္ေပါ့ေလ။ (ဒိန္းမတ္လူမ်ိဳး ေတြးေခၚပညာရွင္ Søren Kierkegaard သည္ ၁၈၄၉ ခုႏွစ္တြင္ ေရးသားခဲ့ေသာ The Sickness Unto Death အမည္ရွိ စာအုပ္ကိုေရးသားခဲ့ပါသည္။ ထိုစာအုပ္ကို ႐ုပ္ရွင္ဆရာ ေပါလ္ရွေရဒါ က ရည္ၫႊန္းေျပာဆိုျခင္းျဖစ္၏)

Flimmaker ရာသီဥတုေျပာင္းလဲမႈကို ဇာတ္လမ္းရဲ႕ ကဏ္႑ႀကီးအေနနဲ႕ ဘာေၾကာင့္ထည့္သြင္းျဖစ္လဲဗ်။

Paul_Schrader ဘာသာေရးပညာရွင္ေတြနဲ႕ ဒႆနပညာရွင္တို႔ဟာ ဒီအေၾကာင္း ေဆြးႏြေးခဲ့ၾကတာမွာ ႏွစ္ေပါင္း ေလးေထာင္ ငါးေထာင္ ေလာက္ေတာ့ရွိပါၿပီ။ ခုေတာ့ အဲ့ဒီေဆြးႏြေးခ်က္ေတြ အားလုံးကို ရင္ဆိုင္ေတြ႕လာရတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ အဲ့လိုေဆြးႏြေးခ်က္ေတြ ဆုံးခန္းတိုင္ေနနိုင္တဲ့ လူသမိုင္းရဲ႕ ထိပ္ဖ်ားတေနရာမွာ ေရာက္ေနၿပီမို႔လို႔ပဲ။ ခင္ဗ်ားအေနနဲ႕ စေမးမယ္ဗ်ာ၊ ဘဝရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ၊ လူသားမ်ိဳးႏြယ္ရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ၊ လူျဖစ္ရတာေရာ ဘာအဓိပၸါယ္လဲ၊ အသိစိတ္ရွိရတာ ဘာအဓိပၸါယ္နဲ႕လဲေပါ့။ နည္းနည္းျမႇင့္ၿပီး ၾကည့္လိုက္၊ ဒီစကားေျပာေနတာရဲ႕ အဆုံးသတ္ကို ေတြ႕လိမ့္မယ္။ ဒါေၾကာင့္ ရွင္သန္ေနထိုင္ရတာဟာ စိတ္လႈပ္ရွားစရာ အခ်ိန္ျဖစ္တယ္၊ ထိတ္လန႔္စရာ တခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ပတ္ဝန္းက်င္က ေရွးေဟာင္း ဘာသာေရးနဲ႕ ဒႆနိကဆိုင္ရာ ျငင္းခုံမႈေတြ ယူၿပီးေတာ့ နီယြန္မီးေအာက္ထဲ ပစ္ထည့္လိုက္တာပဲ၊ အဲ့မွာ ခင္ဗ်ားကို စၿပီး အလင္းထိုး အခ်က္ျပေတာ့တာဗ်။

Filmmaker Travis Bickle က သူ႕ကိုယ္သူ မွန္ထဲမွာေျပာသလိုမ်ိဳးကေန Toller က မွတ္တမ္းေရးတဲ့အထိဗ်ာ၊ အငုံ႕စိတ္ကို ပိတ္ကားေပၚျပသရတဲ့ ေသာ့ခ်က္က ဘာျဖစ္မလဲ။

Paul_Schrader အဲ့လို ႐ုပ္ရွင္ေတြေတာ္ေတာ္မ်ားမ်ားလည္း ၿပီးသြားပါၿပီ၊ ကြၽန္ေတာ္ကေတာ့ အဲ့လိုမ်ိဳးကို တဘက္တည္းျမင္တဲ့ ႐ုပ္ရွင္မ်ိဳးေတြလို႔ ေခၚတယ္၊ ဘာလို႔လဲဆိုေတာ့ ဘဝကို အဲ့ဒီအတိုင္း ၾကည့္ေနရတာကိုး။ ခင္ဗ်ား ဇာတ္ေကာင္ရဲ႕ ဘဝကလြဲရင္ တျခားသူေတြရဲ႕ ဘဝကို မျမင္ရဘူးေလ၊ တျခားဘဝမွမရွိတာ။ တကယ္ေတာ့ ခင္ဗ်ားသာ အငွားကားေမာင္းတဲ့သူရဲ႕ ျဖစ္တည္ျခင္းထက္ ေနာက္ထပ္ ျဖစ္တည္ျခင္းတခုကိုသာ ျမင္ခဲ့မယ္ဆိုရင္၊ အက်ိဳးနည္းမွာပဲ။ ဒါေၾကာင့္ လူတမ်ိဳးတည္းကို ဦးတည္တယ္၊ ေမွ်ာ္လင့္ရတာေပါ့ေလ၊ ရည္႐ြယ္တာက ၾကည့္ရႈသူေတြကို စၿပီး ကိုယ္ခ်င္းစာမိေစခ်င္လို႔ပဲ၊ ဘာလို႔ဆို ဒီလိုလုပ္ေလ့ရွိတယ္မဟုတ္လား၊ ၾကယ္ေတြၾကည့္ၿပီး နကၡတ္ဖြဲ႕သလိုမ်ိဴး။ ၾကယ္ေတြၾကည့္ရင္ေတာ့ ေခြးတေကာင္၊ ျခေင္္သ့တေကာင္ လို ဘယ္တူပါ့မလဲ၊ ကြၽန္ေတာ္တို႔ စိတ္ထဲပုံေဖာ္ရတာေပါ့ေလ။ အဲ့လိုနဲ႕ ကြၽန္ေတာ္တို႔က ကိုယ္ခ်င္းစာနာတဲ့ ဆက္ဆံေရးမ်ိဳးကို သ႐ုပ္ေဆာင္ေတြနဲ႕ ဖြဲ႕စည္းတယ္ဗ်ာ။ ခင္ဗ်ား တခါတည္း လုပ္ၿပီးတာနဲ႕၊ ခင္ဗ်ား နားလည္သေဘာေပါက္သြားတဲ့ လူတေယာက္နဲ႕ ထပ္တူက်သြားလိမ့္မယ္၊ အဲ့ ခင္ဗ်ား ကိုယ္ပိုင္လကၡဏာနဲ႕ေတာ့ ညီတူမွာ မဟုတ္ဘူး။ အဲ့မွာ ၾကည့္တဲ့သူတေယာက္ ေမ်ာဖို႔ စိတ္ဝင္စားစရာေကာင္းတာပဲ။ ဘာလို႔ဆို သူတို႔ ထြက္သြားဖို႔ကလည္း အေတာ္ေဝးေဝးေရာက္ေနၿပီေလ၊ ၿပီးေတာ့ သတိမမွားမိေအာင္လည္း စိတ္ႏွစ္ထားရတာ၊ ဒါေပမယ့္ ဇာတ္ေကာင္ရဲ႕ အမွန္တရားကို သူတို႔ ၾကာၾကာ ယုံၾကည္နိုင္ေတာ့မွာ မဟုတ္ပါဘူး။

Filmmaker ႐ုပ္ရွင္ဂု႐ုႀကီး မာတင္ စေကာ္ေစးစီးရဲ႕ ၿပီးခဲ့တဲ့ သက္ဝင္ယုံၾကည္မႈဆိုင္ရာ ႐ုပ္ရွင္ ျဖစ္တဲ့ Silence ကိုခင္ဗ်ား အျမင္ ေတြ ေျပာျပပါဦး။

Paul_Schraderတကယ္ေတာ့၊ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ဆယ္ သုံးဆယ္ေလာက္က သူ႕ဆီကေန အဲ့ဒီဇာတ္ၫႊန္းကို ကြၽန္ေတာ္ ခိုးဖို႔ ႀကိဳးစားေသးတယ္ဗ်၊ ကြၽန္ေတာ့္ကို သူမိသြားလို႔ေပါ့ဗ်ာ။ ဒီ႐ုပ္ရွင္ကို အတိတ္မွာ အေျခတည္တာနဲ႕ ပက္သက္လို႔ သူ႕မွာ ျပႆနာရွိပုံရတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဘာလို႔ဆို စာအုပ္ထဲေရးထားတဲ့ ဥပစာက အသုံးခ်ဖိဳ႕ မျဖစ္ေတာ့လို႔ပဲ။ စာအုပ္ ဥပစာက သာသနာျပဳအဖြဲ႕ရဲ႕ အားထုတ္မႈဟာ ပင္ကိုယ္အားျဖင့္ ေကာင္းမြန္မႈျဖစ္တဲ့အေၾကာင္းပါ။ လြန္ခဲ့တဲ့ ႏွစ္ငါးဆယ္ေလာက္ကေတာ့ ကြၽန္ေတာ္တို႔ ယုံခဲ့တာေပါ့ေနာ္၊ ခုေတာ့လည္း ဘယ္သူမွ အဲ့ဒါကို မယုံေတာ့ပါဘူး။ ခု လူေတြက သာသနာျပဳအဖြဲ႕ေတြကို နယ္ခ်ဲ့ကိုလိုနီစနစ္ ရဲ႕ ေရွ႕ေျပးလို႔ပဲ ထင္လာၾကတာကိုး။ ဒါေၾကာင့္ ဒီစာအုပ္က သာသနာျပဳအဖြဲ႕ရဲ႕ အားထုတ္ျခင္းဟာ မြန္ျမတ္တဲ့ႀကိဳးစားမႈ ျဖစ္ေၾကာင္း သက္ေသျပဳ အခိုင္အမာ ဆိုထားတယ္။ ဒါကို မာတီႀကီးက ယုံၾကည္႐ုံတင္မက၊ ႐ုပ္ရွင္ေတြေတာင္ ရိုက္ခဲ့ေသးတယ္ေလ။ Kundun (1997) နဲ႕ The Last Temptation of Crist (1988) ဆိုၿပီးေတာ့။ ျငင္းၾကခုန္ၾကေသးတယ္။ ဘယ္သူမွလည္း မနိုင္ဘူး။

Matt

လီချန်းဒုံ အင်တာဗျူး

ေတာင္ကိုရီးယား ႐ုပ္ရွင္ဆရာ လီခ်န္းဒုံကို သူ႕ရဲ႕ေနာက္ဆုံးထြက္႐ုပ္ရွင္ Burning နဲ႕ ပက္သက္ၿပီး Variety ကေန ေမးျမန္းထားတာကို တင္ျပလိုက္ပါတယ္။ 

Variety 
ခင္ဗ်ားရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ Poetry ကိုရိုက္ၿပီးကတည္းက ၈ ႏွစ္အခ်ိန္အတြင္း ဘာေတြလုပ္ခဲ့လဲဆိုတာ သိပါရေစဗ်ာ။ 

Lee_Chang_dong 
လြန္ခဲ့တဲ့ရွစ္ႏွစ္အတြင္းမွာ၊ ပေရာဂ်က္ ေတာ္ေတာ္မ်ားမ်ားနဲ႕ ဇာတ္ၫႊန္းေတြ ေရးခဲ့တယ္ဗ်၊ အဲ့ထဲမွာ ပေရာဂ်က္ သုံးခုက ဇာတ္ၫႊန္းေတာ့လုံးဝၿပီးသြားၿပီ၊ Pre-production အဆင့္မွာ ဆက္ၿပီးတိုးတက္ေအာင္လုပ္ေနတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ ရပ္လိုက္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါေတြကို ႐ုပ္ရွင္အျဖစ္ အသြင္ေျပာင္းလဲဖို႔ ဘာေၾကာင့္ ဖန္တီးရမွာလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ မေျဖနိုင္ခဲ့လို႔ပဲ။ 

Variety
လြန္ခဲ့တဲ့ႏွစ္ေတြမွာ နာမည္ပ်က္စာရင္းဝင္တာေတြ၊ ကိုရီးယား႐ုပ္ရွင္ေကာင္စီရဲ႕ ႀကံရာပါကိစၥ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ၊ အတင္းအဖ်င္းစကားေတြဟာ ကိုရီးယား႐ုပ္ရွင္ေလာကကို ထိခိုက္လာခဲ့တဲ့အေပၚမွာ နိုင္ငံေရးသမားေဟာင္းတဦးေအနနဲ႕ ခင္ဗ်ား ဘယ္လိုျမင္လဲ။ 

Lee_Chang_dong
လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္းမွာ၊ အႏုပညာဆိုင္ရာ လြတ္လပ္စြာ ထုတ္ေဖာ္ျပခြင့္အေပၚ ကိုရီးယားအစိုးရရဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈဟာ လူသိရွင္ၾကားကို မၾကာခဏရွိတယ္၊ ပုန္းလွ်ိုးကြယ္လွ်ိုးလည္း အႏၱရာယ္ျပဳတယ္၊ ရလဒ္ကေတာ့ တဦးခ်င္း ဖန္တီးမႈလက္ရာရွင္ေတြရဲ႕ အလုပ္အကိုင္ေတြထိခိုက္ကုန္တာပဲ၊ ကြၽန္ေတာ္လည္း နာမည္ပ်က္စာရင္းဝင္ထဲမွာပါတဲ့ လူေတြထဲကတေယာက္ပဲ၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ဖန္တီးေတြဟာ ဖိႏွိပ္မႈကို အရႈံးမေပးခဲ့ၾကဘူး၊ ႐ုပ္ရွင္ေလာကႀကီးကို ဖန္တီးမႈမီး အၫြန႔္က်ိဳးမယ့္ရန္က ကာကြယ္ခဲ့တယ္၊ အခုေတာ့ မူမမွန္တာေတြ ျပင္လို႔ၿပီးေနပါၿပီ၊ အားလုံးကလည္း ေနရာတက်ျဖစ္ေနၿပီ၊ အေျပာင္းအလဲအသစ္ေတြကလည္း ေနရာယူထားၾကပါၿပီ၊ ဥပမာ တခုေျပာရရင္ #MeToo ႈပ္ရွားမႈပါပဲ၊ ႐ုပ္ရွင္လုပ္ငန္းရဲ႕ အျမင္ေတြကို ေျပာင္းလဲနိုင္႐ုံသာမက လိင္ပိုင္းခြဲျခားဆက္ဆံပုံကို ေထာက္ျပတဲ့ေနရာမွာပါ ေကာင္းတဲ့ လႊမ္းမိုးမႈေတြ က်ယ္ျပန႔္လာပါတယ္၊ လြဲမွားတဲ့ လိင္ပိုင္းဆိုင္ရာ အေတြးအေခၚေတြလည္း ေျပာင္းလာတာပဲ။ 

Variety
ခင္ဗ်ားလည္း စာေရးဆရာပါပဲ၊ ဒါနဲ႕ တျခားစာေရးဆရာရဲ႕ ဝတၳဳကို ႐ုပ္ရွင္ရိုက္ဖို႔ ဘာလို႔ စိတ္ဝင္စားရသလဲဗ်။ 

Lee_Chang_dong 
႐ုပ္ရွင္ဖန္တီးသူတေယာက္အေနနဲ႕ ဇာတ္လမ္းဇာတ္ကြက္ေတြကို အၿမဲတမ္း ရွာျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္ ဆိုတဲ့ ဇာတ္လမ္းေတြ၊ အေရးပါ ပါတယ္ဆိုတဲ့ ဇာတ္ကြက္ေတြေတာင္မွ သမားရိုးက် ရင္းႏွီးၿပီးသားပုံစံနဲ႕ တင္ျပထားရင္ ကြၽန္ေတာ့္ကို မဆြဲေဆာင္နိုင္ဘူး ျဖစ္ေနတယ္၊ တခါတေလ စာေပကလည္း ကြၽန္ေတာ့္ကို စိတ္ကူးသစ္ေတြ ဉာဏ္ကြန႔္ျမဴးမႈေတြ ျဖစ္ေစပါတယ္၊ ဒီလိုမ်ိဳးက ခဏခဏေတာ့ ျဖစ္ေလ့မရွိဘူး၊ ဒါေပမယ့္ ဟာ႐ူကီ မူရာကာမိ ရဲ႕ “က်ီ မီးနဲ႕ ရွို႔” ကေတာ့ ဥပမာတခုေပါ့ဗ်ာ။ 

Variety
ဒီဇာတ္လမ္းတခုကိုမွ ဘာလို႔ ထူးထူးျခားျခား ။

Lee_Chang_dong 
တကယ္ေတာ့ ဒီဝတၳဳတိုကို ကြၽန္ေတာ့္ရဲ႕ ဇာတ္ၫႊန္းေရးဆရာ အိုဂ်န္မီ က ၫႊန္းတာပါ။ ဇာတ္လမ္းကလည္း လွ်ို႔ဝွက္သိပ္သည္းတယ္လို႔ ခံစားရတယ္၊ ဒါေပမယ့္ အဆုံးက်ေတာ့လည္း ဘာမွမျဖစ္သြားဘူး၊ ကနဦးမွာေတာ့ ဒါကို ႐ုပ္ရွင္အျဖစ္ အသြင္ေျပာင္းဖို႔ မလြယ္ဘူးေလ၊ ဒါေပမယ့္လည္း ဒီဇာတ္လမ္းရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈမွာ ႐ုပ္ရွင္ဆန္ဆန္ တစုံတရာ ရွိတယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္ ခံစားမိခဲ့လို႔ပဲ။ ဝတၳဳတိုတပုဒ္ရဲ႕ ပေဟဠိေလးတခုကေန၊ ပိုၿပီး လွ်ို႔ဝွက္ဆန္းက်ယ္တဲ့ ပေဟဠိႀကီးတခု အထိကို အလႊာမ်ိဳးစုံနဲ႕ ခ်ဲ့ကားနိုင္တယ္။ ၿပီးေတာ့ အဲ့ဒီ လွ်ိုဝွက္ဆန္းၾကယ္မႈေတြဟာ ကြၽန္ေတာ္တို႔ လက္ရွိ ကမၻာႀကီးကို သြယ္ဝိုက္ရည္ၫႊန္းေနတယ္၊ တခုခုေတာ့ မွားေနၿပီဆိုၿပီး အာ႐ုံရေနမိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ ကမၻာႀကီးေပါ့ဗ်ာ၊ ဒါေပမယ့္ ဘာမွားလို႔ မွားေနမွန္း လက္ညွိုးထိုးျပစရာ မရွိဘူး။ 

Variety
လြန္ခဲ့တဲ့ ၂ႏွစ္တုန္းက ပူဆန္မွာေတာ့ ခင္ဗ်ား ရွင္းျပခဲ့ေသးတယ္ေနာ္၊ “Burning” ဆိုတာကတဲ့၊ “လက္ရွိကမၻာထဲ လူငယ္ေတြအေၾကာင္း” တဲ့၊ နည္းနည္းေတာ့ ဇေဝဇဝါျဖစ္တယ္၊ ခင္ဗ်ားက ဘာကိုရည္႐ြယ္ၿပီး ေဖာ္ျပခ်င္တာလဲ။ 

Lee_Chang_dong 
ေတာ္ေတာ္ေတာ့ၾကာပါၿပီ၊ ကြၽန္ေတာ္ လူငယ္ေတြအေၾကာင္းကို ဇာတ္လမ္းတခုအေနနဲ႕ ေျပာျပခ်င္ခဲ့တယ္၊ အထူးသျဖင့္ေပါ့ေလ၊ ဒီမ်ိဳးဆက္ရဲ႕ လူငယ္ေတြေပါ့။ ကြၽန္ေတာ္ အရင္ လုပ္ခဲ့တဲ့ စီမံကိန္းတခ်ိဳ႕ကို နာမည္ေပးထားတာရွိတယ္၊ “Project Rage” တဲ့။ “ေဒါသ” ပေရာဂ်က္ ေပါ့ဗ်ာ။ အဲ့လို ဘာေၾကာင့္ေပးရသလဲဆိုေတာ့၊ ခုေခတ္မွာ၊ ကမၻာေပၚကလူေတြဟာ၊ သူတို႔ရဲ႕ နိုင္ငံ လူမ်ိဳး၊ ဘာသာ သာသနာနဲ႕ လူမႈ ကိစၥအဝဝ ကို စာနာမေထာက္ထားၾကဘဲ အေၾကာင္းေၾကာင္းေၾကာင့္ ေဒါသထြက္ၾကတယ္။ လူငယ္ေတြရဲ႕ေဒါသက အထူးသျဖင့္ အေရးတႀကီးျဖစ္တဲ့ လတ္တေလာ ျပႆနာေပါ့။ ဒီေန႕ ကိုရီးယားမွာေနတဲ့ ၈၀၊ ၉၀ ေမြးတဲ့သူေတြဟာ သူတို႔မိဘေတြမ်ိဳးဆက္ထက္ ပိုဆိုးတဲ့ ပထမဆုံးမ်ိဳးဆက္ျဖစ္လိမ့္မယ္။ သူတို႔ခံစားမိတာက အနာဂတ္ဟာ သိသိသာသာ ေျပာင္းလဲသြားမွာ မဟုတ္ဘူးဆိုတာပဲ။ သူတို႔ ေဒါသူပုန္က်ဖိဳ႕ အရာမရွာနိုင္ေတာ့၊ ခ်ည့္နဲ႕ ႏုံးခ်ည့္တဲ့ စိတ္ေတြဝင္လာတယ္။ ဒီ႐ုပ္ရွင္ဟာ ကိုယ့္ကိုယ္ကိုယ္ မစြမ္းေဆာင္နိုင္ဘူး ဆိုၿပီး ခံစားရတဲ့ ေဒါသကို မ်ိဳသိပ္ထားရတဲ့ လူငယ္ေတြအေၾကာင္းေပါ့။

Variety
သ႐ုပ္ေဆာင္ေ႐ြးပုံကို ရွင္းျပေပးမလား ။ 

Lee_Chang_dong 
အဓိကဇာတ္ေဆာင္ ဂ်ဳံးဆု ကေတာ့ အလြန္တရာ သေဘာထားႏူးညံ့ၿပီးေတာ့ ႏြမ္းပါးတဲ့ပုံပါ။ ဒါေပမယ့္ သူက မတူတဲ့ဘက္ေတြမွာ အားသန္တဲ့ ဇာတ္ေကာင္၊ အတိုင္းမသိတဲ့ ေဒါသကို ရင္ထဲမ်ိဳသိပ္ထားတဲ့သူ။ ယူးအာအင္ က ဒီဇာတ္ေကာင္အတြက္ အစားထိုးမရတဲ့ သ႐ုပ္ေဆာင္ပါပဲ၊ သူက သိမ္ေမြ႕တဲ့ခံစားခ်က္ နဲ႕ အထိမခံနိုင္ေအာင္ျဖစ္တာကို သယ္ေဆာင္နိုင္စြမ္းရွိတယ္။ ဘန္၊ သူကေတာ့ ႐ုပ္ရွင္ရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈကို ကိုယ္စားျပဳေနတယ္၊ နားလည္ဖို႔လည္း ခက္သလို ရွင္းျပရလည္းခက္တဲ့ ဇာတ္ေကာင္မ်ိဳး။ ကြၽန္ေတာ္ စတီဗင္ယြန္းကို စေတြ႕ေတာ့ စကားေျပာေနရင္း နာရီဝက္အတြင္းမွာပဲ၊ စတီဗင္ဟာ ကြၽန္ေတာ့္ထက္ ပိုၿပီး ဘန္ ကို နားလည္တာပဲ ဆိုၿပီး သေဘာေပါက္လိုက္တယ္။ ၿပီးေတာ့ ေကာင္မေလး ဂ်န္းဂြၽန္းဆိုး၊ သ႐ုပ္ေဆာင္ေ႐ြးပြဲက ေ႐ြးလိုက္တာ၊ ဘာအေတြ႕အႀကဳံမွ်မရွိတဲ့ အသစ္ဗ်ာ၊ ဒါေပမယ့္ သူ႕မွာ တျခားမင္းသမီးေတြမွာ မေတြ႕နိုင္တဲ့ အရည္အေသြးတမ်ိဳးရွိတယ္လို႔ ကြၽန္ေတာ္ ျမင္လိုက္တယ္။ 

Variety
သ႐ုပ္ေဆာင္ေတြနဲ႕ ဘယ္လိုအလုပ္လုပ္ျဖစ္လဲ ။ 

Lee_Chang_dong 
ကြၽန္ေတာ္က သ႐ုပ္ေဆာင္ေတြကို စိတ္ခံစားမႈပုံစံကို ေဖာ္ျပကိုျပရမယ္ဆိုတာထက္ ရိုးရိုးနဲ႕ရွင္းရွင္းပဲ စိတ္ခံစားမႈေတြကို ျပေစခ်င္တယ္။ (ဆိုလိုခ်င္တာက အတင္းလုပ္ယူတာထက္ သဘာဝအတိုင္း သ႐ုပ္ေဆာင္ေစလိုတာပါ) ရိုက္ကူးေနစဥ္မွာပဲ သူတို႔နဲ႕ စကားေျပာနိုင္သေလာက္ေျပာတယ္၊ ဇာတ္ေကာင္ေတြနဲ႕ သူတို႔ရဲ႕ အေျခအေနအေၾကာင္းေၾကာင္းေတြေပါ့။ စကားေျပာေပးတာက ရိုးရိုးၫႊန္ၾကားရိုက္ကူးတာထက္ ပိုၿပီးထိေရာက္တဲ့ ဆက္သြယ္ခ်က္ပဲ။ (ဒါရိုက္တာ ဂယ္ရီမာရွယ္ ေျပာတာ အမွတ္ရမိတယ္ Communication is the Key to Directing တဲ့) ။ ၿပီးေတာ့ ကြၽန္ေတာ္ ယုံၾကည္တာက ဒီလိုဆိုရင္ ပိုၿပီးေတာ့ သ႐ုပ္ေဆာင္ေတြကို လြတ္လြတ္လပ္လပ္ျဖစ္ေစမယ္ေပါ့။ 

Variety
မူရာကာမိရဲ႕ ဝတၳဳတိုအေပၚကို ခင္ဗ်ားရဲ႕ adaptation ႐ုပ္ရွင္ဟာ ဘယ္ေလာက္ သစၥာရွိသလဲ၊ မူရင္းအေပၚသစၥာပ်က္ေသးလား။ 

Lee_Chang_dong 
မူရင္းဇာတ္လမ္းထဲမွာပါတဲ့ က်ီကိုေတာ့ မွန္လုံအိမ္ အေနနဲ႕ ေျပာင္းလိုက္တယ္။ ဘာလို႔လဲဆိုေတာ့ ကိုရီးယားမွာ က်ီေတြထက္စာရင္ greenhouse ေတြက ပိုမ်ားတာကိုး။ မူရင္းထဲက စစ္စစ္မွာေတာ့ အဓိကက်တဲ့ လွ်ို႔ဝွက္ဆန္းၾကယ္မႈက က်ီေတြ မီးနဲ႕ရွို႔ခံရလား မခံရလားဆိုတာ မ႑ိုင္ပဲေလ။ ႐ုပ္ရွင္ရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈဟာ ေနာက္ထပ္ ေနာက္ထပ္ လွ်ို႔ဝွက္ဆန္းၾကယ္မႈေတြဆီ ကို ခ်ဲ့ကားသြားတယ္။ 

Matt


Unicode

တောင်ကိုရီးယား ရုပ်ရှင်ဆရာ လီချန်းဒုံကို သူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Burning နဲ့ ပက်သက်ပြီး Variety ကနေ မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ 

Variety
ခင်ဗျားရဲ့ နောက်ဆုံးရုပ်ရှင် Poetry ကိုရိုက်ပြီးကတည်းက ၈ နှစ်အချိန်အတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာ သိပါရစေဗျာ။ 

Lee_Chang_dong 
လွန်ခဲ့တဲ့ရှစ်နှစ်အတွင်းမှာ၊ ပရောဂျက် တော်တော်များများနဲ့ ဇာတ်ညွှန်းတွေ ရေးခဲ့တယ်ဗျ၊ အဲ့ထဲမှာ ပရောဂျက် သုံးခုက ဇာတ်ညွှန်းတော့လုံးဝပြီးသွားပြီ၊ Pre-production အဆင့်မှာ ဆက်ပြီးတိုးတက်အောင်လုပ်နေတယ်၊ ဒါပေမယ့် ကျွန်တော် ရပ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းလဲဖို့ ဘာကြောင့် ဖန်တီးရမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မဖြေနိုင်ခဲ့လို့ပဲ။ 

Variety
လွန်ခဲ့တဲ့နှစ်တွေမှာ နာမည်ပျက်စာရင်းဝင်တာတွေ၊ ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ ကြံရာပါကိစ္စ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ အတင်းအဖျင်းစကားတွေဟာ ကိုရီးယားရုပ်ရှင်လောကကို ထိခိုက်လာခဲ့တဲ့အပေါ်မှာ နိုင်ငံရေးသမားဟောင်းတဦးအနေနဲ့ ခင်ဗျား ဘယ်လိုမြင်လဲ။ 

Lee_Chang_dong 
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ၊ အနုပညာဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြခွင့်အပေါ် ကိုရီးယားအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုဟာ လူသိရှင်ကြားကို မကြာခဏရှိတယ်၊ ပုန်းလျှိုးကွယ်လျှိုးလည်း အန္တရာယ်ပြုတယ်၊ ရလဒ်ကတော့ တဦးချင်း ဖန်တီးမှုလက်ရာရှင်တွေရဲ့ အလုပ်အကိုင်တွေထိခိုက်ကုန်တာပဲ၊ ကျွန်တော်လည်း နာမည်ပျက်စာရင်းဝင်ထဲမှာပါတဲ့ လူတွေထဲကတယောက်ပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ရုပ်ရှင်ဖန်တီးတွေဟာ ဖိနှိပ်မှုကို အရှုံးမပေးခဲ့ကြဘူး၊ ရုပ်ရှင်လောကကြီးကို ဖန်တီးမှုမီး အညွန့်ကျိုးမယ့်ရန်က ကာကွယ်ခဲ့တယ်၊ အခုတော့ မူမမှန်တာတွေ ပြင်လို့ပြီးနေပါပြီ၊ အားလုံးကလည်း နေရာတကျဖြစ်နေပြီ၊ အပြောင်းအလဲအသစ်တွေကလည်း နေရာယူထားကြပါပြီ၊ ဥပမာ တခုပြောရရင် #MeToo လှုပ်ရှားမှုပါပဲ၊ ရုပ်ရှင်လုပ်ငန်းရဲ့ အမြင်တွေကို ပြောင်းလဲနိုင်ရုံသာမက လိင်ပိုင်းခွဲခြားဆက်ဆံပုံကို ထောက်ပြတဲ့နေရာမှာပါ ကောင်းတဲ့ လွှမ်းမိုးမှုတွေ ကျယ်ပြန့်လာပါတယ်၊ လွဲမှားတဲ့ လိင်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေလည်း ပြောင်းလာတာပဲ။ 

Variety
ခင်ဗျားလည်း စာရေးဆရာပါပဲ၊ ဒါနဲ့ တခြားစာရေးဆရာရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဘာလို့ စိတ်ဝင်စားရသလဲဗျ။ 

Lee_Chang_dong 
ရုပ်ရှင်ဖန်တီးသူတယောက်အနေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အမြဲတမ်း ရှာဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းပါတယ် ဆိုတဲ့ ဇာတ်လမ်းတွေ၊ အရေးပါ ပါတယ်ဆိုတဲ့ ဇာတ်ကွက်တွေတောင်မှ သမားရိုးကျ ရင်းနှီးပြီးသားပုံစံနဲ့ တင်ပြထားရင် ကျွန်တော့်ကို မဆွဲဆောင်နိုင်ဘူး ဖြစ်နေတယ်၊ တခါတလေ စာပေကလည်း ကျွန်တော့်ကို စိတ်ကူးသစ်တွေ ဉာဏ်ကွန့်မြူးမှုတွေ ဖြစ်စေပါတယ်၊ ဒီလိုမျိုးက ခဏခဏတော့ ဖြစ်လေ့မရှိဘူး၊ ဒါပေမယ့် ဟာရူကီ မူရာကာမိ ရဲ့ “ကျီ မီးနဲ့ ရှို့” ကတော့ ဥပမာတခုပေါ့ဗျာ။ 

Variety
ဒီဇာတ်လမ်းတခုကိုမှ ဘာလို့ ထူးထူးခြားခြား ။

Lee_Chang_dong 
တကယ်တော့ ဒီဝတ္ထုတိုကို ကျွန်တော့်ရဲ့ ဇာတ်ညွှန်းရေးဆရာ အိုဂျန်မီ က ညွှန်းတာပါ။ ဇာတ်လမ်းကလည်း လျှို့ဝှက်သိပ်သည်းတယ်လို့ ခံစားရတယ်၊ ဒါပေမယ့် အဆုံးကျတော့လည်း ဘာမှမဖြစ်သွားဘူး၊ ကနဦးမှာတော့ ဒါကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းဖို့ မလွယ်ဘူးလေ၊ ဒါပေမယ့်လည်း ဒီဇာတ်လမ်းရဲ့ လျှို့ဝှက်သိပ်သည်းမှုမှာ ရုပ်ရှင်ဆန်ဆန် တစုံတရာ ရှိတယ်ဆိုပြီးတော့ ကျွန်တော် ခံစားမိခဲ့လို့ပဲ။ ဝတ္ထုတိုတပုဒ်ရဲ့ ပဟေဠိလေးတခုကနေ၊ ပိုပြီး လျှို့ဝှက်ဆန်းကျယ်တဲ့ ပဟေဠိကြီးတခု အထိကို အလွှာမျိုးစုံနဲ့ ချဲ့ကားနိုင်တယ်။ ပြီးတော့ အဲ့ဒီ လျှိုဝှက်ဆန်းကြယ်မှုတွေဟာ ကျွန်တော်တို့ လက်ရှိ ကမ္ဘာကြီးကို သွယ်ဝိုက်ရည်ညွှန်းနေတယ်၊ တခုခုတော့ မှားနေပြီဆိုပြီး အာရုံရနေမိတဲ့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာကြီးပေါ့ဗျာ၊ ဒါပေမယ့် ဘာမှားလို့ မှားနေမှန်း လက်ညှိုးထိုးပြစရာ မရှိဘူး။ 

Variety
လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပူဆန်မှာတော့ ခင်ဗျား ရှင်းပြခဲ့သေးတယ်နော်၊ “Burning” ဆိုတာကတဲ့၊ “လက်ရှိကမ္ဘာထဲ လူငယ်တွေအကြောင်း” တဲ့၊ နည်းနည်းတော့ ဇဝေဇဝါဖြစ်တယ်၊ ခင်ဗျားက ဘာကိုရည်ရွယ်ပြီး ဖော်ပြချင်တာလဲ။ 

Lee_Chang_dong 
တော်တော်တော့ကြာပါပြီ၊ ကျွန်တော် လူငယ်တွေအကြောင်းကို ဇာတ်လမ်းတခုအနေနဲ့ ပြောပြချင်ခဲ့တယ်၊ အထူးသဖြင့်ပေါ့လေ၊ ဒီမျိုးဆက်ရဲ့ လူငယ်တွေပေါ့။ ကျွန်တော် အရင် လုပ်ခဲ့တဲ့ စီမံကိန်းတချို့ကို နာမည်ပေးထားတာရှိတယ်၊ “Project Rage” တဲ့။ “ဒေါသ” ပရောဂျက် ပေါ့ဗျာ။ အဲ့လို ဘာကြောင့်ပေးရသလဲဆိုတော့၊ ခုခေတ်မှာ၊ ကမ္ဘာပေါ်ကလူတွေဟာ၊ သူတို့ရဲ့ နိုင်ငံ လူမျိုး၊ ဘာသာ သာသနာနဲ့ လူမှု ကိစ္စအဝဝ ကို စာနာမထောက်ထားကြဘဲ အကြောင်းကြောင်းကြောင့် ဒေါသထွက်ကြတယ်။ လူငယ်တွေရဲ့ဒေါသက အထူးသဖြင့် အရေးတကြီးဖြစ်တဲ့ လတ်တလော ပြဿနာပေါ့။ ဒီနေ့ ကိုရီးယားမှာနေတဲ့ ၈၀၊ ၉၀ မွေးတဲ့သူတွေဟာ သူတို့မိဘတွေမျိုးဆက်ထက် ပိုဆိုးတဲ့ ပထမဆုံးမျိုးဆက်ဖြစ်လိမ့်မယ်။ သူတို့ခံစားမိတာက အနာဂတ်ဟာ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာပဲ။ သူတို့ ဒေါသူပုန်ကျဖို့ အရာမရှာနိုင်တော့၊ ချည့်နဲ့ နုံးချည့်တဲ့ စိတ်တွေဝင်လာတယ်။ ဒီရုပ်ရှင်ဟာ ကိုယ့်ကိုယ်ကိုယ် မစွမ်းဆောင်နိုင်ဘူး ဆိုပြီး ခံစားရတဲ့ ဒေါသကို မျိုသိပ်ထားရတဲ့ လူငယ်တွေအကြောင်းပေါ့။

Variety
သရုပ်ဆောင်ရွေးပုံကို ရှင်းပြပေးမလား ။ 

Lee_Chang_dong 
အဓိကဇာတ်ဆောင် ဂျုံးဆု ကတော့ အလွန်တရာ သဘောထားနူးညံ့ပြီးတော့ နွမ်းပါးတဲ့ပုံပါ။ ဒါပေမယ့် သူက မတူတဲ့ဘက်တွေမှာ အားသန်တဲ့ ဇာတ်ကောင်၊ အတိုင်းမသိတဲ့ ဒေါသကို ရင်ထဲမျိုသိပ်ထားတဲ့သူ။ ယူးအာအင် က ဒီဇာတ်ကောင်အတွက် အစားထိုးမရတဲ့ သရုပ်ဆောင်ပါပဲ၊ သူက သိမ်မွေ့တဲ့ခံစားချက် နဲ့ အထိမခံနိုင်အောင်ဖြစ်တာကို သယ်ဆောင်နိုင်စွမ်းရှိတယ်။ ဘန်၊ သူကတော့ ရုပ်ရှင်ရဲ့ လျှို့ဝှက်သိပ်သည်းမှုကို ကိုယ်စားပြုနေတယ်၊ နားလည်ဖို့လည်း ခက်သလို ရှင်းပြရလည်းခက်တဲ့ ဇာတ်ကောင်မျိုး။ ကျွန်တော် စတီဗင်ယွန်းကို စတွေ့တော့ စကားပြောနေရင်း နာရီဝက်အတွင်းမှာပဲ၊ စတီဗင်ဟာ ကျွန်တော့်ထက် ပိုပြီး ဘန် ကို နားလည်တာပဲ ဆိုပြီး သဘောပေါက်လိုက်တယ်။ ပြီးတော့ ကောင်မလေး ဂျန်းဂျွန်းဆိုး၊ သရုပ်ဆောင်ရွေးပွဲက ရွေးလိုက်တာ၊ ဘာအတွေ့အကြုံမျှမရှိတဲ့ အသစ်ဗျာ၊ ဒါပေမယ့် သူ့မှာ တခြားမင်းသမီးတွေမှာ မတွေ့နိုင်တဲ့ အရည်အသွေးတမျိုးရှိတယ်လို့ ကျွန်တော် မြင်လိုက်တယ်။ 

Variety
သရုပ်ဆောင်တွေနဲ့ ဘယ်လိုအလုပ်လုပ်ဖြစ်လဲ ။ 

Lee_Chang_dong 
ကျွန်တော်က သရုပ်ဆောင်တွေကို စိတ်ခံစားမှုပုံစံကို ဖော်ပြကိုပြရမယ်ဆိုတာထက် ရိုးရိုးနဲ့ရှင်းရှင်းပဲ စိတ်ခံစားမှုတွေကို ပြစေချင်တယ်။ (ဆိုလိုချင်တာက အတင်းလုပ်ယူတာထက် သဘာဝအတိုင်း သရုပ်ဆောင်စေလိုတာပါ) ရိုက်ကူးနေစဉ်မှာပဲ သူတို့နဲ့ စကားပြောနိုင်သလောက်ပြောတယ်၊ ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ အခြေအနေအကြောင်းကြောင်းတွေပေါ့။ စကားပွောပေးတာက ရိုးရိုးညှှနျကွားရိုကျကူးတာထက် ပိုပြီးထိရောက်တဲ့ ဆက်သွယ်ချက်ပဲ။ (ဒါရိုက်တာ ဂယ်ရီမာရှယ် ပြောတာ အမှတ်ရမိတယ် Communication is the Key to Directing တဲ့) ။ ပြီးတော့ ကျွန်တော် ယုံကြည်တာက ဒီလိုဆိုရင် ပိုပြီးတော့ သရုပ်ဆောင်တွေကို လွတ်လွတ်လပ်လပ်ဖြစ်စေမယ်ပေါ့။ 

Variety
မူရာကာမိရဲ့ ဝတ္ထုတိုအပေါ်ကို ခင်ဗျားရဲ့ adaptation ရုပ်ရှင်ဟာ ဘယ်လောက် သစ္စာရှိသလဲ၊ မူရင်းအပေါ်သစ္စာပျက်သေးလား။ 

Lee_Chang_dong 
မူရင်းဇာတ်လမ်းထဲမှာပါတဲ့ ကျီကိုတော့ မှန်လုံအိမ် အနေနဲ့ ပြောင်းလိုက်တယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားမှာ ကျီတွေထက်စာရင် greenhouse တွေက ပိုများတာကိုး။ မူရင်းထဲက စစ်စစ်မှာတော့ အဓိကကျတဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ကျီတွေ မီးနဲ့ရှို့ခံရလား မခံရလားဆိုတာ မဏ္ဍိုင်ပဲလေ။ ရုပ်ရှင်ရဲ့ လျှို့ဝှက်သိပ်သည်းမှုဟာ နောက်ထပ် နောက်ထပ် လျှို့ဝှက်ဆန်းကြယ်မှုတွေဆီ ကို ချဲ့ကားသွားတယ်။ 

Matt