Observations On the Long Take ( Béla Tarr ) ရိုက်ချက်ရှည်အကြောင်းလေ့လာခြင်း

ရိုက္ခ်က္ရွည္အေၾကာင္းေလ့လာျခင္း (ေက်ာ္ေဇယ်ာလြင္)

[zawgyi]

[ 3:AM Magazine ကေန စာေရးဆရာမ Janice Lee ကို သူမရဲ႕ ထြက္ရွိမယ့္စာအုပ္အေၾကာင္း ေမးျမန္းရင္း ဟန္ေဂရီ႐ုပ္ရွင္ဆရာ Béla Tarr ရဲ႕ ႐ုပ္ရွင္ေတြနဲ႕ သူ႕ရဲ႕ ရိုက္ခ်က္ရွည္မ်ားအေၾကာင္း ပါလာပါတယ္၊ ခင္ဗ်ားတို႔လည္း ဖတ္ၾကည့္သင့္တယ္၊ ကြၽန္ေတာ္တို႔လည္း မွတ္သားစရာပါတယ္၊ ယူဆမိတဲ့အတြက္ Cinéma de la Passion ကေန တင္လိုက္ပါတယ္ ]

ေမး- ကဲ ခင္ဗ်ားရဲ႕ အခုထြက္မဲ့ စာအုပ္ေလးအေၾကာင္းေျပာရင္း စရေအာင္။

ေျဖ- အခုတေလာ Bela Tarr ရဲ႕ ႐ုပ္ရွင္ေတြကို ဆက္တိုက္ၾကည့္ျဖစ္ေနတာ။ Werckmeister Harmonies တို႔၊ Damnation တို႔ ၊ Satantangoတို႔ ။ေလာေလာလတ္လတ္ပဲ The Turin Horse ကို ၾကည့္ၿပီးသြားတာ။ အဲဒီ႐ုပ္ရွင္ေတြကို ထပ္ခါတလဲလဲၾကည့္ျဖစ္ေနတာကလည္း ထူးဆန္းတဲ့အရာတစ္ခုက စိတ္ကိုညို႔ခိုင္းေနသလိုခံစားရလို႔။ ဒါေပမဲ့ Bela Tarrရဲ႕ ရိုက္ခ်က္ရွည္ေတြ (long take) နဲ႕ တျခားသူေတြရဲ႕ ရိုက္ခ်က္ရွည္ေတြၾကား မတူတဲ့အခ်က္ေတြကို စဥ္းစားေနမိတာေတာ့ ၾကာၿပီ။ Damnation ေကာ၊Satantango ေကာ၊ Werckmeister Harmonies ေကာပါ ဟန္ေဂရီစာေရးဆရာ Lazlo Krasznahorkai ရဲ႕ ဝတၳဳေတြကို မွီးရိုက္ထားတာ။ သူ႕စာေတြကိုလည္း အခုတေလာလိုက္ဖတ္ျဖစ္ေနေတာ့ ေတာ္ေတာ္ေလးေကာင္းတာကို သတိထားမိတယ္။ သူက စာေၾကာင္းရွည္ႀကီးေတြကို ေတာက္ေလွ်ာက္ ေက်ာ့ေရးတတ္တယ္။ စာေၾကာင္းကိုတေနရာရာကစၿပီး  မဆုံးနိုင္တဲ့ သူရဲ႕ သိပ္သည္းတဲ့ အေရးအသားေတြ၊ စာပုဒ္စုေတြကို ျဖတ္ပီးမွ တျခားေနရာရာမွာ ျပန္ဆုံးတာ။ရိုက္ခ်က္ရွည္ေတြကို ၾကည့္ရင္ရတဲ့ ခံစားခ်က္နဲ႕ေတာ့ ဆင္တယ္။ ဒါေပမဲ့ တူေတာ့မတူဘူး။ စာေၾကာင္းေတြက တခါတေလ အရမ္းရိုးရွင္းတဲ့အရာေတြကို ေဖာ္ျပေလ့ရွိတယ္။ ဥပမာ-နားေနခန္းထဲကလူေတြ ဘယ္လိုေတြးေတာခံစားေနတယ္ဆိုတဲ့ အေၾကာင္း။ ဒါ့အျပင္ စာေၾကာင္းေတြက အဲဒီလူေတြရဲ႕ ဘဝျဖစ္စဥ္တစ္ခုလုံးကိုလည္း ၿခဳံငုံေဖာ္ျပနိုင္ေသးတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ ကံၾကမၼာေတြ၊ အနာဂတ္ေတြ၊ ေစာင့္ဆိုင္းရျခင္းရဲ႕ မဆုံးနိုင္တဲ့ ၾကာေညာင္းမႈေတြအေၾကာင္းကိုလည္း အလားတူပဲ ေဖာ္ျပနိုင္ေသးတယ္။ စာဖတ္ေနတုန္းမွာလည္း မျမင္နိုင္တဲ့ ဘုရားသခင္တမ်ိဳးမ်ိဳးဆီ ဖြင့္ဟဝန္ခံခ်က္ေပးေနရသလိုမ်ိဳး ခံစားရေစတယ္။ ရွင္းျပဖို႔ေတာ့ အခက္သား။ ဒါေပမဲ့ ကြၽန္မအတြက္ ဘာလို႔ Krasznhorkaiရဲ႕ စာေၾကာင္းေတြက အသက္ဝင္လွၿပီး Bela Tarr ရဲ႕ ရိုက္ခ်က္ရွည္ေတြက ထိမိေနရသလဲဆိုတာကို အရမ္းစိတ္ဝင္စားတယ္။

ေမး- တာကာ့စကီးလို႔ေပါ့။ဟုတ္လား။

ေျဖ- လူေတြက အၿမဲလိုလိုပဲ Bela Tarr ကို Tarkovski နဲ႕ ႏွိုင္းၾကတယ္။ ေဝဖန္ေရးဆရာ Jonathan Rosenbaum ကဆို “ဘာသာေရးမႏြယ္တဲ့ တာေကာ့စကီး” လို႔ေတာင္ သုံးေသးတယ္။

Bela Tarr ကေတာ့ “တာေကာ့စကီး႐ုပ္ရွင္ေတြက ဘာသာေရးဆန္တယ္။ ကြၽန္ေတာ္နဲ႕ တျခားဆီပဲ။ ဘုရားသခင္အ​ေပၚ  သက္ဝင္မႈရွိတာမို႔ သူ႕မွာ အၿမဲေမွ်ာ္လင့္ခ်က္ဆိုတာရွိတယ္။ ေနာက္ၿပီး သူက ကြၽန္ေတာ့္တို႔ထက္လည္း အမ်ားႀကီးျဖဴစင္တယ္။ ကြၽန္ေတာ္တို႔ ျမင္ခဲ့ႀကဳံခဲ့ရတာေတြက သူနဲ႕မတူေတာ့ သူ႕လို႐ုပ္ရွင္ေတြ ရိုက္ဖို႔က မျဖစ္နိုင္သေလာက္ပဲ။ သူ႕ရိုက္ဟန္ကလည္း တမူကြဲေနတယ္လို႔ကြၽန္ေတာ္ထင္တယ္။ အဲဒါမို႔ သူ႕႐ုပ္ရွင္ေတြၾကည့္ရင္ သိမ္ေမြ႕ညင္သာတဲ့ ခံစားမႈကို ပိုရတာ။” လို႔ ေျပာထားတယ္။

ေနာက္ထပ္ Bela Tarrေျပာခဲ့တဲ့ စကားေလး ရွိေသးတယ္။

“တာေကာ့စကီး႐ုပ္ရွင္ထဲက မိုးေရစက္ေတြက လူေတြကို သန့္စင္သြားေစတာ။ကြၽန္ေတာ့္႐ုပ္ရွင္ေတြထဲၾက ႐ႊံ႕ျဖစ္သြား႐ုံထက္ မပိုဘူး။”

ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ၾကား တူညီတာေလးေတြေတာ့ ရွိတယ္။ႏွစ္ေယာက္စလုံးက ရိုက္ခ်က္ရွည္ေတြကို သုံးပီး “အခ်ိန္ကို ထုစစ္” ၾကတဲ့ေနရာမွာ တူတယ္။ကမၻာႀကီးကို ျမင္တဲ့ အျမင္ရႈေထာင့္ေတြမွာေတာ့ ကြဲျပားၾကတယ္။

Bela Tarr ႐ုပ္ရွင္ေတြ ၾကည့္ရင္ ဘုရားေက်ာင္းက ဖြင့္ဟဝန္ခံတဲ့ အခန္းေလးထဲမွာ အျပစ္ေျဖေနရသလို ခံစားရတယ္။ တခါမွမေရာက္ဖူးေပမယ့္ စိတ္ကူးေတာ့ ယဥ္ၾကည့္ဖူးတယ္။ မလုံျဖစ္ေနတဲ့ အျပစ္စိတ္ရယ္၊ေဝးကြင္းေနတဲ့ စိတ္ရယ္ကို တၿပိဳင္နက္တည္း အတြင္းက်က်ခံစားရတာမ်ိဳးထင္တယ္။ Bela Tarr ႐ုပ္ရွင္ေတြက ဘာသာေရးမႏြယ္ေပမဲ့ ဘာသာေရးအေၾကာင္း တလုံးတေထြးႀကီးျပထားတဲ့ တခ်ိဳ႕႐ုပ္ရွင္ေတြထက္ ပိုဘာသာေရးဆန္သလိုခံစားရတယ္။ မျမင္ရတဲ့ ေဝေဝဝါးဝါးရွိတဲ့ ဘာသာေရးအေငြ႕အသက္ေလးေတြက ကြၽန္မအတြက္ပိုထိေရာက္တယ္။ ကြၽန္မကလည္း ကြၽန္မကိုယ္ပိုင္ရိုက္ခ်က္ရွည္ေတြကို ခ်ေရးဖို႔ ႀကိဳးစားေနတာ။အရင္က ကြၽန္မေရးခဲ့တာေတြနဲ႕ မတူတဲ့ ဟန္မ်ိဳးေပါ့ေလ။ လႈပ္ရွားမႈအေ႐ြ႕ေလးေတြ၊အရာဝတၳဳေလးေတြကို ေသခ်ာေဖာ္ျပထားတဲ့ ျပကြက္ရွည္ေတြ ေရးျပဖို႔ ႀကိဳးစားေနတာ။ဒါေပမဲ့ အယူအဆေတြအေပၚ တမင္သက္သက္ မွီခိုထားပီး ေရးတာေတာ့ မဟုတ္ဘူး။

ေမး- သူ႕႐ုပ္ရွင္ေတြကို လူေတြၾကည့္တာ၊အနက္ျပန္တာနဲ႕ပတ္သက္ပီး Bela Tarrက အကဲဆတ္တတ္တယ္။ အခုလို Bela Tarr႐ုပ္ရွင္ဟန္အတိုင္း စာေရးတယ္ဆိုတာသိရင္ ဘယ္လိုတုံ႕ျပန္မယ္ထင္လဲ။

ေျဖ- Damnationကို ေရးေနတုန္းက Bela Tarr ကို စိတ္ထဲထားၿပီး ေရးေနတာမဟုတ္ဘူး။ အဲဒီစာေတြ ေရးေနတုန္းကေတာ့ သူ႕႐ုပ္ရွင္ေတြကို ႀကိဳက္တဲ့သူေတာ့ ျဖစ္ေနၿပီ။ Satantango တို႔၊ Wreckmeister Harmonies တို႔ကိုေတာ့ ၾကည့္ၿပီးသြားၿပီ။ ေနာက္ၿပီး အဲဒီ အခ်ိန္က စိတ္ဓာတ္ေတြက်လိဳ႕ စာေရးဖို႔လည္း အႀကံဉာဏ္မထြက္ေတာ့တဲ့ အခ်ိန္။ သူ႕႐ုပ္ရွင္ေတြကို ၾကည့္မိေတာ့ သူ႕႐ုပ္ရွင္ထဲက ကမၻာမွာနဲ႕ ကြၽန္မဆီမွာ ဘာေတြျဖစ္ေနလဲဆိုတာကို ေတြးမိသြားတယ္ဆိုပါေတာ့။ အဲဒါနဲ႕ သူ႕႐ုပ္ရွင္ထဲက ကမၻာထဲမွာ ျဖစ္ပ်က္ေနတဲ့ စိတ္ကူးယဥ္ဇာတ္လမ္းေတြအေၾကာင္း စာၾကမ္းေလးနည္းနည္းေရးမိတယ္။ ဇာတ္ေၾကာင္းသက္သက္ရွိေပမယ့္ အကုန္လုံးက သူ႕႐ုပ္ရွင္ေတြ ၾကည့္ရင္းကေန အာ႐ုံရလာတာ။ သူ႕႐ုပ္ရွင္ေတြက ကြၽန္မအေရးအသားေတြကို ေျပာင္းလဲလိုက္ေစတယ္ပဲ ေျပာရမွာပဲ။

ေမး- လူပုဂၢိုလ္တစ္ေယာက္အေနနဲ႕ေကာ Bela Tarr ကို စဥ္းစားၾကည့္မိဖူးလား။

ေျဖ- စာေတြေရးၿပီးမွ ထည့္စဥ္းစားျဖစ္တာ။ ကြၽန္မေရးထားတာေတြနဲ႕ ပတ္သက္ၿပီး ဘာလိုထင္မလဲဆိုတာေတာ့ ကြၽန္မမသိဘူး။ အစက Jared Wooland နဲ႕တြဲၿပီး ဟန္ေဂရီစာေရးဆရာ Lazlo Krasznahorkai ရဲ႕ Satantango ရဲ႕ စာအုပ္ကို ေဝဖန္ေလ့လာမႈေတြေရးတာကေန စခဲ့တာ။ ေနာက္ေတာ့ စာအုပ္တစ္အုပ္စာေလာက္ လိုမယ့္ အလုပ္လို႔ သတ္မွတ္ၿပီး စာအုပ္ကို ႐ုပ္ရွင္နဲ႕ ယွဥ္ႏွိုင္းယွဥ္ေလ့လာၾကတယ္။ ေလ့လာမႈအတြက္ သူတို႔ႏွစ္ေယာက္ရဲ႕ အင္တာဗ်ဳးေတြကို ရွာဖတ္ရတယ္ေလ။ တခါတေလၾက သူတို႔လက္ရာေတြနဲ႕ ပတ္သက္ၿပီး သူတို႔ေျပာတာေတြကို လက္မခံနိုင္တာမ်ိဳးလည္း ႀကဳံရတယ္။ ဒါေပမဲ့ သူတို႔ေျပာတာေတြကို သေဘာတူမိတာေတြလည္း အမ်ားႀကီးပါ။ ဒါေပမဲ့ Bela Tarr က သူ႕လက္ရာေတြကို ရွင္းျပရတာမ်ိဴးကို မႀကိဳက္ဘူးထင္တယ္။ အဲဒါကလည္း နားလည္လို႔ရတဲ့ အရာပါပဲ။ အႏုပညာလက္ရာတစ္ခုခ်င္းဆီတိုင္းဟာ သူ႕အႏွစ္သာရနဲ႕သူသက္သက္ရပ္တည္ေနတာမ်ိဳးကိုး။ ဒါေပမဲ့ သူ႕လက္ရာေတြကို ၾကည့္ၿပီး လူေတြခံစားရတာကို ေျပာင္းသြားေအာင္ေတာ့ သူလည္းတတ္နိုင္လိမ့္မယ္ မထင္ဘူး။

ေမး- အင္တာဗ်ဳးတစ္ခုမွာ မ်က္ေမွာက္ေခတ္ ႐ုပ္ရွင္ေလာကနဲ႕ ပတ္သက္ၿပီး သူေျပာထားတာတစ္ခုရွိတယ္။ သူက ေဟာလိဝုဒ္က႐ုပ္ရွင္ေတြကို ဆန့္က်င္တယ္တဲ့။ ႐ုပ္ရွင္ဟာ အစစ္အမွန္ေလာကတို႔၊အခ်ိန္တို႔လို အရာေတြကို ေဖာ္ျပရမွာျဖစ္တယ္။ အစစ္အမွန္ကမၻာဆိုတဲ့ စကားလုံးကို သူ အၿမဲသုံးတတ္တယ္။အစစ္အမွန္ေလာကကို ရွာေဖြဖို႔လည္း ေျပာတယ္။ခင္ဗ်ားက သူေျပာတာေတြကို သေဘာတူလား။

ေျဖ- ႐ုပ္ရွင္က လုပ္ေဆာင္နိုင္တဲ့အလုပ္ေတြအမ်ားႀကီးရွိတယ္လို႔ ကြၽန္မယူဆတယ္။ ကြၽန္မဆိုလည္း အက္ရွင္႐ုပ္ရွင္ေတြကို ႀကိဳက္တယ္။ ေနာက္ဆုံးထြက္ထားတဲ့ Fast and furious ႐ုပ္ရွင္ကိုေတာင္ သြားၾကည့္ခဲ့ေသးတယ္။ အဲဒီလို႐ုပ္ရွင္ကေပးတဲ့ အရသာနဲ႕ Bela Tarr ႐ုပ္ရွင္ကေပးတာနဲ႕ အမ်ားႀကီးကြာတယ္။႐ုပ္ရွင္ကို တစ္မ်ိဳးတည္းသတ္မွတ္ထားလို႔ ရမရေတာ့ ကြၽန္မလည္း မေျပာတတ္ဘူး။

ေမး- Fast and furiousလို ႐ုပ္ရွင္မ်ိဳးက လုပ္ေဆာင္တာက အပန္းေျဖဖို႔ ရည္႐ြယ္ခ်က္ေပါ့။

ေျဖ- အပန္းေျပေစဖို႔နဲ႕ တခ်ိဳ႕ခံစားမႈေတြကို ရေစဖို႔ေပါ့။ Bela Tarr႐ုပ္ရွင္နဲ႕ေတာ့ မတူဘူး။ “အစစ္အမွန္ေလာက” ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဘာလို႔လဲဆိုေတာ့ Jared နဲ႕ ကြၽန္မ သူ႕႐ုပ္ရွင္ေတြအေၾကာင္း ေဆြးႏြေးရင္း ေျပာမိတဲ့ထဲက အခ်က္တစ္ခုက သူ႕႐ုပ္ရွင္ေတြက အစစ္အမွန္ကို ေလွာင္ထားသလိုပဲ ဆိုတာ။ ဟုတ္တယ္။ သူ႕႐ုပ္ရွင္ေတြက တကယ့္အျပင္အခ်ိန္နဲ႕ တထပ္တည္းက်ေနတဲ့ ရိုက္ခ်က္ရွည္ေတြနဲ႕ ဖြဲ႕စည္းထားတာမွန္ေပမယ့္ ႐ုပ္ရွင္ထဲက ျဖစ္ရပ္ေတြက ေလာကကို ထင္ဟပ္ျပေနတဲ့ သ႐ုပ္မွန္ ျပကြက္ေတြလိုျဖစ္မေနဘူး။ သူ႕အေစာပိုင္း မွတ္တမ္းဇာတ္လမ္းဟန္႐ုပ္ရွင္ေတြကေန စလာတယ္ထင္တာပဲ။ ေနရာေတြ ဒါမွမဟုတ္ နံရံမ်က္ႏွာျပင္ေတြကို ရိုက္ျပထားရင္ တကယ့္အျပင္ကအတိုင္း စစ္မွန္မႈကို ခံစားရေစေပမယ့္ ဇာတ္လမ္းဆန္ေနတဲ့ ကမၻာႀကီးကို ျပေနတဲ့ ဒႆနဆန္တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ လႈပ္ရွားမႈေတြ၊ဒိုင္ယာေလာ့ေတြလည္း ပါေနေသးတယ္။ ၾကည့္သူေတြက ႐ုပ္ရွင္ဟာ တမင္ဇာတ္ဆင္ျပထားတယ္ဆိုတာကို အၿမဲလိုလိုပဲ ခံစားေနရေစတယ္။

ေမး- ဟုတ္တယ္။ Bela Tarrက မွတ္တမ္း႐ုပ္ရွင္စစ္စစ္ေတြ ရိုက္ေနတာမဟုတ္ဘူး။ ဇာတ္ဆန္တဲ့ အရည္အေသြးတစ္ခုခုေတာ့ ပါေလ့ရွိတယ္။ ေနာက္ Bela Tarr ရဲ႕ ရိုက္ခ်က္ရွည္ေတြက နာမ္ပိုင္းဆိုင္ရာတစ္ခုခုကို ဖမ္းဆုတ္ျပဖို႔ ႀကိဳစားေနတာ မဟုတ္လား။

ေျဖ- တနည္းအားျဖင့္ေတာ့ ဟုတ္တယ္လို႔ေျပာရတယ္။ ၾကည့္ရဆိုးတဲ့ အစစ္အမွန္ေလာကကို ေလးေလးတြဲ႕တြဲ႕ျပရင္း နာမ္ပိုင္းဆိုင္ရာတစ္ခုခုကို ဖမ္းဆုတ္ဖို႔ ႀကိဳးစားေနတာလို႔ ထင္တယ္။ တျခား႐ုပ္ရွင္ေတြမွာၾက ရိုက္ခ်က္ရွည္ေတြက ရိုက္ေနတဲ့ျပကြက္ထဲက အလွကိုတင္ျပခ်င္တာ။ အလွပုံေဖာ္က်ဳးတယ္လို႔ေတာင္ ေျပာရတယ္။ Bela Tarr႐ုပ္ရွင္ေတြမွာၾက သူရိုက္ျပတဲ့အရာေတြဟာ ရိုက္ခ်က္ရွည္ႀကီးနဲ႕ ျပဖို႔မလိုတဲ့ အရာေတြလို႔ေတာင္ ထင္စရာ။ တခါတေလ လူတစ္ေယာက္ အိပ္ေပ်ာ္ေနတာ။ မိုးေတြ ႐ြာေနတာကို အၾကာႀကီးရိုက္ျပထားတယ္။ Satantangoထဲမွာ ဇာတ္ဝင္ခန္းတစ္ခုပါတယ္။ ဆရာဝန္တစ္ေယာက္။သူ႕ခႏၱာကိုယ္ႀကီးက ဝပီးႀကီးလြန္းေတာ့ မနည္းသြားေနရတဲ့အခန္း။ ေတာအုပ္ထဲမွာ ဆရာဝန္လမ္းေလ်ာက္ေနတာကို ၁၅မိနစ္ေလာက္ၾကာေအာင္ ျပထားတယ္။ တခါတေလ သစ္ပင္ေတြၾကားထဲေရာက္သြားေတာ့ သူ႕ကိုမျမင္ရေတာ့ဘူး။ ေနာက္ၿပီး ေမွာင္ကေမွာင္ေနေသးတယ္။ ၾကည့္ရတာ စိတ္မသက္မသာျဖစ္မိတယ္။ ေတာ္ေတာ္ႀကီးလည္း အားထုတ္လိုက္ရတယ္။ ဘာလို႔ အဲဒီေလာက္ၾကာေအာင္ျပထားလည္း ဆိုတာေတာ့ ကြၽန္မတို႔ၾကည့္သူေတြ ေသခ်ာမသိဘူး။တျခား႐ုပ္ရွင္ေတြလို အပန္းေျဖအရသာခံၾကည့္ရတဲ့ ပမာဏထက္ ျပခ်ိန္က ေက်ာ္ေနတာေတာ့ သိတယ္။အဲဒီဆရာဝန္နဲ႕အတူ တခ်ိန္တည္းမွာ ျဖစ္တည္ေနရတဲ့ခံစားမႈမ်ိဳးေတာ့ ရတယ္။ ထူးျခားတဲ့ ရင္းႏွီးဆက္သြယ္မႈကိုလည္း ရေစတယ္။ Beckett ရဲ႕ စာသားျဖစ္တဲ့ “ငါေတာ့ ေရွ႕မဆက္နိုင္ေတာ့ဘူး။ ေရွ႕ဆက္ျဖစ္ေအာင္လည္း လုပ္ကိုလုပ္ရဦးမယ္”ဆိုတာမ်ိဳး။ ဒါမွမဟုတ္ Peggy Leeရဲ႕ “ဒါအကုန္ပဲလားရွင္” ဆိုတာမ်ိဳး။

ေမး- ၾကားရတာ မသက္မသာရွိလိုက္တာဗ်ာ။

ေျဖ- ဟုတ္တယ္လို႔လည္းေျပာရတယ္။ ဒါေပမဲ့ တကယ္ေတာ့ မဟုတ္ဘူး။ Bela Tarr ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ The Turin Horse ကိုပဲၾကည့္။ ႐ုပ္ရွင္ေခါင္းစဥ္က နိေခ်းဆီကယူထားတာ။ နိေခ်းလမ္းေလ်ာက္ရင္း လမ္းေပၚမွာ လူတစ္ေယာက္က ျမင္းတစ္ေကာင္ကို ရိုက္ေနတဲ့အျဖစ္ကို ႀကဳံရတဲ့ျဖစ္ရပ္ကေနလာတာ။႐ုပ္ရွင္ကို လူတစ္ေယာက္ရယ္၊ သူ႕သမီးရယ္၊ ျမင္းတစ္ေယာက္ရယ္ကို ျပရင္း စထားတယ္။ သူတို႔ေနစဥ္အလုပ္ေတြလုပ္ေနတာကိုပဲ ရိုက္ခ်က္ရွည္ေတြနဲ႕ ရိုက္ျပထားတာ။ ဥပမာဆို သူတို႔အကၤ်ီဝတ္ေနတာေတြ၊အာလူးစားေနတာေတြကို အၾကာႀကီးရိုက္ျပထားတယ္။ ေနာက္ ႐ုပ္ရွင္ထဲမွာ ၆ရက္ေလာက္ ဆက္တိုက္အဲဒီလိုျဖစ္ရပ္ေတြပဲ ျဖစ္ေနတာ။ ၾကည့္သူတစ္ေယာက္အေနနဲ႕ သေဘာေပါက္လာတာက အဲဒီလိုေန႕စဥ္အလုပ္ေတြကို ရိုက္ျပတာဟာ လိုအပ္တယ္ဆိုတာပါ။ အဲဒါမွ နည္းနည္းေလာက္ေျပာင္းလဲသြားတာနဲ႕ ရိုက္ခတ္မႈအႀကီးႀကီးရွိတယ္ဆိုတဲ့သေဘာကို နားလည္မွာေလ။ ဥပမာေျပာရမယ္ဆိုရင္ ႐ုပ္ရွင္ထဲမွာ သူတို႔စားေသာက္ေနတဲ့အခန္းကို တပုံစံတည္းေလးႀကိမ္ေလာက္ျပၿပီးၿပီ။ ဒါေပမဲ့ တရက္ၾက ဂ်စ္ပဆီေတြ သူတို႔ၿခံ ေရတြင္းထဲက ေရကို ေသာက္ဖို႔လုပ္ေနတာကို ျပတယ္။ အဲဒီမွာ သူတို႔ေန႕စဥ္လုပ္ေနတဲ့အလုပ္ဟာ ျပတ္ေတာက္သြားတယ္။ ၾကည့္သူတစ္ေယာက္အေနနဲ႕ လည္း သတိထားမိသြားေစတယ္ေလ။

ေမး- Zizekေျပာတာကိုေတာင္ သတိရမိတယ္။ Zizek က Psycho ႐ုပ္ရွင္ထဲမွာ သူအႀကိဳက္ဆုံးအခန္းက Norman Bates တေယာက္လူသတ္အၿပီး ေရခ်ိဳးခန္းကို သန့္ရွင္းေရးလုပ္ေနတဲ့ ဇာတ္ဝင္ခန္းလို႔ ေျပာတာေလ။ အဲဒီလို သန့္ရွင္းေရးလုပ္ေနတာကိုပဲ ၁၀မိနစ္ေလာက္ၾကာေအာင္ ရိုက္ျပထားတယ္။ Zizekက ခင္ဗ်ားေျပာသလိုပဲ ရိုက္ခ်က္ရွည္ေတြဟာ လုံၿခဳံရင္းႏွီးေစတဲ့ ခံစားမႈကို ေပးတယ္လို႔ ေျပာတယ္။ဒါေပမဲ့ လူတစ္ေယာက္ ေန႕စဥ္သာမန္အလုပ္ လုပ္ေနတာကို အၾကာႀကီးရိုက္ျပထားတာကို ၾကည့္ရတာကေတာ့ တမူပိုထူးတယ္လို႔ေျပာထားေသးတယ္။

ေျဖ- ကြၽန္မအထင္ေတာ့ အဲဒီလိုအခိုက္အတန့္မ်ိဳးကို ျပတဲ့ရိုက္ခ်က္ေတြက ကြၽန္မတို႔ရဲ႕ ဆုံးျဖတ္အနက္ျပန္တဲ့ျဖစ္စဥ္ကို ခဏရပ္ဆိုင္းထားေစတာမ်ိဳး။ ရိုက္ခ်က္ရွည္ေတြနဲ႕ ပတ္သက္ပီး ပါဆိုလီနီေျပာထားတဲ့ အတိုင္းဆို တည္းျဖတ္မႈတစ္ခုျပဳလုပ္လိုက္တယ္ဆိုတာ ပီးျပည့္သြားတဲ့ ခံစားမႈကိုေပးေစတာ။ အဲဒါမို႔ ရိုက္ခ်က္ရွည္ေတြဟာ အာ႐ုံခံစားမႈအရ ပစၥဳပၸန္မွာ ျဖစ္ေနသလိုခံစားရေစတာ။ တည္းျဖတ္လိုက္ၿပီဆိုေတာ့မွ အတိတ္ကို ေရာက္သြားတာ။ ရိုက္ခ်က္ရွည္ကို ၾကည့္ေနတုန္းဆို ျပကြက္ မၿပီးမခ်င္း(တည္းျဖတ္မႈ မလုပ္မခ်င္း) စိတ္တြင္းမွာဘာေတြခံစားေနရလဲဆိုတာနဲ႕ ႐ုပ္ရွင္မွာ ဘာေတြျဖစ္ေနလဲဆိုတာကို လႊဲေျပာင္းၾကည့္လို႔မရေသးဘူး။ အာ႐ုံထဲေတြးရင္ေတာ့ ေတြးမိေနလိမ့္မယ္။ ဒါေပမဲ့ ေတြးေနသမွ်သလည္း ပစၥဳပၸန့္အခိုက္ေလးကို ခံစားျမင္ေနတာသက္သက္ပဲ။ ဒါမွမဟုတ္ အတြင္းထဲမွာ ခံစားေနရတာေတြလည္း ျဖစ္နိုင္တယ္။ ရိုက္ခ်က္ရွည္ျပကြက္ မၿပီးမခ်င္း အဲဒီႏွစ္ခုကို ခ်ိတ္ဆက္ၾကည့္လို႔ရမွာမဟုတ္ဘူး။

ေမး- ရိုက္ခ်က္ရွည္ေတြအေၾကာင္းကို သတိထားမိေနတာၾကာပီလား။

ေျဖ- ဟိုးအၾကာႀကီးကတည္းက ကြၽန္မစိတ္ထဲရွိေနတာ။ ဒါေပမဲ့ အခုၾက ကြၽန္မစာေတြက အဲဒီရိုက္ခ်က္ေတြနဲ႕ပိုဆိုင္လာတာလဲ ပါတာေပါ့။

ေမး- သုံးပါမ်ားလာရင္ေကာ ရိုးမသြားနိုင္ဘူးလား။အဲဒီအခါၾကရင္ေကာ စိတ္ဝင္စားစရာေကာင္းပါဦးမလား။

ေျဖ- ရိုက္ခ်က္ရွည္ဆိုတာကလည္း လူတိုင္းသုံးလို႔ရတဲ့ နည္းစနစ္တစ္ခုပဲေလ။

ေမး- ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္နဲ႕ေတြ႕ေတာ့ သူအႀကိဳက္ဆုံးဒါရိုက္တာက Eric Rohmer လို႔ ေျပာတယ္။ ဒါေပမဲ့ သူ႕႐ုပ္ရွင္ေတြက ဘယ္ေလာက္စစ္မွန္ပါတယ္ေျပာေျပာ ဇာတ္လမ္းေတြက အပ္ေၾကာင္းထပ္ေနတာ မဟုတ္လား။ ခင္ဗ်ားသိတဲ့အတိုင္းပဲ Rohmer ႐ုပ္ရွင္တိုင္းမွာ အဓိကဇာတ္ေကာင္က အစမွာ ေကာင္မေလးေတြနဲ႕ ေတြ႕မယ္။ ဇနီးကို သစၥာမေဖာက္ရက္ဘူး။ ဒါမွမဟုတ္ရင္လည္း ေကာင္မေလးငယ္ငယ္ေလးေတြဆီကေန အခြင့္အေရးမယူရက္ဘူး စသျဖင့္  ေနာက္ဆုံးၾက မွန္ကန္တဲ့ဖက္ပဲ ေ႐ြးသြားတာမို႔လား။

ေျဖ- ရိုက္ခ်က္ရွည္ေတြတိုင္းက တူညီတဲ့အဆင့္မွာရွိတာမဟုတ္ဘူး။ ကြၽန္မအတြက္ကေတာ့ ေအာင္ျမင္တဲ့ရိုက္ခ်က္ရွည္ဆိုတာ မတူညီတဲ့အခိုက္အတန့္ေတြကို ေပါင္းစပ္ျပနိုင္တာ။ တဆက္တည္းျပေနတာျဖစ္ေနရင္ေတာင္မွ  အေျဖာင့္သေဘာေတာ့ သြားေနတာ ဟုတ္ခ်င္မွဟုတ္မယ္။ ေဟာလိဝုဒ္႐ုပ္ရွင္ေတြထဲမွာေတာ့ ရိုက္ခ်က္ရွည္ေတြက ဇာတ္ကြက္ကို ကူညီဖို႔အတြက္ ထည့္ထားတာမ်ိဳး။ ဥပမာ-Orson Wellesရဲ႕ ႐ုပ္ရွင္ထဲက ရိုက္ခ်က္ရွည္ေတြနဲ႕ Wong Kar Wai ဒါမွမဟုတ္ Bela Tarrရဲ႕ ႐ုပ္ရွင္ထဲက ရိုက္ခ်က္ရွည္ေတြ လုပ္ေဆာင္ပုံျခင္းတူမွာမဟုတ္ဘူး။ စကားမစပ္ ရွင္ Satantango ကို ၾကည့္ဖူးလား။

ေမး- မၾကည့္ဖူးေသးဘူး။

ေျဖ- ႐ုပ္ရွင္က ခုနစ္နာရီေလာက္ၾကာတယ္။ တခ်ိဳ႕ဆို ၾကည့္ရင္း အိပ္ေပ်ာ္သြားၾကတယ္။ တခ်ိဳ႕ၾက ၾကည့္ရင္း အိပ္ေပ်ာ္ပီး တေရးျပန္နိုးလာေသးတယ္။Satantango႐ုပ္ရွင္ရဲ႕ အဖြင့္ခန္းကိုက အရမ္းမိုက္တာ။ ႏြားေတြကို ဆယ္မိနစ္ေလာက္ၾကာေအာင္ ရိုက္ျပထားတာ။ ကင္မရာက ႏြားေတြနဲ႕အတူ လိုက္ေ႐ြ႕ေနသလိုပဲ။ တခါမွာၾက ႏြားတစ္ေကာင္က တျခားႏြားတစ္ေကာင္ေပၚ တက္ခြေနေသးတယ္။ သူတို႔ရဲ႕ အသံဆြဲပီး ေအာ္တဲ့အသံေတြကလည္း အတိုင္းသားၾကားေနရတယ္။ မိုးကလည္း က်ေနေသး။ အဲဒီဇာတ္ဝင္ခန္းနဲ႕ ပတ္သက္ပီး ေရးထားတာကို ဖတ္ဖူးတယ္။ ၾကည့္ေနတုန္းၾက အဲဒီႏြားေတြ သြားခ်င္သလိုသြားေနတာကို ရိုက္ထားတာနဲ႕ တူတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ အဲဒီလိုမ်ိဳးရဖို႔ ခဏခဏႀကိဳးစားၿပီး ရိုက္ထားရတာလည္း ျဖစ္နိုင္တာပဲေလ။ ေျပာရမယ္ဆိုရင္ ႏြားေတြ သြားခ်င္သလို သြားေနတာကို ရိုက္ထားတဲ့ မွတ္တမ္း႐ုပ္ရွင္ဆန္ဆန္ျပကြက္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ကင္မရာကေျဖးေျဖးေလး လိုက္ေ႐ြ႕ေနေတာ့ ကင္မရာကို သတိထားမိေစတယ္။ ဇာတ္လမ္း႐ုပ္ရွင္နဲ႕ မွတ္တမ္း႐ုပ္ရွင္ ႏွစ္ခုကို ထူးျခားစြာ ေပါင္းစပ္ျပထားသလိုမ်ိဳး။

ေမး- အခုေလာေလာဆယ္ Jon Wagner နဲ႕ တြဲၿပီး အလုပ္လုပ္ေနတာလား။

ေျဖ- Jon Wagnerနဲ႕က ရိုက္ခ်က္ရွည္ေတြအေၾကာင္း နည္းနည္းပဲ ေျပာျဖစ္တယ္။ ပါဆိုလီနီ႐ုပ္ရွင္ေတြအေၾကာင္း ပိုေျပာျဖစ္တယ္။ သူက အရင္တုန္းကေတာ့တာေကာ့စကီးကို အႀကိဳက္ဆုံးတဲ့။ အခုေတာ့ Bela Tarrက ပိုေကာင္းတယ္ ထင္ေနတယ္ေလ။ ကြၽန္မလည္း Bela Tarr႐ုပ္ရွင္ေတြ မၾကည့္ရေသးခင္အထိေတာ့ တာေကာ့စကီးရဲ႕ အမာခံပရိသတ္ပဲ။ Bela Tarr ႐ုပ္ရွင္ေတြကို ၾကည့္အၿပီး ရလာတဲ့ ခံစားမႈမ်ိဳး ဘယ္မွာမွမရဖူးဘူး။ ကြၽန္မတို႔ႏွစ္ေယာက္ Bela Tarrရဲ႕ ရိုက္ခ်က္ရွည္ေတြကို ၾကည့္အၿပီး ခံစားရတဲ့ လင္းပြင့္မႈေတြအေၾကာင္းေျပာျဖစ္ေသးတယ္။နားလည္တာနဲ႕ လင္းပြင့္တာ မတူဘူးေနာ္။ နားမလည္လည္း လင္းပြင့္မႈကို ခံစားလို႔ရတယ္။

ေမး- သူက ပ်င္းရိမႈကို ထည့္ျပဖို႔ ႀကိဳးစားေသးသလား။ Godard ခဏခဏ လုပ္ျပသလိုေပါ့။

ေျဖ- ကြၽန္မတစ္ေယာက္တည္းအေနနဲ႕ဆိုရင္ေတာ့ ျငင္းရမွာပဲ။ ရိုက္ခ်က္ရွည္ေတြကို ပ်င္းစရာေကာင္းတယ္လို႔ ထင္တဲ့သူလည္း ရွိေတာ့ ရွိမွာပါ။ နည္းနည္းေလး သည္းခံဖို႔ေတာ့ လိုမယ္ထင္တယ္။ ရိုက္ခ်က္ရွည္ေတြ ဒါမွမဟုတ္ အဲဒီလိုရိုက္ခ်က္ေတြပါတဲ့ ႐ုပ္ရွင္ေတြကို မႀကိဳက္တဲ့သူဆိုရင္ေတာ့လည္း

ေမး- Andy Warhol ႐ုပ္ရွင္ေတြေတာ့ မႀကိဳက္ဘူးဗ်

ေျဖ- ကြၽန္မလည္း တူတူပါပဲ။ Bela Tarrရဲ႕ ႐ုပ္ရွင္က ခုနစ္နာရီသာ ၾကာတာ။ မသိသာဘူး။ တျခားလူေတြနဲ႕ အဲဒီ႐ုပ္ရွင္ကို တူတူၾကည့္ဖူးတယ္။ ခုနစ္နာရီေတာင္ ၾကာတယ္လို႔ ခံစားရတဲ့သူနည္းတယ္။ ေနာက္ၿပီး ေပးရတဲ့အခ်ိန္နဲ႕လည္း တန္တယ္လို႔ ထင္ၾကတယ္။ ဒါေပမဲ့ ဘယ္လိုခံစားရလဲဆိုတာေတာ့ အတိအက်ရွင္းျပဖို႔ ခက္တယ္။ ကြၽန္မခံစားရတာနဲ႕ တူညီတဲ့ အက္ေဆးေလးတစ္ပုဒ္ေတာ့ ရွိတယ္။ အဲဒါကေတာ့ ရိုက္ခ်က္ရွည္ေတြနဲ႕ ပတ္သက္ပီး ပါဆိုလီနီေရးထားတဲ့အက္ေဆးေလး။ Bela Tarr႐ုပ္ရွင္ေတြနဲ႕ ပတ္သက္ပီး ႐ုပ္ရွင္ခံစားမႈေဆာင္းပါးေတြ၊ အၫႊန္းေတြကလြဲလို႔ ေသေသခ်ာခ်ာေလ့လာသုံးသပ္ျပထားတာလည္း ရွားတယ္။ အခုေလာေလာလတ္လတ္ေတာ့ The cinema of Bela Tarr:The circle closes ဆိုတဲ့ Bela Tarr ရဲ႕ ႐ုပ္ရွင္ေတြကို ဆန္းစစ္ျပထားတဲ့ စာအုပ္ရယ္၊Jacques Raciereရဲ႕ Bela Tarr:The time afterဆိုတဲ့ စာအုပ္ေတြ ထြက္လာတယ္။

ေမး- သူ႕႐ုပ္ရွင္ေတြမွာ မရိုက္ကူးခင္ ႀကိဳတင္ျပင္ဆင္ရတဲ့ အလုပ္ေတြ ဘယ္ေလာက္ေတာင္ ရွိမလဲဆိုတာေတာ့ သိခ်င္မိတယ္။ သတင္းတစ္ခုမွာ ေရးထားတဲ့အတိုင္းဆို MacBeth ႐ုပ္ရွင္ရိုက္တုန္းက တနာရီစာ ရိုက္ဖို႔ကို သုံးနာရီေလာက္ ႀကိဳတင္ ရီဟာဇယ္လုပ္ရတယ္ဆိုပဲ။ ရိုက္တုန္းလည္း သ႐ုပ္ေဆာင္တစ္ေယာက္ေယာက္က အမွားေလးလုပ္မိပီဆိုတာနဲ႕ အစကေန ျပန္စရတယ္ေျပာတယ္။

ေျဖ- ဟုတ္တယ္။ ကကြက္ဆန္းဆန္းကေနရသလိုေပါ့။

ေမး- ဟုတ္မယ္။ ရိုက္ခ်က္ရွည္ေတြမွာၾက ကကြက္ေတြလို သ႐ုပ္ေဆာင္ေတြ တေျပးညီအကြက္က်က်လႈပ္ရွားေနဖို႔က လိုတာကိုး။

ေျဖ- ရိုက္ခ်က္ရွည္ေတြမွာလည္း ပုံစံအမ်ိဳးမ်ိဳးရွိတယ္။ Orson Wellesရဲ႕ Touch of evilထဲက နာမည္ႀကီးရိုက္ခ်က္ရွည္ကၾက ၾကည့္သူကို စိတ္လႈပ္ရွားခံစားေစဖို႔ ရည္႐ြယ္တာမ်ိဳး။ ေနာက္ Good Bye, Dragon Inn ထဲကလို ရိုက္ခ်က္ရွည္မ်ိဳးေတြလည္း ရွိေသးတယ္။ အဲဒီလိုရိုက္ခ်က္ရွည္မ်ိဳးေတြမွာၾက ၾကည့္ရတာ ႀကိဳးစားအားထုတ္မႈလိုတယ္။ ဒါေပမဲ့ သူ႕အလွနဲ႕သူေတာ့ ရွိတယ္။ ႐ုပ္ရွင္ရဲ႕ ေနာက္ဆုံးရိုက္ခ်က္မွာဆို ႐ုပ္ရွင္႐ုံထဲကျမင္ကြင္းကို ရိုက္ျပထားတာ။ ကင္မရာက လႈပ္ရွားမႈျဖစ္ေနတဲ့ေနရာနဲ႕ အေဝးႀကီးမွာ။ အဘြားႀကီးတစ္ေယာက္က ႏွေးႏွေးေကြးေကြးေလး လမ္းေလ်ာက္လာပီး ထိုင္ခုံေတြကို ဖုံသုတ္ေနတယ္။ အင္တာဗ်ဳးတစ္ခုထဲမွာ Ming-liang Tsaiက အဲဒီရိုက္ခ်က္ဟာ ႐ုပ္ရွင္႐ုံကို  ဂုဏ္ျပဳတဲ့အေနနဲ႕ ရိုက္ထားတာလို႔ေျဖတယ္။ အဲဒီ႐ုပ္ရွင္႐ုံကလည္း ႐ုပ္ရွင္ရိုက္ပီးတာနဲ႕ အဖ်က္ခံလိုက္ရတာမို႔လား။ အဲဒါမို႔ သူက ရိုက္ခ်က္ကို ၾကာနိုင္သမွ်ၾကာေအာင္ ရိုက္ျပခ်င္တာ။Orson Wellesရဲ႕ ရိုက္ခ်က္ရွည္ေတြနဲ႕ ကြာတယ္ေလ။Bela Tarrကၾက “တကယ့္အခ်ိန္”ထဲမွာ ျဖစ္ေနတာကို ရိုက္ျပခ်င္တာ။အဲဒါမို႔ သူ႕႐ုပ္ရွင္ေတြထဲမွာ လူေတြဟာ အျပင္မွာထက္ေတာင္ ႏွေးေနသလိုခံစားရတာ။

ေမး- ရိုက္ခ်က္ရွည္ျပကြက္ထဲမွာလား။

ေျဖ- ဥပမာေပးေျပာရမယ္ဆို Satantangoထဲမွာ ခုနကေျပာတဲ့ ဆရာဝန္ဇာတ္ေကာင္ပါတယ္။ ဆရာဝန္ဟာ က်န္းမာေရး မာမာခ်ာခ်ာရွိလွတာမဟုတ္ဘူး။ အၿမဲတမ္း အသက္ကို ျပင္းျပင္းရႈေနရတာကို ေတြ႕ရတယ္။ ကင္မရာက မၾကာခဏဆိုသလို ေဘးခ်င္းကပ္ရပ္ကေနရိုက္ျပထားေတာ့ ၾကည့္သူအတြက္ စိတ္မသက္မသာျဖစ္ေစတယ္။ ဆရာဝန္ဇာတ္ေကာင္က အရာအားလုံးကို မွတ္စုစာအုပ္ေလးေတြထဲ ေရးေရးပီး မွတ္တမ္းတင္ထားေလ့ရွိတယ္။ သူလုပ္သမွ်အရာတိုင္း (ဥပမာ ေရေသာက္တာကစ)ကလည္း အရမ္းၾကာတယ္။ တကယ့္အျပင္ကလူတစ္ေယာက္လုပ္ရင္ေတာင္ သူ႕ေလာက္ၾကာမွာမဟုတ္သလိုပဲ။ သူေရငွဲ႕ေနတာက ၾကာပီး ဖိတ္က်ေတာ့မလိုေတာင္ ျဖစ္ေနေတာ့ သူ႕အစားဝင္ထည့္ေပးခ်င္စိတ္ေတာင္ျဖစ္ေလာက္ေအာင္အထိပဲ။ အဲဒီလိုျပကြက္ေတြက သ႐ုပ္မွန္ျဖစ္တာတင္မကေတာ့ဘူး။သ႐ုပ္မွန္တာထက္ေတာင္ လြန္ေနတာ။ (hyperrealistic)

ေမး- Bela Tarr ႐ုပ္ရွင္ေတြခ်ည္း အခ်ိန္အၾကာႀကီး ၾကည့္ပီး ေဟာလိဝုဒ္႐ုပ္ရွင္ေတြ ျပန္ၾကည့္ေတာ့ ဘယ္လိုေနလဲ။ ခက္ခဲမႈေတြႀကဳံရေသးလား။

ေျဖ- တကယ္ေတာ့ ပိုေတာင္ေခ်ာေမြ႕သြားေသးတယ္။ကြၽန္မအတြက္ကေတာ့ Bela Tarr႐ုပ္ရွင္ေတြခ်ည္းတသက္လုံးၾကည့္ေနနိုင္မွာမဟုတ္သလို Fast and furious လိုေဟာလိဝုဒ္႐ုပ္ရွင္ေတြခ်ည္းလည္း ထိုင္ၾကည့္ေနနိုင္မွာမဟုတ္ဘူး။ ႏွစ္မ်ိဳးစလုံးကို လိုအပ္တာ ေသခ်ာတယ္။

2013 ထြက္ 3:AM မဂၢဇင္းပါ Janice Leeရဲ႕ အင္တာဗ်ဳးကို ျပန္တယ္။

ေက်ာ္ေဇယ်ာလြင္
၂၀၁၈


[unicode]

ရိုက်ချက်ရှည်အကြောင်းလေ့လာခြင်း (ကျော်ဇေယျာလွင်)

[ 3:AM Magazine ကနေ စာရေးဆရာမ Janice Lee ကို သူမရဲ့ ထွက်ရှိမယ့်စာအုပ်အကြောင်း မေးမြန်းရင်း ဟန်ဂေရီရုပ်ရှင်ဆရာ Béla Tarr ရဲ့ ရုပ်ရှင်တွေနဲ့ သူ့ရဲ့ ရိုက်ချက်ရှည်များအကြောင်း ပါလာပါတယ်၊ ခင်ဗျားတို့လည်း ဖတ်ကြည့်သင့်တယ်၊ ကျွန်တော်တို့လည်း မှတ်သားစရာပါတယ်၊ ယူဆမိတဲ့အတွက် Cinéma de la Passion ကနေ တင်လိုက်ပါတယ် ]

မေး- ကဲ ခင်ဗျားရဲ့ အခုထွက်မဲ့ စာအုပ်လေးအကြောင်းပြောရင်း စရအောင်။

ဖြေ- အခုတလော Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆက်တိုက်ကြည့်ဖြစ်နေတာ။ Werckmeister Harmonies တို့၊ Damnation တို့ ၊ Satantangoတို့ ။လောလောလတ်လတ်ပဲ The Turin Horse ကို ကြည့်ပြီးသွားတာ။ အဲဒီရုပ်ရှင်တွေကို ထပ်ခါတလဲလဲကြည့်ဖြစ်နေတာကလည်း ထူးဆန်းတဲ့အရာတစ်ခုက စိတ်ကိုညို့ခိုင်းနေသလိုခံစားရလို့။ ဒါပေမဲ့ Bela Tarrရဲ့ ရိုက်ချက်ရှည်တွေ (long take) နဲ့ တခြားသူတွေရဲ့ ရိုက်ချက်ရှည်တွေကြား မတူတဲ့အချက်တွေကို စဉ်းစားနေမိတာတော့ ကြာပြီ။ Damnation ကော၊ Satantango ကော၊ Werckmeister Harmonies ကောပါ ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ ဝတ္ထုတွေကို မှီးရိုက်ထားတာ။ သူ့စာတွေကိုလည်း အခုတလောလိုက်ဖတ်ဖြစ်နေတော့ တော်တော်လေးကောင်းတာကို သတိထားမိတယ်။ သူက စာကြောင်းရှည်ကြီးတွေကို တောက်လျှောက် ကျော့ရေးတတ်တယ်။ စာကြောင်းကိုတနေရာရာကစပြီး  မဆုံးနိုင်တဲ့ သူရဲ့ သိပ်သည်းတဲ့ အရေးအသားတွေ၊ စာပုဒ်စုတွေကို ဖြတ်ပီးမှ တခြားနေရာရာမှာ ပြန်ဆုံးတာ။ရိုက်ချက်ရှည်တွေကို ကြည့်ရင်ရတဲ့ ခံစားချက်နဲ့တော့ ဆင်တယ်။ ဒါပေမဲ့ တူတော့မတူဘူး။ စာကြောင်းတွေက တခါတလေ အရမ်းရိုးရှင်းတဲ့အရာတွေကို ဖော်ပြလေ့ရှိတယ်။ ဥပမာ-နားနေခန်းထဲကလူတွေ ဘယ်လိုတွေးတောခံစားနေတယ်ဆိုတဲ့ အကြောင်း။ ဒါ့အပြင် စာကြောင်းတွေက အဲဒီလူတွေရဲ့ ဘဝဖြစ်စဉ်တစ်ခုလုံးကိုလည်း ခြုံငုံဖော်ပြနိုင်သေးတယ်။ ပြီးတော့ သူတို့ရဲ့ ကံကြမ္မာတွေ၊ အနာဂတ်တွေ၊ စောင့်ဆိုင်းရခြင်းရဲ့ မဆုံးနိုင်တဲ့ ကြာညောင်းမှုတွေအကြောင်းကိုလည်း အလားတူပဲ ဖော်ပြနိုင်သေးတယ်။ စာဖတ်နေတုန်းမှာလည်း မမြင်နိုင်တဲ့ ဘုရားသခင်တမျိုးမျိုးဆီ ဖွင့်ဟဝန်ခံချက်ပေးနေရသလိုမျိုး ခံစားရစေတယ်။ ရှင်းပြဖို့တော့ အခက်သား။ ဒါပေမဲ့ ကျွန်မအတွက် ဘာလို့ Krasznhorkaiရဲ့ စာကြောင်းတွေက အသက်ဝင်လှပြီး Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက ထိမိနေရသလဲဆိုတာကို အရမ်းစိတ်ဝင်စားတယ်။

မေး- တာကော့စကီးလို့ပေါ့။ဟုတ်လား။

ဖြေ- လူတွေက အမြဲလိုလိုပဲ Bela Tarr ကို Tarkovski နဲ့ နှိုင်းကြတယ်။ ဝေဖန်ရေးဆရာ Jonathan Rosenbaum ကဆို “ဘာသာရေးမနွယ်တဲ့ တာကော့စကီး” လို့တောင် သုံးသေးတယ်။

Bela Tarr ကတော့ “တာကော့စကီးရုပ်ရှင်တွေက ဘာသာရေးဆန်တယ်။ ကျွန်တော်နဲ့ တခြားဆီပဲ။ ဘုရားသခင်အပေါ်  သက်ဝင်မှုရှိတာမို့ သူ့မှာ အမြဲမျှော်လင့်ချက်ဆိုတာရှိတယ်။ နောက်ပြီး သူက ကျွန်တော့်တို့ထက်လည်း အများကြီးဖြူစင်တယ်။ ကျွန်တော်တို့ မြင်ခဲ့ကြုံခဲ့ရတာတွေက သူနဲ့မတူတော့ သူ့လိုရုပ်ရှင်တွေ ရိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ သူ့ရိုက်ဟန်ကလည်း တမူကွဲနေတယ်လို့ကျွန်တော်ထင်တယ်။ အဲဒါမို့ သူ့ရုပ်ရှင်တွေကြည့်ရင် သိမ်မွေ့ညင်သာတဲ့ ခံစားမှုကို ပိုရတာ။” လို့ ပြောထားတယ်။

နောက်ထပ် Bela Tarrပြောခဲ့တဲ့ စကားလေး ရှိသေးတယ်။

“တာကော့စကီးရုပ်ရှင်ထဲက မိုးရေစက်တွေက လူတွေကို သန့်စင်သွားစေတာ။ကျွန်တော့်ရုပ်ရှင်တွေထဲကြ ရွှံ့ဖြစ်သွားရုံထက် မပိုဘူး။”

ဒါပေမဲ့ သူတို့နှစ်ယောက်ကြား တူညီတာလေးတွေတော့ ရှိတယ်။နှစ်ယောက်စလုံးက ရိုက်ချက်ရှည်တွေကို သုံးပီး “အချိန်ကို ထုစစ်” ကြတဲ့နေရာမှာ တူတယ်။ကမ္ဘာကြီးကို မြင်တဲ့ အမြင်ရှုထောင့်တွေမှာတော့ ကွဲပြားကြတယ်။

Bela Tarr ရုပ်ရှင်တွေ ကြည့်ရင် ဘုရားကျောင်းက ဖွင့်ဟဝန်ခံတဲ့ အခန်းလေးထဲမှာ အပြစ်ဖြေနေရသလို ခံစားရတယ်။ တခါမှမရောက်ဖူးပေမယ့် စိတ်ကူးတော့ ယဉ်ကြည့်ဖူးတယ်။ မလုံဖြစ်နေတဲ့ အပြစ်စိတ်ရယ်၊ဝေးကွင်းနေတဲ့ စိတ်ရယ်ကို တပြိုင်နက်တည်း အတွင်းကျကျခံစားရတာမျိုးထင်တယ်။ Bela Tarr ရုပ်ရှင်တွေက ဘာသာရေးမနွယ်ပေမဲ့ ဘာသာရေးအကြောင်း တလုံးတထွေးကြီးပြထားတဲ့ တချို့ရုပ်ရှင်တွေထက် ပိုဘာသာရေးဆန်သလိုခံစားရတယ်။ မမြင်ရတဲ့ ဝေဝေဝါးဝါးရှိတဲ့ ဘာသာရေးအငွေ့အသက်လေးတွေက ကျွန်မအတွက်ပိုထိရောက်တယ်။ ကျွန်မကလည်း ကျွန်မကိုယ်ပိုင်ရိုက်ချက်ရှည်တွေကို ချရေးဖို့ ကြိုးစားနေတာ။အရင်က ကျွန်မရေးခဲ့တာတွေနဲ့ မတူတဲ့ ဟန်မျိုးပေါ့လေ။ လှုပ်ရှားမှုအရွေ့လေးတွေ၊အရာဝတ္ထုလေးတွေကို သေချာဖော်ပြထားတဲ့ ပြကွက်ရှည်တွေ ရေးပြဖို့ ကြိုးစားနေတာ။ဒါပေမဲ့ အယူအဆတွေအပေါ် တမင်သက်သက် မှီခိုထားပီး ရေးတာတော့ မဟုတ်ဘူး။

မေး- သူ့ရုပ်ရှင်တွေကို လူတွေကြည့်တာ၊အနက်ပြန်တာနဲ့ပတ်သက်ပီး Bela Tarr က အကဲဆတ်တတ်တယ်။ အခုလို Bela Tarr ရုပ်ရှင်ဟန်အတိုင်း စာရေးတယ်ဆိုတာသိရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ။

ဖြေ- Damnationကို ရေးနေတုန်းက Bela Tarr ကို စိတ်ထဲထားပြီး ရေးနေတာမဟုတ်ဘူး။ အဲဒီစာတွေ ရေးနေတုန်းကတော့ သူ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတော့ ဖြစ်နေပြီ။ Satantango တို့၊ Wreckmeister Harmonies တို့ကိုတော့ ကြည့်ပြီးသွားပြီ။ နောက်ပြီး အဲဒီ အချိန်က စိတ်ဓာတ်တွေကျလို့ စာရေးဖို့လည်း အကြံဉာဏ်မထွက်တော့တဲ့ အချိန်။ သူ့ရုပ်ရှင်တွေကို ကြည့်မိတော့ သူ့ရုပ်ရှင်ထဲက ကမ္ဘာမှာနဲ့ ကျွန်မဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို တွေးမိသွားတယ်ဆိုပါတော့။ အဲဒါနဲ့ သူ့ရုပ်ရှင်ထဲက ကမ္ဘာထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေအကြောင်း စာကြမ်းလေးနည်းနည်းရေးမိတယ်။ ဇာတ်ကြောင်းသက်သက်ရှိပေမယ့် အကုန်လုံးက သူ့ရုပ်ရှင်တွေ ကြည့်ရင်းကနေ အာရုံရလာတာ။ သူ့ရုပ်ရှင်တွေက ကျွန်မအရေးအသားတွေကို ပြောင်းလဲလိုက်စေတယ်ပဲ ပြောရမှာပဲ။

မေး- လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကော Bela Tarr ကို စဉ်းစားကြည့်မိဖူးလား။

ဖြေ- စာတွေရေးပြီးမှ ထည့်စဉ်းစားဖြစ်တာ။ ကျွန်မရေးထားတာတွေနဲ့ ပတ်သက်ပြီး ဘာလိုထင်မလဲဆိုတာတော့ ကျွန်မမသိဘူး။ အစက Jared Wooland နဲ့တွဲပြီး ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ Satantango ရဲ့ စာအုပ်ကို ဝေဖန်လေ့လာမှုတွေရေးတာကနေ စခဲ့တာ။ နောက်တော့ စာအုပ်တစ်အုပ်စာလောက် လိုမယ့် အလုပ်လို့ သတ်မှတ်ပြီး စာအုပ်ကို ရုပ်ရှင်နဲ့ ယှဉ်နှိုင်းယှဉ်လေ့လာကြတယ်။ လေ့လာမှုအတွက် သူတို့နှစ်ယောက်ရဲ့ အင်တာဗျုးတွေကို ရှာဖတ်ရတယ်လေ။ တခါတလေကြ သူတို့လက်ရာတွေနဲ့ ပတ်သက်ပြီး သူတို့ပြောတာတွေကို လက်မခံနိုင်တာမျိုးလည်း ကြုံရတယ်။ ဒါပေမဲ့ သူတို့ပြောတာတွေကို သဘောတူမိတာတွေလည်း အများကြီးပါ။ ဒါပေမဲ့ Bela Tarr က သူ့လက်ရာတွေကို ရှင်းပြရတာမျိူးကို မကြိုက်ဘူးထင်တယ်။ အဲဒါကလည်း နားလည်လို့ရတဲ့ အရာပါပဲ။ အနုပညာလက်ရာတစ်ခုချင်းဆီတိုင်းဟာ သူ့အနှစ်သာရနဲ့သူသက်သက်ရပ်တည်နေတာမျိုးကိုး။ ဒါပေမဲ့ သူ့လက်ရာတွေကို ကြည့်ပြီး လူတွေခံစားရတာကို ပြောင်းသွားအောင်တော့ သူလည်းတတ်နိုင်လိမ့်မယ် မထင်ဘူး။

မေး- အင်တာဗျုးတစ်ခုမှာ မျက်မှောက်ခေတ် ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သူပြောထားတာတစ်ခုရှိတယ်။ သူက ဟောလိဝုဒ်ကရုပ်ရှင်တွေကို ဆန့်ကျင်တယ်တဲ့။ ရုပ်ရှင်ဟာ အစစ်အမှန်လောကတို့၊အချိန်တို့လို အရာတွေကို ဖော်ပြရမှာဖြစ်တယ်။ အစစ်အမှန်ကမ္ဘာဆိုတဲ့ စကားလုံးကို သူ အမြဲသုံးတတ်တယ်။အစစ်အမှန်လောကကို ရှာဖွေဖို့လည်း ပြောတယ်။ခင်ဗျားက သူပြောတာတွေကို သဘောတူလား။

ဖြေ- ရုပ်ရှင်က လုပ်ဆောင်နိုင်တဲ့အလုပ်တွေအများကြီးရှိတယ်လို့ ကျွန်မယူဆတယ်။ ကျွန်မဆိုလည်း အက်ရှင်ရုပ်ရှင်တွေကို ကြိုက်တယ်။ နောက်ဆုံးထွက်ထားတဲ့ Fast and furious ရုပ်ရှင်ကိုတောင် သွားကြည့်ခဲ့သေးတယ်။ အဲဒီလိုရုပ်ရှင်ကပေးတဲ့ အရသာနဲ့ Bela Tarr ရုပ်ရှင်ကပေးတာနဲ့ အများကြီးကွာတယ်။ရုပ်ရှင်ကို တစ်မျိုးတည်းသတ်မှတ်ထားလို့ ရမရတော့ ကျွန်မလည်း မပြောတတ်ဘူး။

မေး- Fast and furiousလို ရုပ်ရှင်မျိုးက လုပ်ဆောင်တာက အပန်းဖြေဖို့ ရည်ရွယ်ချက်ပေါ့။

ဖြေ- အပန်းပြေစေဖို့နဲ့ တချို့ခံစားမှုတွေကို ရစေဖို့ပေါ့။ Bela Tarrရုပ်ရှင်နဲ့တော့ မတူဘူး။ “အစစ်အမှန်လောက” ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ Jared နဲ့ ကျွန်မ သူ့ရုပ်ရှင်တွေအကြောင်း ဆွေးနွေးရင်း ပြောမိတဲ့ထဲက အချက်တစ်ခုက သူ့ရုပ်ရှင်တွေက အစစ်အမှန်ကို လှောင်ထားသလိုပဲ ဆိုတာ။ ဟုတ်တယ်။ သူ့ရုပ်ရှင်တွေက တကယ့်အပြင်အချိန်နဲ့ တထပ်တည်းကျနေတဲ့ ရိုက်ချက်ရှည်တွေနဲ့ ဖွဲ့စည်းထားတာမှန်ပေမယ့် ရုပ်ရှင်ထဲက ဖြစ်ရပ်တွေက လောကကို ထင်ဟပ်ပြနေတဲ့ သရုပ်မှန် ပြကွက်တွေလိုဖြစ်မနေဘူး။ သူ့အစောပိုင်း မှတ်တမ်းဇာတ်လမ်းဟန်ရုပ်ရှင်တွေကနေ စလာတယ်ထင်တာပဲ။ နေရာတွေ ဒါမှမဟုတ် နံရံမျက်နှာပြင်တွေကို ရိုက်ပြထားရင် တကယ့်အပြင်ကအတိုင်း စစ်မှန်မှုကို ခံစားရစေပေမယ့် ဇာတ်လမ်းဆန်နေတဲ့ ကမ္ဘာကြီးကို ပြနေတဲ့ ဒဿနဆန်တဲ့ သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ဒိုင်ယာလော့တွေလည်း ပါနေသေးတယ်။ ကြည့်သူတွေက ရုပ်ရှင်ဟာ တမင်ဇာတ်ဆင်ပြထားတယ်ဆိုတာကို အမြဲလိုလိုပဲ ခံစားနေရစေတယ်။

မေး- ဟုတ်တယ်။ Bela Tarrက မှတ်တမ်းရုပ်ရှင်စစ်စစ်တွေ ရိုက်နေတာမဟုတ်ဘူး။ ဇာတ်ဆန်တဲ့ အရည်အသွေးတစ်ခုခုတော့ ပါလေ့ရှိတယ်။ နောက် Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ပြဖို့ ကြိုစားနေတာ မဟုတ်လား။

ဖြေ- တနည်းအားဖြင့်တော့ ဟုတ်တယ်လို့ပြောရတယ်။ ကြည့်ရဆိုးတဲ့ အစစ်အမှန်လောကကို လေးလေးတွဲ့တွဲ့ပြရင်း နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ဖို့ ကြိုးစားနေတာလို့ ထင်တယ်။ တခြားရုပ်ရှင်တွေမှာကြ ရိုက်ချက်ရှည်တွေက ရိုက်နေတဲ့ပြကွက်ထဲက အလှကိုတင်ပြချင်တာ။ အလှပုံဖော်ကျုးတယ်လို့တောင် ပြောရတယ်။ Bela Tarrရုပ်ရှင်တွေမှာကြ သူရိုက်ပြတဲ့အရာတွေဟာ ရိုက်ချက်ရှည်ကြီးနဲ့ ပြဖို့မလိုတဲ့ အရာတွေလို့တောင် ထင်စရာ။ တခါတလေ လူတစ်ယောက် အိပ်ပျော်နေတာ။ မိုးတွေ ရွာနေတာကို အကြာကြီးရိုက်ပြထားတယ်။ Satantangoထဲမှာ ဇာတ်ဝင်ခန်းတစ်ခုပါတယ်။ ဆရာဝန်တစ်ယောက်။သူ့ခန္တာကိုယ်ကြီးက ဝပီးကြီးလွန်းတော့ မနည်းသွားနေရတဲ့အခန်း။ တောအုပ်ထဲမှာ ဆရာဝန်လမ်းလျောက်နေတာကို ၁၅မိနစ်လောက်ကြာအောင် ပြထားတယ်။ တခါတလေ သစ်ပင်တွေကြားထဲရောက်သွားတော့ သူ့ကိုမမြင်ရတော့ဘူး။ နောက်ပြီး မှောင်ကမှောင်နေသေးတယ်။ ကြည့်ရတာ စိတ်မသက်မသာဖြစ်မိတယ်။ တော်တော်ကြီးလည်း အားထုတ်လိုက်ရတယ်။ ဘာလို့ အဲဒီလောက်ကြာအောင်ပြထားလည်း ဆိုတာတော့ ကျွန်မတို့ကြည့်သူတွေ သေချာမသိဘူး။တခြားရုပ်ရှင်တွေလို အပန်းဖြေအရသာခံကြည့်ရတဲ့ ပမာဏထက် ပြချိန်က ကျော်နေတာတော့ သိတယ်။အဲဒီဆရာဝန်နဲ့အတူ တချိန်တည်းမှာ ဖြစ်တည်နေရတဲ့ခံစားမှုမျိုးတော့ ရတယ်။ ထူးခြားတဲ့ ရင်းနှီးဆက်သွယ်မှုကိုလည်း ရစေတယ်။ Beckett ရဲ့ စာသားဖြစ်တဲ့ “ငါတော့ ရှေ့မဆက်နိုင်တော့ဘူး။ ရှေ့ဆက်ဖြစ်အောင်လည်း လုပ်ကိုလုပ်ရဦးမယ်”ဆိုတာမျိုး။ ဒါမှမဟုတ် Peggy Leeရဲ့ “ဒါအကုန်ပဲလားရှင်” ဆိုတာမျိုး။

မေး- ကြားရတာ မသက်မသာရှိလိုက်တာဗျာ။

ဖြေ- ဟုတ်တယ်လို့လည်းပြောရတယ်။ ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး။ Bela Tarr ရဲ့ နောက်ဆုံးရုပ်ရှင် The Turin Horse ကိုပဲကြည့်။ ရုပ်ရှင်ခေါင်းစဉ်က နိချေးဆီကယူထားတာ။ နိချေးလမ်းလျောက်ရင်း လမ်းပေါ်မှာ လူတစ်ယောက်က မြင်းတစ်ကောင်ကို ရိုက်နေတဲ့အဖြစ်ကို ကြုံရတဲ့ဖြစ်ရပ်ကနေလာတာ။ရုပ်ရှင်ကို လူတစ်ယောက်ရယ်၊ သူ့သမီးရယ်၊ မြင်းတစ်ယောက်ရယ်ကို ပြရင်း စထားတယ်။ သူတို့နေစဉ်အလုပ်တွေလုပ်နေတာကိုပဲ ရိုက်ချက်ရှည်တွေနဲ့ ရိုက်ပြထားတာ။ ဥပမာဆို သူတို့အင်္ကျီဝတ်နေတာတွေ၊အာလူးစားနေတာတွေကို အကြာကြီးရိုက်ပြထားတယ်။ နောက် ရုပ်ရှင်ထဲမှာ ၆ရက်လောက် ဆက်တိုက်အဲဒီလိုဖြစ်ရပ်တွေပဲ ဖြစ်နေတာ။ ကြည့်သူတစ်ယောက်အနေနဲ့ သဘောပေါက်လာတာက အဲဒီလိုနေ့စဉ်အလုပ်တွေကို ရိုက်ပြတာဟာ လိုအပ်တယ်ဆိုတာပါ။ အဲဒါမှ နည်းနည်းလောက်ပြောင်းလဲသွားတာနဲ့ ရိုက်ခတ်မှုအကြီးကြီးရှိတယ်ဆိုတဲ့သဘောကို နားလည်မှာလေ။ ဥပမာပြောရမယ်ဆိုရင် ရုပ်ရှင်ထဲမှာ သူတို့စားသောက်နေတဲ့အခန်းကို တပုံစံတည်းလေးကြိမ်လောက်ပြပြီးပြီ။ ဒါပေမဲ့ တရက်ကြ ဂျစ်ပဆီတွေ သူတို့ခြံ ရေတွင်းထဲက ရေကို သောက်ဖို့လုပ်နေတာကို ပြတယ်။ အဲဒီမှာ သူတို့နေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ပြတ်တောက်သွားတယ်။ ကြည့်သူတစ်ယောက်အနေနဲ့ လည်း သတိထားမိသွားစေတယ်လေ။

မေး- Zizekပြောတာကိုတောင် သတိရမိတယ်။ Zizek က Psycho ရုပ်ရှင်ထဲမှာ သူအကြိုက်ဆုံးအခန်းက Norman Bates တယောက်လူသတ်အပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ ဇာတ်ဝင်ခန်းလို့ ပြောတာလေ။ အဲဒီလို သန့်ရှင်းရေးလုပ်နေတာကိုပဲ ၁၀မိနစ်လောက်ကြာအောင် ရိုက်ပြထားတယ်။ Zizekက ခင်ဗျားပြောသလိုပဲ ရိုက်ချက်ရှည်တွေဟာ လုံခြုံရင်းနှီးစေတဲ့ ခံစားမှုကို ပေးတယ်လို့ ပြောတယ်။ဒါပေမဲ့ လူတစ်ယောက် နေ့စဉ်သာမန်အလုပ် လုပ်နေတာကို အကြာကြီးရိုက်ပြထားတာကို ကြည့်ရတာကတော့ တမူပိုထူးတယ်လို့ပြောထားသေးတယ်။

ဖြေ- ကျွန်မအထင်တော့ အဲဒီလိုအခိုက်အတန့်မျိုးကို ပြတဲ့ရိုက်ချက်တွေက ကျွန်မတို့ရဲ့ ဆုံးဖြတ်အနက်ပြန်တဲ့ဖြစ်စဉ်ကို ခဏရပ်ဆိုင်းထားစေတာမျိုး။ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီပြောထားတဲ့ အတိုင်းဆို တည်းဖြတ်မှုတစ်ခုပြုလုပ်လိုက်တယ်ဆိုတာ ပီးပြည့်သွားတဲ့ ခံစားမှုကိုပေးစေတာ။ အဲဒါမို့ ရိုက်ချက်ရှည်တွေဟာ အာရုံခံစားမှုအရ ပစ္စုပ္ပန်မှာ ဖြစ်နေသလိုခံစားရစေတာ။ တည်းဖြတ်လိုက်ပြီဆိုတော့မှ အတိတ်ကို ရောက်သွားတာ။ ရိုက်ချက်ရှည်ကို ကြည့်နေတုန်းဆို ပြကွက် မပြီးမချင်း(တည်းဖြတ်မှု မလုပ်မချင်း) စိတ်တွင်းမှာဘာတွေခံစားနေရလဲဆိုတာနဲ့ ရုပ်ရှင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လွှဲပြောင်းကြည့်လို့မရသေးဘူး။ အာရုံထဲတွေးရင်တော့ တွေးမိနေလိမ့်မယ်။ ဒါပေမဲ့ တွေးနေသမျှသလည်း ပစ္စုပ္ပန့်အခိုက်လေးကို ခံစားမြင်နေတာသက်သက်ပဲ။ ဒါမှမဟုတ် အတွင်းထဲမှာ ခံစားနေရတာတွေလည်း ဖြစ်နိုင်တယ်။ ရိုက်ချက်ရှည်ပြကွက် မပြီးမချင်း အဲဒီနှစ်ခုကို ချိတ်ဆက်ကြည့်လို့ရမှာမဟုတ်ဘူး။

မေး- ရိုက်ချက်ရှည်တွေအကြောင်းကို သတိထားမိနေတာကြာပီလား။

ဖြေ- ဟိုးအကြာကြီးကတည်းက ကျွန်မစိတ်ထဲရှိနေတာ။ ဒါပေမဲ့ အခုကြ ကျွန်မစာတွေက အဲဒီရိုက်ချက်တွေနဲ့ပိုဆိုင်လာတာလဲ ပါတာပေါ့။

မေး- သုံးပါများလာရင်ကော ရိုးမသွားနိုင်ဘူးလား။အဲဒီအခါကြရင်ကော စိတ်ဝင်စားစရာကောင်းပါဦးမလား။

ဖြေ- ရိုက်ချက်ရှည်ဆိုတာကလည်း လူတိုင်းသုံးလို့ရတဲ့ နည်းစနစ်တစ်ခုပဲလေ။

မေး- ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူအကြိုက်ဆုံးဒါရိုက်တာက Eric Rohmer လို့ ပြောတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေက ဘယ်လောက်စစ်မှန်ပါတယ်ပြောပြော ဇာတ်လမ်းတွေက အပ်ကြောင်းထပ်နေတာ မဟုတ်လား။ ခင်ဗျားသိတဲ့အတိုင်းပဲ Rohmer ရုပ်ရှင်တိုင်းမှာ အဓိကဇာတ်ကောင်က အစမှာ ကောင်မလေးတွေနဲ့ တွေ့မယ်။ ဇနီးကို သစ္စာမဖောက်ရက်ဘူး။ ဒါမှမဟုတ်ရင်လည်း ကောင်မလေးငယ်ငယ်လေးတွေဆီကနေ အခွင့်အရေးမယူရက်ဘူး စသဖြင့်  နောက်ဆုံးကြ မှန်ကန်တဲ့ဖက်ပဲ ရွေးသွားတာမို့လား။

ဖြေ- ရိုက်ချက်ရှည်တွေတိုင်းက တူညီတဲ့အဆင့်မှာရှိတာမဟုတ်ဘူး။ ကျွန်မအတွက်ကတော့ အောင်မြင်တဲ့ရိုက်ချက်ရှည်ဆိုတာ မတူညီတဲ့အခိုက်အတန့်တွေကို ပေါင်းစပ်ပြနိုင်တာ။ တဆက်တည်းပြနေတာဖြစ်နေရင်တောင်မှ  အဖြောင့်သဘောတော့ သွားနေတာ ဟုတ်ချင်မှဟုတ်မယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတော့ ရိုက်ချက်ရှည်တွေက ဇာတ်ကွက်ကို ကူညီဖို့အတွက် ထည့်ထားတာမျိုး။ ဥပမာ-Orson Wellesရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေနဲ့ Wong Kar Wai ဒါမှမဟုတ် Bela Tarrရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေ လုပ်ဆောင်ပုံခြင်းတူမှာမဟုတ်ဘူး။ စကားမစပ် ရှင် Satantango ကို ကြည့်ဖူးလား။

မေး- မကြည့်ဖူးသေးဘူး။

ဖြေ- ရုပ်ရှင်က ခုနစ်နာရီလောက်ကြာတယ်။ တချို့ဆို ကြည့်ရင်း အိပ်ပျော်သွားကြတယ်။ တချို့ကြ ကြည့်ရင်း အိပ်ပျော်ပီး တရေးပြန်နိုးလာသေးတယ်။Satantangoရုပ်ရှင်ရဲ့ အဖွင့်ခန်းကိုက အရမ်းမိုက်တာ။ နွားတွေကို ဆယ်မိနစ်လောက်ကြာအောင် ရိုက်ပြထားတာ။ ကင်မရာက နွားတွေနဲ့အတူ လိုက်ရွေ့နေသလိုပဲ။ တခါမှာကြ နွားတစ်ကောင်က တခြားနွားတစ်ကောင်ပေါ် တက်ခွနေသေးတယ်။ သူတို့ရဲ့ အသံဆွဲပီး အော်တဲ့အသံတွေကလည်း အတိုင်းသားကြားနေရတယ်။ မိုးကလည်း ကျနေသေး။ အဲဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပီး ရေးထားတာကို ဖတ်ဖူးတယ်။ ကြည့်နေတုန်းကြ အဲဒီနွားတွေ သွားချင်သလိုသွားနေတာကို ရိုက်ထားတာနဲ့ တူတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးရဖို့ ခဏခဏကြိုးစားပြီး ရိုက်ထားရတာလည်း ဖြစ်နိုင်တာပဲလေ။ ပြောရမယ်ဆိုရင် နွားတွေ သွားချင်သလို သွားနေတာကို ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပြကွက်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကင်မရာကဖြေးဖြေးလေး လိုက်ရွေ့နေတော့ ကင်မရာကို သတိထားမိစေတယ်။ ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင် နှစ်ခုကို ထူးခြားစွာ ပေါင်းစပ်ပြထားသလိုမျိုး။

မေး- အခုလောလောဆယ် Jon Wagner နဲ့ တွဲပြီး အလုပ်လုပ်နေတာလား။

ဖြေ- Jon Wagnerနဲ့က ရိုက်ချက်ရှည်တွေအကြောင်း နည်းနည်းပဲ ပြောဖြစ်တယ်။ ပါဆိုလီနီရုပ်ရှင်တွေအကြောင်း ပိုပြောဖြစ်တယ်။ သူက အရင်တုန်းကတော့တာကော့စကီးကို အကြိုက်ဆုံးတဲ့။ အခုတော့ Bela Tarrက ပိုကောင်းတယ် ထင်နေတယ်လေ။ ကျွန်မလည်း Bela Tarrရုပ်ရှင်တွေ မကြည့်ရသေးခင်အထိတော့ တာကော့စကီးရဲ့ အမာခံပရိသတ်ပဲ။ Bela Tarr ရုပ်ရှင်တွေကို ကြည့်အပြီး ရလာတဲ့ ခံစားမှုမျိုး ဘယ်မှာမှမရဖူးဘူး။ ကျွန်မတို့နှစ်ယောက် Bela Tarrရဲ့ ရိုက်ချက်ရှည်တွေကို ကြည့်အပြီး ခံစားရတဲ့ လင်းပွင့်မှုတွေအကြောင်းပြောဖြစ်သေးတယ်။နားလည်တာနဲ့ လင်းပွင့်တာ မတူဘူးနော်။ နားမလည်လည်း လင်းပွင့်မှုကို ခံစားလို့ရတယ်။

မေး- သူက ပျင်းရိမှုကို ထည့်ပြဖို့ ကြိုးစားသေးသလား။ Godard ခဏခဏ လုပ်ပြသလိုပေါ့။

ဖြေ- ကျွန်မတစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ ငြင်းရမှာပဲ။ ရိုက်ချက်ရှည်တွေကို ပျင်းစရာကောင်းတယ်လို့ ထင်တဲ့သူလည်း ရှိတော့ ရှိမှာပါ။ နည်းနည်းလေး သည်းခံဖို့တော့ လိုမယ်ထင်တယ်။ ရိုက်ချက်ရှည်တွေ ဒါမှမဟုတ် အဲဒီလိုရိုက်ချက်တွေပါတဲ့ ရုပ်ရှင်တွေကို မကြိုက်တဲ့သူဆိုရင်တော့လည်း

မေး- Andy Warhol ရုပ်ရှင်တွေတော့ မကြိုက်ဘူးဗျ

ဖြေ- ကျွန်မလည်း တူတူပါပဲ။ Bela Tarrရဲ့ ရုပ်ရှင်က ခုနစ်နာရီသာ ကြာတာ။ မသိသာဘူး။ တခြားလူတွေနဲ့ အဲဒီရုပ်ရှင်ကို တူတူကြည့်ဖူးတယ်။ ခုနစ်နာရီတောင် ကြာတယ်လို့ ခံစားရတဲ့သူနည်းတယ်။ နောက်ပြီး ပေးရတဲ့အချိန်နဲ့လည်း တန်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘယ်လိုခံစားရလဲဆိုတာတော့ အတိအကျရှင်းပြဖို့ ခက်တယ်။ ကျွန်မခံစားရတာနဲ့ တူညီတဲ့ အက်ဆေးလေးတစ်ပုဒ်တော့ ရှိတယ်။ အဲဒါကတော့ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီရေးထားတဲ့အက်ဆေးလေး။ Bela Tarrရုပ်ရှင်တွေနဲ့ ပတ်သက်ပီး ရုပ်ရှင်ခံစားမှုဆောင်းပါးတွေ၊ အညွှန်းတွေကလွဲလို့ သေသေချာချာလေ့လာသုံးသပ်ပြထားတာလည်း ရှားတယ်။ အခုလောလောလတ်လတ်တော့ The cinema of Bela Tarr:The circle closes ဆိုတဲ့ Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆန်းစစ်ပြထားတဲ့ စာအုပ်ရယ်၊Jacques Raciereရဲ့ Bela Tarr:The time afterဆိုတဲ့ စာအုပ်တွေ ထွက်လာတယ်။

မေး- သူ့ရုပ်ရှင်တွေမှာ မရိုက်ကူးခင် ကြိုတင်ပြင်ဆင်ရတဲ့ အလုပ်တွေ ဘယ်လောက်တောင် ရှိမလဲဆိုတာတော့ သိချင်မိတယ်။ သတင်းတစ်ခုမှာ ရေးထားတဲ့အတိုင်းဆို MacBeth ရုပ်ရှင်ရိုက်တုန်းက တနာရီစာ ရိုက်ဖို့ကို သုံးနာရီလောက် ကြိုတင် ရီဟာဇယ်လုပ်ရတယ်ဆိုပဲ။ ရိုက်တုန်းလည်း သရုပ်ဆောင်တစ်ယောက်ယောက်က အမှားလေးလုပ်မိပီဆိုတာနဲ့ အစကနေ ပြန်စရတယ်ပြောတယ်။

ဖြေ- ဟုတ်တယ်။ ကကွက်ဆန်းဆန်းကနေရသလိုပေါ့။

မေး- ဟုတ်မယ်။ ရိုက်ချက်ရှည်တွေမှာကြ ကကွက်တွေလို သရုပ်ဆောင်တွေ တပြေးညီအကွက်ကျကျလှုပ်ရှားနေဖို့က လိုတာကိုး။

ဖြေ- ရိုက်ချက်ရှည်တွေမှာလည်း ပုံစံအမျိုးမျိုးရှိတယ်။ Orson Wellesရဲ့ Touch of evilထဲက နာမည်ကြီးရိုက်ချက်ရှည်ကကြ ကြည့်သူကို စိတ်လှုပ်ရှားခံစားစေဖို့ ရည်ရွယ်တာမျိုး။ နောက် Good Bye, Dragon Inn ထဲကလို ရိုက်ချက်ရှည်မျိုးတွေလည်း ရှိသေးတယ်။ အဲဒီလိုရိုက်ချက်ရှည်မျိုးတွေမှာကြ ကြည့်ရတာ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါပေမဲ့ သူ့အလှနဲ့သူတော့ ရှိတယ်။ ရုပ်ရှင်ရဲ့ နောက်ဆုံးရိုက်ချက်မှာဆို ရုပ်ရှင်ရုံထဲကမြင်ကွင်းကို ရိုက်ပြထားတာ။ ကင်မရာက လှုပ်ရှားမှုဖြစ်နေတဲ့နေရာနဲ့ အဝေးကြီးမှာ။ အဘွားကြီးတစ်ယောက်က နှေးနှေးကွေးကွေးလေး လမ်းလျောက်လာပီး ထိုင်ခုံတွေကို ဖုံသုတ်နေတယ်။ အင်တာဗျုးတစ်ခုထဲမှာ Ming-liang Tsaiက အဲဒီရိုက်ချက်ဟာ ရုပ်ရှင်ရုံကို  ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတာလို့ဖြေတယ်။ အဲဒီရုပ်ရှင်ရုံကလည်း ရုပ်ရှင်ရိုက်ပီးတာနဲ့ အဖျက်ခံလိုက်ရတာမို့လား။ အဲဒါမို့ သူက ရိုက်ချက်ကို ကြာနိုင်သမျှကြာအောင် ရိုက်ပြချင်တာ။Orson Wellesရဲ့ ရိုက်ချက်ရှည်တွေနဲ့ ကွာတယ်လေ။Bela Tarrကကြ “တကယ့်အချိန်”ထဲမှာ ဖြစ်နေတာကို ရိုက်ပြချင်တာ။အဲဒါမို့ သူ့ရုပ်ရှင်တွေထဲမှာ လူတွေဟာ အပြင်မှာထက်တောင် နှေးနေသလိုခံစားရတာ။

မေး- ရိုက်ချက်ရှည်ပြကွက်ထဲမှာလား။

ဖြေ- ဥပမာပေးပြောရမယ်ဆို Satantangoထဲမှာ ခုနကပြောတဲ့ ဆရာဝန်ဇာတ်ကောင်ပါတယ်။ ဆရာဝန်ဟာ ကျန်းမာရေး မာမာချာချာရှိလှတာမဟုတ်ဘူး။ အမြဲတမ်း အသက်ကို ပြင်းပြင်းရှုနေရတာကို တွေ့ရတယ်။ ကင်မရာက မကြာခဏဆိုသလို ဘေးချင်းကပ်ရပ်ကနေရိုက်ပြထားတော့ ကြည့်သူအတွက် စိတ်မသက်မသာဖြစ်စေတယ်။ ဆရာဝန်ဇာတ်ကောင်က အရာအားလုံးကို မှတ်စုစာအုပ်လေးတွေထဲ ရေးရေးပီး မှတ်တမ်းတင်ထားလေ့ရှိတယ်။ သူလုပ်သမျှအရာတိုင်း (ဥပမာ ရေသောက်တာကစ)ကလည်း အရမ်းကြာတယ်။ တကယ့်အပြင်ကလူတစ်ယောက်လုပ်ရင်တောင် သူ့လောက်ကြာမှာမဟုတ်သလိုပဲ။ သူရေငှဲ့နေတာက ကြာပီး ဖိတ်ကျတော့မလိုတောင် ဖြစ်နေတော့ သူ့အစားဝင်ထည့်ပေးချင်စိတ်တောင်ဖြစ်လောက်အောင်အထိပဲ။ အဲဒီလိုပြကွက်တွေက သရုပ်မှန်ဖြစ်တာတင်မကတော့ဘူး။သရုပ်မှန်တာထက်တောင် လွန်နေတာ။ (hyperrealistic)

မေး- Bela Tarr ရုပ်ရှင်တွေချည်း အချိန်အကြာကြီး ကြည့်ပြီး ဟောလိဝုဒ်ရုပ်ရှင်တွေ ပြန်ကြည့်တော့ ဘယ်လိုနေလဲ။ ခက်ခဲမှုတွေကြုံရသေးလား။

ဖြေ- တကယ်တော့ ပိုတောင်ချောမွေ့သွားသေးတယ်။ကျွန်မအတွက်ကတော့ Bela Tarr ရုပ်ရှင်တွေချည်းတသက်လုံးကြည့်နေနိုင်မှာမဟုတ်သလို Fast and furious လိုဟောလိဝုဒ်ရုပ်ရှင်တွေချည်းလည်း ထိုင်ကြည့်နေနိုင်မှာမဟုတ်ဘူး။ နှစ်မျိုးစလုံးကို လိုအပ်တာ သေချာတယ်။

2013 ထွက် 3:AM မဂ္ဂဇင်းပါ Janice Lee အင်တာဗျုးကို ပြန်တယ်။

ကျော်ဇေယျာလွင်
၂၀၁၈

ဆောင်ကန်ဟို ပြောပြတဲ့ ပါရာဆိုက်

“Palme d’Or ရလို့တော့ပြောတာ မဟုတ်ဘူးဗျ၊ ဒါပေမယ့် အနုသုခုမဒဿနအားဖြင့်တော့၊ ဒီရုပ်ရှင်က ဘွန်ဂျွန်းဟိုရဲ့ အရှိအတိုင်းသရုပ်ဖော်မှုမှာ အမြင့်ဆုံးရောက်သွားပြီ၊ Barking Dogs Never Bite (2000) က စလိုက်တယ်ပေါ့” — ဆောင်ကန်ဟို

ရုပ်ရှင်ပွဲတော်မှာ ဆုတဆုချိတ်ဖို့ ဖန်တီးထားတဲ့ ရုပ်ရှင်ဆိုတာမရှိပါဘူး၊ Parasite လည်း ဒီလိုပါပဲ။ ဒါကြောင့် အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် ဆောင်ကန်ဟို ပြောနေတာ၊ ရုပ်ရှင်ကို လွှမ်းရုံနေတဲ့ ကိန်းစ်ရဲ့ အရှိန်အဝါတွေ ထည့်မစဥ်းစားခင်၊ ဒီရုပ်ရှင်ရဲ့ အသေးစိတ်ဖန်တီးမှုတွေနဲ့ ပေးချင်တဲ့အချက်ကိုသာ အာရုံစိုက် တဲ့။ ဆိုးလ်က ကော်ဖီဆိုင်လေးမှာ ဆောင်ကန်ဟိုကို တွေ့တုန်း သူပြောတာတွေပဲ။

“ခေါင်းစဥ်ကတော့ ကပ်ပါးကောင်၊ ဒါပေမယ့် ရုပ်ရှင်က သဟဇီဝနဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးအကြောင်း”

ပြီးတော့ ရုပ်ရှင်အကြောင်း ဆက်မိတ်ဆက်ပေးတယ်။

“ဒါရိုက်တာဘွန်က ကျွန်တော်တို့ကို မှာတယ်ဗျာ၊ Parasite ဆိုတဲ့ စကားလုံးကို ပိုးမွှားတကောင် ဒါမှမဟုတ် အဆင့်နိမ့်တဲ့သတ္တဝါလို့ မြင်တဲ့အမြင်ထက် သံယောဇဥ် နဲ့ အားထားမှီခိုရတဲ့ အမြင်မျိုးကို ပို အာရုံစိုက်ဖို့ပေါ့

ဘွန်ဂျွန်းဟိုက အသက် ၅၀ ရှိပြီဆိုတဲ့အကြောင်းလည်း ဖော်ပြဖို့ မမေ့ခဲ့ဘူး။ ဆောင်နဲ့ စကားပြောနေတဲ့ကာလအတွင်းမှာ သူ့ရဲ့ ဘွန်ဂျွန်းဟိုအပေါ်ထားရှိတဲ့ လေးစားမှုနဲ့ ယဥ်ကျေးမှုကို ကျွန်မတို့ ခံစားလို့ရမိတယ်။ ဘွန် နဲ့ ဆောင် တွဲအလုပ်လုပ်တာ ၁၇နှစ် ရှိပြီ။

မကြာသေးခင်က ဆောင်ကန်ဟိုကို နာမည်ပြောင်တခုပေးကြတယ်၊ “ဘွန်ပီဆွန်” တဲ့၊ အဓိပ္ပါယ်က ဆောင်ကန်ဟိုဟာ ဘွန်ဂျွန်းဟိုရဲ့ သရုပ်သကန်တဲ့။ စကားလုံးပေါင်းစပ်ထားတာ အသစ်ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် ဆိုလိုရင်းကိုတော့ ရင်းနှီးကြမှာပဲ။ Memories of Murder (2003)၊ The Host (2006)၊ ကနေ Snowpiercer (2013)၊ ခု Parasite အထိ ဘွန်ရဲ့ မှတ်ကျောက်တင်လောက်တဲ့ အလုပ်တွေထဲ ဆောင်က အခရာပဲလေ။ ဒါပေမယ့် ဆောင်ကတော့ အနေရခက်နေတယ်။

“ဘွန်ပီဆွန် တဲ့၊ ပြင်သစ်စကားလိုပဲ (ရယ်လျက်)၊ ကျွန်တော်ထင်တာ လူတွေက ကျွန်တော် ဘွန်ရဲ့ကားတွေ တော်တော်များများထဲ သရုပ်ဆောင်ထားလို့ နာမည်ပြောင် ပေးကြတယ်လို့ပဲ၊ ကျွန်တော်က ဘွန်ရဲ့ အနုပညာ အရည်အသွေး အမြင်တွေရှိလို့လား၊ တကယ့် သရုပ်သကန်လား၊ ကျွန်တော်လည်း သိချင်တယ်၊ ဒီလို ချီးကျုးမှုကိုတော့ မခံယူဝံ့ပါဘူး၊ နားထောင်လို့တော့ကောင်းပါတယ်”

ဆောင် က ဒီလို ထောပနာပြုတာနဲ့ မတန်ဘူးဆိုတာ ဟုတ်ရဲ့လား၊ တကယ်လို့ သူပြောသလို Parasite က ဘွန်ဂျွန်းဟို ရဲ့ ရီရယ်လစ်ဇင်မှာ အမြင့်ဆုံး ဆိုရင် ဆောင်ကန်ဟိုရဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်ပုံကလည်း အလယ်ဗဟိုမှာရှိတာပဲ။ ဒါက အမြဲဖြစ်နေတာပါ။ မှုခင်းပုံပြင်တွေကနေ စိတ်ကူးယဥ်သိပ္ပံကားတွေထိ၊ ဘွန်ရဲ့ မတူကွဲပြားတဲ့ ရုပ်ရှင်အမျိုးအစားတွေမှာ၊ ဆောင်ကန်ဟိုက ခုမှနိုးလာတဲ့ရုပ်နဲ့ အရှိအတိုင်း သဏ္ဍာန်ကို အေးအေးဆေးဆေး သရုပ်ထင်စေတယ်။ Parasite ထဲမှာ ဆောင်က မြေအောက်ထပ် အခန်းထဲ နိုးလာပြီး ပိတ်ကားထက် မြင်ရတဲ့ Kitaek အဖြစ် သရုပ်ဆောင်တယ်။

ဆောင်ကန်ဟို ပြောတာက “ဒီရုပ်ရှင်မှာ အမျိုးအစားတွေ ရောယှက်ပြီး ပြထားတယ်၊ ဒီအထဲ အရေးကြီးဆုံးက Kitaek နေရာကို ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် သရုပ်ဖော်ဖို့ပဲ၊ သူ့ဘဝကို ဒီလို အမူအရာနဲ့ပဲ အမြဲနေခဲ့သလိုပဲ၊ ခရုလိုပေါ့”

Kitaek ရဲ့သား၊ Kiwoo (ချိုင်ဝူရှစ်) နဲ့ ရုပ်ရှင်ကို ပျိုးတယ်၊ Park ရဲ့အိမ်ကို သူက ငြိတွယ်နေတာ၊ Park (လီဆွန်းကျွန်း) က ဂလိုဘယ် အိုင်တီ စီးပွားရေးလုပ်ငန်းပိုင်ရှင်၊ ကျန်တဲ့ သူ့ရဲ့ မိသားစုဝင်တွေကို တယောက်ချင်းစီ ပြပြီး၊ Park အိမ်ထဲ ကပ်ပါးရပ်ပါး တည်ရှိမှု တခုကို ဦးတည်ဖို့ ပြတယ်။ ပုံမှန်အားဖြင့်တော့ ကပ်ပါးကောင် ဆိုတဲ့ စကားလုံးက မကောင်းတဲ့သဘော။ ဒါပေမယ့် တချို့အကြောင်းတွေနဲ့၊ ကျွန်မတို့တွေ ဒီမိသားစုရဲ့ ကပ်ပါးရပ်ပါး ဖြစ်တည်မှုကို အားပေးလာမိတာ တွေ့ရတယ်။ Park မိသားစုကိုလည်း မုန်းစရာမလိုပါဘူး၊ သူကိုယ်တိုင်က အိမ်ရှင်ပဲလေ။ ဒီရုပ်ရှင်က ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူကြား ကွာဟချက်၊ အတန်းအစား ပဋိပက္ခ ကို ရှင်းရှင်းလင်းလင်းပြတယ်၊ ဒါပေမယ့် လူမှု–ဘောဂ ဗေဒဆိုင်ရာ စကားလုံးတလုံးနဲ့ အနှစ်ချုပ်ပြောနိုင်ဖို့ရာ တော်တော်တော့ခက်တယ်။

ဒါကြောင့်လည်း ဆောင်ကန်ဟိုက ပြောတယ်။

“ဒီရုပ်ရှင်မျိုးက လူချမ်းသာနဲ့ လူဆင်းရဲကြား ကွာဟချက်ဖြစ်ဖြစ်၊ ကြွယ်ဝတဲ့သူနဲ့ မကြွယ်ဝတဲ့သူတို့ ထိပ်တိုက်တွေ့ကြတာပဲဖြစ်ဖြစ် တစ်တစ်ခွခွ ပြတဲ့ ရိုးရိုးတန်းတန်း ရုပ်ရှင်မျိုးတော့ မဟုတ်ဘူး။ ငါတို့ဟာ နံရံခြား အကန့်ခွဲထားတာ ဟုတ်သလား မဟုတ်သလားကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်မိစေနိုင် ရုပ်ရှင်မျိုးထက်ပိုတယ်၊ လူ့ဂုဏ်သိက္ခာ အကြောင်း ရုပ်ရှင်ပဲ”

အစောဦးကတည်းက Kitaek က ဆောင်ကန်ဟိုပဲ၊ အင်တာဗျူးတခုမှာ ဘွန်ဂျွန်းဟို ပြောတာက “ဆောင်ကန်ဟို နဲ့ ချွိုင်ဝူရှစ် တို့ကို သားအဖအဖြစ် ရည်ရွယ်ပြီး ဇာတ်ညွှန်းစရေးခဲ့တယ်” တဲ့။ ဒါကြောင့််လည်း ဆောင်ကန်ဟိုရဲ့ Kitaek အပေါ် ခင်တွယ်မှုနဲ့ နားလည်နိုင်မှုက နက်ရှိုင်းနေခဲ့တာ ဖြစ်နိုင်တယ်။ ဆောင်က Kitaek ရဲ့ အကောင်းမြင်ခြင်း ဘာကြောင့် မပျောက်သွားလဲကို ရှင်းပြတယ်။ ဇာတ်ထဲ စိတ်ဓာတ်ကျတဲ့ အနေအထားမှာတောင် Kitaek ပြောတာက “အစီအမံ မရှိတာလည်း စီမံတာပဲ” တဲ့။

“Kitaek က အလုပ်အရမ်းကြိုးစားတယ်၊ ထိုင်ဝမ်ကိတ်တွေလည်း ရောင်းတယ်၊ အစေအပါးအနေနဲ့လည်း လုပ်တယ်၊ ဒါပေမယ့် သူက မြေအောက်ခန်းမှာပဲ နေရတယ်၊ မွေးကတည်းကတော့ အကောင်းမြင် မဟုတ်လောက်ဘူးပေါ့ဗျာ၊ ပတ်ဝန်းကျင်က ပြောင်းလဲပေးတာပဲ၊ ကျွန်တော်ထင်တာက ရခဲ့တဲ့ဘဝအပေါ် ကိုယ့်ကိုယ်ကိုယ် သရော်တော်လှန်တဲ့ အမြင်တမျိုးဗျ၊ ဘာလို့ဆို သူ ကြံသမျှစည်သမျှ ဘာတခုမှ ဖြစ်မလာတာကိုး”

ဒီလို ဖော်ပြပေးတာ မလိုအပ်ဘူးလို့ထင်တယ်၊ ဘာလို့ဆို အသိသာကြီးပဲကိုး။ ဒါပေမယ့် ဆောင်ကန်ဟိုရဲ့ Parasite မှာ သရုပ်ဆောင်တာက အကောင်းဆုံးပဲ။ ဆောင်က ကိန်းစ်ကိုရောက်တာ ဒါနဲ့ဆို သုံးခေါက်ရှိပြီ။ ပက်ချန်ဝုခ်ရဲ့ Thirst (2009) နဲ့က ဂျူရီဆုရလို့ တခါ၊ ပြီးတော့ လီချန်ဒုံးရဲ့ Secret Sunshine (2007) အကောင်းဆုံး မင်းသမီးဆုကို ဂျောင်းဒိုယွန်း ရလို့ တခါ သွားတယ်။ ဒီတခါမှာ ဆောင်က အကောင်းဆုံး မင်းသားဆုကို မျက်စိကျတာ သဘာဝကျပါတယ်။ ဆုပေးပွဲအခမ်းအနားပြီးလို့ ချက်ချင်းပဲ ဂျူရီတွေက ဘွန်ကို ပြောတယ်၊ ဆောင်ကန်ဟိုက အလားအလာကောင်းတဲ့ ဆုရဖို့ထဲမှာပါတယ်တဲ့၊ ဒါပေမယ့် သူတို့ Palme d’Or ကို ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြလို့ပါတဲ့။ ဆောင်ကတော့ပြောတယ်။

“ခင်ဗျားတို့ ကျွန်တော် ဘယ်လောက်ဖြေသိမ့်မိလဲဆိုတာ တွေးမိမှာမဟုတ်ဘူး၊ သူတို့က ဆုတဆုပဲပေးရင်၊ သေချာတာပေါ့၊ Palme d’Or ပဲ ယူသင့်တာပေါ့” ပြီးတော့ ရယ်နေတယ်။

“ဘွန် နဲ့ ရုပ်ရှင်ဆရာ ဂျန်ဂျွန်းဟွမ် က ၁၉၉၇ ရုပ်ရှင် Motel Cactus မှာ ထုတ်လုပ်ရေးအဖွဲ့ထဲ အတူလုပ်တုန်းက ကျွန်တော့်ကို Green Fish ဆိုတဲ့ ကားမှာကြည့်မိပြီး ကြိုက်သွားကြတာတဲ့၊ သူတို့က ကျွန်တော့်ကို အရင်ဆုံးတွေ့ဖို့ တောင်းဆိုကြတယ်”

ဘွန်နဲ့ဆောင် ပထမဦးဆုံး တွေ့ပုံလေးကို ပြန်သွားရအောင်လား။ ဆောင်ကတော့ သရုပ်ရွေးပွဲပုံစံထက် သရုပ်ဆောင်နဲ့ သူ့ပရိသတ်တွေ့တဲ့ပွဲ ဆိုပြီး ပိုမှတ်မိတယ်။

“သူတို့တွေက နောက်ပိုင်း ရုပ်ရှင်ဆရာတွေဖြစ်လာကြမယ့်သူတွေပေါ့ဗျာ၊ ကောလိပ်ကျောင်းသားတွေလို ခုတ်ထားတဲ့ကေနဲ့၊ လက်ဖက်ရည်သောက်တယ်၊ ပြီးတော့ ရုပ်ရှင်တွေအကြောင်း တခွန်းမှမပြောဘဲ ပြန်သွားကြတယ်၊ နောက်တော့ သူတို့က ရုပ်ရှင်ထဲ သရုပ်ဆောင်စေချင်တဲ့အကြောင်း ပြောလာတယ်”

အချိန်တွေကြာခဲ့ပြီးနောက်မှတော့ ဆောင်ရဲ့ ပေဂျာမှာ ဘွန် အသံသွင်းခဲ့တဲ့ အသံဖိုင် အရှည်ကြီးကို ဆောင် တယောက် နားထောင်နေခဲ့တယ်၊ ဘွန်ပြောတာ နားထောင်ကြည့်မယ်ဆိုရင်၊ “ရုပ်ရှင်မှာ အတူတူမလုပ်နိုင်ရင်ကို စိတ်ကောင်းမှာမဟုတ်ဘူး” တဲ့။ သရုပ်ဆောင်ကလည်း တွေးတယ်။ “ဒီလူဟာ ကြီးကြီးကျယ်ကျယ် လုပ်ဖြစ်မယ့်သူပဲ” တဲ့။ သူတို့ရဲ့ ပထမဦးဆုံး တွေ့ဆုံခြင်းမှာတင် လူသားနှစ်ယောက် မျှဝေခဲ့တဲ့ ယုံကြည်မှုနဲ့ ယက်တဲ့ ကွန်တခု ပေါ်လာခဲ့တယ်။

( The Kyunghyang Shinmun ရဲ့ ကင်ဂျီဟေးရေးတဲ့ အင်တာဗျူးဆောင်းပါးတပုဒ် ဖြစ်ပါတယ်၊ Cinéma de la Passion အတွက် ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်၊ ပုံကိုတော့ ဆောင်ကန်ဟိုနဲ့ ဘွန်ဂျွန်းဟိုတို့ရဲ့ သူငယ်ချင်းသံယောဇဥ်ကို ပေါ်လွင်စေတယ်လို့၊ နွေးထွေးတဲ့ခံစားချက်လည်း ရတယ်လို့၊ ယူဆမိတာကြောင့် ထည့်သုံးဖြစ်ပါတယ် )

— Matt

“Palme d’Or ရလို႔ေတာ့ေျပာတာ မဟုတ္ဘူးဗ်၊ ဒါေပမယ့္ အႏုသုခုမဒႆနအားျဖင့္ေတာ့၊ ဒီ႐ုပ္ရွင္က ဘြန္ဂြၽန္းဟိုရဲ႕ အရွိအတိုင္းသ႐ုပ္ေဖာ္မႈမွာ အျမင့္ဆုံးေရာက္သြားၿပီ၊ Barking Dogs Never Bite (2000) က စလိုက္တယ္ေပါ့” — ေဆာင္ကန္ဟို

႐ုပ္ရွင္ပြဲေတာ္မွာ ဆုတဆုခ်ိတ္ဖို႔ ဖန္တီးထားတဲ့ ႐ုပ္ရွင္ဆိုတာမရွိပါဘူး၊ Parasite လည္း ဒီလိုပါပဲ။ ဒါေၾကာင့္ အသက္ ၅၂ႏွစ္ရွိၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဆာင္ကန္ဟို ေျပာေနတာ၊ ႐ုပ္ရွင္ကို လႊမ္း႐ုံေနတဲ့ ကိန္းစ္ရဲ႕ အရွိန္အဝါေတြ ထည့္မစဥ္းစားခင္၊ ဒီ႐ုပ္ရွင္ရဲ႕ အေသးစိတ္ဖန္တီးမႈေတြနဲ႕ ေပးခ်င္တဲ့အခ်က္ကိုသာ အာ႐ုံစိုက္ တဲ့။ ဆိုးလ္က ေကာ္ဖီဆိုင္ေလးမွာ ေဆာင္ကန္ဟိုကို ေတြ႕တုန္း သူေျပာတာေတြပဲ။

“ေခါင္းစဥ္ကေတာ့ ကပ္ပါးေကာင္၊ ဒါေပမယ့္ ႐ုပ္ရွင္က သဟဇီဝနဲ႕ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးအေၾကာင္း”

ၿပီးေတာ့ ႐ုပ္ရွင္အေၾကာင္း ဆက္မိတ္ဆက္ေပးတယ္။

“ဒါရိုက္တာဘြန္က ကြၽန္ေတာ္တို႔ကို မွာတယ္ဗ်ာ၊ Parasite ဆိုတဲ့ စကားလုံးကို ပိုးမႊားတေကာင္ ဒါမွမဟုတ္ အဆင့္နိမ့္တဲ့သတၱဝါလို႔ ျမင္တဲ့အျမင္ထက္ သံေယာဇဥ္ နဲ႕ အားထားမွီခိုရတဲ့ အျမင္မ်ိဳးကို ပို အာ႐ုံစိုက္ဖို႔ေပါ့”

ဘြန္ဂြၽန္းဟိုက အသက္ ၅၀ ရွိၿပီဆိုတဲ့အေၾကာင္းလည္း ေဖာ္ျပဖို႔ မေမ့ခဲ့ဘူး။ ေဆာင္နဲ႕ စကားေျပာေနတဲ့ကာလအတြင္းမွာ သူ႕ရဲ႕ ဘြန္ဂြၽန္းဟိုအေပၚထားရွိတဲ့ ေလးစားမႈနဲ႕ ယဥ္ေက်းမႈကို ကြၽန္မတို႔ ခံစားလို႔ရမိတယ္။ ဘြန္ နဲ႕ ေဆာင္ တြဲအလုပ္လုပ္တာ ၁၇ႏွစ္ ရွိၿပီ။

မၾကာေသးခင္က ေဆာင္ကန္ဟိုကို နာမည္ေျပာင္တခုေပးၾကတယ္၊ “ဘြန္ပီဆြန္” တဲ့၊ အဓိပၸါယ္က ေဆာင္ကန္ဟိုဟာ ဘြန္ဂြၽန္းဟိုရဲ႕ သ႐ုပ္သကန္တဲ့။ စကားလုံးေပါင္းစပ္ထားတာ အသစ္ျဖစ္ခ်င္ျဖစ္မယ္၊ ဒါေပမယ့္ ဆိုလိုရင္းကိုေတာ့ ရင္းႏွီးၾကမွာပဲ။ Memories of Murder (2003)၊ The Host (2006)၊ ကေန Snowpiercer (2013)၊ ခု Parasite အထိ ဘြန္ရဲ႕ မွတ္ေက်ာက္တင္ေလာက္တဲ့ အလုပ္ေတြထဲ ေဆာင္က အခရာပဲေလ။ ဒါေပမယ့္ ေဆာင္ကေတာ့ အေနရခက္ေနတယ္။

“ဘြန္ပီဆြန္ တဲ့၊ ျပင္သစ္စကားလိုပဲ (ရယ္လ်က္)၊ ကြၽန္ေတာ္ထင္တာ လူေတြက ကြၽန္ေတာ္ ဘြန္ရဲ႕ကားေတြ ေတာ္ေတာ္မ်ားမ်ားထဲ သ႐ုပ္ေဆာင္ထားလို႔ နာမည္ေျပာင္ ေပးၾကတယ္လို႔ပဲ၊ ကြၽန္ေတာ္က ဘြန္ရဲ႕ အႏုပညာ အရည္အေသြး အျမင္ေတြရွိလို႔လား၊ တကယ့္ သ႐ုပ္သကန္လား၊ ကြၽန္ေတာ္လည္း သိခ်င္တယ္၊ ဒီလို ခ်ီးက်ဳးမႈကိုေတာ့ မခံယူဝံ့ပါဘူး၊ နားေထာင္လို႔ေတာ့ေကာင္းပါတယ္”

ေဆာင္ က ဒီလို ေထာပနာျပဳတာနဲ႕ မတန္ဘူးဆိုတာ ဟုတ္ရဲ႕လား၊ တကယ္လို႔ သူေျပာသလို Parasite က ဘြန္ဂြၽန္းဟို ရဲ႕ ရီရယ္လစ္ဇင္မွာ အျမင့္ဆုံး ဆိုရင္ ေဆာင္ကန္ဟိုရဲ႕ ဆြဲေဆာင္မႈရွိတဲ့ သ႐ုပ္ေဆာင္ပုံကလည္း အလယ္ဗဟိုမွာရွိတာပဲ။ ဒါက အၿမဲျဖစ္ေနတာပါ။ မႈခင္းပုံျပင္ေတြကေန စိတ္ကူးယဥ္သိပၸံကားေတြထိ၊ ဘြန္ရဲ႕ မတူကြဲျပားတဲ့ ႐ုပ္ရွင္အမ်ိဳးအစားေတြမွာ၊ ေဆာင္ကန္ဟိုက ခုမွနိုးလာတဲ့႐ုပ္နဲ႕ အရွိအတိုင္း သ႑ာန္ကို ေအးေအးေဆးေဆး သ႐ုပ္ထင္ေစတယ္။ Parasite ထဲမွာ ေဆာင္က ေျမေအာက္ထပ္ အခန္းထဲ နိုးလာၿပီး ပိတ္ကားထက္ ျမင္ရတဲ့ Kitaek အျဖစ္ သ႐ုပ္ေဆာင္တယ္။

ေဆာင္ကန္ဟို ေျပာတာက “ဒီ႐ုပ္ရွင္မွာ အမ်ိဳးအစားေတြ ေရာယွက္ၿပီး ျပထားတယ္၊ ဒီအထဲ အေရးႀကီးဆုံးက Kitaek ေနရာကို ေျပာင္းလြယ္ျပင္လြယ္ ျဖစ္ေအာင္ သ႐ုပ္ေဖာ္ဖို႔ပဲ၊ သူ႕ဘဝကို ဒီလို အမူအရာနဲ႕ပဲ အၿမဲေနခဲ့သလိုပဲ၊ ခ႐ုလိုေပါ့”

Kitaek ရဲ႕သား၊ Kiwoo (ခ်ိဳင္ဝူရွစ္) နဲ႕ ႐ုပ္ရွင္ကို ပ်ိဳးတယ္၊ Park ရဲ႕အိမ္ကို သူက ၿငိတြယ္ေနတာ၊ Park (လီဆြန္းကြၽန္း) က ဂလိုဘယ္ အိုင္တီ စီးပြားေရးလုပ္ငန္းပိုင္ရွင္၊ က်န္တဲ့ သူ႕ရဲ႕ မိသားစုဝင္ေတြကို တေယာက္ခ်င္းစီ ျပၿပီး၊ Park အိမ္ထဲ ကပ္ပါးရပ္ပါး တည္ရွိမႈ တခုကို ဦးတည္ဖို႔ ျပတယ္။ ပုံမွန္အားျဖင့္ေတာ့ ကပ္ပါးေကာင္ ဆိုတဲ့ စကားလုံးက မေကာင္းတဲ့သေဘာ။ ဒါေပမယ့္ တခ်ိဳ႕အေၾကာင္းေတြနဲ႕၊ ကြၽန္မတို႔ေတြ ဒီမိသားစုရဲ႕ ကပ္ပါးရပ္ပါး ျဖစ္တည္မႈကို အားေပးလာမိတာ ေတြ႕ရတယ္။ Park မိသားစုကိုလည္း မုန္းစရာမလိုပါဘူး၊ သူကိုယ္တိုင္က အိမ္ရွင္ပဲေလ။ ဒီ႐ုပ္ရွင္က ခ်မ္းသာတဲ့သူနဲ႕ ဆင္းရဲတဲ့သူၾကား ကြာဟခ်က္၊ အတန္းအစား ပဋိပကၡ ကို ရွင္းရွင္းလင္းလင္းျပတယ္၊ ဒါေပမယ့္ လူမႈ–ေဘာဂ ေဗဒဆိုင္ရာ စကားလုံးတလုံးနဲ႕ အႏွစ္ခ်ဳပ္ေျပာနိုင္ဖို႔ရာ ေတာ္ေတာ္ေတာ့ခက္တယ္။

ဒါေၾကာင့္လည္း ေဆာင္ကန္ဟိုက ေျပာတယ္။

“ဒီ႐ုပ္ရွင္မ်ိဳးက လူခ်မ္းသာနဲ႕ လူဆင္းရဲၾကား ကြာဟခ်က္ျဖစ္ျဖစ္၊ ႂကြယ္ဝတဲ့သူနဲ႕ မႂကြယ္ဝတဲ့သူတို႔ ထိပ္တိုက္ေတြ႕ၾကတာပဲျဖစ္ျဖစ္ တစ္တစ္ခြခြ ျပတဲ့ ရိုးရိုးတန္းတန္း ႐ုပ္ရွင္မ်ိဳးေတာ့ မဟုတ္ဘူး။ ငါတို႔ဟာ နံရံျခား အကန့္ခြဲထားတာ ဟုတ္သလား မဟုတ္သလားကို ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းျပန္ထုတ္မိေစနိုင္ ႐ုပ္ရွင္မ်ိဳးထက္ပိုတယ္၊ လူ႕ဂုဏ္သိကၡာ အေၾကာင္း ႐ုပ္ရွင္ပဲ”

အေစာဦးကတည္းက Kitaek က ေဆာင္ကန္ဟိုပဲ၊ အင္တာဗ်ဴးတခုမွာ ဘြန္ဂြၽန္းဟို ေျပာတာက “ေဆာင္ကန္ဟို နဲ႕ ခြၽိုင္ဝူရွစ္ တို႔ကို သားအဖအျဖစ္ ရည္႐ြယ္ၿပီး ဇာတ္ၫႊန္းစေရးခဲ့တယ္” တဲ့။ ဒါေၾကာင့္္လည္း ေဆာင္ကန္ဟိုရဲ႕ Kitaek အေပၚ ခင္တြယ္မႈနဲ႕ နားလည္နိုင္မႈက နက္ရွိုင္းေနခဲ့တာ ျဖစ္နိုင္တယ္။ ေဆာင္က Kitaek ရဲ႕ အေကာင္းျမင္ျခင္း ဘာေၾကာင့္ မေပ်ာက္သြားလဲကို ရွင္းျပတယ္။ ဇာတ္ထဲ စိတ္ဓာတ္က်တဲ့ အေနအထားမွာေတာင္ Kitaek ေျပာတာက “အစီအမံ မရွိတာလည္း စီမံတာပဲ” တဲ့။

“Kitaek က အလုပ္အရမ္းႀကိဳးစားတယ္၊ ထိုင္ဝမ္ကိတ္ေတြလည္း ေရာင္းတယ္၊ အေစအပါးအေနနဲ႕လည္း လုပ္တယ္၊ ဒါေပမယ့္ သူက ေျမေအာက္ခန္းမွာပဲ ေနရတယ္၊ ေမြးကတည္းကေတာ့ အေကာင္းျမင္ မဟုတ္ေလာက္ဘူးေပါ့ဗ်ာ၊ ပတ္ဝန္းက်င္က ေျပာင္းလဲေပးတာပဲ၊ ကြၽန္ေတာ္ထင္တာက ရခဲ့တဲ့ဘဝအေပၚ ကိုယ့္ကိုယ္ကိုယ္ သေရာ္ေတာ္လွန္တဲ့ အျမင္တမ်ိဳးဗ်၊ ဘာလို႔ဆို သူ ႀကံသမွ်စည္သမွ် ဘာတခုမွ ျဖစ္မလာတာကိုး”

ဒီလို ေဖာ္ျပေပးတာ မလိုအပ္ဘူးလို႔ထင္တယ္၊ ဘာလို႔ဆို အသိသာႀကီးပဲကိုး။ ဒါေပမယ့္ ေဆာင္ကန္ဟိုရဲ႕ Parasite မွာ သ႐ုပ္ေဆာင္တာက အေကာင္းဆုံးပဲ။ ေဆာင္က ကိန္းစ္ကိုေရာက္တာ ဒါနဲ႕ဆို သုံးေခါက္ရွိၿပီ။ ပက္ခ်န္ဝုခ္ရဲ႕ Thirst (2009) နဲ႕က ဂ်ဴရီဆုရလို႔ တခါ၊ ၿပီးေတာ့ လီခ်န္ဒုံးရဲ႕ Secret Sunshine (2007) အေကာင္းဆုံး မင္းသမီးဆုကို ေဂ်ာင္းဒိုယြန္း ရလို႔ တခါ သြားတယ္။ ဒီတခါမွာ ေဆာင္က အေကာင္းဆုံး မင္းသားဆုကို မ်က္စိက်တာ သဘာဝက်ပါတယ္။ ဆုေပးပြဲအခမ္းအနားၿပီးလို႔ ခ်က္ခ်င္းပဲ ဂ်ဴရီေတြက ဘြန္ကို ေျပာတယ္၊ ေဆာင္ကန္ဟိုက အလားအလာေကာင္းတဲ့ ဆုရဖို႔ထဲမွာပါတယ္တဲ့၊ ဒါေပမယ့္ သူတို႔ Palme d’Or ကို ေပးဖို႔ တညီတၫြတ္တည္း ဆုံးျဖတ္ခဲ့ၾကလို႔ပါတဲ့။ ေဆာင္ကေတာ့ေျပာတယ္။

“ခင္ဗ်ားတို႔ ကြၽန္ေတာ္ ဘယ္ေလာက္ေျဖသိမ့္မိလဲဆိုတာ ေတြးမိမွာမဟုတ္ဘူး၊ သူတို႔က ဆုတဆုပဲေပးရင္၊ ေသခ်ာတာေပါ့၊ Palme d’Or ပဲ ယူသင့္တာေပါ့” ၿပီးေတာ့ ရယ္ေနတယ္။

“ဘြန္ နဲ႕ ႐ုပ္ရွင္ဆရာ ဂ်န္ဂြၽန္းဟြမ္ က ၁၉၉၇ ႐ုပ္ရွင္ Motel Cactus မွာ ထုတ္လုပ္ေရးအဖြဲ႕ထဲ အတူလုပ္တုန္းက ကြၽန္ေတာ့္ကို Green Fish ဆိုတဲ့ ကားမွာၾကည့္မိၿပီး ႀကိဳက္သြားၾကတာတဲ့၊ သူတို႔က ကြၽန္ေတာ့္ကို အရင္ဆုံးေတြ႕ဖို႔ ေတာင္းဆိုၾကတယ္”

ဘြန္နဲ႕ေဆာင္ ပထမဦးဆုံး ေတြ႕ပုံေလးကို ျပန္သြားရေအာင္လား။ ေဆာင္ကေတာ့ သ႐ုပ္ေ႐ြးပြဲပုံစံထက္ သ႐ုပ္ေဆာင္နဲ႕ သူ႕ပရိသတ္ေတြ႕တဲ့ပြဲ ဆိုၿပီး ပိုမွတ္မိတယ္။

“သူတို႔ေတြက ေနာက္ပိုင္း ႐ုပ္ရွင္ဆရာေတြျဖစ္လာၾကမယ့္သူေတြေပါ့ဗ်ာ၊ ေကာလိပ္ေက်ာင္းသားေတြလို ခုတ္ထားတဲ့ေကနဲ႕၊ လက္ဖက္ရည္ေသာက္တယ္၊ ၿပီးေတာ့ ႐ုပ္ရွင္ေတြအေၾကာင္း တခြန္းမွမေျပာဘဲ ျပန္သြားၾကတယ္၊ ေနာက္ေတာ့ သူတို႔က ႐ုပ္ရွင္ထဲ သ႐ုပ္ေဆာင္ေစခ်င္တဲ့အေၾကာင္း ေျပာလာတယ္”

အခ်ိန္ေတြၾကာခဲ့ၿပီးေနာက္မွေတာ့ ေဆာင္ရဲ႕ ေပဂ်ာမွာ ဘြန္ အသံသြင္းခဲ့တဲ့ အသံဖိုင္ အရွည္ႀကီးကို ေဆာင္ တေယာက္ နားေထာင္ေနခဲ့တယ္၊ ဘြန္ေျပာတာ နားေထာင္ၾကည့္မယ္ဆိုရင္၊ “႐ုပ္ရွင္မွာ အတူတူမလုပ္နိုင္ရင္ကို စိတ္ေကာင္းမွာမဟုတ္ဘူး” တဲ့။ သ႐ုပ္ေဆာင္ကလည္း ေတြးတယ္။ “ဒီလူဟာ ႀကီးႀကီးက်ယ္က်ယ္ လုပ္ျဖစ္မယ့္သူပဲ” တဲ့။ သူတို႔ရဲ႕ ပထမဦးဆုံး ေတြ႕ဆုံျခင္းမွာတင္ လူသားႏွစ္ေယာက္ မွ်ေဝခဲ့တဲ့ ယုံၾကည္မႈနဲ႕ ယက္တဲ့ ကြန္တခု ေပၚလာခဲ့တယ္။

( The Kyunghyang Shinmun ရဲ႕ ကင္ဂ်ီေဟးေရးတဲ့ အင္တာဗ်ဴးေဆာင္းပါးတပုဒ္ ျဖစ္ပါတယ္၊ Cinéma de la Passion အတြက္ ဆီေလ်ာ္ေအာင္ ဘာသာျပန္လိုက္ပါတယ္၊ ပုံကိုေတာ့ ေဆာင္ကန္ဟိုနဲ႕ ဘြန္ဂြၽန္းဟိုတို႔ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ကို ေပၚလြင္ေစတယ္လို႔၊ ႏြေးေထြးတဲ့ခံစားခ်က္လည္း ရတယ္လို႔၊ ယူဆမိတာေၾကာင့္ ထည့္သုံးျဖစ္ပါတယ္ )

— Matt

ဘွန်ဂျွန်းဟို အင်တာဗျူး

၂၀၁၉ ကိန်းရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခဲ့ပြီး အမြင့်ဆုံးဆု Palme d’Or ကို Parasite ရုပ်ရှင်နဲ့ ဒါရိုက်တာ Bong Joon-ho ရခဲ့ပါတယ်၊ ဆုမရခင် သူ့ကို ကိန်းကနေ နည်းနည်းပါးပါး မေးမြန်းသွားတာတွေကို Cinéma de la Passion ကနေ ဖော်ပြလိုက်ပါတယ်။

Parasite ရဲ့ အဓိပ္ပါယ်က ဘာလဲ။

ဘွန်ဂျွန်းဟို
အရင်ဆုံး လူတွေ မျှော်လင့်ကြတာက Parasite က အကောင်ပလောင်ကား ဒါမှမဟုတ် စိတ်ကူးယဥ်သိပ္ပံကား တကားကားတော့ ဖြစ်မယ်ပေါ့လေ၊ ဘာလို့လဲဆိုတော့ ကျွန်တော့် အရင်ရုပ်ရှင် The Host နဲ့က ခေါင်းစဥ်ချင်း ဆက်စပ်နေတာကိုး။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်တွေဟာ တကယ့်ကမ္ဘာမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေ၊ တခြားသူတွေနဲ့ အတူယှဥ်တွဲ သဟဇီဝ နေချင်ကြတဲ့လူမျိုးတွေ၊ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အဲ့ဒီတော့ သူတို့က ကပ်ပါးရပ်ပါး ဆက်ဆံရတဲ့အထိ ဖြစ်လာတယ်။ ကြီးပွားချမ်းသာတဲ့ဘဝကို အတူတူနေချင်ကြတဲ့အခါ ဖြစ်လာတဲ့ ဟာသ ရသ၊ ကရုဏာ ရသ၊ ဘယာနက ရသတို့ကို ပုံဖော်ထားတဲ့ အလွမ်းအသောစုံတဲ့ဇာတ် လို့ပဲ ထင်တယ်၊ ဒါပေမယ့် ဘယ်လောက်ခက်ခဲနိုင်သလဲဆိုတဲ့ လက်ရှိတရားကို ခင်ဗျား ရင်ဆိုင်နိုင်တယ်။ အထင်နဲ့ အမြင် တခြားစီဖြစ်တဲ့ ခေါင်းစဥ်ပါဗျာ၊ Memories of Murder ရဲ့ ​ကိုရီးယား ခေါင်းစဥ်နဲ့တော့ မတူဘူး၊ ဂယက်အနက်က ‘နွေးထွေး၊ သာယာသော အမှတ်တရများ’ တဲ့၊ ဘယ်လိုလူတယောက်က လူသတ်မှုရဲ့ နွေးထွေး၊ လွမ်းဆွတ်စေတဲ့ အမှတ်တရတွေသိမ်းထားမှာတုန်း၊ ဒါနဲ့ အဲ့လိုလုပ်တာရော မှားလား၊ တပုံစံတည်းပဲ အဲ့ကားမှာ ဟွာဆွန်း ဆက်တိုက် လူသတ်မှု ဖြစ်ရပ်တွေကနေ ခေတ်ရဲ့ အမှတ်တရတွေကို ပုံဖော်သွားတယ်။ Parasite လည်း အတူတူပဲ၊ ခေါင်းစဥ်မှာကိုက ရွဲ့တဲ့တဲ့ မသိမသာ ပါတယ်။

Parasite ရဲ့ အမျိုးအစားကို ဘယ်လိုခွဲမလဲဗျ။

ဘွန်ဂျွန်းဟို
လူသား ဒရာမာဇာတ်ပေါ့ဗျာ၊ ဒါပေမယ့် ခေတ်ပြိုင်တွေနဲ့ စိမ့်ဝင်အားကောင်းတဲ့ တခုပေါ့။ ဇာတ်လမ်းက တမူထူးခြား ကွဲပြားခြားနား တဲ့ အနေအထားတွေ အစီအတန်းလိုက် ပါတယ်ဆိုပေမယ့်လည်း၊ လက်ရှိကမ္ဘာမှာ ကောင်းကောင်းဖြစ်နိုင်တဲ့ ဇာတ်လမ်းမျိုးလည်း ဖြစ်တယ်။ လူမှုကွန်ယက်တွေပေါ်၊ သတင်းတွေပေါ်မှာ ဖြစ်တဲ့ အဖြစ်တခုကို ယူထားတယ်လို့လည်း တမျိုးမြင်နိုင်ပါတယ်။ ဒါကြောင့် အဲ့အသိနဲ့ပဲ၊ ဒါဟာ လက်တွေ့ကျတဲ့ ဒရာမာဇာတ်လို့ ဆိုရမယ်၊ ဒါပေမယ့် တယောက်ယောက်က မှုခင်း ဒရာမာ၊ ဟာသ၊ ဝမ်းနည်းစရာ ​ဒရာမာ၊ ဒါမှမဟုတ် ကြောက်မက်ဖွယ် လျှို့ဝှက်သည်းဖို တို့ဘာတို့ ပြောရင်လည်း ကျွန်တော်တော့ ကန့်ကွက်မှာ မဟုတ်ဘူး။ ပရိသတ်တွေ မျှော်လင့်ထားတာတွေကို ချေပနိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားတယ်၊ Parasite က ဒီလိုပဲ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်တယ်။

Parasite ရဲ့ အလယ်က မိသားစုတွေက ဘယ်သူတွေလဲဗျ။

ဘွန်ဂျွန်းဟို 
သူတို့က အောက်ခြေမိသားစု၊ နေတာက စုတ်တီးစုတ်ပြတ်တဲ့ မြေအောက်တဝက်အခန်းမှာ၊ သာမန်ဘဝတခု ရဖို့ မျှော်လင့်နေတဲ့သူတွေပေါ့၊ ဘာမှထူးခြားတာမရှိဘူး – ဒါပေမယ့် ဒါတောင်မှ ရဖို့ တော်တော်ခက်နေတယ်။ အဖေ က စီးပွားကျတာမှအပုံလိုက်၊ အမေက အားကစားသမား အနေနဲ့ လေကျင့်လာတာ ထူးခြားပြီး အောင်မြင်တာမရှိ၊ သား နဲ့ သမီးက တက္ကသိုလ်ဝင်ခွင့်ကို ခဏခဏ ကျတဲ့သူတွေ။ 
သူတို့နဲ့ ပြောင်းပြန်၊ မစ္စတာပက်ခ်တို့ မိသားစုမှာ၊ မစ္စတာပက်ခ်က အိုင်တီလုပ်ငန်းတခုရဲ့ ဥက္ကဌ၊ ထူးချွန်တဲ့သူ၊ အလုပ် မတရား ကြိုးစားလုပ်ပြီး ချမ်းသာလာတယ်၊ သူ့မိန်းမက ငယ်ကလည်းငယ် ချောက​လည်းချော၊ ချစ်​ဖို့ကောင်းတဲ့ အထက်တန်းကျောင်းသူ သမီးလေးတယောက်နဲ့ သားငယ်လေး ရှိတယ်။ သူတို့ မိသားစုလေးယောက်ကိုတော့ ခေတ်သစ် မြို့ပြ လူတန်းစားရဲ့ စံပြအဖြစ် မြင်နိုင်တယ်။

ရုပ်ရှင်ထဲက လူတွေကို ဘယ်လိုရွေးခဲ့သလဲဆိုတာရယ်၊ နောက်က ဘာကြောင့်လဲဆိုတာရယ် ပြောပါဦး။

ဘွန်ဂျွန်းဟို 
ရုပ်ရှင်အတွက်က၊ တယောက်နဲ့တယောက် အချိတ်အဆက်မိမိနဲ့ အကျိုးထိရောက်တဲ့ သရုပ်ဆောင်အဖွဲ့၊ ဘောလုံးအသင်းလိုပေါ့၊ သရုပ်ဆောင်တွေကို စုဝေးပြီး ရွေးဖို့ကလည်း အရေးကြီးပါတယ်။ သူတို့က ပထမဦးဆုံးမှာပဲ မိသားစုတစုကို လေထဲ ​ပုံဖော်ကြည့်ဖို့လိုမယ်၊ ဒါကြောင့် အတွေးတွေအများကြီးကို ကျွန်တော်ချပြရတယ်။ ပထမဦးဆုံး ကျွန်တော်ရွေးလိုက်တဲ့ တယောက်က ဆောင်ကန်ဟိုပဲဗျ၊ ပြီးတော့ Okja ကို ချွိုင်ဝူရှစ် နဲ့ ရိုက်တုန်းက၊ ဆောင်ကန်ဟိုရဲ့ သား ငပိန် ဇာတ်ရုပ်နဲ့ဆို ရယ်ရမှာပဲ တွေးမိတယ်။ နောက်ပြီးတော့ ရုပ်ဆင်တဲ့ ပက်ခ်ဟိုဒမ်၊ သရုပ်ဆောင်ကောင်းတယ်၊ တမူကွဲပြားပြီး မှုန်မှုန်ဝါးဝါး အာရုံနဲ့ အရှိတရားကို ထွင်းဖောက်နိုင်တယ်၊ သူ့ကို ဝူရှစ်ရဲ့ ညီမနေရာအတွက် ရွေးလိုက်တယ်။ မိသားစုဝင်တွေကြား ရုပ်ပိုင်းဆိုင်ရာ အဆက်အစပ်ရှိတာဖော်ပြနိုင်ဖို့ သူတို့အချင်းချင်း ဆင်နေဖို့ကလည်း အရေးကြီးတယ်လေ။ မင်းသမီး ချန်ဟေးဂျင် အတွက်ကတော့ သူသရုပ်ဆောင်တဲ့ The World of Us ထဲက ကျစ်လစ်သိုသိပ်တဲ့ နေ့စဥ်ခွန်အားမျိုးတွေကို ကြိုက်တယ်၊ ဒါကြောင့် သူ့ကို ဆောင်ကန်ဟိုရဲ့ စွမ်းအားပြည့်ဝတဲ့ မိန်းမအဖြစ် ရွေးလိုက်တယ်။ 
ပက်ခ်မိသားစုအတွက်ကတော့၊ ခင်ဗျားတို့ ကိုရီယား တီဗွီ ဒရာမာတွေထဲကလို ခေါက်ရိုးကျိုး အထက်တန်းစား အလွှာပုံဖော်သလိုတော့ မလိုချင်ဘူး၊ အဲ့အစား၊ ယဥ်ကျေးမှုမြင့်မြင့်နဲ့ နူးနူးညံ့ညံ့ ပုံစံမျိုးလုပ်နိုင်မယ့် သရုပ်ဆောင်တွေ လိုလာတယ်၊ လီဆွန်းကျွန်းရဲ့ ရှုစုံထောင့်စုံ ညှို့​ဓာတ်ကို တော်တော်သဘောကျတယ်၊ အဲ့ဒီတော့ သူက မစ္စတာပက်ခ်ပေါ့။ ချိုယောင်ဂျောင်းအတွက်ဆိုရင်၊ သူက တော်တော်လှတဲ့ အပြည့်တူးမဖော်ရသေးတဲ့ စိန်တွင်းနက်နက်ကြီးတတွင်းလိုပဲ၊ ဒါကြောင့် သူ့ကို တစိတ်တပိုင်းအနေနဲ့ ဖော်ပြနိုင်ဖို့ ရွေးချယ်လိုက်တယ်။ ဒီရုပ်ရှင်က အဓိကဇာတ်ဆောင် တယောက်တည်းတော့ မဟုတ်ဘူး၊ ဒါကြောင့် သရုပ်ဆောင်တွေ တယောက်နဲ့တယောက် ဆက်ဆံတုန့်ပြန် နိုင်ဖို့က အရမ်း အရေးကြီးတယ်။ အဆုံးမှာတော့ သူတို့ အပိုင်း သူတို့ နိုင်အောင် ကပြသွားနိုင်တာကို သိပ်ကျေးဇူးတင်ရတယ်၊ အကွက်ညီညီ ကစားပြသွားနိုင်တဲ့ ဘောလုံးအသင်းတသင်းလိုပဲ။

ဘယ်လို ခေတ်ပေါ် လူမှုအဖွဲ့အစည်း ပုံရိပ်မျိုးက ခင်ဗျားကို ဒီရုပ်ရှင် ရိုက်ဖို့ ဖြစ်လာတာလဲဗျ

ဘွန်ဂျွန်းဟို 
ကျွန်တော်ထင်တာ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းရဲ့ အဆက်မပြတ်ဖြစ်နေတဲ့ အယူအဆနှစ်ခြမ်းကွဲတာနဲ့ မညီမျှမှု ကို ပုံဖော်နိုင်ဖို့ နည်းလမ်းတလမ်းက ဒီနတာ ဟာသ ပဲ၊ ​ကြေကွဲစရာ ပြက်လုံးပေါ့။ အရင်းရှင်းဝါဒ က မင်းမူနေတဲ့ ခေတ်ကြီးထဲ ကျွန်တော်တို့နေနေတာ၊ တခြား အပြောင်းအလဲ လည်းမရှိဘူးလေ။ ကိုရီးယားမှ မဟုတ်ဘူး၊ တကမ္ဘာလုံးက လစ်လျူရှုမရတဲ့ အရင်းရှင်စနစ် ​သက်ဝင်ယုံကြည်တဲ့ ရေသောက်မြစ်တွေရဲ့ အနေအထားတခု နဲ့ ရင်ဆိုင်နေရတာ။ တကယ့်ကမ္ဘာမှာတော့ ကျွန်တော်တို့ရဲ့ အလုပ်လက်မဲ့ အဓိကဇာတ်ဆောင်လေးယောက်လို မိသားစုပုံစံမျိုးတွေရှိတယ်၊ ပက်ခ်မိသားစုနဲ့တော့ တခြားစီ ဖြတ်လို့ကိုမရတာ။ တခုတည်းဖြစ်စဥ်က အတန်းအစားတွေကြား အလုပ်အကိုင်ခန့်ထားတာ၊ တယောက်ယောက်က ကျူတာဆရာ ဒါမှမဟုတ် အလုပ်သမား ငှားသလို။ အဲ့လိုကိစ္စမျိုးတွေမှာ အတန်းအစားနှစ်ခုဟာ ကပ်လျက်ထိစပ်နေပြီး တယောက် အသက်ရှုရတာ တယောက် ခံစားသိနားလည်လာတဲ့ အခိုက်အတန့်တွေရှိတယ်။ ဒီရုပ်ရှင်ထဲမှာ တဘက်နဲ့တဘက် မလိုမုန်းထားမှုတွေမပါပေမယ့်လည်း၊ အတန်းအစား နှစ်ခုလုံးဟာ ပက်ကြားအပ်တွေ၊ ပေါက်ကွဲမှုတွေဆီကို ဦးတည်ဖို့ လုံးဝ ချော်နိုင်မယ့် အနေအထားဆီ ဆွဲခေါ်ခံခဲ့ရတယ်။ 
ဒီနေ့ခေတ် အရင်းရှင် အဖွဲ့အစည်းတွေမှာ အဆင့်တွေနဲ့ လူတန်းစားခွဲခြားတဲ့စနစ်တွေကို သာမန်မမြင်နိုင်ဘူး။ ကျွန်တော်တို့က အသွင်ဖျောက်ပြီး အမြင်ကွယ်ရာမှာ ထားထားကြတယ်၊ အတိတ်ရဲ့ အကြွင်းအကျန်​လို ရာထူးဂုဏ်သိမ် အတန်းအစားကို အပေါ်ယံလျှပ်ကြည့်ကြတယ်၊ ဒါပေမယ့် အမှန်တရားက အဲ့ဒီမှာ ကျော်လို့ ဖြတ်လို့ မရတဲ့ အတန်းအစား စည်းမျဥ်းတွေရှိတယ်။ ကျွန်တော်ထင်တာက ဒီရုပ်ရှင်က ဒီနေ့ခေတ် တိုးသထက်တိုးလာတဲ့ အယူကွဲ အဖွဲ့အစည်းထဲမှာ အတန်းအစားနှစ်ရပ် အပြန်အလှန် ဖုတ်ဖက်ခါပေးရင်း ထွက်လာတဲ့ မလွဲမရှောင်သာ အက်ကြောင်းလေးတွေကို ပြတာပါပဲ။

ဒီရုပ်ရှင်ကနေ ကြည့်တဲ့သူတွေ ဘာများထွက်လာမလဲလို့ မျှော်လင့်သလဲ။

ဘွန်ဂျွန်းဟို 
ကြည့်တဲ့ ပရိသတ်တွေကို တွေးစရာအများကြီး ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက ​ရယ်လည်းရယ်ရတယ်၊ ကြောက်ဖို့လည်းကောင်းတယ်၊ ဝမ်းလည်းနည်းရတယ်။ ပြီးတော့ သောက်စရာတခုကို မျှသောက်ရသလိုပဲလို့ ခံစားမိစေလိမ့်မယ်၊ ကြည့်နေရင်းနဲ့ စိတ်ကူး အကြံဉာဏ်တွေပြောကြဆိုကြပါလိမ့်မယ်။ ဒီထက်တော့ ပိုပြီး မမျှော်လင့်ပါဘူး။

Matt


ပေါလ်ရှရေဒါ အင်တာဗျူး

First Reformed ရုပ်ရှင်ကို ရေးသားရိုက်ကူးခဲ့သူ ရုပ်ရှင်ဆရာ Paul Schrader ကို Filmmaker ရုပ်ရှင်စာစောင်ကနေ မေးခွန်းများ မေးမြန်းထားပါတယ်။ သူ့ရဲ့ ဖြေကြားပုံတွေဟာ စိတ်ဝင်စားစရာမို့လည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

Filmmaker : အယူဝါဒနွယ် ရုပ်ရှင်တကား ဖန်တီးဖို့ ခင်ဗျားကို ဘာကစိတ်ပါစေသလဲ။

Paul_Schrader
ဇာတ်ညွှန်းရေးသူတယောက်အနေနဲ့ မဖြစ်ခင်က၊ ကျွန်တော်ဟာ ဝေဖန်ရေးသမားတယောက်ဗျ။ ပြီးတော့ အယူဝါဒနဲ့ရုပ်ရှင်တွေအကြောင်းကို ရုပ်ရှင်ထဲမှ ရုပ်လွန်ဝါဒ ဆိုပြီး စာအုပ်တအုပ် ရေးခဲ့ဖူးတယ်၊ အခု ပြန်လည်ပုံနှိပ်ထားပါတယ်။ အဲ့ဒါကြောင့် ဒီလိုရုပ်ရှင်ဟာ ကျွန်တော် အမြဲစိတ်ဝင်စားနေမိတဲ့ အမျိုးအစားပါ။ တကယ်တော့ ဒီလို ရုပ်ရှင်မျိုး ဖန်တီးဖြစ်လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး၊ ကျွန်တော် ပိုပြီးကြိုက်တာ ခပ်ကြမ်းကြမ်း ရန်လိုတဲ့ စရိုက်မျိုးဗျ၊ တိုက်ခိုက်တာ စာနာတာ … အဲ့လိုမျိုးပေါ့။ (Transcendal Style in Film: Ozu, Bresson, Dreyer ခေါင်းစဉ်ဖြင့် စာအုပ်ထွက်ရှိထားသည်၊ ဂန္တဝင် ရုပ်ရှင်ဆရာများ ဖြစ်သော ဂျပန်လူမျိုး Yasajiro Ozu ၊ ပြင်သစ်လူမျိုး Robert Bresson နှင့် ဒိန်းမတ်လူမျိုး Carl Dreyer တို့၏ ရုပ်ရှင်ဟန်များကို လေ့လာဆန်းစစ်ထား၏။)

နောက်တော့ … နှစ်တွေကြာပါပြီ၊ Paul Pawlikowski နဲ့ ညစာစားနေခဲ့တာ… သူက သူ့ရုပ်ရှင် Ida အကြောင်းပြောတယ်ဗျာ။ ညစာပြီးတော့ လမ်းလျှောက်ရင် ကိုယ့်ကိုယ်ကိုယ် တွေးနေခဲ့တာ။ “မင်းသိလား၊ အချိန်ကျပြီ၊ ဒီလိုရုပ်ရှင်မျိုးရေးဖို့ မင်းအတွက် အချိန်ရောက်ပြီ” တခါတည်း ကိုယ့်သဘောကိုယ်ပေါက်တာနဲ့တင် လွယ်သွားတော့တာပဲ၊ ဒါပေမယ့် ငွေရေးကြေးရေးနဲ့လည်း ဆိုင်ရဦးမယ်လေ။ အခုခါမှာတော့ ဒီလိုရုပ်ရှင်ကို ရိုက်ကူးရတာဟာ ငွေရေးကြေးရေးအတွက် လွန်ခဲ့တဲ့ ဆယ်နှစ်ကလုပ်သလို မဟုတ်ဘဲနဲ့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဘတ်ဂျတ်ငွေကျတာ များလို့ပါ။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကဆို ဒီရုပ်ရှင်ကို ရက်လေးဆယ်လောက် အချိန်ယူရလိမ့်မယ်၊ ခုဆို ရက် နှစ်ဆယ်ပဲကြာမယ်ဗျာ။ ဒါက လုံးဝကွာသွားတဲ့ ငွေကြေး အမှန်ပဲ၊ အုပ်ချုပ်တဲ့ဘုတ်အဖွဲ့ရဲ့ တဖက်က ရုပ်ရှင်တွေအားလုံးကို အကျိုးသက်ရောက်တယ်။ ကောင်းတာကတော့ ရုပ်ရှင်တကားရိုက်ဖို့က လွယ်လာတယ်၊ ဆိုးတာက ပြဖို့ကလည်း မဖြစ်နိုင်တော့သလိုပဲ။

Filmmaker : Toller လိုလူရဲ့ အဓိကစရိုက်ကို ဘယ်လိုပြောမလဲ ။

Paul_Schrader
ဒီလူက ရောဂါတမျိုးရှိတယ်ဗျ၊ ကီရာကီဂတ် ပြောတဲ့ ဗျာဓိမှသည်မရဏဆီသို့ ဆိုသလိုပဲ၊ မျှော်လင့်ခြင်းကင်းမဲ့တာ၊ စိတ်အားငယ်လက်လျှော့တာ၊ လောကကိုစိတ်ပျက်တာတွေ ဖြစ်တယ်။ ဒီရောဂါမှာ သရုပ်သကန်တွေရှိတယ်။ ခရစ်ယာန်ဘုန်းတော်ဝတ်စုံက တခု၊ နေ့စဉ်မှတ်တမ်းက နောက်တခု၊ အရက်ကလည်း နောက်တခုပဲ၊ နောက်ဆုံး ပတ်ဝန်းကျင်က သူ့ စိတ်ဝိညာဉ် နာမကျန်းဖြစ်မှုရဲ့ သရုပ်သကန် တခုပဲ။ အဲ့တော့ သူက ဒီအကျိုးတရားတွေကို သူ့ကိုယ်သူပဲ ကူးစက်သင့်စေတယ်ဗျာ။ တကယ်တော့၊ ကူးစက်ပိုးတမျိုးကို တခြားသူတယောက်ဆီက ကောက်ယူတာပါပဲ၊ ပတ်ဝန်းကျင်သာမဟုတ်ခဲ့ဘူး ဆိုရင်တော့ တခြားတခုခုကြောင့်ပေါ့လေ။ (ဒိန်းမတ်လူမျိုး တွေးခေါ်ပညာရှင် Søren Kierkegaard သည် ၁၈၄၉ ခုနှစ်တွင် ရေးသားခဲ့သော The Sickness Unto Death အမည်ရှိ စာအုပ်ကိုရေးသားခဲ့ပါသည်။ ထိုစာအုပ်ကို ရုပ်ရှင်ဆရာ ပေါလ်ရှရေဒါ က ရည်ညွှန်းပြောဆိုခြင်းဖြစ်၏)

Mandatory Credit: Photo by Stephen Lovekin/Deadline/REX/Shutterstock (10010311a) Ethan Hawke and Paul Schrader A24 ‘First Reformed’ film presentation, Arrivals, The Contenders New York presented by Deadline, USA – 01 Dec 2018

Flimmaker : ရာသီဥတုပြောင်းလဲမှုကို ဇာတ်လမ်းရဲ့ ကဏ္ဍကြီးအနေနဲ့ ဘာကြောင့်ထည့်သွင်းဖြစ်လဲဗျ။

Paul_Schrader
ဘာသာရေးပညာရှင်တွေနဲ့ ဒဿနပညာရှင်တို့ဟာ ဒီအကြောင်း ဆွေးနွေးခဲ့ကြတာမှာ နှစ်ပေါင်း လေးထောင် ငါးထောင် လောက်တော့ရှိပါပြီ။ ခုတော့ အဲ့ဒီဆွေးနွေးချက်တွေ အားလုံးကို ရင်ဆိုင်တွေ့လာရတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အဲ့လိုဆွေးနွေးချက်တွေ ဆုံးခန်းတိုင်နေနိုင်တဲ့ လူသမိုင်းရဲ့ ထိပ်ဖျားတနေရာမှာ ရောက်နေပြီမို့လို့ပဲ။ ခင်ဗျားအနေနဲ့ စမေးမယ်ဗျာ၊ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူသားမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ လူဖြစ်ရတာရော ဘာအဓိပ္ပါယ်လဲ၊ အသိစိတ်ရှိရတာ ဘာအဓိပ္ပါယ်နဲ့လဲပေါ့။ နည်းနည်းမြှင့်ပြီး ကြည့်လိုက်၊ ဒီစကားပြောနေတာရဲ့ အဆုံးသတ်ကို တွေ့လိမ့်မယ်။ ဒါကြောင့် ရှင်သန်နေထိုင်ရတာဟာ စိတ်လှုပ်ရှားစရာ အချိန်ဖြစ်တယ်၊ ထိတ်လန့်စရာ တချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ရှေးဟောင်း ဘာသာရေးနဲ့ ဒဿနိကဆိုင်ရာ ငြင်းခုံမှုတွေ ယူပြီးတော့ နီယွန်မီးအောက်ထဲ ပစ်ထည့်လိုက်တာပဲ၊ အဲ့မှာ ခင်ဗျားကို စပြီး အလင်းထိုး အချက်ပြတော့တာဗျ။

Filmmaker : Travis Bickle က သူ့ကိုယ်သူ မှန်ထဲမှာပြောသလိုမျိုးကနေ Toller က မှတ်တမ်းရေးတဲ့အထိဗျာ၊ အငုံ့စိတ်ကို ပိတ်ကားပေါ်ပြသရတဲ့ သော့ချက်က ဘာဖြစ်မလဲ။

Paul_Schrader
အဲ့လို ရုပ်ရှင်တွေတော်တော်များများလည်း ပြီးသွားပါပြီ၊ ကျွန်တော်ကတော့ အဲ့လိုမျိုးကို တဘက်တည်းမြင်တဲ့ ရုပ်ရှင်မျိုးတွေလို့ ခေါ်တယ်၊ ဘာလို့လဲဆိုတော့ ဘဝကို အဲ့ဒီအတိုင်း ကြည့်နေရတာကိုး။ ခင်ဗျား ဇာတ်ကောင်ရဲ့ ဘဝကလွဲရင် တခြားသူတွေရဲ့ ဘဝကို မမြင်ရဘူးလေ၊ တခြားဘဝမှမရှိတာ။ တကယ်တော့ ခင်ဗျားသာ အငှားကားမောင်းတဲ့သူရဲ့ ဖြစ်တည်ခြင်းထက် နောက်ထပ် ဖြစ်တည်ခြင်းတခုကိုသာ မြင်ခဲ့မယ်ဆိုရင်၊ အကျိုးနည်းမှာပဲ။ ဒါကြောင့် လူတမျိုးတည်းကို ဦးတည်တယ်၊ မျှော်လင့်ရတာပေါ့လေ၊ ရည်ရွယ်တာက ကြည့်ရှုသူတွေကို စပြီး ကိုယ်ချင်းစာမိစေချင်လို့ပဲ၊ ဘာလို့ဆို ဒီလိုလုပ်လေ့ရှိတယ်မဟုတ်လား၊ ကြယ်တွေကြည့်ပြီး နက္ခတ်ဖွဲ့သလိုမျိူး။ ကြယ်တွေကြည့်ရင်တော့ ခွေးတကောင်၊ ခြငေ်္သ့တကောင် လို ဘယ်တူပါ့မလဲ၊ ကျွန်တော်တို့ စိတ်ထဲပုံဖော်ရတာပေါ့လေ။ အဲ့လိုနဲ့ ကျွန်တော်တို့က ကိုယ်ချင်းစာနာတဲ့ ဆက်ဆံရေးမျိုးကို သရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းတယ်ဗျာ။ ခင်ဗျား တခါတည်း လုပ်ပြီးတာနဲ့၊ ခင်ဗျား နားလည်သဘောပေါက်သွားတဲ့ လူတယောက်နဲ့ ထပ်တူကျသွားလိမ့်မယ်၊ အဲ့ ခင်ဗျား ကိုယ်ပိုင်လက္ခဏာနဲ့တော့ ညီတူမှာ မဟုတ်ဘူး။ အဲ့မှာ ကြည့်တဲ့သူတယောက် မျောဖို့ စိတ်ဝင်စားစရာကောင်းတာပဲ။ ဘာလို့ဆို သူတို့ ထွက်သွားဖို့ကလည်း အတော်ဝေးဝေးရောက်နေပြီလေ၊ ပြီးတော့ သတိမမှားမိအောင်လည်း စိတ်နှစ်ထားရတာ၊ ဒါပေမယ့် ဇာတ်ကောင်ရဲ့ အမှန်တရားကို သူတို့ ကြာကြာ ယုံကြည်နိုင်တော့မှာ မဟုတ်ပါဘူး။

Filmmaker : ရုပ်ရှင်ဂုရုကြီး မာတင် စကော်စေးစီးရဲ့ ပြီးခဲ့တဲ့ သက်ဝင်ယုံကြည်မှုဆိုင်ရာ ရုပ်ရှင် ဖြစ်တဲ့ Silence ကိုခင်ဗျား အမြင် တွေ ပြောပြပါဦး။

Paul_Schrader
တကယ်တော့၊ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ် သုံးဆယ်လောက်က သူ့ဆီကနေ အဲ့ဒီဇာတ်ညွှန်းကို ကျွန်တော် ခိုးဖို့ ကြိုးစားသေးတယ်ဗျ၊ ကျွန်တော့်ကို သူမိသွားလို့ပေါ့ဗျာ။ ဒီရုပ်ရှင်ကို အတိတ်မှာ အခြေတည်တာနဲ့ ပက်သက်လို့ သူ့မှာ ပြဿနာရှိပုံရတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို စာအုပ်ထဲရေးထားတဲ့ ဥပစာက အသုံးချဖို့ မဖြစ်တော့လို့ပဲ။ စာအုပ် ဥပစာက သာသနာပြုအဖွဲ့ရဲ့ အားထုတ်မှုဟာ ပင်ကိုယ်အားဖြင့် ကောင်းမွန်မှုဖြစ်တဲ့အကြောင်းပါ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ကတော့ ကျွန်တော်တို့ ယုံခဲ့တာပေါ့နော်၊ ခုတော့လည်း ဘယ်သူမှ အဲ့ဒါကို မယုံတော့ပါဘူး။ ခု လူတွေက သာသနာပြုအဖွဲ့တွေကို နယ်ချဲ့ကိုလိုနီစနစ် ရဲ့ ရှေ့ပြေးလို့ပဲ ထင်လာကြတာကိုး။ ဒါကြောင့် ဒီစာအုပ်က သာသနာပြုအဖွဲ့ရဲ့ အားထုတ်ခြင်းဟာ မွန်မြတ်တဲ့ကြိုးစားမှု ဖြစ်ကြောင်း သက်သေပြု အခိုင်အမာ ဆိုထားတယ်။ ဒါကို မာတီကြီးက ယုံကြည်ရုံတင်မက၊ ရုပ်ရှင်တွေတောင် ရိုက်ခဲ့သေးတယ်လေ။ Kundun (1997) နဲ့ The Last Temptation of Crist (1988) ဆိုပြီးတော့။ ငြင်းကြခုန်ကြသေးတယ်။ ဘယ်သူမှလည်း မနိုင်ဘူး။

Matt


First Reformed ႐ုပ္ရွင္ကို ေရးသားရိုက္ကူးခဲ့သူ ႐ုပ္ရွင္ဆရာ Paul Schrader ကို Filmmaker ႐ုပ္ရွင္စာေစာင္ကေန ေမးခြန္းမ်ား ေမးျမန္းထားပါတယ္။ သူ႕ရဲ႕ ေျဖၾကားပုံေတြဟာ စိတ္ဝင္စားစရာမို႔လည္း ျပန္လည္ေဖာ္ျပလိုက္ပါတယ္။

Filmmaker အယူဝါဒႏြယ္ ႐ုပ္ရွင္တကား ဖန္တီးဖို႔ ခင္ဗ်ားကို ဘာကစိတ္ပါေစသလဲ။

Paul_Schrader ဇာတ္ၫႊန္းေရးသူတေယာက္အေနနဲ႕ မျဖစ္ခင္က၊ ကြၽန္ေတာ္ဟာ ေဝဖန္ေရးသမားတေယာက္ဗ်။ ၿပီးေတာ့ အယူဝါဒနဲ႕႐ုပ္ရွင္ေတြအေၾကာင္းကို ႐ုပ္ရွင္ထဲမွ ႐ုပ္လြန္ဝါဒ ဆိုၿပီး စာအုပ္တအုပ္ ေရးခဲ့ဖူးတယ္၊ အခု ျပန္လည္ပုံႏွိပ္ထားပါတယ္။ အဲ့ဒါေၾကာင့္ ဒီလို႐ုပ္ရွင္ဟာ ကြၽန္ေတာ္ အၿမဲစိတ္ဝင္စားေနမိတဲ့ အမ်ိဳးအစားပါ။ တကယ္ေတာ့ ဒီလို ႐ုပ္ရွင္မ်ိဳး ဖန္တီးျဖစ္လိမ့္မယ္လို႔ မေတြးမိခဲ့ပါဘူး၊ ကြၽန္ေတာ္ ပိုၿပီးႀကိဳက္တာ ခပ္ၾကမ္းၾကမ္း ရန္လိုတဲ့ စရိုက္မ်ိဳးဗ်၊ တိုက္ခိုက္တာ စာနာတာ … အဲ့လိုမ်ိဳးေပါ့။ (Transcendal Style in Film: Ozu, Bresson, Dreyer ေခါင္းစဥ္ျဖင့္ စာအုပ္ထြက္ရွိထားသည္၊ ဂႏၱဝင္ ႐ုပ္ရွင္ဆရာမ်ား ျဖစ္ေသာ ဂ်ပန္လူမ်ိဳး Yasajiro Ozu ၊ ျပင္သစ္လူမ်ိဳး Robert Bresson ႏွင့္ ဒိန္းမတ္လူမ်ိဳး Carl Dreyer တို႔၏ ႐ုပ္ရွင္ဟန္မ်ားကို ေလ့လာဆန္းစစ္ထား၏။)

ေနာက္ေတာ့ … ႏွစ္ေတြၾကာပါၿပီ၊ Paul Pawlikowski နဲ႕ ညစာစားေနခဲ့တာ… သူက သူ႕႐ုပ္ရွင္ Ida အေၾကာင္းေျပာတယ္ဗ်ာ။ ညစာၿပီးေတာ့ လမ္းေလွ်ာက္ရင္ ကိုယ့္ကိုယ္ကိုယ္ ေတြးေနခဲ့တာ။ “မင္းသိလား၊ အခ်ိန္က်ၿပီ၊ ဒီလို႐ုပ္ရွင္မ်ိဳးေရးဖို႔ မင္းအတြက္ အခ်ိန္ေရာက္ၿပီ” တခါတည္း ကိုယ့္သေဘာကိုယ္ေပါက္တာနဲ႕တင္ လြယ္သြားေတာ့တာပဲ၊ ဒါေပမယ့္ ေငြေရးေၾကးေရးနဲ႕လည္း ဆိုင္ရဦးမယ္ေလ။ အခုခါမွာေတာ့ ဒီလို႐ုပ္ရွင္ကို ရိုက္ကူးရတာဟာ ေငြေရးေၾကးေရးအတြက္ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကလုပ္သလို မဟုတ္ဘဲနဲ႕ ျဖစ္နိုင္ပါတယ္။ ဘာေၾကာင့္ဆိုေတာ့ ဘတ္ဂ်တ္ေငြက်တာ မ်ားလို႔ပါ။ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ဆယ္ေက်ာ္ကဆို ဒီ႐ုပ္ရွင္ကို ရက္ေလးဆယ္ေလာက္ အခ်ိန္ယူရလိမ့္မယ္၊ ခုဆို ရက္ ႏွစ္ဆယ္ပဲၾကာမယ္ဗ်ာ။ ဒါက လုံးဝကြာသြားတဲ့ ေငြေၾကး အမွန္ပဲ၊ အုပ္ခ်ဳပ္တဲ့ဘုတ္အဖြဲ႕ရဲ႕ တဖက္က ႐ုပ္ရွင္ေတြအားလုံးကို အက်ိဳးသက္ေရာက္တယ္။ ေကာင္းတာကေတာ့ ႐ုပ္ရွင္တကားရိုက္ဖို႔က လြယ္လာတယ္၊ ဆိုးတာက ျပဖို႔ကလည္း မျဖစ္နိုင္ေတာ့သလိုပဲ။

Filmmaker Toller လိုလူရဲ႕ အဓိကစရိုက္ကို ဘယ္လိုေျပာမလဲ ။

Paul_Schrader ဒီလူက ေရာဂါတမ်ိဳးရွိတယ္ဗ်၊ ကီရာကီဂတ္ ေျပာတဲ့ ဗ်ာဓိမွသည္မရဏဆီသို႔ ဆိုသလိုပဲ၊ ေမွ်ာ္လင့္ျခင္းကင္းမဲ့တာ၊ စိတ္အားငယ္လက္ေလွ်ာ့တာ၊ ေလာကကိုစိတ္ပ်က္တာေတြ ျဖစ္တယ္။ ဒီေရာဂါမွာ သ႐ုပ္သကန္ေတြရွိတယ္။ ခရစ္ယာန္ဘုန္းေတာ္ဝတ္စုံက တခု၊ ေန႕စဥ္မွတ္တမ္းက ေနာက္တခု၊ အရက္ကလည္း ေနာက္တခုပဲ၊ ေနာက္ဆုံး ပတ္ဝန္းက်င္က သူ႕ စိတ္ဝိညာဥ္ နာမက်န္းျဖစ္မႈရဲ႕ သ႐ုပ္သကန္ တခုပဲ။ အဲ့ေတာ့ သူက ဒီအက်ိဳးတရားေတြကို သူ႕ကိုယ္သူပဲ ကူးစက္သင့္ေစတယ္ဗ်ာ။ တကယ္ေတာ့၊ ကူးစက္ပိုးတမ်ိဳးကို တျခားသူတေယာက္ဆီက ေကာက္ယူတာပါပဲ၊ ပတ္ဝန္းက်င္သာမဟုတ္ခဲ့ဘူး ဆိုရင္ေတာ့ တျခားတခုခုေၾကာင့္ေပါ့ေလ။ (ဒိန္းမတ္လူမ်ိဳး ေတြးေခၚပညာရွင္ Søren Kierkegaard သည္ ၁၈၄၉ ခုႏွစ္တြင္ ေရးသားခဲ့ေသာ The Sickness Unto Death အမည္ရွိ စာအုပ္ကိုေရးသားခဲ့ပါသည္။ ထိုစာအုပ္ကို ႐ုပ္ရွင္ဆရာ ေပါလ္ရွေရဒါ က ရည္ၫႊန္းေျပာဆိုျခင္းျဖစ္၏)

Flimmaker ရာသီဥတုေျပာင္းလဲမႈကို ဇာတ္လမ္းရဲ႕ ကဏ္႑ႀကီးအေနနဲ႕ ဘာေၾကာင့္ထည့္သြင္းျဖစ္လဲဗ်။

Paul_Schrader ဘာသာေရးပညာရွင္ေတြနဲ႕ ဒႆနပညာရွင္တို႔ဟာ ဒီအေၾကာင္း ေဆြးႏြေးခဲ့ၾကတာမွာ ႏွစ္ေပါင္း ေလးေထာင္ ငါးေထာင္ ေလာက္ေတာ့ရွိပါၿပီ။ ခုေတာ့ အဲ့ဒီေဆြးႏြေးခ်က္ေတြ အားလုံးကို ရင္ဆိုင္ေတြ႕လာရတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ အဲ့လိုေဆြးႏြေးခ်က္ေတြ ဆုံးခန္းတိုင္ေနနိုင္တဲ့ လူသမိုင္းရဲ႕ ထိပ္ဖ်ားတေနရာမွာ ေရာက္ေနၿပီမို႔လို႔ပဲ။ ခင္ဗ်ားအေနနဲ႕ စေမးမယ္ဗ်ာ၊ ဘဝရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ၊ လူသားမ်ိဳးႏြယ္ရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ၊ လူျဖစ္ရတာေရာ ဘာအဓိပၸါယ္လဲ၊ အသိစိတ္ရွိရတာ ဘာအဓိပၸါယ္နဲ႕လဲေပါ့။ နည္းနည္းျမႇင့္ၿပီး ၾကည့္လိုက္၊ ဒီစကားေျပာေနတာရဲ႕ အဆုံးသတ္ကို ေတြ႕လိမ့္မယ္။ ဒါေၾကာင့္ ရွင္သန္ေနထိုင္ရတာဟာ စိတ္လႈပ္ရွားစရာ အခ်ိန္ျဖစ္တယ္၊ ထိတ္လန႔္စရာ တခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ပတ္ဝန္းက်င္က ေရွးေဟာင္း ဘာသာေရးနဲ႕ ဒႆနိကဆိုင္ရာ ျငင္းခုံမႈေတြ ယူၿပီးေတာ့ နီယြန္မီးေအာက္ထဲ ပစ္ထည့္လိုက္တာပဲ၊ အဲ့မွာ ခင္ဗ်ားကို စၿပီး အလင္းထိုး အခ်က္ျပေတာ့တာဗ်။

Filmmaker Travis Bickle က သူ႕ကိုယ္သူ မွန္ထဲမွာေျပာသလိုမ်ိဳးကေန Toller က မွတ္တမ္းေရးတဲ့အထိဗ်ာ၊ အငုံ႕စိတ္ကို ပိတ္ကားေပၚျပသရတဲ့ ေသာ့ခ်က္က ဘာျဖစ္မလဲ။

Paul_Schrader အဲ့လို ႐ုပ္ရွင္ေတြေတာ္ေတာ္မ်ားမ်ားလည္း ၿပီးသြားပါၿပီ၊ ကြၽန္ေတာ္ကေတာ့ အဲ့လိုမ်ိဳးကို တဘက္တည္းျမင္တဲ့ ႐ုပ္ရွင္မ်ိဳးေတြလို႔ ေခၚတယ္၊ ဘာလို႔လဲဆိုေတာ့ ဘဝကို အဲ့ဒီအတိုင္း ၾကည့္ေနရတာကိုး။ ခင္ဗ်ား ဇာတ္ေကာင္ရဲ႕ ဘဝကလြဲရင္ တျခားသူေတြရဲ႕ ဘဝကို မျမင္ရဘူးေလ၊ တျခားဘဝမွမရွိတာ။ တကယ္ေတာ့ ခင္ဗ်ားသာ အငွားကားေမာင္းတဲ့သူရဲ႕ ျဖစ္တည္ျခင္းထက္ ေနာက္ထပ္ ျဖစ္တည္ျခင္းတခုကိုသာ ျမင္ခဲ့မယ္ဆိုရင္၊ အက်ိဳးနည္းမွာပဲ။ ဒါေၾကာင့္ လူတမ်ိဳးတည္းကို ဦးတည္တယ္၊ ေမွ်ာ္လင့္ရတာေပါ့ေလ၊ ရည္႐ြယ္တာက ၾကည့္ရႈသူေတြကို စၿပီး ကိုယ္ခ်င္းစာမိေစခ်င္လို႔ပဲ၊ ဘာလို႔ဆို ဒီလိုလုပ္ေလ့ရွိတယ္မဟုတ္လား၊ ၾကယ္ေတြၾကည့္ၿပီး နကၡတ္ဖြဲ႕သလိုမ်ိဴး။ ၾကယ္ေတြၾကည့္ရင္ေတာ့ ေခြးတေကာင္၊ ျခေင္္သ့တေကာင္ လို ဘယ္တူပါ့မလဲ၊ ကြၽန္ေတာ္တို႔ စိတ္ထဲပုံေဖာ္ရတာေပါ့ေလ။ အဲ့လိုနဲ႕ ကြၽန္ေတာ္တို႔က ကိုယ္ခ်င္းစာနာတဲ့ ဆက္ဆံေရးမ်ိဳးကို သ႐ုပ္ေဆာင္ေတြနဲ႕ ဖြဲ႕စည္းတယ္ဗ်ာ။ ခင္ဗ်ား တခါတည္း လုပ္ၿပီးတာနဲ႕၊ ခင္ဗ်ား နားလည္သေဘာေပါက္သြားတဲ့ လူတေယာက္နဲ႕ ထပ္တူက်သြားလိမ့္မယ္၊ အဲ့ ခင္ဗ်ား ကိုယ္ပိုင္လကၡဏာနဲ႕ေတာ့ ညီတူမွာ မဟုတ္ဘူး။ အဲ့မွာ ၾကည့္တဲ့သူတေယာက္ ေမ်ာဖို႔ စိတ္ဝင္စားစရာေကာင္းတာပဲ။ ဘာလို႔ဆို သူတို႔ ထြက္သြားဖို႔ကလည္း အေတာ္ေဝးေဝးေရာက္ေနၿပီေလ၊ ၿပီးေတာ့ သတိမမွားမိေအာင္လည္း စိတ္ႏွစ္ထားရတာ၊ ဒါေပမယ့္ ဇာတ္ေကာင္ရဲ႕ အမွန္တရားကို သူတို႔ ၾကာၾကာ ယုံၾကည္နိုင္ေတာ့မွာ မဟုတ္ပါဘူး။

Filmmaker ႐ုပ္ရွင္ဂု႐ုႀကီး မာတင္ စေကာ္ေစးစီးရဲ႕ ၿပီးခဲ့တဲ့ သက္ဝင္ယုံၾကည္မႈဆိုင္ရာ ႐ုပ္ရွင္ ျဖစ္တဲ့ Silence ကိုခင္ဗ်ား အျမင္ ေတြ ေျပာျပပါဦး။

Paul_Schraderတကယ္ေတာ့၊ လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ဆယ္ သုံးဆယ္ေလာက္က သူ႕ဆီကေန အဲ့ဒီဇာတ္ၫႊန္းကို ကြၽန္ေတာ္ ခိုးဖို႔ ႀကိဳးစားေသးတယ္ဗ်၊ ကြၽန္ေတာ့္ကို သူမိသြားလို႔ေပါ့ဗ်ာ။ ဒီ႐ုပ္ရွင္ကို အတိတ္မွာ အေျခတည္တာနဲ႕ ပက္သက္လို႔ သူ႕မွာ ျပႆနာရွိပုံရတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ဘာလို႔ဆို စာအုပ္ထဲေရးထားတဲ့ ဥပစာက အသုံးခ်ဖိဳ႕ မျဖစ္ေတာ့လို႔ပဲ။ စာအုပ္ ဥပစာက သာသနာျပဳအဖြဲ႕ရဲ႕ အားထုတ္မႈဟာ ပင္ကိုယ္အားျဖင့္ ေကာင္းမြန္မႈျဖစ္တဲ့အေၾကာင္းပါ။ လြန္ခဲ့တဲ့ ႏွစ္ငါးဆယ္ေလာက္ကေတာ့ ကြၽန္ေတာ္တို႔ ယုံခဲ့တာေပါ့ေနာ္၊ ခုေတာ့လည္း ဘယ္သူမွ အဲ့ဒါကို မယုံေတာ့ပါဘူး။ ခု လူေတြက သာသနာျပဳအဖြဲ႕ေတြကို နယ္ခ်ဲ့ကိုလိုနီစနစ္ ရဲ႕ ေရွ႕ေျပးလို႔ပဲ ထင္လာၾကတာကိုး။ ဒါေၾကာင့္ ဒီစာအုပ္က သာသနာျပဳအဖြဲ႕ရဲ႕ အားထုတ္ျခင္းဟာ မြန္ျမတ္တဲ့ႀကိဳးစားမႈ ျဖစ္ေၾကာင္း သက္ေသျပဳ အခိုင္အမာ ဆိုထားတယ္။ ဒါကို မာတီႀကီးက ယုံၾကည္႐ုံတင္မက၊ ႐ုပ္ရွင္ေတြေတာင္ ရိုက္ခဲ့ေသးတယ္ေလ။ Kundun (1997) နဲ႕ The Last Temptation of Crist (1988) ဆိုၿပီးေတာ့။ ျငင္းၾကခုန္ၾကေသးတယ္။ ဘယ္သူမွလည္း မနိုင္ဘူး။

Matt

ဘီဂန် နှင့် အင်တာဗျူး

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က ကျနော် ရုပ်ရှင်ကားတစ်ကား ကြည့်ဖြစ်တယ်။ တအားကြီး မျှော်လင့်ထားပြီး ကြည့်ဖြစ်တဲ့ ရုပ်ရှင်မျိုးတော့ မဟုတ်ဘူး။ Facebook ပေါ်မှာ အဲဒီကားရဲ့ still လေးတွေတင်ထားတဲ့ post တွေ တွေ့တွေ့နေပြီး အဲ့ပုံတွေကလည်း လှတာနဲ့ မဆိုးလောက်ဘူးထင်လို့ ကြည့်ဖြစ်လိုက်တဲ့ သဘောမျိုးပါပဲ။ ပုံတွေ မတွေ့ခင်တုန်းက ဒီကားရှိမှန်းတောင် ကျနော် မသိဘူး။ ကြည့်ပြီးတော့ တော်တော်ကို သဘောကျမိတယ်။ ဒီရက်ပိုင်းထဲ နောက်တစ်ခေါက် ပြန်ကြည့်ဖြစ်တယ်။ ရုပ်ရှင်ထဲက မိနစ်၃၀ကျော်လောက်ကြာတဲ့ long shot ကြီးက နောက်တစ်ခေါက်အထိကို ခမ်းနားနေတုန်း။ ရုပ်ရှင်နာမည်က Kaili Blues တဲ့။ 2015 မှာ ထွက်တယ်။ တရုတ်ရုပ်ရှင်ပါ။ ဒါရိုက်တာကလည်း တရုတ်။ နာမည်က Bi Gan တဲ့။ တာကော့စကီးရဲ့ Stalker ကြောင့် ဒါရိုက်တာဖြစ်လာတဲ့ဘဲ။ ဒါရိုက်တာတစ်ယောက်ဟာ အသက်အပိုင်းအခြား ဘယ်လောက်မှာ ရှိနေရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိပေမယ့် ဒီဘဲကတော့ ဒီလိုရုပ်ရှင်မျိုးတွေရိုက်ဖို့အတွက် ငယ်သေးတယ်ပဲ ပြောရမယ်။ အခုမှ အသက် 30 ပဲရှိသေးတယ်။ Kaili Blues ရိုက်တုန်းကဆို 24 ,25 ပတ်ဝန်းကျင်ပဲ ရှိဦးမလားမသိ။ Kaili Blues က သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ရုပ်ရှင်။ အခုမှ feature နှစ်ကားပဲ ရိုက်ရသေးတယ်။ နောက်တစ်ကားက 2018 ထဲထွက်တဲ့ Long Day’s Journey Into Night။ အဲဒီရုပ်ရှင်လည်း မိုက်တာပဲ။ ဒါပေမယ့် ကျနော်ကတော့ Kaili Blues ကို ပိုငြိတယ်။

Bi Gan ကို တစ်ချို့က cinema ရဲ့ အနာဂတ်လို့တောင် ပြောကြတယ်။ သူကလည်း ငယ်သေးတာကိုး။ ” Modern cinema is Bi Gan ” ဆိုတဲ့ ညွှန်းဆိုမှုတွေလည်း ရှိတယ်။ ရုပ်ရှင်ဂရုတစ်ခုမှာ တွေ့တာကတော့ Bi Gan ရယ် တူရကီ ဒါရိုက်တာ Nuri Bilge Ceylanရယ် ကို ခေတ်ပြိုင်ရုပ်ရှင်ရဲ့ အကျယ်ဆုံး အသံနှစ်သံ၊ ပေါက်ကွဲအား အပြင်းထန်ဆုံး ဗုံးနှစ်လုံးပါတဲ့။ Ceylan ကတော့ ထားပါတော့။ သူဘယ်လောက်ဂျွတ်မှန်း အကုန်သိပါတယ်။ ဒါပေမယ့် Bi Gan ကို judge လုပ်ဖို့တော့ စောဦးမယ်ထင်တယ်။ ဒါတွေက ကျနော်မြင်ခဲ့သမျှ သူ့အပေါ် praise ထားတာတွေပေါ့။ ဒါတွေအားလုံးက သူ့အမြင်ကိုယ့်အမြင်တွေဆိုတော့ subjective ဖြစ်ပါတယ်။ ကျနော်ကတော့ အဲလို တံဆိပ်တွေလျှောက်မကပ်ချင်ဘူး။ သေချာတာတစ်ခုကတော့ Bi Gan က အနုပညာပိုင်း ချွတ်ခြုံကျမှုတွေနဲ့ မရှူနိုင်မကယ်နိုင် ဖြစ်နေတဲ့ တရုတ်ပြည်မကြီး ရုပ်ရှင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်တစ်ခု ဆိုတာပါပဲ။ သူနဲ့ Jia Zhangke က တရုတ်ရုပ်ရှင်ရဲ့ အသက်ငွေ့ငွေ့လေးတွေပဲ။ Bi Gan ရဲ့ ရုပ်ရှင်တွေက မျောတယ်။ လှတယ်။ အိပ်မက်ဆန်တယ်။ အိပ်မက်ဆန်တယ် ဆိုတာက ကိုယ်က အိပ်မက်မက်နေရသလိုမျိုးထက် သူများ အိပ်မက်ကို screen ပေါ်မှာ ကြည့်နေရတဲ့ ခံစားမှုမျိုးလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ နောက်ပြီး သူ့ရုပ်ရှင်တွေက ကဗျာတစ်ပုဒ် ဖတ်လိုက်ရသလိုပဲ။ တစ်ခုထက်ပိုတဲ့၊ အမျိုးအမည်မသိတဲ့ ခံစားမှုတွေ ပေးနိုင်တယ်။ ရုပ်ရှင်ပြီးတဲ့အချိန် ရင်ထဲဟာသွားတဲ့ ခံစားချက်နဲ့ တစ်ပြိုင်ထဲ စိတ်ကျေနပ်မှု တစ်စုံတရာလည်း ခံစားရတယ်။ ဒါတွေကြောင့် Bi Gan ကို ကြိုက်တယ်။ စိတ်ဝင်စားဖိုေ့ကာင်းတာက သူ့ရုပ်ရှင်တွေထဲမှာပါတဲ့ အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်နဲ့ အိပ်မက်ကို ခြားထားတဲ့ နယ်နိမိတ်မျဉ်းလေးက ပါးပါးလေးရယ်။ အချိန်မရွေး နှစ်ဘက်က တစ်ဘက်ဘက်ကို ကျွံကျသွားနိုင်သလို မျဉ်းပေါ်မှာလည်း ရှိနေနိုင်တယ်။ သူ့ရုပ်ရှင်နှစ်ကားမှာ ခပ်ဆင်ဆင်တူတဲ့ theme လေးတွေလည်း ရှိတယ်။ တစစီ ပြန့်ကျဲနေတဲ့ ဇာတ်ကြောင်းပြောပုံနဲ့ ဇာတ်ကြောင်းတည်ဆောက်ပုံကလည်း မှတ်မှတ်ရရပဲ။ သူ့ဇာတ်လမ်းတွေကို puzzle ဆက်သလို လိုက်ဆက်ကြည့်လို့ မရဘူး။ အလိုက်သင့်လေး မျောသွားရုံကလွဲလို့ ရုပ်ရှင်ကြည့်သူတွေဖို့ တခြားမတတ်နိုင်ဘူး။ နောက်ထပ် ထင်ထင်ရှားရှားကတော့ မှတ်ဥာဏ်(memory)နဲ့ အချိန်(time)ကို ကစားထားတာရယ်၊ သူ့မွေးရပ်မြေ Kaili မြို့က ရုပ်ရှင်တွေရဲ့ narration ထဲကို ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်နေတာရယ်။ သူ့ရုပ်ရှင်နှစ်ကားက Kaili မြို့ကို ရည်ညွှန်းတဲ့ ရည်းစားစာနှစ်စောင်လို့ ပြောရင်လည်း ရမယ်ထင်တယ်။ သူ့ရုပ်ရှင်တွေ မစရသေးဘူးဆိုရင် စမ်းကြည့်စေချင်တယ်။ နှစ်ကားပဲ ထွက်ရသေးတာပါ။ အောက်မှာတော့ Criterion နဲ့ Bi Gan အင်တာဗျူး (Lucid Dreams: A Conversation With Bi Gan )ကို ဘာသာပြန်ထားပါတယ်။ တစ်ချက်လောက် ဖတ်ကြည့်ပေးပါဦး။

Criterion : ခင်ဗျား Kaili မြို့ မှာ လူလားမြောက်ခဲ့တုန်းက art film တွေကြည့်ဖို့ ဘယ်လိုအခွင့်အရေးမျိုးတွေ ရခဲ့သလဲဗျ။

Bi Gan : မရခဲ့ပါဘူး။ ငယ်ဘဝက ရုပ်ရှင်ရုံသွားတာနဲ့ ပတ်သတ်လို့ ကျနော့်မှတ်ဥာဏ်တွေထဲ မှတ်မှတ်ထင်ထင် အဖြစ်ဆုံးကတော့ စတီဗင်ချောင်ကားတွေ သွားကြည့်တာပဲ။ ကျနော် စတီဗင်ချောင်ကို ကြိုက်တာက သူ့ရုပ်ရှင်တွေထဲမှာပါတဲ့ ကလေးဆန်တဲ့ အရွှန်းဖောက်မှုလေးတွေကြောင့်လို့ပဲ ပြောရမယ်ထင်တယ်။ ကျနော့် မွေးရပ်မြေ မြို့လေးမှာ ရုပ်ရှင်ရုံတစ်ရုံရှိတယ်။ ရုပ်ရှင်ကားတွေကို VHS တိပ်တွေနဲ့ပြတဲ့ ပြခန်းသေးသေးလေးလည်း ရှိတယ်။ အဲဒီမှာ ပြတဲ့ရုပ်ရှင်တွေက ကျနော် အမှတ်မမှားဘူးဆိုရင် ဟောင်ကောင်ရုပ်ရှင်တွေချည်းပါပဲ။ တိုက်တန်းနစ် တစ်ကားပဲ ခြွင်းချက်အနေနဲ့ ပြဖူးတာ။ ကျန်တာ ဟောင်ကောင်ရုပ်ရှင်တွေပဲ။ အဲဒီအချိန် ပတ်ဝန်းကျင်လောက်မှာပဲ ကျနော့်အဖေနဲ့အမေက ကွာရှင်းဖို့ တာဆူနေကြပြီ။ သူတို့ကြားထဲမှာ အဖုအထစ်တွေ ဖြစ်နေတာ တစ်နှစ် နှစ်နှစ်လောက်ရှိပြီ။ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နည်းလမ်းတွေထဲမှာ ကျနော့်ကို ရုပ်ရှင်ရုံကို ခေါ်ခေါ်သွားတာလည်းပါတယ်။ ဘာတွေဖြစ်နေလဲ ကျနော်လည်း ရေရေရာရာ မသိဘူးဗျာ။ ရုပ်ရှင်ရုံနဲ့ ရုပ်ရှင်တွေကပဲ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်းနှုတ်ဆက်လမ်းခွဲဖို့အတွက် ကြားခံနယ်တွေ၊ နည်းလမ်းတွေ ဖြစ်လာတာပါပဲ။

Criterion : ခင်ဗျားရုပ်ရှင်တွေမှာ ပြင်းထန်အားကောင်းတဲ့ ရသခံစားမှု အသားပေးတာတွေ ပါတယ်နော်။ အနုပညာအပါ် တိမ်းညွှတ်မှုက ခင်ဗျားမှာ အရင်ထဲက ရှိခဲ့တာလား။

Bi Gan : အထက်တန်းကျောင်း ရောက်မှဗျ။ ကောလိပ်ဝင်ခွင့်အတွက် ပြင်ဆင်နေတဲ့ အချိန်ကျမှ အနုပညာဆိုတာကြီးကို စစိတ်ဝင်စားလာတာ။ ကျနော် လေလွင့်နေပြီး ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ အချိန်မျိုးမှာ အနုပညာကို စတွေ့လာတာပဲ။ လူတော်တော်များများလည်း အဲလို အချိန်မျိုးမှာ အနုပညာနဲ့ ရင်းရင်းနှီးနှီး စထိတွေ့တာလို့ ထင်တယ်။ ထွက်ပေါက်သဘောမျိုးပေါ့။ ကျနော် Taiyuan မှာ ကောလိပ်သွားတက်တယ်။ ဘာလို့လဲဆိုတော့ ကျနော့်မွေးရပ်မြေ Kaili နဲ့ တတ်နိုင်သမျှ ဝေးချင်လို့။ ဝေးချင်တယ် ဆိုတာက ကျနော်ဒီမြို့သေးသေးလေးမှာ နေရတဲ့ လူနေမှုဘဝကို မကြိုက်လို့ မဟုတ်ပါဘူး။ ကျနော်ဒီမှာ အကြာကြီး နေပြီးပြီလို့ ခံစားရလို့ပါ။ ထွက်ရမယ့် အချိန်ရောက်ပြီပေါ့။ ကျနော် တီဗီဇာတ်လမ်းတွေအတွက် ရေးပေးရတဲ့ မေဂျာ အထူးပြုယူပါတယ်။ အတန်းလည်း သိပ်မတက်ဖြစ်ဘူး။ အဲဒီအချိန်တွေမှာ ကျနော် ရုပ်ရှင်တွေကိုပဲ ရှာဖွေနေမိတယ်။ ပထမဦးဆုံး ကျနော် စိတ်ဝင်စားမိတာက တိရစ္ဆာန်တွေနဲ့ ပတ်သတ်တဲ့ မှတ်တမ်းရုပ်ရှင်တွေပဲဗျ။ Quill လို့ခေါ်တဲ့ ဂျပန်ရုပ်ရှင်လေးတစ်ကား တော်တော်ကြိုက်မိတယ်။ လမ်းပြခွေးလေးတစ်ကောင် အကြောင်းပေါ့။ ငါလည်းဒီလိုရုပ်ရှင်မျိုး ရိုက်ရမယ်လို့တောင် စဉ်းစားမိသေး။ ပြီးတော့ ကျနော် တာကော့ဗ်စကီးကို ရှာတွေ့သွားတယ်။ ကျနော့်လမ်းကြောင်းကို လုံးလုံး ပြောင်းလဲသွားစေခဲ့တဲ့အထိ ကျနော့်အပေါ် လွှမ်းမိုးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာတွေကိုပါ ကျနော် ရှာတွေ့လာခဲ့တယ်။

Criterion : ရိုက်ချက်ရှည် (long take) တွေကို အနုပညာဆိုင်ရာ စိန်ခေါ်မှုတစ်ခု အနေနဲ့ ဘယ်လိုဖြစ်လို့ ခင်ဗျားထပ်ခါထပ်ခါ သုံးဖြစ်နေလဲ။ Kaili Blues နဲ့ Long Day’s Journey Into Night ထဲမှာ long take တွေကို ခင်ဗျားနည်း ခင်ဗျားဟန်တွေနဲ့ တီထွင်ဆန်းသစ်စွာ သုံးပြီးထဲက အဲဒါတွေက ခင်ဗျားရဲ့ အမှတ်လက္ခဏာလို ဖြစ်သွားတာပဲနော်။

Bi Gan : ဒါတွေရဲ့ အစကိုပြောရရင် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေ မဟုတ်တဲ့ အပြင်လူတွေကို ရုပ်ရှင်ထဲ ကျနော်ထည့်ရိုက်တာနဲ့ပဲ စရမယ်ထင်တယ်။ Kaili Blues ထဲမှာတောင် ကျနော့်ဦးလေးပါသေး။ သူတို့တွေနဲ့ အလုပ်လုပ်နေတဲ့ အချိန်မှာ သူတို့ လွတ်လွတ်လပ်လပ် သရုပ်ဆောင်နိုင်ဖို့၊ သူ့တို့ကိုယ်သူတို့ ဖော်ပြနိုင်ဖို့အတွက် သူတို့ကို နေရာလွတ်များများပေးနိုင်ရင် ပိုအဆင်ပြေမယ်လို့ ကျနော်ထင်တယ်။ ဒီအတွက် long take တွေက အရေးပါတယ်။ နောက်ပြီး Hou Hsiao-hsien ရဲ့ long take တွေကလည်း ကျနော့်အပေါ် တော်တော်လွှမ်းမိုးခဲ့တယ်။ အထူးသဖြင့် Goodbye South, Goodbye ထဲက long take တွေ။ long take တွေကို သူဘယ်လို အနှစ်သာရ ပြည့်ပြည့် အသုံးပြုနိုင်တယ်ဆိုတာကို ကျနော် သိပ်သဘောကျတယ်။ Hou က ကျနော်ဒါရိုက်တာတစ်ယောက် ဖြစ်ဖို့ ယုံကြည်မှုတွေ ပေးခဲ့တဲ့ လူတစ်ယောက်ပါပဲ။ ကျနော် အဲဒီအချိန်တုန်းက ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တော်တော်များများက နိုင်ငံခြားဘာသာစကားပြောတွေ များတယ်။ စာတန်းထိုးတွေဘာတွေ သိပ်ရှာရခက်တာ။ ဒီတော့ ကျနော့်မှာ ရုပ်ရှင်ကနေရနိုင်တဲ့ ရသခံစားမှုတွေ၊ အလှတရားတွေနဲ့၊ နောက်ပြီး cinematography ရယ်ကို ပိုအာရုံစိုက်ပြီး ကြည့်ဖြစ်တယ်။ ကျနော် Hou ရဲ့ ရုပ်ရှင်တွေကို ကြည့်တုန်းက ဘာသာစကားက ပြဿနာတစ်ခု အနေနဲ့ ရှိမနေဘူး။ သူ့ရုပ်ရှင်တွေထဲမှာ universal ကျတဲ့ အသိပညာတစ်ခုခု ရှိနေတယ်လို့ ကျနော်ခံစားရတယ်။

Criterion : ခင်ဗျားရုပ်ရှင်နှစ်ကားမှာ တူတာလေးတွေ ရှိပေမယ့် တစ်ကားနဲ့ တစ်ကား အတိုင်းအဆ ပမာဏချင်းတော့ တော်တော်ကွာတယ်နော်။ ဘက်ဂျက်ပိုင်းအရရော၊ နည်းပညာပိုင်း စွန့်စားမှုအရရောပေါ့။ Long Day’s က Kaili ထက်စာရင် ပိုစျေးကြီးပြီး ပိုကြီးကျယ်တယ်လို့ ခံစားရတယ်။ ခင်ဗျားရော production လုပ်နေရင်း အဲ့ခြားနားမှုကို ခံစားမိလား ကျနော်သိချင်မိတယ်။

Bi Gan : နည်းပညာပိုင်းမှာတော့ Long Day’s က ကျနော့်အတွက် ခြေလှမ်းအကြီးကြီး တစ်ခုပဲ။ ကျနော် အမြဲစဉ်းစားနေမိတာ တစ်ခုရှိတယ်။ ကဗျာနဲ့ ရုပ်ရှင်ရဲ့ အကြီးမားဆုံး ကွာခြားချက်က ရုပ်ရှင်အတွက်၊ တစ်နည်းအားဖြင့် စခရင်ပေါ် တင်ဖို့အတွက်ဆို ခင်ဗျားမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီးလိုလိမ့်မယ် ဆိုတာပဲ။ ” The Poet & Singer ” လို့ခေါ်တဲ့ ဇာတ်လမ်းတိုလေး ကျနော်ရိုက်တုန်းကဆို ကျနော့်မှာ ရုပ်ရှင်ဖန်တီးမှု အတတ်ပညာနဲ့ ပတ်သတ်တဲ့ နည်းပညာပိုင်းဆိုင်ရာအသိတွေ ဘာမှကို ရေရေရာရာ မရှိသေးဘူး။ ပိုက်ဆံကလည်း လက်ထဲ ယွမ်နည်းနည်း လောက်ပဲရှိတာ။ ဓာတ်ပုံရော၊ ဗီဒီယိုပါရိုက်လို့ရတဲ့ ကင်မရာတစ်လုံးတော့ ရှိတယ်။ အဲဒီအချိန် ချက်ချင်းဆိုသလိုပဲ ကျနော်နည်းပညာပိုင်းကို ထဲထဲဝင်ဝင် စိတ်ဝင်စားလာတယ်။ အင်တာနက်ပေါ်ကနေ ရှာကြည့်ဖြစ်တယ်။ ရုပ်ထွက် ကြည်ကြည်လင်လင်နဲ့ ဘယ်လိုရိုက်ရမလဲ၊ အဲအတွက် ဘာတွေလိုလဲ ကြံဆတယ်။ Kaili Blues ရိုက်တုန်းက နည်းပညာသာ ဒီထက်ပိုကောင်းရင် ငါ ရုပ်ရှင်ရဲ့ အသေးစိတ်အပိုင်းတွေအထိ ဖမ်းဆုပ်နိုင်မှာပဲလို့ ကျနော် သဘောပေါက်မိတယ်။ ဒါပေမယ့် ပိုက်ဆံလေးနှစ်ပဲတစ်ပြားလောက်နဲ့ ရိုက်ရတော့ နည်းပညာပိုင်းမှာတော့ ထင်သလောက် ကြီးကြီးကျယ်ကျယ် ဖြစ်မလာဘူးပေါ့။ ကျနော့် အနုပညာစံနှုန်းကို စိန်ခေါ်မှုတွေကြားထဲမှာ ထိနိးသိမ်းဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တော်တော်များများကို ကျနော်ကုန်ဆုံးတယ်။ ကျနော် အရာအားလုံးကို လုပ်ဖို့မတတ်နိုင်ဘူး ဆိုတာလည်း ကျနော် သိတယ်။ ဒီတော့ တစ်ခါတလေကျ ကျနော့်ရဲ့ အနုပညာအမြင် တစ်ခုကို မိမိရရ ဖမ်းဆုပ်နိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုကို စွန့်လွှတ်လိုက်ရတာမျိုးတွေ ရှိလာတယ်။ Long Day’s ရိုက်နေတုန်းက အရင်ထက် ပိုမြင့်တဲ့ နည်းပညာပိုင်း အဆင့်တစ်ခုကို ကျနော် မျှော်လင့်ခဲ့တယ်။ ခင်ဗျား စိတ်ကူးကြည့်နိုင်ပါတယ်။ ခင်ဗျားဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲ အကြိမ်ပေါင်းများစွာ လုပ်ပြီးရင် နောက်အခေါက်တွေလုပ်တဲ့အခါမျိုးကြ အဲဒီအလုပ်ရဲ့ ရလဒ်က တဖြည်းဖြည်းနဲ့ ပိုကောင်းလာတာပဲ။ ရုပ်ရှင်တစ်ကားနဲ့ တစ်ကား အတိုင်းအဆ ပမာဏ ကွာခြားမှုကလည်း ကျနော့်အတွက် စိန်ခေါ်မှုတွေ ဖြစ်စေတယ်။ Kaili Blues နဲ့ Long Day’s က scale ချင်း မတူဘူးရယ်။ ကျနော်အရင်က လုပ်ခဲ့ဖူးတဲ့ ထုတ်လုပ်ရေးမျိုးနဲ့ ကွာခြားတဲ့ ထုတ်လုပ်ရေးမျိုးနဲ့ ကြုံရတယ်။ တားမြစ်ကန့်သတ်ချက်တွေလည်း ပိုများလာတယ်။ ကျနော် အရင်က အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ စက်အဖွဲ့မျိုးနဲ့ ဘာမှမဆိုင်တဲ့ စက်အဖွဲ့မျိုး၊ လူရာပေါင်းများစွာပါတဲ့ စက်အဖွဲ့အမျိုးနဲ့ အတူတူ အလုပ်တွဲလုပ်ရတယ်။ အရင် စက်အဖွဲ့က လူလေးနှစ်ယောက်တစ်ပိုင်းနဲ့ သေးသေးလေး။ ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့ ရုပ်ရှင်ဖန်တီးမှုအပေါ်ထားတဲ့ သဘောထားကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။ ဆက်တင်မှာတော့ ကျနော် ဖြစ်သလို ပေါ့ပေါ့ပါးပါးနေတယ်။ ပွင့်ပွင့်လင်းလင်းနေတယ်။ လိုက်လျောညီထွေ ဖြစ်အောင်လည်း နေတယ်။ စက်အဖွဲ့ဝင်တွေ ကျနော့်ရဲ့ ဒီလိုအပြုအမူတွေကြောင့် စိတ်မသက်မသာ ဖြစ်မှုတွေ ခံစားရခဲ့တယ်လို့ ထင်တယ်။ ခင်ဗျားက ဇာတ်ဝင်ခန်းတစ်ခု အတွက် ဆက်တင်ပြင်ဆင်ဖို့ စောင့်နေတဲ့အချိန် ဆိုပါစို့၊ ခင်ဗျားနဲ့ အတူတူစောင့်နေတဲ့ စက်အဖွဲ့ဝင်က ရာကျော်ဗျား။ လက်တစ်ဆုပ်စာလေး မဟုတ်ဘူး။

Criterion : ဒါဆို ခင်ဗျားက အတိုင်းအတာ ပမာဏသေးတဲ့ ပရောဂျက်တွေကို ပိုသဘောကျတယ်ပေါ့။

Bi Gan : အတိုင်းအဆ ကြီးလေ လုပ်ရကိုင်ရတာတွေက ပိုရှုပ်ထွေးလေပဲ။ အဲလို ရှုပ်ထွေးမှုတွေကြောင့် နောက်ဆုံး အပြီးသပ်ထွက်လာမယ့် လက်ရာက နည်းနည်းမသေမသပ် ဖြစ်နိုင်တယ်ဗျ။ ဒါကြောင့် ကျနော့်အရင်က လက်ရာတွေကိုပဲ ကျနော် ပိုသဘောကျတယ်။ ဇာတ်လမ်းတိုလေးဆို ခင်ဗျား လုပ်ရကိုင်ရ ပိုဂွင်ကျယ်မယ်။ အနုစိတ်လို့ ရသေးတယ်။ လှသထက်လှအောက် တောက်ပြောင်သထက် တောက်ပြောင်အောင် အရောင်တင်လို့ ရသေးတယ်။ ဘာပဲဖြစ်ဖြစ် မပြောင်းလဲတာ တစ်ခုက ကျနော့်ရုပ်ရှင်တွေထဲမှာ ကျနော်ပြန်ရှာဖွေနေတဲ့ အရာတွေပဲ။ ကျနော့် ရုပ်ရှင်တွေအပေါ် ကျနော့်ရဲ့ ချဉ်းကပ်မှုက အမြဲတူတူပဲ။ တစ်ကားနဲ့ တစ်ကားကြားမှာ ကွာသွားတဲ့ အချိန်ဆိုတာ မရှိခဲ့သလိုမျိုး။ ကျနော့် မှတ်ဥာဏ်တွေက ဒီရုပ်ရှင်တွေထဲမှာပဲ အမြဲ တဝဲလည်လည် ဖြစ်နေတယ်။ ကျနော် ဒီရုပ်ရှင်တွေ ဖန်တီးတုန်းက ကြုံခဲ့ရတဲ့ အခက်အခဲပေါင်းများစွာကို ပြန်တွေးမိတိုင်း ငါ ဇအရမ်းရှိခဲ့ပါလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် လေးစားမိပါရဲ့။

Criterion : Long Day’s Journey Into Night မာကတ်တင်းကြောင့် တရုတ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့တာနဲ့ ပတ်သတ်ပြီးရော ခင်ဗျား ဘယ်လိုခံစားရလဲ။ တရုတ်ရဲ့ လက်ရှိ art cinema နဲ့ ပတ်သတ်လို့ သင်ခန်းစာ တစုံတရာများ ဒီကိစ္စနဲ့နွယ်ပြီး ခင်ဗျားရခဲ့သေးလား။

Bi Gan : ရုပ်ရှင်တစ်ကား စျေးကွက်ထဲ ဝင်လာပြီဆို ချန်နယ်တွေကနေတစ်ဆင့် ပရိသတ်တွေကသိတယ်။ ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲ ဆိုတဲ့ သိမှုမျိုးနဲ့ သိတာတော့မဟုတ်ဘူး။ ကျနော်တို့လည်း ရုပ်ရှင်ကို စိတ်ဝင်စားစရာ ကောင်းမယ်လို့ ကျနော်တို့ထင်တဲ ပုံစံမျိုးနဲ့ပဲ ကြော်ငြာတာပဲ။ ပြီးတော့ သိပ်မကြာပါဘူး။ ဒီ မာကတ်တင်းကြီးက ပျံ့သွားရော။ အငြင်းပွားမှုတွေ ဖြစ်လာတာကတော့ သိပ်အံ့ဩစရာ မရှိပါဘူး။ ဒါက ကျနော်အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုတောင် ဖြစ်နေသေး။ ဒီကိစ္စကြောင့် လူတော်တော်များများအတွက် အနုပညာဆိုတာ မလိုဘူးလို့တောင် ကျနော်တွေးမိသေးတယ်။ သူတို့အတွက် ရုပ်ရှင်ဆိုတာ လှုပ်ရှားမှုတွေ စုထားတဲ့ အရာတစ်ခုပဲ။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ နောက်ပြီး တရုတ်မှာလည်း Art films တွေအတွက် နေရာမရှိဘူး။ နေရာပေးစရာလည်း မလိုပါဘူး။ Art films တွေ ရပ်တည်နိုင်ဖို့ နိုင်ငံတကာ စျေးကွက်က ရှိနေတာပဲကို။ ငွေရေးကြေးရေးပိုင်းနဲ့ ပတ်သတ်လို့တော့ အခြေအနေက ပိုကောင်းလာတယ်။ ဒါပေမယ့် ဒီအတိုင်းပဲ ဆက်သွားမလား ဆိုတာကိုတော့ ကျနော်လည်း သေချာမပြောတတ်သေးဘူး။ ကျနော် Kaili Blues ရိုက်တုန်းကဆို ယွမ် 30,000 ပတ်ဝန်းကျင်လေးနဲ့ ကြောင်ပျောက်နေတာ။ အခုတော့ ပိုက်ဆံစကားက ပြောစရာ မလိုတော့ပါဘူး။ လူတွေက ရုပ်ရှင်တွေကို ငွေပင်ငွေရင်း မတည်ပေးဖို့ နည်းလမ်းတွေ ရှာလာကြပြီ။ စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုတော့ ငွေစိုက်ထုတ်ပေးမယ့် ငွေရှင်ကြေးရှင်အချို့က ရုပ်ရှင်တွေအကြောင်း အဲ့လောက် ရေရေရာရာ မသိတာပဲဗျ။

Criterion : ခင်ဗျား အပေါ်မှာ ပြောခဲ့တယ်နော်။ ရုပ်ရှင်က ခင်ဗျားရဲ့ မိသားစုအရေးမှာ တစ်စိတ်တစ်ဒေသ ပါခဲ့တယ်ဆိုတာ။ ကျနော်သိချင်တာက ခင်ဗျားရုပ်ရှင်တွေ အပေါ် ခင်ဗျားမိသားစု အမြင်တွေ ဘယ်လိုရှိမလဲ။ တရုတ်က သာမန်ပရိသတ်တွေ Long Day’s အပေါ်မြင်တဲ့ အမြင်မျိုးတွေပဲ ဖြစ်နေမလား။

Bi Gan : ကျနော့် မိဘတွေမျိုးဆက်က တီဗီပဲ ကြည့်ကြတဲ့ မျိုးဆက်ဗျ။ Kaili မှာ အချိန်အကြာကြီးအထိ ရုပ်ရှင်ရုံ မရှိခဲ့တာကြောင့်လည်း ပါမယ်။ ကျနော့် short film ကိုတော့ သူတို့ တီဗီက ကြည့်ခဲ့တာတွေနဲ့ တော်တော်ကွာတယ်လို့ ထင်ကြတယ်။ ကျနော် Kaili Blues ရိုက်နေတုန်းက “ဟာ..ဒီကောင်တော့..အတည်တွေ ချနေပြီလို့” သူတို့မြင်တယ်။ ဒါပေမယ့် ကျနော်လုပ်နေတာတွေက တန်ဖိုးမရှိဘူးလို့လည်း သူတို့ ခံစားရသေးတယ်တဲ့။ ဘယ်လိုလည်းတော့ မသိဘူး။ ရုပ်ရှင်လည်း ရိုက်လို့အပြီး၊ ရုံတွေဘာတွေလည်းတင်ပြီးတော့ ကျနော်ဘာတွေရိုက်မှန်း သူတို့ နားမလည်ပေမယ့် ကျနော့်အပေါ် နည်းနည်းတော့ လေးစားလာတယ်ဗျ။ ကျနော့်ရုပ်ရှင်တွေက နည်းနည်းတော့ ခေါင်းမူးတယ်လို့ သူတို့ပြောတယ်။ အဆုံးသတ်ကျတော့ သူတို့လည်း သာမန်ရုပ်ရှင် ပရိသတ်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် မိသားစုဆိုတဲ့အသိလေးနဲ့ ရင်ဘတ်ထဲလာတဲ့ နွေးထွေးမှုမျိုးတော့ ရှိတာပေါ့။ ကျနော့် အင်တာဗျူးတွေ ဖတ်တာကြောင့်မို့လို့လား မသိဘူး။ သူတို့က သာမန်ရုပ်ရှင်ကြည့် ပရိသတ်တွေထက် long take ဆိုတာဘာလဲ ပိုနားလည်တယ်ဗျ။

Long Day’s Journey Into Night မာကတ်တင်း ကြောင့်ပွဲဆူခဲ့တဲ့ backlash အကြောင်း သိချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်ဗျ

https://www.theguardian.com/film/2019/jan/02/chinese-arthouse-film-breaks-box-office-records-marketing-bi-gan-long-days-journey-into-night

zmh


လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္က က်ေနာ္ ႐ုပ္ရွင္ကားတစ္ကား ၾကည့္ျဖစ္တယ္။ တအားႀကီး ေမွ်ာ္လင့္ထားၿပီး ၾကည့္ျဖစ္တဲ့ ႐ုပ္ရွင္မ်ိဳးေတာ့ မဟုတ္ဘူး။ Facebook ေပၚမွာ အဲဒီကားရဲ႕ still ေလးေတြတင္ထားတဲ့ post ေတြ ေတြ႕ေတြ႕ေနၿပီး အဲ့ပုံေတြကလည္း လွတာနဲ႕ မဆိုးေလာက္ဘူးထင္လို႔ ၾကည့္ျဖစ္လိုက္တဲ့ သေဘာမ်ိဳးပါပဲ။ ပုံေတြ မေတြ႕ခင္တုန္းက ဒီကားရွိမွန္းေတာင္ က်ေနာ္ မသိဘူး။ ၾကည့္ၿပီးေတာ့ ေတာ္ေတာ္ကို သေဘာက်မိတယ္။ ဒီရက္ပိုင္းထဲ ေနာက္တစ္ေခါက္ ျပန္ၾကည့္ျဖစ္တယ္။ ႐ုပ္ရွင္ထဲက မိနစ္၃၀ေက်ာ္ေလာက္ၾကာတဲ့ long shot ႀကီးက ေနာက္တစ္ေခါက္အထိကို ခမ္းနားေနတုန္း။ ႐ုပ္ရွင္နာမည္က Kaili Blues တဲ့။ 2015 မွာ ထြက္တယ္။ တ႐ုတ္႐ုပ္ရွင္ပါ။ ဒါရိုက္တာကလည္း တ႐ုတ္။ နာမည္က Bi Gan တဲ့။ တာေကာ့စကီးရဲ႕ Stalker ေၾကာင့္ ဒါရိုက္တာျဖစ္လာတဲ့ဘဲ။ ဒါရိုက္တာတစ္ေယာက္ဟာ အသက္အပိုင္းအျခား ဘယ္ေလာက္မွာ ရွိေနရမယ္ဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳး မရွိေပမယ့္ ဒီဘဲကေတာ့ ဒီလို႐ုပ္ရွင္မ်ိဳးေတြရိုက္ဖို႔အတြက္ ငယ္ေသးတယ္ပဲ ေျပာရမယ္။ အခုမွ အသက္ 30 ပဲရွိေသးတယ္။ Kaili Blues ရိုက္တုန္းကဆို 24 ,25 ပတ္ဝန္းက်င္ပဲ ရွိဦးမလားမသိ။ Kaili Blues က သူ႕ရဲ႕ ပထမဦးဆုံး ပြဲဦးထြက္႐ုပ္ရွင္။ အခုမွ feature ႏွစ္ကားပဲ ရိုက္ရေသးတယ္။ ေနာက္တစ္ကားက 2018 ထဲထြက္တဲ့ Long Day’s Journey Into Night။ အဲဒီ႐ုပ္ရွင္လည္း မိုက္တာပဲ။ ဒါေပမယ့္ က်ေနာ္ကေတာ့ Kaili Blues ကို ပိုၿငိတယ္။

Bi Gan ကို တစ္ခ်ိဳ႕က cinema ရဲ႕ အနာဂတ္လို႔ေတာင္ ေျပာၾကတယ္။ သူကလည္း ငယ္ေသးတာကိုး။ ” Modern cinema is Bi Gan ” ဆိုတဲ့ ၫႊန္းဆိုမႈေတြလည္း ရွိတယ္။ ႐ုပ္ရွင္ဂ႐ုတစ္ခုမွာ ေတြ႕တာကေတာ့ Bi Gan ရယ္ တူရကီ ဒါရိုက္တာ Nuri Bilge Ceylanရယ္ ကို ေခတ္ၿပိဳင္႐ုပ္ရွင္ရဲ႕ အက်ယ္ဆုံး အသံႏွစ္သံ၊ ေပါက္ကြဲအား အျပင္းထန္ဆုံး ဗုံးႏွစ္လုံးပါတဲ့။ Ceylan ကေတာ့ ထားပါေတာ့။ သူဘယ္ေလာက္ဂြၽတ္မွန္း အကုန္သိပါတယ္။ ဒါေပမယ့္ Bi Gan ကို judge လုပ္ဖို႔ေတာ့ ေစာဦးမယ္ထင္တယ္။ ဒါေတြက က်ေနာ္ျမင္ခဲ့သမွ် သူ႕အေပၚ praise ထားတာေတြေပါ့။ ဒါေတြအားလုံးက သူ႕အျမင္ကိုယ့္အျမင္ေတြဆိုေတာ့ subjective ျဖစ္ပါတယ္။ က်ေနာ္ကေတာ့ အဲလို တံဆိပ္ေတြေလွ်ာက္မကပ္ခ်င္ဘူး။ ေသခ်ာတာတစ္ခုကေတာ့ Bi Gan က အႏုပညာပိုင္း ခြၽတ္ၿခဳံက်မႈေတြနဲ႕ မရႉနိုင္မကယ္နိုင္ ျဖစ္ေနတဲ့ တ႐ုတ္ျပည္မႀကီး ႐ုပ္ရွင္ကို က်ားကန္ေပးထားတဲ့ ေထာက္တိုင္တစ္ခု ဆိုတာပါပဲ။ သူနဲ႕ Jia Zhangke က တ႐ုတ္႐ုပ္ရွင္ရဲ႕ အသက္ေငြ႕ေငြ႕ေလးေတြပဲ။ Bi Gan ရဲ႕ ႐ုပ္ရွင္ေတြက ေမ်ာတယ္။ လွတယ္။ အိပ္မက္ဆန္တယ္။ အိပ္မက္ဆန္တယ္ ဆိုတာက ကိုယ္က အိပ္မက္မက္ေနရသလိုမ်ိဳးထက္ သူမ်ား အိပ္မက္ကို screen ေပၚမွာ ၾကည့္ေနရတဲ့ ခံစားမႈမ်ိဳးလို႔ ေျပာရင္ပိုမွန္မယ္ထင္တယ္။ ေနာက္ၿပီး သူ႕႐ုပ္ရွင္ေတြက ကဗ်ာတစ္ပုဒ္ ဖတ္လိုက္ရသလိုပဲ။ တစ္ခုထက္ပိုတဲ့၊ အမ်ိဳးအမည္မသိတဲ့ ခံစားမႈေတြ ေပးနိုင္တယ္။ ႐ုပ္ရွင္ၿပီးတဲ့အခ်ိန္ ရင္ထဲဟာသြားတဲ့ ခံစားခ်က္နဲ႕ တစ္ၿပိဳင္ထဲ စိတ္ေက်နပ္မႈ တစ္စုံတရာလည္း ခံစားရတယ္။ ဒါေတြေၾကာင့္ Bi Gan ကို ႀကိဳက္တယ္။ စိတ္ဝင္စားဖိုေ့ကာင္းတာက သူ႕႐ုပ္ရွင္ေတြထဲမွာပါတဲ့ အျဖစ္အပ်က္ေတြရဲ႕ အျဖစ္မွန္နဲ႕ အိပ္မက္ကို ျခားထားတဲ့ နယ္နိမိတ္မ်ဥ္းေလးက ပါးပါးေလးရယ္။ အခ်ိန္မေ႐ြး ႏွစ္ဘက္က တစ္ဘက္ဘက္ကို ကြၽံက်သြားနိုင္သလို မ်ဥ္းေပၚမွာလည္း ရွိေနနိုင္တယ္။ သူ႕႐ုပ္ရွင္ႏွစ္ကားမွာ ခပ္ဆင္ဆင္တူတဲ့ theme ေလးေတြလည္း ရွိတယ္။ တစစီ ျပန့္က်ဲေနတဲ့ ဇာတ္ေၾကာင္းေျပာပုံနဲ႕ ဇာတ္ေၾကာင္းတည္ေဆာက္ပုံကလည္း မွတ္မွတ္ရရပဲ။ သူ႕ဇာတ္လမ္းေတြကို puzzle ဆက္သလို လိုက္ဆက္ၾကည့္လို႔ မရဘူး။ အလိုက္သင့္ေလး ေမ်ာသြား႐ုံကလြဲလို႔ ႐ုပ္ရွင္ၾကည့္သူေတြဖို႔ တျခားမတတ္နိုင္ဘူး။ ေနာက္ထပ္ ထင္ထင္ရွားရွားကေတာ့ မွတ္ဥာဏ္(memory)နဲ႕ အခ်ိန္(time)ကို ကစားထားတာရယ္၊ သူ႕ေမြးရပ္ေျမ Kaili ၿမိဳ႕က ႐ုပ္ရွင္ေတြရဲ႕ narration ထဲကို ထဲထဲဝင္ဝင္ ပါဝင္ပတ္သတ္ေနတာရယ္။ သူ႕႐ုပ္ရွင္ႏွစ္ကားက Kaili ၿမိဳ႕ကို ရည္ၫႊန္းတဲ့ ရည္းစားစာႏွစ္ေစာင္လို႔ ေျပာရင္လည္း ရမယ္ထင္တယ္။ သူ႕႐ုပ္ရွင္ေတြ မစရေသးဘူးဆိုရင္ စမ္းၾကည့္ေစခ်င္တယ္။ ႏွစ္ကားပဲ ထြက္ရေသးတာပါ။ ေအာက္မွာေတာ့ Criterion နဲ႕ Bi Gan အင္တာဗ်ဴး (Lucid Dreams: A Conversation With Bi Gan )ကို ဘာသာျပန္ထားပါတယ္။ တစ္ခ်က္ေလာက္ ဖတ္ၾကည့္ေပးပါဦး။

Criterion : ခင္ဗ်ား Kaili ၿမိဳ႕ မွာ လူလားေျမာက္ခဲ့တုန္းက art film ေတြၾကည့္ဖို႔ ဘယ္လိုအခြင့္အေရးမ်ိဳးေတြ ရခဲ့သလဲဗ်။

Bi Gan : မရခဲ့ပါဘူး။ ငယ္ဘဝက ႐ုပ္ရွင္႐ုံသြားတာနဲ႕ ပတ္သတ္လို႔ က်ေနာ့္မွတ္ဥာဏ္ေတြထဲ မွတ္မွတ္ထင္ထင္ အျဖစ္ဆုံးကေတာ့ စတီဗင္ေခ်ာင္ကားေတြ သြားၾကည့္တာပဲ။ က်ေနာ္ စတီဗင္ေခ်ာင္ကို ႀကိဳက္တာက သူ႕႐ုပ္ရွင္ေတြထဲမွာပါတဲ့ ကေလးဆန္တဲ့ အ႐ႊန္းေဖာက္မႈေလးေတြေၾကာင့္လို႔ပဲ ေျပာရမယ္ထင္တယ္။ က်ေနာ့္ ေမြးရပ္ေျမ ၿမိဳ႕ေလးမွာ ႐ုပ္ရွင္႐ုံတစ္႐ုံရွိတယ္။ ႐ုပ္ရွင္ကားေတြကို VHS တိပ္ေတြနဲ႕ျပတဲ့ ျပခန္းေသးေသးေလးလည္း ရွိတယ္။ အဲဒီမွာ ျပတဲ့႐ုပ္ရွင္ေတြက က်ေနာ္ အမွတ္မမွားဘူးဆိုရင္ ေဟာင္ေကာင္႐ုပ္ရွင္ေတြခ်ည္းပါပဲ။ တိုက္တန္းနစ္ တစ္ကားပဲ ႁခြင္းခ်က္အေနနဲ႕ ျပဖူးတာ။ က်န္တာ ေဟာင္ေကာင္႐ုပ္ရွင္ေတြပဲ။ အဲဒီအခ်ိန္ ပတ္ဝန္းက်င္ေလာက္မွာပဲ က်ေနာ့္အေဖနဲ႕အေမက ကြာရွင္းဖို႔ တာဆူေနၾကၿပီ။ သူတို႔ၾကားထဲမွာ အဖုအထစ္ေတြ ျဖစ္ေနတာ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ရွိၿပီ။ သူတို႔ ျပႆနာေတြကို ေျဖရွင္းဖို႔ ႀကိဳးစားတဲ့ နည္းလမ္းေတြထဲမွာ က်ေနာ့္ကို ႐ုပ္ရွင္႐ုံကို ေခၚေခၚသြားတာလည္းပါတယ္။ ဘာေတြျဖစ္ေနလဲ က်ေနာ္လည္း ေရေရရာရာ မသိဘူးဗ်ာ။ ႐ုပ္ရွင္႐ုံနဲ႕ ႐ုပ္ရွင္ေတြကပဲ သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႕ တစ္ေယာက္ အခ်င္းခ်င္းႏႈတ္ဆက္လမ္းခြဲဖို႔အတြက္ ၾကားခံနယ္ေတြ၊ နည္းလမ္းေတြ ျဖစ္လာတာပါပဲ။

Criterion : ခင္ဗ်ား႐ုပ္ရွင္ေတြမွာ ျပင္းထန္အားေကာင္းတဲ့ ရသခံစားမႈ အသားေပးတာေတြ ပါတယ္ေနာ္။ အႏုပညာအပၚ တိမ္းၫႊတ္မႈက ခင္ဗ်ားမွာ အရင္ထဲက ရွိခဲ့တာလား။

Bi Gan : အထက္တန္းေက်ာင္း ေရာက္မွဗ်။ ေကာလိပ္ဝင္ခြင့္အတြက္ ျပင္ဆင္ေနတဲ့ အခ်ိန္က်မွ အႏုပညာဆိုတာႀကီးကို စစိတ္ဝင္စားလာတာ။ က်ေနာ္ ေလလြင့္ေနၿပီး ဘာျဖစ္ခ်င္လို႔ ျဖစ္ခ်င္မွန္းမသိ၊ ဘာလုပ္လို႔ လုပ္ရမွန္းမသိတဲ့ အခ်ိန္မ်ိဳးမွာ အႏုပညာကို စေတြ႕လာတာပဲ။ လူေတာ္ေတာ္မ်ားမ်ားလည္း အဲလို အခ်ိန္မ်ိဳးမွာ အႏုပညာနဲ႕ ရင္းရင္းႏွီးႏွီး စထိေတြ႕တာလို႔ ထင္တယ္။ ထြက္ေပါက္သေဘာမ်ိဳးေပါ့။ က်ေနာ္ Taiyuan မွာ ေကာလိပ္သြားတက္တယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ့္ေမြးရပ္ေျမ Kaili နဲ႕ တတ္နိုင္သမွ် ေဝးခ်င္လို႔။ ေဝးခ်င္တယ္ ဆိုတာက က်ေနာ္ဒီၿမိဳ႕ေသးေသးေလးမွာ ေနရတဲ့ လူေနမႈဘဝကို မႀကိဳက္လို႔ မဟုတ္ပါဘူး။ က်ေနာ္ဒီမွာ အၾကာႀကီး ေနၿပီးၿပီလို႔ ခံစားရလို႔ပါ။ ထြက္ရမယ့္ အခ်ိန္ေရာက္ၿပီေပါ့။ က်ေနာ္ တီဗီဇာတ္လမ္းေတြအတြက္ ေရးေပးရတဲ့ ေမဂ်ာ အထူးျပဳယူပါတယ္။ အတန္းလည္း သိပ္မတက္ျဖစ္ဘူး။ အဲဒီအခ်ိန္ေတြမွာ က်ေနာ္ ႐ုပ္ရွင္ေတြကိုပဲ ရွာေဖြေနမိတယ္။ ပထမဦးဆုံး က်ေနာ္ စိတ္ဝင္စားမိတာက တိရစ္ဆာန္ေတြနဲ႕ ပတ္သတ္တဲ့ မွတ္တမ္း႐ုပ္ရွင္ေတြပဲဗ်။ Quill လို႔ေခၚတဲ့ ဂ်ပန္႐ုပ္ရွင္ေလးတစ္ကား ေတာ္ေတာ္ႀကိဳက္မိတယ္။ လမ္းျပေခြးေလးတစ္ေကာင္ အေၾကာင္းေပါ့။ ငါလည္းဒီလို႐ုပ္ရွင္မ်ိဳး ရိုက္ရမယ္လို႔ေတာင္ စဥ္းစားမိေသး။ ၿပီးေတာ့ က်ေနာ္ တာေကာ့ဗ္စကီးကို ရွာေတြ႕သြားတယ္။ က်ေနာ့္လမ္းေၾကာင္းကို လုံးလုံး ေျပာင္းလဲသြားေစခဲ့တဲ့အထိ က်ေနာ့္အေပၚ လႊမ္းမိုးခဲ့တဲ့ ႐ုပ္ရွင္ဒါရိုက္တာေတြကိုပါ က်ေနာ္ ရွာေတြ႕လာခဲ့တယ္။

Criterion : ရိုက္ခ်က္ရွည္ (long take) ေတြကို အႏုပညာဆိုင္ရာ စိန္ေခၚမႈတစ္ခု အေနနဲ႕ ဘယ္လိုျဖစ္လို႔ ခင္ဗ်ားထပ္ခါထပ္ခါ သုံးျဖစ္ေနလဲ။ Kaili Blues နဲ႕ Long Day’s Journey Into Night ထဲမွာ long take ေတြကို ခင္ဗ်ားနည္း ခင္ဗ်ားဟန္ေတြနဲ႕ တီထြင္ဆန္းသစ္စြာ သုံးၿပီးထဲက အဲဒါေတြက ခင္ဗ်ားရဲ႕ အမွတ္လကၡဏာလို ျဖစ္သြားတာပဲေနာ္။

Bi Gan : ဒါေတြရဲ႕ အစကိုေျပာရရင္ ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္ေတြ မဟုတ္တဲ့ အျပင္လူေတြကို ႐ုပ္ရွင္ထဲ က်ေနာ္ထည့္ရိုက္တာနဲ႕ပဲ စရမယ္ထင္တယ္။ Kaili Blues ထဲမွာေတာင္ က်ေနာ့္ဦးေလးပါေသး။ သူတို႔ေတြနဲ႕ အလုပ္လုပ္ေနတဲ့ အခ်ိန္မွာ သူတို႔ လြတ္လြတ္လပ္လပ္ သ႐ုပ္ေဆာင္နိုင္ဖို႔၊ သူ႕တို႔ကိုယ္သူတို႔ ေဖာ္ျပနိုင္ဖို႔အတြက္ သူတို႔ကို ေနရာလြတ္မ်ားမ်ားေပးနိုင္ရင္ ပိုအဆင္ေျပမယ္လို႔ က်ေနာ္ထင္တယ္။ ဒီအတြက္ long take ေတြက အေရးပါတယ္။ ေနာက္ၿပီး Hou Hsiao-hsien ရဲ႕ long take ေတြကလည္း က်ေနာ့္အေပၚ ေတာ္ေတာ္လႊမ္းမိုးခဲ့တယ္။ အထူးသျဖင့္ Goodbye South, Goodbye ထဲက long take ေတြ။ long take ေတြကို သူဘယ္လို အႏွစ္သာရ ျပည့္ျပည့္ အသုံးျပဳနိုင္တယ္ဆိုတာကို က်ေနာ္ သိပ္သေဘာက်တယ္။ Hou က က်ေနာ္ဒါရိုက္တာတစ္ေယာက္ ျဖစ္ဖို႔ ယုံၾကည္မႈေတြ ေပးခဲ့တဲ့ လူတစ္ေယာက္ပါပဲ။ က်ေနာ္ အဲဒီအခ်ိန္တုန္းက ၾကည့္ျဖစ္ခဲ့တဲ့ ႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက နိုင္ငံျခားဘာသာစကားေျပာေတြ မ်ားတယ္။ စာတန္းထိုးေတြဘာေတြ သိပ္ရွာရခက္တာ။ ဒီေတာ့ က်ေနာ့္မွာ ႐ုပ္ရွင္ကေနရနိုင္တဲ့ ရသခံစားမႈေတြ၊ အလွတရားေတြနဲ႕၊ ေနာက္ၿပီး cinematography ရယ္ကို ပိုအာ႐ုံစိုက္ၿပီး ၾကည့္ျဖစ္တယ္။ က်ေနာ္ Hou ရဲ႕ ႐ုပ္ရွင္ေတြကို ၾကည့္တုန္းက ဘာသာစကားက ျပႆနာတစ္ခု အေနနဲ႕ ရွိမေနဘူး။ သူ႕႐ုပ္ရွင္ေတြထဲမွာ universal က်တဲ့ အသိပညာတစ္ခုခု ရွိေနတယ္လို႔ က်ေနာ္ခံစားရတယ္။

Criterion : ခင္ဗ်ား႐ုပ္ရွင္ႏွစ္ကားမွာ တူတာေလးေတြ ရွိေပမယ့္ တစ္ကားနဲ႕ တစ္ကား အတိုင္းအဆ ပမာဏခ်င္းေတာ့ ေတာ္ေတာ္ကြာတယ္ေနာ္။ ဘက္ဂ်က္ပိုင္းအရေရာ၊ နည္းပညာပိုင္း စြန့္စားမႈအရေရာေပါ့။ Long Day’s က Kaili ထက္စာရင္ ပိုေစ်းႀကီးၿပီး ပိုႀကီးက်ယ္တယ္လို႔ ခံစားရတယ္။ ခင္ဗ်ားေရာ production လုပ္ေနရင္း အဲ့ျခားနားမႈကို ခံစားမိလား က်ေနာ္သိခ်င္မိတယ္။

Bi Gan : နည္းပညာပိုင္းမွာေတာ့ Long Day’s က က်ေနာ့္အတြက္ ေျခလွမ္းအႀကီးႀကီး တစ္ခုပဲ။ က်ေနာ္ အၿမဲစဥ္းစားေနမိတာ တစ္ခုရွိတယ္။ ကဗ်ာနဲ႕ ႐ုပ္ရွင္ရဲ႕ အႀကီးမားဆုံး ကြာျခားခ်က္က ႐ုပ္ရွင္အတြက္၊ တစ္နည္းအားျဖင့္ စခရင္ေပၚ တင္ဖို႔အတြက္ဆို ခင္ဗ်ားမွာ နည္းပညာပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈေတြ အမ်ားႀကီးလိုလိမ့္မယ္ ဆိုတာပဲ။ ” The Poet & Singer ” လို႔ေခၚတဲ့ ဇာတ္လမ္းတိုေလး က်ေနာ္ရိုက္တုန္းကဆို က်ေနာ့္မွာ ႐ုပ္ရွင္ဖန္တီးမႈ အတတ္ပညာနဲ႕ ပတ္သတ္တဲ့ နည္းပညာပိုင္းဆိုင္ရာအသိေတြ ဘာမွကို ေရေရရာရာ မရွိေသးဘူး။ ပိုက္ဆံကလည္း လက္ထဲ ယြမ္နည္းနည္း ေလာက္ပဲရွိတာ။ ဓာတ္ပုံေရာ၊ ဗီဒီယိုပါရိုက္လို႔ရတဲ့ ကင္မရာတစ္လုံးေတာ့ ရွိတယ္။ အဲဒီအခ်ိန္ ခ်က္ခ်င္းဆိုသလိုပဲ က်ေနာ္နည္းပညာပိုင္းကို ထဲထဲဝင္ဝင္ စိတ္ဝင္စားလာတယ္။ အင္တာနက္ေပၚကေန ရွာၾကည့္ျဖစ္တယ္။ ႐ုပ္ထြက္ ၾကည္ၾကည္လင္လင္နဲ႕ ဘယ္လိုရိုက္ရမလဲ၊ အဲအတြက္ ဘာေတြလိုလဲ ႀကံဆတယ္။ Kaili Blues ရိုက္တုန္းက နည္းပညာသာ ဒီထက္ပိုေကာင္းရင္ ငါ ႐ုပ္ရွင္ရဲ႕ အေသးစိတ္အပိုင္းေတြအထိ ဖမ္းဆုပ္နိုင္မွာပဲလို႔ က်ေနာ္ သေဘာေပါက္မိတယ္။ ဒါေပမယ့္ ပိုက္ဆံေလးႏွစ္ပဲတစ္ျပားေလာက္နဲ႕ ရိုက္ရေတာ့ နည္းပညာပိုင္းမွာေတာ့ ထင္သေလာက္ ႀကီးႀကီးက်ယ္က်ယ္ ျဖစ္မလာဘူးေပါ့။ က်ေနာ့္ အႏုပညာစံႏႈန္းကို စိန္ေခၚမႈေတြၾကားထဲမွာ ထိနိးသိမ္းဖို႔ ႀကိဳးစားရင္းနဲ႕ပဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို က်ေနာ္ကုန္ဆုံးတယ္။ က်ေနာ္ အရာအားလုံးကို လုပ္ဖို႔မတတ္နိုင္ဘူး ဆိုတာလည္း က်ေနာ္ သိတယ္။ ဒီေတာ့ တစ္ခါတေလက် က်ေနာ့္ရဲ႕ အႏုပညာအျမင္ တစ္ခုကို မိမိရရ ဖမ္းဆုပ္နိုင္ဖို႔အတြက္ နည္းပညာပိုင္းဆိုင္ရာ ၿပီးျပည့္စုံမႈကို စြန့္လႊတ္လိုက္ရတာမ်ိဳးေတြ ရွိလာတယ္။

Long Day’s ရိုက္ေနတုန္းက အရင္ထက္ ပိုျမင့္တဲ့ နည္းပညာပိုင္း အဆင့္တစ္ခုကို က်ေနာ္ ေမွ်ာ္လင့္ခဲ့တယ္။ ခင္ဗ်ား စိတ္ကူးၾကည့္နိုင္ပါတယ္။ ခင္ဗ်ားဒီတစ္ခုကိုပဲ စြဲစြဲၿမဲၿမဲ အႀကိမ္ေပါင္းမ်ားစြာ လုပ္ၿပီးရင္ ေနာက္အေခါက္ေတြလုပ္တဲ့အခါမ်ိဳးၾက အဲဒီအလုပ္ရဲ႕ ရလဒ္က တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတာပဲ။ ႐ုပ္ရွင္တစ္ကားနဲ႕ တစ္ကား အတိုင္းအဆ ပမာဏ ကြာျခားမႈကလည္း က်ေနာ့္အတြက္ စိန္ေခၚမႈေတြ ျဖစ္ေစတယ္။ Kaili Blues နဲ႕ Long Day’s က scale ခ်င္း မတူဘူးရယ္။ က်ေနာ္အရင္က လုပ္ခဲ့ဖူးတဲ့ ထုတ္လုပ္ေရးမ်ိဳးနဲ႕ ကြာျခားတဲ့ ထုတ္လုပ္ေရးမ်ိဳးနဲ႕ ႀကဳံရတယ္။ တားျမစ္ကန့္သတ္ခ်က္ေတြလည္း ပိုမ်ားလာတယ္။ က်ေနာ္ အရင္က အလုပ္တြဲလုပ္ခဲ့ဖူးတဲ့ စက္အဖြဲ႕မ်ိဳးနဲ႕ ဘာမွမဆိုင္တဲ့ စက္အဖြဲ႕မ်ိဳး၊ လူရာေပါင္းမ်ားစြာပါတဲ့ စက္အဖြဲ႕အမ်ိဳးနဲ႕ အတူတူ အလုပ္တြဲလုပ္ရတယ္။ အရင္ စက္အဖြဲ႕က လူေလးႏွစ္ေယာက္တစ္ပိုင္းနဲ႕ ေသးေသးေလး။ ဘာပဲျဖစ္ျဖစ္ က်ေနာ့္ရဲ႕ ႐ုပ္ရွင္ဖန္တီးမႈအေပၚထားတဲ့ သေဘာထားကေတာ့ အရင္အတိုင္း မေျပာင္းလဲပါဘူး။ ဆက္တင္မွာေတာ့ က်ေနာ္ ျဖစ္သလို ေပါ့ေပါ့ပါးပါးေနတယ္။ ပြင့္ပြင့္လင္းလင္းေနတယ္။ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္လည္း ေနတယ္။ စက္အဖြဲ႕ဝင္ေတြ က်ေနာ့္ရဲ႕ ဒီလိုအျပဳအမူေတြေၾကာင့္ စိတ္မသက္မသာ ျဖစ္မႈေတြ ခံစားရခဲ့တယ္လို႔ ထင္တယ္။ ခင္ဗ်ားက ဇာတ္ဝင္ခန္းတစ္ခု အတြက္ ဆက္တင္ျပင္ဆင္ဖို႔ ေစာင့္ေနတဲ့အခ်ိန္ ဆိုပါစို႔၊ ခင္ဗ်ားနဲ႕ အတူတူေစာင့္ေနတဲ့ စက္အဖြဲ႕ဝင္က ရာေက်ာ္ဗ်ား။ လက္တစ္ဆုပ္စာေလး မဟုတ္ဘူး။

Criterion : ဒါဆို ခင္ဗ်ားက အတိုင္းအတာ ပမာဏေသးတဲ့ ပေရာဂ်က္ေတြကို ပိုသေဘာက်တယ္ေပါ့။

Bi Gan : အတိုင္းအဆ ႀကီးေလ လုပ္ရကိုင္ရတာေတြက ပိုရႈပ္ေထြးေလပဲ။ အဲလို ရႈပ္ေထြးမႈေတြေၾကာင့္ ေနာက္ဆုံး အၿပီးသပ္ထြက္လာမယ့္ လက္ရာက နည္းနည္းမေသမသပ္ ျဖစ္နိုင္တယ္ဗ်။ ဒါေၾကာင့္ က်ေနာ့္အရင္က လက္ရာေတြကိုပဲ က်ေနာ္ ပိုသေဘာက်တယ္။ ဇာတ္လမ္းတိုေလးဆို ခင္ဗ်ား လုပ္ရကိုင္ရ ပိုဂြင္က်ယ္မယ္။ အႏုစိတ္လို႔ ရေသးတယ္။ လွသထက္လွေအာက္ ေတာက္ေျပာင္သထက္ ေတာက္ေျပာင္ေအာင္ အေရာင္တင္လို႔ ရေသးတယ္။ ဘာပဲျဖစ္ျဖစ္ မေျပာင္းလဲတာ တစ္ခုက က်ေနာ့္႐ုပ္ရွင္ေတြထဲမွာ က်ေနာ္ျပန္ရွာေဖြေနတဲ့ အရာေတြပဲ။ က်ေနာ့္ ႐ုပ္ရွင္ေတြအေပၚ က်ေနာ့္ရဲ႕ ခ်ဥ္းကပ္မႈက အၿမဲတူတူပဲ။ တစ္ကားနဲ႕ တစ္ကားၾကားမွာ ကြာသြားတဲ့ အခ်ိန္ဆိုတာ မရွိခဲ့သလိုမ်ိဳး။ က်ေနာ့္ မွတ္ဥာဏ္ေတြက ဒီ႐ုပ္ရွင္ေတြထဲမွာပဲ အၿမဲ တဝဲလည္လည္ ျဖစ္ေနတယ္။ က်ေနာ္ ဒီ႐ုပ္ရွင္ေတြ ဖန္တီးတုန္းက ႀကဳံခဲ့ရတဲ့ အခက္အခဲေပါင္းမ်ားစြာကို ျပန္ေတြးမိတိုင္း ငါ ဇအရမ္းရွိခဲ့ပါလား ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ေတာင္ ေလးစားမိပါရဲ႕။

Criterion : Long Day’s Journey Into Night မာကတ္တင္းေၾကာင့္ တ႐ုတ္မွာ ေဝဖန္မႈေတြ က်ယ္က်ယ္ေလာင္ေလာင္ ေပၚထြက္ခဲ့တာနဲ႕ ပတ္သတ္ၿပီးေရာ ခင္ဗ်ား ဘယ္လိုခံစားရလဲ။ တ႐ုတ္ရဲ႕ လက္ရွိ art cinema နဲ႕ ပတ္သတ္လို႔ သင္ခန္းစာ တစုံတရာမ်ား ဒီကိစၥနဲ႕ႏြယ္ၿပီး ခင္ဗ်ားရခဲ့ေသးလား။

Bi Gan : ႐ုပ္ရွင္တစ္ကား ေစ်းကြက္ထဲ ဝင္လာၿပီဆို ခ်န္နယ္ေတြကေနတစ္ဆင့္ ပရိသတ္ေတြကသိတယ္။ ဒီ႐ုပ္ရွင္က ဘယ္လို႐ုပ္ရွင္မ်ိဳးလဲ ဆိုတဲ့ သိမႈမ်ိဳးနဲ႕ သိတာေတာ့မဟုတ္ဘူး။ က်ေနာ္တို႔လည္း ႐ုပ္ရွင္ကို စိတ္ဝင္စားစရာ ေကာင္းမယ္လို႔ က်ေနာ္တို႔ထင္တဲ ပုံစံမ်ိဳးနဲ႕ပဲ ေၾကာ္ျငာတာပဲ။ ၿပီးေတာ့ သိပ္မၾကာပါဘူး။ ဒီ မာကတ္တင္းႀကီးက ပ်ံ့သြားေရာ။ အျငင္းပြားမႈေတြ ျဖစ္လာတာကေတာ့ သိပ္အံ့ဩစရာ မရွိပါဘူး။ ဒါက က်ေနာ္အတြက္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေတြ႕အႀကဳံတစ္ခုေတာင္ ျဖစ္ေနေသး။ ဒီကိစၥေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားအတြက္ အႏုပညာဆိုတာ မလိုဘူးလို႔ေတာင္ က်ေနာ္ေတြးမိေသးတယ္။ သူတို႔အတြက္ ႐ုပ္ရွင္ဆိုတာ လႈပ္ရွားမႈေတြ စုထားတဲ့ အရာတစ္ခုပဲ။ သိပ္ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ဘူး။ ေနာက္ၿပီး တ႐ုတ္မွာလည္း Art films ေတြအတြက္ ေနရာမရွိဘူး။ ေနရာေပးစရာလည္း မလိုပါဘူး။ Art films ေတြ ရပ္တည္နိုင္ဖို႔ နိုင္ငံတကာ ေစ်းကြက္က ရွိေနတာပဲကို။

ေငြေရးေၾကးေရးပိုင္းနဲ႕ ပတ္သတ္လို႔ေတာ့ အေျခအေနက ပိုေကာင္းလာတယ္။ ဒါေပမယ့္ ဒီအတိုင္းပဲ ဆက္သြားမလား ဆိုတာကိုေတာ့ က်ေနာ္လည္း ေသခ်ာမေျပာတတ္ေသးဘူး။ က်ေနာ္ Kaili Blues ရိုက္တုန္းကဆို ယြမ္ 30,000 ပတ္ဝန္းက်င္ေလးနဲ႕ ေၾကာင္ေပ်ာက္ေနတာ။ အခုေတာ့ ပိုက္ဆံစကားက ေျပာစရာ မလိုေတာ့ပါဘူး။ လူေတြက ႐ုပ္ရွင္ေတြကို ေငြပင္ေငြရင္း မတည္ေပးဖို႔ နည္းလမ္းေတြ ရွာလာၾကၿပီ။ စိတ္ဝင္စားဖို႔ေကာင္းတာက ဘာလဲဆိုေတာ့ ေငြစိုက္ထုတ္ေပးမယ့္ ေငြရွင္ေၾကးရွင္အခ်ိဳ႕က ႐ုပ္ရွင္ေတြအေၾကာင္း အဲ့ေလာက္ ေရေရရာရာ မသိတာပဲဗ်။

Criterion : ခင္ဗ်ား အေပၚမွာ ေျပာခဲ့တယ္ေနာ္။ ႐ုပ္ရွင္က ခင္ဗ်ားရဲ႕ မိသားစုအေရးမွာ တစ္စိတ္တစ္ေဒသ ပါခဲ့တယ္ဆိုတာ။ က်ေနာ္သိခ်င္တာက ခင္ဗ်ား႐ုပ္ရွင္ေတြ အေပၚ ခင္ဗ်ားမိသားစု အျမင္ေတြ ဘယ္လိုရွိမလဲ။ တ႐ုတ္က သာမန္ပရိသတ္ေတြ Long Day’s အေပၚျမင္တဲ့ အျမင္မ်ိဳးေတြပဲ ျဖစ္ေနမလား။

Bi Gan : က်ေနာ့္ မိဘေတြမ်ိဳးဆက္က တီဗီပဲ ၾကည့္ၾကတဲ့ မ်ိဳးဆက္ဗ်။ Kaili မွာ အခ်ိန္အၾကာႀကီးအထိ ႐ုပ္ရွင္႐ုံ မရွိခဲ့တာေၾကာင့္လည္း ပါမယ္။ က်ေနာ့္ short film ကိုေတာ့ သူတို႔ တီဗီက ၾကည့္ခဲ့တာေတြနဲ႕ ေတာ္ေတာ္ကြာတယ္လို႔ ထင္ၾကတယ္။ က်ေနာ္ Kaili Blues ရိုက္ေနတုန္းက “ဟာ..ဒီေကာင္ေတာ့..အတည္ေတြ ခ်ေနၿပီလို႔” သူတို႔ျမင္တယ္။ ဒါေပမယ့္ က်ေနာ္လုပ္ေနတာေတြက တန္ဖိုးမရွိဘူးလို႔လည္း သူတို႔ ခံစားရေသးတယ္တဲ့။ ဘယ္လိုလည္းေတာ့ မသိဘူး။ ႐ုပ္ရွင္လည္း ရိုက္လို႔အၿပီး၊ ႐ုံေတြဘာေတြလည္းတင္ၿပီးေတာ့ က်ေနာ္ဘာေတြရိုက္မွန္း သူတို႔ နားမလည္ေပမယ့္ က်ေနာ့္အေပၚ နည္းနည္းေတာ့ ေလးစားလာတယ္ဗ်။ က်ေနာ့္႐ုပ္ရွင္ေတြက နည္းနည္းေတာ့ ေခါင္းမူးတယ္လို႔ သူတို႔ေျပာတယ္။ အဆုံးသတ္က်ေတာ့ သူတို႔လည္း သာမန္႐ုပ္ရွင္ ပရိသတ္ေတြနဲ႕ အတူတူပါပဲ။ ဒါေပမယ့္ မိသားစုဆိုတဲ့အသိေလးနဲ႕ ရင္ဘတ္ထဲလာတဲ့ ႏြေးေထြးမႈမ်ိဳးေတာ့ ရွိတာေပါ့။ က်ေနာ့္ အင္တာဗ်ဴးေတြ ဖတ္တာေၾကာင့္မို႔လို႔လား မသိဘူး။ သူတို႔က သာမန္႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြထက္ long take ဆိုတာဘာလဲ ပိုနားလည္တယ္ဗ်။

Long Day’s Journey Into Night မာကတ္တင္း ေၾကာင့္ပြဲဆူခဲ့တဲ့ backlash အေၾကာင္း သိခ်င္ရင္ေတာ့ ဒီမွာ ဖတ္နိုင္ပါတယ္ဗ်
https://www.theguardian.com/film/2019/jan/02/chinese-arthouse-film-breaks-box-office-records-marketing-bi-gan-long-days-journey-into-night

zmh

လီချန်းဒုံ အင်တာဗျူး

ေတာင္ကိုရီးယား ႐ုပ္ရွင္ဆရာ လီခ်န္းဒုံကို သူ႕ရဲ႕ေနာက္ဆုံးထြက္႐ုပ္ရွင္ Burning နဲ႕ ပက္သက္ၿပီး Variety ကေန ေမးျမန္းထားတာကို တင္ျပလိုက္ပါတယ္။ 

Variety 
ခင္ဗ်ားရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ Poetry ကိုရိုက္ၿပီးကတည္းက ၈ ႏွစ္အခ်ိန္အတြင္း ဘာေတြလုပ္ခဲ့လဲဆိုတာ သိပါရေစဗ်ာ။ 

Lee_Chang_dong 
လြန္ခဲ့တဲ့ရွစ္ႏွစ္အတြင္းမွာ၊ ပေရာဂ်က္ ေတာ္ေတာ္မ်ားမ်ားနဲ႕ ဇာတ္ၫႊန္းေတြ ေရးခဲ့တယ္ဗ်၊ အဲ့ထဲမွာ ပေရာဂ်က္ သုံးခုက ဇာတ္ၫႊန္းေတာ့လုံးဝၿပီးသြားၿပီ၊ Pre-production အဆင့္မွာ ဆက္ၿပီးတိုးတက္ေအာင္လုပ္ေနတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ ရပ္လိုက္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒါေတြကို ႐ုပ္ရွင္အျဖစ္ အသြင္ေျပာင္းလဲဖို႔ ဘာေၾကာင့္ ဖန္တီးရမွာလဲဆိုတာ ကိုယ့္ကိုယ္ကိုယ္ မေျဖနိုင္ခဲ့လို႔ပဲ။ 

Variety
လြန္ခဲ့တဲ့ႏွစ္ေတြမွာ နာမည္ပ်က္စာရင္းဝင္တာေတြ၊ ကိုရီးယား႐ုပ္ရွင္ေကာင္စီရဲ႕ ႀကံရာပါကိစၥ၊ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ၊ အတင္းအဖ်င္းစကားေတြဟာ ကိုရီးယား႐ုပ္ရွင္ေလာကကို ထိခိုက္လာခဲ့တဲ့အေပၚမွာ နိုင္ငံေရးသမားေဟာင္းတဦးေအနနဲ႕ ခင္ဗ်ား ဘယ္လိုျမင္လဲ။ 

Lee_Chang_dong
လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္းမွာ၊ အႏုပညာဆိုင္ရာ လြတ္လပ္စြာ ထုတ္ေဖာ္ျပခြင့္အေပၚ ကိုရီးယားအစိုးရရဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈဟာ လူသိရွင္ၾကားကို မၾကာခဏရွိတယ္၊ ပုန္းလွ်ိုးကြယ္လွ်ိုးလည္း အႏၱရာယ္ျပဳတယ္၊ ရလဒ္ကေတာ့ တဦးခ်င္း ဖန္တီးမႈလက္ရာရွင္ေတြရဲ႕ အလုပ္အကိုင္ေတြထိခိုက္ကုန္တာပဲ၊ ကြၽန္ေတာ္လည္း နာမည္ပ်က္စာရင္းဝင္ထဲမွာပါတဲ့ လူေတြထဲကတေယာက္ပဲ၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ဖန္တီးေတြဟာ ဖိႏွိပ္မႈကို အရႈံးမေပးခဲ့ၾကဘူး၊ ႐ုပ္ရွင္ေလာကႀကီးကို ဖန္တီးမႈမီး အၫြန႔္က်ိဳးမယ့္ရန္က ကာကြယ္ခဲ့တယ္၊ အခုေတာ့ မူမမွန္တာေတြ ျပင္လို႔ၿပီးေနပါၿပီ၊ အားလုံးကလည္း ေနရာတက်ျဖစ္ေနၿပီ၊ အေျပာင္းအလဲအသစ္ေတြကလည္း ေနရာယူထားၾကပါၿပီ၊ ဥပမာ တခုေျပာရရင္ #MeToo ႈပ္ရွားမႈပါပဲ၊ ႐ုပ္ရွင္လုပ္ငန္းရဲ႕ အျမင္ေတြကို ေျပာင္းလဲနိုင္႐ုံသာမက လိင္ပိုင္းခြဲျခားဆက္ဆံပုံကို ေထာက္ျပတဲ့ေနရာမွာပါ ေကာင္းတဲ့ လႊမ္းမိုးမႈေတြ က်ယ္ျပန႔္လာပါတယ္၊ လြဲမွားတဲ့ လိင္ပိုင္းဆိုင္ရာ အေတြးအေခၚေတြလည္း ေျပာင္းလာတာပဲ။ 

Variety
ခင္ဗ်ားလည္း စာေရးဆရာပါပဲ၊ ဒါနဲ႕ တျခားစာေရးဆရာရဲ႕ ဝတၳဳကို ႐ုပ္ရွင္ရိုက္ဖို႔ ဘာလို႔ စိတ္ဝင္စားရသလဲဗ်။ 

Lee_Chang_dong 
႐ုပ္ရွင္ဖန္တီးသူတေယာက္အေနနဲ႕ ဇာတ္လမ္းဇာတ္ကြက္ေတြကို အၿမဲတမ္း ရွာျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္ ဆိုတဲ့ ဇာတ္လမ္းေတြ၊ အေရးပါ ပါတယ္ဆိုတဲ့ ဇာတ္ကြက္ေတြေတာင္မွ သမားရိုးက် ရင္းႏွီးၿပီးသားပုံစံနဲ႕ တင္ျပထားရင္ ကြၽန္ေတာ့္ကို မဆြဲေဆာင္နိုင္ဘူး ျဖစ္ေနတယ္၊ တခါတေလ စာေပကလည္း ကြၽန္ေတာ့္ကို စိတ္ကူးသစ္ေတြ ဉာဏ္ကြန႔္ျမဴးမႈေတြ ျဖစ္ေစပါတယ္၊ ဒီလိုမ်ိဳးက ခဏခဏေတာ့ ျဖစ္ေလ့မရွိဘူး၊ ဒါေပမယ့္ ဟာ႐ူကီ မူရာကာမိ ရဲ႕ “က်ီ မီးနဲ႕ ရွို႔” ကေတာ့ ဥပမာတခုေပါ့ဗ်ာ။ 

Variety
ဒီဇာတ္လမ္းတခုကိုမွ ဘာလို႔ ထူးထူးျခားျခား ။

Lee_Chang_dong 
တကယ္ေတာ့ ဒီဝတၳဳတိုကို ကြၽန္ေတာ့္ရဲ႕ ဇာတ္ၫႊန္းေရးဆရာ အိုဂ်န္မီ က ၫႊန္းတာပါ။ ဇာတ္လမ္းကလည္း လွ်ို႔ဝွက္သိပ္သည္းတယ္လို႔ ခံစားရတယ္၊ ဒါေပမယ့္ အဆုံးက်ေတာ့လည္း ဘာမွမျဖစ္သြားဘူး၊ ကနဦးမွာေတာ့ ဒါကို ႐ုပ္ရွင္အျဖစ္ အသြင္ေျပာင္းဖို႔ မလြယ္ဘူးေလ၊ ဒါေပမယ့္လည္း ဒီဇာတ္လမ္းရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈမွာ ႐ုပ္ရွင္ဆန္ဆန္ တစုံတရာ ရွိတယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္ ခံစားမိခဲ့လို႔ပဲ။ ဝတၳဳတိုတပုဒ္ရဲ႕ ပေဟဠိေလးတခုကေန၊ ပိုၿပီး လွ်ို႔ဝွက္ဆန္းက်ယ္တဲ့ ပေဟဠိႀကီးတခု အထိကို အလႊာမ်ိဳးစုံနဲ႕ ခ်ဲ့ကားနိုင္တယ္။ ၿပီးေတာ့ အဲ့ဒီ လွ်ိုဝွက္ဆန္းၾကယ္မႈေတြဟာ ကြၽန္ေတာ္တို႔ လက္ရွိ ကမၻာႀကီးကို သြယ္ဝိုက္ရည္ၫႊန္းေနတယ္၊ တခုခုေတာ့ မွားေနၿပီဆိုၿပီး အာ႐ုံရေနမိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ လွ်ို႔ဝွက္ဆန္းၾကယ္တဲ့ ကမၻာႀကီးေပါ့ဗ်ာ၊ ဒါေပမယ့္ ဘာမွားလို႔ မွားေနမွန္း လက္ညွိုးထိုးျပစရာ မရွိဘူး။ 

Variety
လြန္ခဲ့တဲ့ ၂ႏွစ္တုန္းက ပူဆန္မွာေတာ့ ခင္ဗ်ား ရွင္းျပခဲ့ေသးတယ္ေနာ္၊ “Burning” ဆိုတာကတဲ့၊ “လက္ရွိကမၻာထဲ လူငယ္ေတြအေၾကာင္း” တဲ့၊ နည္းနည္းေတာ့ ဇေဝဇဝါျဖစ္တယ္၊ ခင္ဗ်ားက ဘာကိုရည္႐ြယ္ၿပီး ေဖာ္ျပခ်င္တာလဲ။ 

Lee_Chang_dong 
ေတာ္ေတာ္ေတာ့ၾကာပါၿပီ၊ ကြၽန္ေတာ္ လူငယ္ေတြအေၾကာင္းကို ဇာတ္လမ္းတခုအေနနဲ႕ ေျပာျပခ်င္ခဲ့တယ္၊ အထူးသျဖင့္ေပါ့ေလ၊ ဒီမ်ိဳးဆက္ရဲ႕ လူငယ္ေတြေပါ့။ ကြၽန္ေတာ္ အရင္ လုပ္ခဲ့တဲ့ စီမံကိန္းတခ်ိဳ႕ကို နာမည္ေပးထားတာရွိတယ္၊ “Project Rage” တဲ့။ “ေဒါသ” ပေရာဂ်က္ ေပါ့ဗ်ာ။ အဲ့လို ဘာေၾကာင့္ေပးရသလဲဆိုေတာ့၊ ခုေခတ္မွာ၊ ကမၻာေပၚကလူေတြဟာ၊ သူတို႔ရဲ႕ နိုင္ငံ လူမ်ိဳး၊ ဘာသာ သာသနာနဲ႕ လူမႈ ကိစၥအဝဝ ကို စာနာမေထာက္ထားၾကဘဲ အေၾကာင္းေၾကာင္းေၾကာင့္ ေဒါသထြက္ၾကတယ္။ လူငယ္ေတြရဲ႕ေဒါသက အထူးသျဖင့္ အေရးတႀကီးျဖစ္တဲ့ လတ္တေလာ ျပႆနာေပါ့။ ဒီေန႕ ကိုရီးယားမွာေနတဲ့ ၈၀၊ ၉၀ ေမြးတဲ့သူေတြဟာ သူတို႔မိဘေတြမ်ိဳးဆက္ထက္ ပိုဆိုးတဲ့ ပထမဆုံးမ်ိဳးဆက္ျဖစ္လိမ့္မယ္။ သူတို႔ခံစားမိတာက အနာဂတ္ဟာ သိသိသာသာ ေျပာင္းလဲသြားမွာ မဟုတ္ဘူးဆိုတာပဲ။ သူတို႔ ေဒါသူပုန္က်ဖိဳ႕ အရာမရွာနိုင္ေတာ့၊ ခ်ည့္နဲ႕ ႏုံးခ်ည့္တဲ့ စိတ္ေတြဝင္လာတယ္။ ဒီ႐ုပ္ရွင္ဟာ ကိုယ့္ကိုယ္ကိုယ္ မစြမ္းေဆာင္နိုင္ဘူး ဆိုၿပီး ခံစားရတဲ့ ေဒါသကို မ်ိဳသိပ္ထားရတဲ့ လူငယ္ေတြအေၾကာင္းေပါ့။

Variety
သ႐ုပ္ေဆာင္ေ႐ြးပုံကို ရွင္းျပေပးမလား ။ 

Lee_Chang_dong 
အဓိကဇာတ္ေဆာင္ ဂ်ဳံးဆု ကေတာ့ အလြန္တရာ သေဘာထားႏူးညံ့ၿပီးေတာ့ ႏြမ္းပါးတဲ့ပုံပါ။ ဒါေပမယ့္ သူက မတူတဲ့ဘက္ေတြမွာ အားသန္တဲ့ ဇာတ္ေကာင္၊ အတိုင္းမသိတဲ့ ေဒါသကို ရင္ထဲမ်ိဳသိပ္ထားတဲ့သူ။ ယူးအာအင္ က ဒီဇာတ္ေကာင္အတြက္ အစားထိုးမရတဲ့ သ႐ုပ္ေဆာင္ပါပဲ၊ သူက သိမ္ေမြ႕တဲ့ခံစားခ်က္ နဲ႕ အထိမခံနိုင္ေအာင္ျဖစ္တာကို သယ္ေဆာင္နိုင္စြမ္းရွိတယ္။ ဘန္၊ သူကေတာ့ ႐ုပ္ရွင္ရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈကို ကိုယ္စားျပဳေနတယ္၊ နားလည္ဖို႔လည္း ခက္သလို ရွင္းျပရလည္းခက္တဲ့ ဇာတ္ေကာင္မ်ိဳး။ ကြၽန္ေတာ္ စတီဗင္ယြန္းကို စေတြ႕ေတာ့ စကားေျပာေနရင္း နာရီဝက္အတြင္းမွာပဲ၊ စတီဗင္ဟာ ကြၽန္ေတာ့္ထက္ ပိုၿပီး ဘန္ ကို နားလည္တာပဲ ဆိုၿပီး သေဘာေပါက္လိုက္တယ္။ ၿပီးေတာ့ ေကာင္မေလး ဂ်န္းဂြၽန္းဆိုး၊ သ႐ုပ္ေဆာင္ေ႐ြးပြဲက ေ႐ြးလိုက္တာ၊ ဘာအေတြ႕အႀကဳံမွ်မရွိတဲ့ အသစ္ဗ်ာ၊ ဒါေပမယ့္ သူ႕မွာ တျခားမင္းသမီးေတြမွာ မေတြ႕နိုင္တဲ့ အရည္အေသြးတမ်ိဳးရွိတယ္လို႔ ကြၽန္ေတာ္ ျမင္လိုက္တယ္။ 

Variety
သ႐ုပ္ေဆာင္ေတြနဲ႕ ဘယ္လိုအလုပ္လုပ္ျဖစ္လဲ ။ 

Lee_Chang_dong 
ကြၽန္ေတာ္က သ႐ုပ္ေဆာင္ေတြကို စိတ္ခံစားမႈပုံစံကို ေဖာ္ျပကိုျပရမယ္ဆိုတာထက္ ရိုးရိုးနဲ႕ရွင္းရွင္းပဲ စိတ္ခံစားမႈေတြကို ျပေစခ်င္တယ္။ (ဆိုလိုခ်င္တာက အတင္းလုပ္ယူတာထက္ သဘာဝအတိုင္း သ႐ုပ္ေဆာင္ေစလိုတာပါ) ရိုက္ကူးေနစဥ္မွာပဲ သူတို႔နဲ႕ စကားေျပာနိုင္သေလာက္ေျပာတယ္၊ ဇာတ္ေကာင္ေတြနဲ႕ သူတို႔ရဲ႕ အေျခအေနအေၾကာင္းေၾကာင္းေတြေပါ့။ စကားေျပာေပးတာက ရိုးရိုးၫႊန္ၾကားရိုက္ကူးတာထက္ ပိုၿပီးထိေရာက္တဲ့ ဆက္သြယ္ခ်က္ပဲ။ (ဒါရိုက္တာ ဂယ္ရီမာရွယ္ ေျပာတာ အမွတ္ရမိတယ္ Communication is the Key to Directing တဲ့) ။ ၿပီးေတာ့ ကြၽန္ေတာ္ ယုံၾကည္တာက ဒီလိုဆိုရင္ ပိုၿပီးေတာ့ သ႐ုပ္ေဆာင္ေတြကို လြတ္လြတ္လပ္လပ္ျဖစ္ေစမယ္ေပါ့။ 

Variety
မူရာကာမိရဲ႕ ဝတၳဳတိုအေပၚကို ခင္ဗ်ားရဲ႕ adaptation ႐ုပ္ရွင္ဟာ ဘယ္ေလာက္ သစၥာရွိသလဲ၊ မူရင္းအေပၚသစၥာပ်က္ေသးလား။ 

Lee_Chang_dong 
မူရင္းဇာတ္လမ္းထဲမွာပါတဲ့ က်ီကိုေတာ့ မွန္လုံအိမ္ အေနနဲ႕ ေျပာင္းလိုက္တယ္။ ဘာလို႔လဲဆိုေတာ့ ကိုရီးယားမွာ က်ီေတြထက္စာရင္ greenhouse ေတြက ပိုမ်ားတာကိုး။ မူရင္းထဲက စစ္စစ္မွာေတာ့ အဓိကက်တဲ့ လွ်ို႔ဝွက္ဆန္းၾကယ္မႈက က်ီေတြ မီးနဲ႕ရွို႔ခံရလား မခံရလားဆိုတာ မ႑ိုင္ပဲေလ။ ႐ုပ္ရွင္ရဲ႕ လွ်ို႔ဝွက္သိပ္သည္းမႈဟာ ေနာက္ထပ္ ေနာက္ထပ္ လွ်ို႔ဝွက္ဆန္းၾကယ္မႈေတြဆီ ကို ခ်ဲ့ကားသြားတယ္။ 

Matt


Unicode

တောင်ကိုရီးယား ရုပ်ရှင်ဆရာ လီချန်းဒုံကို သူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် Burning နဲ့ ပက်သက်ပြီး Variety ကနေ မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ 

Variety
ခင်ဗျားရဲ့ နောက်ဆုံးရုပ်ရှင် Poetry ကိုရိုက်ပြီးကတည်းက ၈ နှစ်အချိန်အတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာ သိပါရစေဗျာ။ 

Lee_Chang_dong 
လွန်ခဲ့တဲ့ရှစ်နှစ်အတွင်းမှာ၊ ပရောဂျက် တော်တော်များများနဲ့ ဇာတ်ညွှန်းတွေ ရေးခဲ့တယ်ဗျ၊ အဲ့ထဲမှာ ပရောဂျက် သုံးခုက ဇာတ်ညွှန်းတော့လုံးဝပြီးသွားပြီ၊ Pre-production အဆင့်မှာ ဆက်ပြီးတိုးတက်အောင်လုပ်နေတယ်၊ ဒါပေမယ့် ကျွန်တော် ရပ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းလဲဖို့ ဘာကြောင့် ဖန်တီးရမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မဖြေနိုင်ခဲ့လို့ပဲ။ 

Variety
လွန်ခဲ့တဲ့နှစ်တွေမှာ နာမည်ပျက်စာရင်းဝင်တာတွေ၊ ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ ကြံရာပါကိစ္စ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ အတင်းအဖျင်းစကားတွေဟာ ကိုရီးယားရုပ်ရှင်လောကကို ထိခိုက်လာခဲ့တဲ့အပေါ်မှာ နိုင်ငံရေးသမားဟောင်းတဦးအနေနဲ့ ခင်ဗျား ဘယ်လိုမြင်လဲ။ 

Lee_Chang_dong 
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ၊ အနုပညာဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြခွင့်အပေါ် ကိုရီးယားအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုဟာ လူသိရှင်ကြားကို မကြာခဏရှိတယ်၊ ပုန်းလျှိုးကွယ်လျှိုးလည်း အန္တရာယ်ပြုတယ်၊ ရလဒ်ကတော့ တဦးချင်း ဖန်တီးမှုလက်ရာရှင်တွေရဲ့ အလုပ်အကိုင်တွေထိခိုက်ကုန်တာပဲ၊ ကျွန်တော်လည်း နာမည်ပျက်စာရင်းဝင်ထဲမှာပါတဲ့ လူတွေထဲကတယောက်ပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ရုပ်ရှင်ဖန်တီးတွေဟာ ဖိနှိပ်မှုကို အရှုံးမပေးခဲ့ကြဘူး၊ ရုပ်ရှင်လောကကြီးကို ဖန်တီးမှုမီး အညွန့်ကျိုးမယ့်ရန်က ကာကွယ်ခဲ့တယ်၊ အခုတော့ မူမမှန်တာတွေ ပြင်လို့ပြီးနေပါပြီ၊ အားလုံးကလည်း နေရာတကျဖြစ်နေပြီ၊ အပြောင်းအလဲအသစ်တွေကလည်း နေရာယူထားကြပါပြီ၊ ဥပမာ တခုပြောရရင် #MeToo လှုပ်ရှားမှုပါပဲ၊ ရုပ်ရှင်လုပ်ငန်းရဲ့ အမြင်တွေကို ပြောင်းလဲနိုင်ရုံသာမက လိင်ပိုင်းခွဲခြားဆက်ဆံပုံကို ထောက်ပြတဲ့နေရာမှာပါ ကောင်းတဲ့ လွှမ်းမိုးမှုတွေ ကျယ်ပြန့်လာပါတယ်၊ လွဲမှားတဲ့ လိင်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေလည်း ပြောင်းလာတာပဲ။ 

Variety
ခင်ဗျားလည်း စာရေးဆရာပါပဲ၊ ဒါနဲ့ တခြားစာရေးဆရာရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ဘာလို့ စိတ်ဝင်စားရသလဲဗျ။ 

Lee_Chang_dong 
ရုပ်ရှင်ဖန်တီးသူတယောက်အနေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အမြဲတမ်း ရှာဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းပါတယ် ဆိုတဲ့ ဇာတ်လမ်းတွေ၊ အရေးပါ ပါတယ်ဆိုတဲ့ ဇာတ်ကွက်တွေတောင်မှ သမားရိုးကျ ရင်းနှီးပြီးသားပုံစံနဲ့ တင်ပြထားရင် ကျွန်တော့်ကို မဆွဲဆောင်နိုင်ဘူး ဖြစ်နေတယ်၊ တခါတလေ စာပေကလည်း ကျွန်တော့်ကို စိတ်ကူးသစ်တွေ ဉာဏ်ကွန့်မြူးမှုတွေ ဖြစ်စေပါတယ်၊ ဒီလိုမျိုးက ခဏခဏတော့ ဖြစ်လေ့မရှိဘူး၊ ဒါပေမယ့် ဟာရူကီ မူရာကာမိ ရဲ့ “ကျီ မီးနဲ့ ရှို့” ကတော့ ဥပမာတခုပေါ့ဗျာ။ 

Variety
ဒီဇာတ်လမ်းတခုကိုမှ ဘာလို့ ထူးထူးခြားခြား ။

Lee_Chang_dong 
တကယ်တော့ ဒီဝတ္ထုတိုကို ကျွန်တော့်ရဲ့ ဇာတ်ညွှန်းရေးဆရာ အိုဂျန်မီ က ညွှန်းတာပါ။ ဇာတ်လမ်းကလည်း လျှို့ဝှက်သိပ်သည်းတယ်လို့ ခံစားရတယ်၊ ဒါပေမယ့် အဆုံးကျတော့လည်း ဘာမှမဖြစ်သွားဘူး၊ ကနဦးမှာတော့ ဒါကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းဖို့ မလွယ်ဘူးလေ၊ ဒါပေမယ့်လည်း ဒီဇာတ်လမ်းရဲ့ လျှို့ဝှက်သိပ်သည်းမှုမှာ ရုပ်ရှင်ဆန်ဆန် တစုံတရာ ရှိတယ်ဆိုပြီးတော့ ကျွန်တော် ခံစားမိခဲ့လို့ပဲ။ ဝတ္ထုတိုတပုဒ်ရဲ့ ပဟေဠိလေးတခုကနေ၊ ပိုပြီး လျှို့ဝှက်ဆန်းကျယ်တဲ့ ပဟေဠိကြီးတခု အထိကို အလွှာမျိုးစုံနဲ့ ချဲ့ကားနိုင်တယ်။ ပြီးတော့ အဲ့ဒီ လျှိုဝှက်ဆန်းကြယ်မှုတွေဟာ ကျွန်တော်တို့ လက်ရှိ ကမ္ဘာကြီးကို သွယ်ဝိုက်ရည်ညွှန်းနေတယ်၊ တခုခုတော့ မှားနေပြီဆိုပြီး အာရုံရနေမိတဲ့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာကြီးပေါ့ဗျာ၊ ဒါပေမယ့် ဘာမှားလို့ မှားနေမှန်း လက်ညှိုးထိုးပြစရာ မရှိဘူး။ 

Variety
လွန်ခဲ့တဲ့ ၂နှစ်တုန်းက ပူဆန်မှာတော့ ခင်ဗျား ရှင်းပြခဲ့သေးတယ်နော်၊ “Burning” ဆိုတာကတဲ့၊ “လက်ရှိကမ္ဘာထဲ လူငယ်တွေအကြောင်း” တဲ့၊ နည်းနည်းတော့ ဇဝေဇဝါဖြစ်တယ်၊ ခင်ဗျားက ဘာကိုရည်ရွယ်ပြီး ဖော်ပြချင်တာလဲ။ 

Lee_Chang_dong 
တော်တော်တော့ကြာပါပြီ၊ ကျွန်တော် လူငယ်တွေအကြောင်းကို ဇာတ်လမ်းတခုအနေနဲ့ ပြောပြချင်ခဲ့တယ်၊ အထူးသဖြင့်ပေါ့လေ၊ ဒီမျိုးဆက်ရဲ့ လူငယ်တွေပေါ့။ ကျွန်တော် အရင် လုပ်ခဲ့တဲ့ စီမံကိန်းတချို့ကို နာမည်ပေးထားတာရှိတယ်၊ “Project Rage” တဲ့။ “ဒေါသ” ပရောဂျက် ပေါ့ဗျာ။ အဲ့လို ဘာကြောင့်ပေးရသလဲဆိုတော့၊ ခုခေတ်မှာ၊ ကမ္ဘာပေါ်ကလူတွေဟာ၊ သူတို့ရဲ့ နိုင်ငံ လူမျိုး၊ ဘာသာ သာသနာနဲ့ လူမှု ကိစ္စအဝဝ ကို စာနာမထောက်ထားကြဘဲ အကြောင်းကြောင်းကြောင့် ဒေါသထွက်ကြတယ်။ လူငယ်တွေရဲ့ဒေါသက အထူးသဖြင့် အရေးတကြီးဖြစ်တဲ့ လတ်တလော ပြဿနာပေါ့။ ဒီနေ့ ကိုရီးယားမှာနေတဲ့ ၈၀၊ ၉၀ မွေးတဲ့သူတွေဟာ သူတို့မိဘတွေမျိုးဆက်ထက် ပိုဆိုးတဲ့ ပထမဆုံးမျိုးဆက်ဖြစ်လိမ့်မယ်။ သူတို့ခံစားမိတာက အနာဂတ်ဟာ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာပဲ။ သူတို့ ဒေါသူပုန်ကျဖို့ အရာမရှာနိုင်တော့၊ ချည့်နဲ့ နုံးချည့်တဲ့ စိတ်တွေဝင်လာတယ်။ ဒီရုပ်ရှင်ဟာ ကိုယ့်ကိုယ်ကိုယ် မစွမ်းဆောင်နိုင်ဘူး ဆိုပြီး ခံစားရတဲ့ ဒေါသကို မျိုသိပ်ထားရတဲ့ လူငယ်တွေအကြောင်းပေါ့။

Variety
သရုပ်ဆောင်ရွေးပုံကို ရှင်းပြပေးမလား ။ 

Lee_Chang_dong 
အဓိကဇာတ်ဆောင် ဂျုံးဆု ကတော့ အလွန်တရာ သဘောထားနူးညံ့ပြီးတော့ နွမ်းပါးတဲ့ပုံပါ။ ဒါပေမယ့် သူက မတူတဲ့ဘက်တွေမှာ အားသန်တဲ့ ဇာတ်ကောင်၊ အတိုင်းမသိတဲ့ ဒေါသကို ရင်ထဲမျိုသိပ်ထားတဲ့သူ။ ယူးအာအင် က ဒီဇာတ်ကောင်အတွက် အစားထိုးမရတဲ့ သရုပ်ဆောင်ပါပဲ၊ သူက သိမ်မွေ့တဲ့ခံစားချက် နဲ့ အထိမခံနိုင်အောင်ဖြစ်တာကို သယ်ဆောင်နိုင်စွမ်းရှိတယ်။ ဘန်၊ သူကတော့ ရုပ်ရှင်ရဲ့ လျှို့ဝှက်သိပ်သည်းမှုကို ကိုယ်စားပြုနေတယ်၊ နားလည်ဖို့လည်း ခက်သလို ရှင်းပြရလည်းခက်တဲ့ ဇာတ်ကောင်မျိုး။ ကျွန်တော် စတီဗင်ယွန်းကို စတွေ့တော့ စကားပြောနေရင်း နာရီဝက်အတွင်းမှာပဲ၊ စတီဗင်ဟာ ကျွန်တော့်ထက် ပိုပြီး ဘန် ကို နားလည်တာပဲ ဆိုပြီး သဘောပေါက်လိုက်တယ်။ ပြီးတော့ ကောင်မလေး ဂျန်းဂျွန်းဆိုး၊ သရုပ်ဆောင်ရွေးပွဲက ရွေးလိုက်တာ၊ ဘာအတွေ့အကြုံမျှမရှိတဲ့ အသစ်ဗျာ၊ ဒါပေမယ့် သူ့မှာ တခြားမင်းသမီးတွေမှာ မတွေ့နိုင်တဲ့ အရည်အသွေးတမျိုးရှိတယ်လို့ ကျွန်တော် မြင်လိုက်တယ်။ 

Variety
သရုပ်ဆောင်တွေနဲ့ ဘယ်လိုအလုပ်လုပ်ဖြစ်လဲ ။ 

Lee_Chang_dong 
ကျွန်တော်က သရုပ်ဆောင်တွေကို စိတ်ခံစားမှုပုံစံကို ဖော်ပြကိုပြရမယ်ဆိုတာထက် ရိုးရိုးနဲ့ရှင်းရှင်းပဲ စိတ်ခံစားမှုတွေကို ပြစေချင်တယ်။ (ဆိုလိုချင်တာက အတင်းလုပ်ယူတာထက် သဘာဝအတိုင်း သရုပ်ဆောင်စေလိုတာပါ) ရိုက်ကူးနေစဉ်မှာပဲ သူတို့နဲ့ စကားပြောနိုင်သလောက်ပြောတယ်၊ ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ အခြေအနေအကြောင်းကြောင်းတွေပေါ့။ စကားပွောပေးတာက ရိုးရိုးညှှနျကွားရိုကျကူးတာထက် ပိုပြီးထိရောက်တဲ့ ဆက်သွယ်ချက်ပဲ။ (ဒါရိုက်တာ ဂယ်ရီမာရှယ် ပြောတာ အမှတ်ရမိတယ် Communication is the Key to Directing တဲ့) ။ ပြီးတော့ ကျွန်တော် ယုံကြည်တာက ဒီလိုဆိုရင် ပိုပြီးတော့ သရုပ်ဆောင်တွေကို လွတ်လွတ်လပ်လပ်ဖြစ်စေမယ်ပေါ့။ 

Variety
မူရာကာမိရဲ့ ဝတ္ထုတိုအပေါ်ကို ခင်ဗျားရဲ့ adaptation ရုပ်ရှင်ဟာ ဘယ်လောက် သစ္စာရှိသလဲ၊ မူရင်းအပေါ်သစ္စာပျက်သေးလား။ 

Lee_Chang_dong 
မူရင်းဇာတ်လမ်းထဲမှာပါတဲ့ ကျီကိုတော့ မှန်လုံအိမ် အနေနဲ့ ပြောင်းလိုက်တယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားမှာ ကျီတွေထက်စာရင် greenhouse တွေက ပိုများတာကိုး။ မူရင်းထဲက စစ်စစ်မှာတော့ အဓိကကျတဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ကျီတွေ မီးနဲ့ရှို့ခံရလား မခံရလားဆိုတာ မဏ္ဍိုင်ပဲလေ။ ရုပ်ရှင်ရဲ့ လျှို့ဝှက်သိပ်သည်းမှုဟာ နောက်ထပ် နောက်ထပ် လျှို့ဝှက်ဆန်းကြယ်မှုတွေဆီ ကို ချဲ့ကားသွားတယ်။ 

Matt

မာကေး နဲ့ ကူရိုဆာဝါ

အချိန်က 1990ပတ်ဝန်းကျင်။ ကိုလံဘီယာ စာရေးဆရာ ဂေဘရီရယ် ဂါစီယာ မာကေး (ဆရာသင့်လူဘာသာပြန်တဲ့ ဝေလွင့်ကင်းကွာ နှစ်တရာတို့၊ ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါတို့၊ ကပ်တွင်းက ချစ်ခြင်းတို့ကြောင့် ဒီက စာဖတ်ပရိသတ်တွေနဲ့ မာကေးကတော့ မစိမ်းပါဘူး) နဲ့ နာမည်ကြီး ဂျပန်ဒါရိုက်တာ အကီရာ ကူရိုဆာဝါ ( Rashomon၊ Seven Samurai၊ Ran)တို့ တိုကျိုမှာ တွေ့ဖြစ်ပြီး ၆နာရီကြာ စကားဝိုင်းဖွဲ့ ဖြစ်ကြတယ်။ ပြောခဲ့တဲ့ အကြောင်းအရာ တွေကတော့ အစုံပါပဲ။ အဲ့ထဲကမှ L.A times မှာ ဖော်ပြခဲ့တဲ့ သူတို့ နှစ်ယောက်စကားဝိုင်းရဲ့ အပိုင်းအစလေးအချို့ကို အင်တာဗျူးသဘောမျိုး ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ ရုပ်ရှင်အကြောင်း ပါမယ်။ post-war ဂျပန်အကြောင်း နည်းနည်းပါမယ်။ အနုမြူဗုံး အကြဲခံရတဲ့ အကြောင်းနဲ့ နောက်ဆက်တွဲအချို့ ပါမယ်။ ကျန်တဲ့ ထွေရာလေးပါးလေးတွေ နည်းနည်းပါမယ်။

Marquez : ကျနော်က သူငယ်ချင်းအချင်းချင်း ခင်ရာမင်ကြောင်း စကားဝိုင်းဖွဲ့တာမျိုးကို အင်တာဗျူးဆန်ဆန် မသွားချင်ဘူးဗျ ။ ဒါပေမယ့် ကျနော် ခင်ဗျားအကြောင်းကို တော်တော်သိချင်နေတယ်။ ခင်ဗျား ဇာတ်ညွှန်း ဘယ်လိုရေးသလဲ ဆိုတာနဲ့ပဲ စလိုက်ကြရအောင်ဗျာ။ ဘာဖြစ်လို့ ဒါနဲ့စရသလဲဆိုတော့ ကျနော်ကိုယ်တိုင်က ဇာတ်ညွှန်းဆရာ ဖြစ်နေတာရယ်၊ ခင်ဗျားကလည်း ဂန္တဝင်စာပေလက်ရာအချို့ကို ရုပ်ရှင်အဖြစ် လှလှပပ အသွင်ကူးပြောင်း ထားခဲ့တာကြောင့်ရယ်ပေါ့။

Kurosawa : ဇာတ်ညွှန်းတစ်ခုဖြစ်ဖို့ ဆန်းသစ်တဲ့ အိုင်ဒီယာတစ်ခု ရလာပြီဆိုတာနဲ့ ခဲတံတွေ ဘောပင်တွေ စာရွက်တွေနဲ့ ကျနော့်ကိုယ် ကျနော် ဟိုတယ်အခန်းထဲ အကျဉ်းချထားလိုက်တော့တာပဲ။ အဲ့လိုအချိန်မျိုးမှာ ဇာတ်လမ်းရဲ့ အခြေခံကျောရိုးကို ရတယ်။ ပြီးတော့ ဘယ်လိုဇာတ်သိမ်း ရမလဲဆိုတာကိုလည်း သိချင်သိနေတတ်တယ်။ ကျန်တာတွေကိုတော့ သဘာဝအလျောက် ဗီဇအရ ပေါ်လာတဲ့ သိစိတ်စီးကြောင်းလေး အတိုင်းပဲ မျောပြီးရေးသွားရုံပဲ။

Marquez : ခင်ဗျားစိတ်ထဲ အရင်ရောက်လာတာ အိုင်ဒီယာတစ်ခုလား ပုံရိပ်တစ်ခုလား။

Kurosawa : ဒါကိုတော့ ကျနော်သေချာ မရှင်းပြတတ်ဘူး။ ဒါပေမယ့် ကျနော်ထင်တာကတော့ ပြန့်ကျဲနေတဲ့ ပုံရိပ်တွေနဲ့ စတယ် ဆိုတာပဲ။ အဲ့လိုမဟုတ်ဘဲ ကျနော်သိတဲ့ ဂျပန်က ဇာတ်ညွှန်းဆရာ တွေကတော့ ဇာတ်ညွှန်းစမရေးခင် သေချာကို စနစ်တကျ အကွက်ချ ပြင်ဆင်တာပဲဗျ။ ပထမဦးဆုံး ဇာတ်ညွှန်းအကြမ်းတစ်ခု ထုတ်မယ်။ ဇာတ်ဝင်ခန်း အလိုက် ပြန်စီမယ် ဘာညာတွေပေါ့့။ စတောင် မရေးရသေးဘူး plotကို စနစ်တကျ ကြိုချပြီးပြီ။ ဒါမျိုးက ကျနော့်အထင်တော့ မှန်ကန်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ ကျနော်တို့က ဖန်ဆင်းရှင်တွေမှ မဟုတ်ပဲ။ သူ့ဖလိုးလေးနဲ့သူပဲ ကောင်းပါတယ်။

Marquez : ခင်ဗျား ဒေါ့စတိုယက်စတီးတို့၊ ဂေါ်ကီတို့၊ ရှိတ်စပီးယားတို့ရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်ပြန်ရိုက်တော့လည်း အပေါ်က ခင်ဗျားပြောတဲ့နည်းလမ်း အတိုင်းပဲ ချတာပဲလား။

Kurosawa : စာအုပ်ထဲက ပုံရိပ်တွေကို ရုပ်ရှင်ပုံရိပ်တွေ အဖြစ် အသွင်ပြောင်းပြီး ပရိသတ်တွေကို ချပြဖို့ တော်တော်ခက်တယ်ဆိုတာ ရုပ်ရှင်ရိုက်သက် သိပ်မရှိသေးတဲ့ လူတွေ မသိနိုင်ဘူးဗျ။ ဆိုကြပါစို့။ ရထားလမ်းဘေးမှာ လူသေအလောင်းတွေ့တဲ့ ဇာတ်ကွက်ပါတဲ့ စုံထောက်ဝတ္ထုတစ်ခုကို လူငယ်ဒါရိုက်တာလေး တစ်ယောက်က ရုပ်ရှင်အနေနဲ့ ပြန်ရိုက်ပြီပေါ့။ သူက အလောင်းတွေ့တဲ့ နေရာနဲ့ ဇာတ်ဝင်ခန်းကို စာအုပ်ထဲက အတိုင်း တသွေမတိမ်း မတူတူအောင် ချမှာ။ ဒါလုံးဝ အမှားကြီးပဲ။ ပြဿနာက ဘာလဲဆိုတော့ သူက ဝတ္ထုတစ်အုပ်လုံး ဖတ်ပြီးတဲ့အပြင် ရထားလမ်းဘေးမှာ အလောင်းတွေ့တာကိုလည်း သိနှင့်နေပြီးပြီလေ။ ဒါပေမယ့် စာအုပ်မဖတ်ရသေးတဲ့ လူတွေအတွက် အဲ့ရထားလမ်းဘေးနဲ့ ွအလောင်းတွေ့မယ့်နေရာက ထူးထူးခြားခြား စိတ်ဝင်စားစရာမှ မရှိသေးပဲ။ အမြဲ အတိအကျကြီး လိုက်လုပ်နေလို့ မဖြစ်ဘူး။ ဒီလူငယ်ဒါရိုက်တာလေးက ရုပ်ရှင်မှာ စာအုပ်က အတိုင်းကြီး မဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ပြရမယ်ဆိုတာကို စာအုပ်ရဲ့ ညို့ငင်အားကို မလွန်ဆန်နိုင်တာကြောင့် သတိမမူမိပဲ ဖြစ်သွားတာ။

Marquez : ရုပ်ရှင်ပုံရိပ်တွေအဖြစ် ဖော်ပြဖို့ လုံးဝမဖြစ်နိုင်တဲ့ လက်တွေ့ဘဝထဲက ပုံရိပ်တွေဘာတွေများ ခင်ဗျားဘဝထဲမှာ ရှိသလား ?

Kurosawa : ရှိတာပေါ့။ ကျနော် အဲ့တုန်းကတော့ တော်တော်ငယ်သေးတယ်။ လက်ထောက် ဒါရိုက်တာ ဘဝနဲ့ အိဒါချီလို့ ခေါ်တဲ့ မြို့လေးကို ကျနော် ရောက်ဖြစ်ခဲ့တယ်။ မိုင်းတွင်းရှိတဲ့ မြို့ပါ။ ကျနော်တို့ ဒါရိုက်တာက မြို့ကို တွေ့တွေ့ချင်းပဲ မြို့ရဲ့ သာမန်နဲ့မတူ တမူထူးခြားတဲ့ ပတ်ဝန်းကျင် အခြေအနေကို သတိပြုမိပြီး ဒီမြို့မှာ ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုက်လည်း ရိုက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ထွက်လာတဲ့ ရုပ်ရှင်ပုံရိပ်တွေက ကျနော်တို့ ခံစားမိတဲ့ မြို့ရဲ့ အငွေ့အသက်မျိုး လုံးဝပြန်မရဘူး။ မြို့နေလူထု အများစုက မိုင်းတွင်းအလုပ်သမားတွေပါ။ အန္တရာယ်များလွန်းတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်နေရတဲ့ လူတွေဆိုလည်း မမှားဘူး။ ဒီလူတွေ၊ သူတို့မိန်းမတွေ၊ ကလေးတွေနဲ့အတူတူ တသက်လုံး ယှဉ်တွဲနေထိုင်လာတဲ့ ထာဝရအကြောက်တရားတွေ။ သေခြင်းရဲ့ အငွေ့အသက်တွေ။ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားမှုမျိုးတွေ။ ခင်ဗျား အဲ့ဒီမြို့ကို ကြည့်လိုက်တာနဲ့ ရှုခင်းရှုကွက်တွေကို အရင်မြင်မယ်။ ပြီးတာနဲ့ အှုံ့အှုံ့မှိုင်းမှိုင်း ခံစားမှုမျိုးရမယ်။ တခါတလေ ဒီနှစ်ခုက ဘယ်ဟာကဘာမှန်း မသိအောင် ရှုပ်ထွေးသွားမယ်။ ရုပ်ရှင်ပုံရိပ်တွေမှာ ဒါမျိုးတွေ ပျောက်ဆုံးနေတယ်။ ကင်မရာက ဒါတွေကို ဖမ်းဆုပ်ဖို့ထိ မတတ်နိုင်ခဲ့ဘူး။

Marquez : ကျနော် သိသလောက်တော့ ဝတ္ထုရေးဆရာ အများစုက သူ့တို့ဝတ္ထုတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေကို မကြိုက်ကြဘူး။ အဲ့ဒါနဲ့ ပတ်သတ်တဲ့ ခင်ဗျားရဲ့ အတွေ့အကြုံလေး လုပ်ပါဦး။

Kurosawa : ခဏဗျ။ ကျနော် ခင်ဗျားကို မေးခွန်းတစ်ခု အရင်ပြန်မေးဦးမယ်။ ခင်ဗျား ကျနော့်ရုပ်ရှင် ” Red Beard ” ကို ကြည့်ပြီးပြီလား။

Marquez : နှစ် နှစ်ဆယ်အတွင်း ခြောက်ခေါက်လောက်ကို ကြည့်ပြီးပြီ။ ကျနော့်ကလေးတွေကိုလည်း ဒီရုပ်ရှင်ကို ကြည့်ဖို့ တိုက်တွန်းဖြစ်တယ်။ ဒီရုပ်ရှင် အကြောင်း နေ့တိုင်းလိုလို ပြောဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ဒီရုပ်ရှင်က ခင်ဗျားရုပ်ရှင်တွေထဲ ကျနော်ရော၊ ကျနော့်မိသားစုပါ ကြိုက်တဲ့ရုပ်ရှင်ဖြစ်သလို ကျနော် အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တကားလည်း ဖြစ်နေသေးတယ်။

Kurosawa : ” Red Beard ” ကကျနော့် ရုပ်ရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ အခရာကျတဲ့ အမှတ်တစ်ခုပဲ။ ဒီလိုဗျ။ ” Red Beard ” မတိုင်ခင်က ကျနော့်ရုပ်ရှင်တွေနဲ့ ” Red Beard ” နောက်ပိုင်း ကျနော့်ရုပ်ရှင်တွေ ကွာသွားတယ်ဆိုတာ ပြောချင်တာ။ ” Red Beard ” က ကျနော့်အတွက် အဆုံးတခု ဖြစ်သလို၊ အစတခု ဆိုလည်း မမှားဘူး။

Marquez : ခင်ဗျား ပြောတာ မှန်ပါတယ်။ နောက်ပြီး ” Red Beard ” မှာ ကျနော့်အတွက် ဘယ်လိုမှ မေ့လို့မရတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းလည်း ပါသေးတယ်။ ရှိခိုးကောင် ( အင်းဆက်တမျိုး ) အခန်းနဲ့ ဆေးရုံဝင်းထဲမှာ ကာရာတေးချတဲ့ အခန်းပဲ။

Kurosawa : ဟုတ်ကဲ့။ ” Red Beard ” ဆိုလို့ မူရင်းစာအုပ်ကို ရေးတဲ့ စာရေးဆရာ ရှူဂူရို ရာမာမိုတိုက သူ့ဝတ္ထုတွေ ရုပ်ရှင်ပြန်ရိုက်တာမျိုးကို သဘောတွေ့တဲ့ လူစားမျိုးတော့ မဟုတ်ဘူး။ ” Red Beard ” ကိုတော့ ကျနော်အပူကပ်လွန်းလို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးတာ။ အံမယ်။ ရုပ်ရှင်ထွက်လာတော့ သူကြည့်ပြီး ကျနော့်ကို ဒီလိုပြောတယ်။ ” မင်းရုပ်ရှင်က ငါ့ဝတ္ထုထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ် ” ဆိုပဲ။

Marquez : သူဘာလို့ ရုပ်ရှင်ကို အဲ့လောက်ကြီး ကြိုက်သွားတာပါလိမ့်။

Kurosawa : ကျနော်ထင်တာကတော့ သူက ရုပ်ရှင်(cinema) ရဲ့ သရုပ်သကန်ကို ကောင်းကောင်းကြီး သဘောပေါက်လို့ပဲ။ ရုပ်ရှင်ဆန်ခြင်း ဆိုတာကိုပေါ့။ ” Red Beard ” နဲ့ ပတ်သတ်လို့ သူကျနော့်ကို တောင်းဆိုတာ တခုထဲရယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ အမျိုးသမီးဇာတ်ကောင်ကို သေချာကိုင်တွယ်ပါတဲ့။ အရာရာတိုင်းမှာ ရှုံးနေတဲ့ အမျိုးသမီးဇာတ်ကောင်ပေါ့။ စိတ်ဝင်စားဖို့ကောင်းတာက ဝတ္ထုထဲမှာကြ ဒီအမျိုးသမီးအကြောင်းကိုတော့ သူအဲ့လောက်ကြီး အသေးမစိတ်ထားဘူး။

Marquez : ဒါကိုတော့ ကျနော်နားလည်တယ်။ ကျနော်တို့ ဝတ္ထုသမားတွေမှာ အဲ့ဒါမျိုး ရှိတတ်တယ်။

Kurosawa : သူတို့ ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်တာနဲ့ ပတ်သတ်ပြီးတော့ တချို့စာရေးဆရာတွေ ပြောကြတာရှိတယ်။ ” ငါ့ဝတ္ထုထဲက ဒီအပိုင်းလေးကို မင်းပုံဖော်ထားတာတော့ ကြိုက်တယ်ကွာ ” လို့ပြောလေ့ရှိကြတယ်။ အမှန်က သူတို့ပြောတဲ့အပိုင်းက ရုပ်ရှင်ထဲမှာ ဒါရိုက်တာသပ်သပ် ထည့်ထားတဲ့ အပိုင်း။ ဝတ္ထုထဲမှာ မပါဘူး။ သူတို့ ရေးဖို့မတတ်နိုင်ခဲ့တဲ့၊ မရေးဖြစ်ခဲ့တဲ့အပိုင်းကို ဒါရိုက်တာကြောင့် ပိတ်ကားပေါ်မှာ ထင်ထင်ရှားရှား မြင်သွားတာမျိုးပေါ့။ ကျနော်နားလည်ပါတယ်။

Marquez : ” Poets are mixers of poisons ” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိသေးကိုးဗျ။ စကားမစပ် ခင်ဗျားအခုရိုက်နေတဲ့ ရုပ်ရှင်အကြောင်း တစ်ချက်သွားရအောင်။ တိုင်ဖွန်းမုန်တိုင်း တိုက်တဲ့အခန်း ရုပ်ရှင်ထဲ ပါတယ်ဆို။ မုန်တိုင်းကို ရိုက်ရတာ ခင်ဗျား ရုပ်ရှင်အတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်မယ်ထင်တယ်။

Kurosawa : မုန်တိုင်းထက် အခက်အခဲက တိရစ္ဆာန်တွေကို ရိုက်ရတာပဲ ဖြစ်မယ်ဗျ။ ရေမြွေတွေ၊ နှင်းဆီပန်း ဝတ်ရည်တွေကို စားတဲ့ ပုရွက်ဆိပ်တွေ၊ အိမ်မှာ အနေကြာနေတဲ့ မြွေတွေ။ ဒီကောင်တွေက လူတွေနဲ့ ရင်းနှီးပြီး အသားကျနေတာ။ မောင်းထုတ်လို့လည်း မရ။ အဲ့ဒါတွေအကုန်လုံးကို ရှင်းပစ်ဖို့ မြွေရိုင်း အကြီးကြီးတကောင် တောထဲထိ သွားရှာပြီး ဖမ်းလိုက်ရသေးတယ်။ ရှင်းတန်သလောက်တော့ ရှင်းသွားပါတယ်။ အဲ… ပုရွက်ဆိတ်တွေ ကျန်သေးတယ်။ သူတို့ကိုလည်း တတွဲကြီး နှင်းဆီခြုံတွေပေါ် ရောက်အောင် လုပ်ရသေးတယ်။ ခြုံတွေပေါ်တောင် မကဘူး။ နှင်းဆီပွင့်တွေ အပေါ်ထိရောက်အောင် ရိုးတံတွေမှာ ပျားရည်လိုက်သုတ်ပြီး မျှားခေါ်ရတာ။ ဒါမှရိုက်လို့ရမှာကိုး။ ကျနော်တို့ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတာဗျ။ ဒါပေမယ့် သူတို့တွေနဲ့ ပတ်သတ်လို့ တော်တော်များများ သိခွင့်ရတဲ့ အတွက် တန်ပါတယ်။

Marquez : ခင်ဗျား ရုပ်ရှင်က ပုရွက်ဆိတ်တွေရော၊ မုန်တိုင်းတွေရော ပါတယ်ဆိုတော့ ဘယ်လိုရုပ်ရှင်မျိုးမို့လို့လဲ။ ဇာတ်လမ်းလေး လုပ်ပါဦး။

Kurosawa : ဇာတ်လမ်းအကြောင်းပြောရင် အကြာကြီး ဖြစ်သွားမှာ။

Marquez : တယောက်ယောက်က တယောက်ယောက်ကို သတ်တဲ့ ဇာတ်လမ်းမျိုးလား။

Kurosawa : မဟုတ်ဘူးဗျ။ နာဂါစာကီက အဘွားကြီးတယောက် အကြောင်း။ ဗုံးကြဲခံရတုန်းက အသက်မသေဘဲ လွတ်မြောက်သွားတဲ့ အဘွားကြီးနဲ့ နွေရာသီတခုမှာ သူ့မြေးတွေ သူ့ဆီကို လာလည်တဲ့ အကြောင်းပါပဲ။ ကျနော်ကတော့ ဒီဇာတ်လမ်းထဲမှာ လူတွေကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့ အနိဌာရုံတွေ ထည့်မရိုက်ထားဘူး။ တချို့က ဒါမျိုးတွေကို မခံစားနိုင်ကြဘူးလေ။ ကျနော်ပြချင်တာက အနုမြူဗုံးက ဖန်တီးပေးလိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ကျနော်တို့ပြည်သူတွေရဲ့ နှလုံးအိမ်ထဲမှာ ဘယ်လောက်ထိ အမြစ်တွယ်နေတယ် ဆိုတာရယ်၊ အဲ့ဒီဒဏ်ရာတွေ တဖြည်းဖြည်းစပြီး ပျောက်ကင်းလာတာရယ်။ ဗုံးကြဲခံရတဲ့ နေ့ကို ကျနော်တော့ အခုထိ မမေ့နိုင်သေးဘူး။ လက်တွေ့ဘဝမှာ ဒါကြီး ဖြစ်ခဲ့တယ်ဆိုတာ ယုံဖို့ သိပ်ခက်နေတယ်ဗျာ။ အဆိုးဆုံးကတော့ ဂျပန်တွေက ဒီဖြစ်ရပ်ကြီးကို သူတို့ရဲ့ မှတ်ဥာဏ်တွေထဲကနေ ဖျောက်ဖျက်ပစ်လိုက်ပြီးပြီ ဆိုတာပဲ။

Marquez : အဲ့လို သမိုင်းဆိုင်ရာ မေ့ဖျောက်ထားမှုမျိုးက အနာဂတ်ဂျပန် နဲ့ ဂျပန်ပြည်သူတွေရဲ့ ကိုယ်ပိုင်အမှတ် လက္ခဏာတွေအပေါ် သက်ရောက်မှုမျိုးတွေ ရှိမလား။

Kurosawa : ဂျပန်တွေက အဲ့အကြောင်းကို ထဲထဲဝင်ဝင် သိပ်မပြောကြဘူးဗျ။ ကျနော်တို့ဆီက နိုင်ငံရေးသမားတွေကလည်း U.Sကို ကြောက်နေရတာကြောင့် လားတော့ မသိဘူး။ အသံကိုတိတ်နေရောပဲ။ သူတို့က ထရူးမန်း ပြောတဲ့ ” ဘယ်လိုမှ မတတ်သာသည့်အဆုံး ကမ္ဘာစစ်ကြီး ပြီးသွားစေရန် ကျနော်တို့ အနုမြူဗုံးကြဲလိုက်ရပါသည် ” ဆိုတာကြီးကို လက်ခံလိုက်ပုံရတယ်။ ကျနော်တို့ အတွက်ကတော့ စစ်ပွဲက မပြီးဘူး။ ဟီရိုရှီးမားနဲ့ နာဂါစာကီမှာ အနုမြူဗုံးကြောင့် သေတဲ့သူ ၂၃၀၀၀၀ ရှိတယ်လို့ တရားဝင် စာရင်းထုတ်ပြန်တယ်နော်။ အမှန်က ငါးသိန်းကျော်လောက် သေတာ။ ဗုံးကြဲခံပြီး ၄၅နှစ်ကြာ အခုချိန်ထိကို ဆေးရုံတွေမှာ သေဖို့စောင့်နေတဲ့ ဗုံးဒဏ်သင့် လူနာတွေ ၂၇၀၀လောက် ရှိသေးတယ်။ အနုမြူဗုံးက အခုထိ ဂျပန်တွေကို သတ်နေတုန်းပဲ။

Marquez : အမေရိကန်တွေ ဗုံးကြဲပြီး အဆုံးသတ်လိုက်တာက ဆိုဗီယက်တွေ ဂျပန်ကို သူတို့ထက် အရင်ဦးအောင် ကိုင်သွားမှာ စိုးလို့လည်းပါမယ်။ ဒီအချက်က ယုတ္တိလည်းရှိတယ်။

Kurosawa : ဟုတ်ပါတယ်။ ဒါပေမယ့် ဘာလို့ စစ်ပွဲနဲ့ ဘာမှမဆိုင်တဲ့ ပြည်သူတွေပဲရှိတဲ့ မြို့ကို ကြဲရတာလဲ။ ကြဲစရာ စစ်စခန်းတွေများ အများကြီးရယ်ပါ။

Marquez : တိုကျိုရဲ့ အသည်းနှလုံးလို့ ပြောလို့ရတဲ့ ဘုရင့်နန်းတော်ကိုတော့ သူတို့ ဗုံးမကြဲခဲ့ဘူးနော်။ ဘာပဲဖြစ်ဖြစ် လူ့သမိုင်းတစ်လျှောက် ဘယ်သူမှ မကြုံဖူးခဲ့တဲ့ အတွေ့အကြုံမျိုးကို ဂျပန်လူမျိုးတွေ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံခံစားခဲ့ရတာပဲဗျ။ စဉ်းစားရမှာက အနုမြူမသုံးလိုက်ဘူးဆို ဂျပန် လက်နက်ချပါ့မလား။ ပြီးတော့ အဲ့လို အတိုင်းသာဖြစ်သွားရင် အခုဂျပန်နဲ့ တူနိုင်ပါ့မလား။

Kurosawa : အဲ့ဒါကတော့ ပြောရခက်တယ်။ ဗုံးဒဏ်ကနေ လွတ်မြောက်သွားတဲ့ နာဂါစကီသားတွေက သူတို့ အတွေ့အကြုံတွေကို ပြန်အမှတ်မရ ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ လွတ်မြောက်သွားတဲ့သူ အများစုက သူတို့ မိဘတွေ၊ ကလေးတွေ၊ ညီအစ်ကို မောင်နှမတွေကို စွန့်ပစ်ခဲ့ရလို့ပဲ။ အဲ့လို စွန့်ပစ်ပြီးမှ လွတ်မြောက်လာကြတာ များတယ်။ သူတို့က အခုချိန်ထိ သူတို့ကိုယ်သူတို့ အပြစ်သားတွေလို ခံစားနေရတုန်း။ လိပ်ပြာမလုံ ဖြစ်နေတုန်း။ ဗုံးကြဲပြီး သိပ်မကြာပါဘူး။ ဒီဖြစ်ရပ်ကြီး တခုလုံးကို မေ့ဖျောက်ဖို့အတွက် ဂျပန်ကို ၆နှစ်လောက် သိမ်းထားတဲ့ အမေရိကန်တပ်တွေက နည်းအမျိုးမျိုးနဲ့ အရှိန်မြင့် လုပ်ဆောင်မှုတွေ စလုပ်တော့တာပဲ။ ဂျပန်အစိုးရကလည်း သူတို့နဲ့ ပူးပေါင်းတယ်။ ကျနော် ဒီဖြစ်ရပ်ကြီး တခုလုံးကို စစ်ရဲ့ မရှောင်လွှဲနိုင်တဲ့ ကံဆိုးမှု တခုအနေနဲ့ လက်ခံပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ဗျာ။ ဗုံးအတွက် သူတို့ ဂျပန်ပြည်သူတွေကို တောင်းပန်သင့်တယ်။ အဲ့လို တောင်းပန်တာတောင် ဒီဖြစ်ရပ်ကြီးကတော့ ပြီးမသွားဘူး။

Marquez : အဲ့အထိ တောင်ပဲလား။ နောက်ရလာမယ့် ပျော်ရွှင်စရာအချိန်တွေကို ဒီဖြစ်ရပ်ဆိုးကြီး အတွက်ပေးတဲ့ လျော်ကြေးအနေနဲ့ ယူဆလို့ မရဘူးလား။

Kurosawa : အနုမြူဗုံးက စစ်အေးတိုက်ပွဲကို စတင်စေခဲ့သလို လက်နက်အားပြိုင်မှု တွေကိုလည်း စစေခဲ့တာပဲ။ နောက်ပြီးတော့ အနုမြူဗုံးက အနုမြူစွမ်းအင် ဖန်တီးမှုနဲ့ အသုံးချမှုတို့ရဲ့ အစဆိုလည်း မမှားဘူး။ ပျော်ရွှင်မှုတွေကို ဒီလိုဟာမျိုးနဲ့ စတယ်ဆိုတာက ကြားလို့ သိပ်မကောင်းဘူး။ လူရယ်စရာ ဖြစ်နေတယ်။

Marquez : ကျနော် သိပါတယ်။ အနုမြူစွမ်းအင်က စပေါက်ဖွားလာထဲက ကျိန်စာသင့်နေတဲ့ မကောင်းဆိုးဝါး စွမ်းအင်တခု အနေနဲ့ ပေါက်ဖွားလာတာပါပဲ။ အဲ့လို ကျိန်စာအောက်ကနေ စွမ်းအင်တခု ဖြစ်ထွန်းလာတာကလည်း ကူရိုဆာဝါရုပ်ရှင်အတွက် ပြီးပြည့်စုံတဲ့ theme တစ်ခု ဖြစ်မယ်ထင်တယ်နော်။ ကျနော် ထင်တယ်။ ခင်ဗျားက အနုမြူစွမ်းအင်ကို ရှုတ်ချတာမျိုး မဟုတ်ဘူး။ အနုမြူစွမ်းအင်ကို စသုံးထဲက တလွဲအသုံးချတာမျိုးကို ရှုတ်ချတာပဲ။ ပြောရရင်တော့ လျှပ်စစ်က လူတွေအတွက် အကျိုးရှိတယ်။ ဒါပေမယ့် အကျဉ်းသားတွေကို သေဒဏ်စီရင်တဲ့ လျှပ်စစ်ထိုင်ခုံတော့ မပါဘူး။ အဲ့သလိုပေါ့။

Kurosawa : ဒီဟာက မတူဘူးလေ။ ကျနော်ထင်တာက အနုမြူစွမ်းအင်ဆိုတာ လူသားတွေ ထိန်းချုပ်နိုင်စွမ်းရဲ့ တစ်ဘက်ကို ကျော်နေပြီ။ အနုမြူဓာတ်ပေါင်းဖိုတွေမှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေကိုပဲ ကြည့်။ ပျက်ဆီးဆုံးရှုံးမှုတွေ ကြီးလွန်းတဲ့အပြင် ပေးဆပ်ရမှုတွေလည်း ကြီးတယ်။ နှစ်ပေါင်းရာကျော်၊ မျိုးဆက်ပေါင်းများစွာအထိပါ ရေဒီယိုဓာတ်သင့်မှုတွေ ဖြစ်ပြီး ကျန်ရစ်တာ။ တော်တော်နဲ့ နလန်မထူနိုင်ဘူး။

Marquez : လူသားဆန်မှုအပေါ် ကျနော့်ရဲ့ ယုံကြည်မှု တည်ဆောင်နိုင်ခြင်းက ခင်ဗျားရုပ်ရှင်တွေကြောင့် အများကြီးပါတယ်။ ခင်ဗျားရုပ်ရှင်တွေရဲ့ ကျေးဇူးရှိတယ်။ အပြစ်မရှိတဲ့ ပြည်သူတွေအပေါ်အနုမြူဗုံး ကြဲချတာတွေ၊ အမေရိကန်တွေ နဲ့ ဂျပန်အစိုးရ ပေါင်းပြီး မေ့ဖျောက်ပစ်ဖို့ ကြံတာတွေ၊ စတဲ့ဆိုးရွားတဲ့ ဖြစ်ရပ်တွေအပေါ် ခင်ဗျားရဲ့ အမြင်ကိုလည်း ကျနော်နားလည်တယ်။ ဒါပေမယ့် ကျနော်တခု စဉ်းစားမိတာက အနုမြူစွမ်းအင်ကို စစ်ဘက်မှာမသုံးဘဲ လူတွေအတွက် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးချရင် အဆင်ပြေနိုင်မလား ဆိုတာ။ အဲ့လို စဉ်းစားမိတိုင်းလည်း ခင်ဗျားခံစားရသလိုမျိုးအနုမြူနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ နောက်ဆက်တွဲတွေကို တွေးမိပြီး စိတ်က ရှုပ်ထွေးသွားပြန်ရော။

Kurosawa : လက်တွေ့ဘဝကြီးထဲမှာ သူတို့ အသုံးချခြယ်လှယ်လို့ မရတဲ့ အပိုင်းတွေ အများကြီးရှိသေးတယ် ဆိုတာ သိလာရင် လူသားတွေ လူသားပိုဆန်လာလိမ့်မယ်လို့ ထင်တယ်။ ချာနိုဘိုင်း အနုမြူ မတော်တဆမှု ဖြစ်ရပ်ဆိုး နောက်ဆက်တွဲကြောင့် ဖြစ်လာတဲ့ စအိုအပေါက် မပါတဲ့ ကလေးတွေတို့၊ ခြေရှစ်ချောင်းနဲ့ မြင်းတို့ဆိုတာ လူသားတွေရဲ့ ပယောဂကြောင့် ပေါ်လာသင့်တဲ့ အရာတွေမှ မဟုတ်ပဲ။ သဘာဝနဲ့ ဆန့်ကျင်နေတာတွေ။ ဒါတွေ ထားတော့ဗျာ။ ကျနော်တို့ စကားဝိုင်းကလည်း မရည်ရွယ်ဘဲနဲ့ တဖြည်းဖြည်း စိုးရိမ်စရာကောင်းအောင် လေးနက်လာပြီ။

Marquez : ကျနော်တို့က မှန်ကန်တဲ့ လုပ်ရက်ကို လုပ်ခဲ့တာပဲလေ။ စကားဝိုင်းတခုက တဖြည်းဖြည်း အတည်ပေါက်ဆန်လာပြီး လေးနက်လာပြီဆို လေးလေးနက်နက် ပြန်ဆွေးနွေးဖို့ကလွဲလို့ တခြားရွေးစရာ မှမရှိပဲ။ ဒါနဲ့ ခင်ဗျား အပြီးသတ်နေတဲ့ ရုပ်ရှင်အသစ်က ခင်ဗျားအပေါ်မှာ ပြောသွားတဲ့ ခင်ဗျားထင်မြင်ချက်တွေရဲ့ ပြတင်းပေါက် တခုများ ဖြစ်မလား။

Kurosawa : တိုက်ရိုက်ကြီးတော့ မဟုတ်ပါဘူး။ ဗုံးကြဲခံရတုန်းက ကျနော်က ဂျာနယ်လစ် ပေါက်စဘဝပဲ ရှိသေးတာ။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးတပုဒ်လည်း ရေးချင်ခဲ့သေးတယ်။ ပြင်းပြင်းထန်ထန် တားမြစ်ထားတော့ ရေးလို့ကလည်း မရခဲ့ဘူး။ ဟော…အခုတော့ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျနော် ရုပ်ရှင်ရိုက်ခွင့် ကြုံပြီ။ ကျနော် ထဲထဲဝင်ဝင်သိအောင် သုတေသနလုပ်တယ်။ လေ့လာတယ်။ ကျနော်သိခဲ့တာတွေထက်လည်း အများကြီး ပိုသိလာတယ်။ ကျနော့်ရဲ့ ထင်မြင်ချက်တွေကို တိုက်ရိုက်ကြီး ရုပ်ရှင်ထဲ သွပ်ထည့်ပြီး ရိုက်ချလိုက်ရင် ကျနော့်ရုပ်ရှင်လည်း ဂျပန်မှာတင် မကဘူး၊ ဘယ်နေရာမှာမှ ပြလို့ရမှာ မဟုတ်ဘူး။

Marquez : ခင်ဗျားအခု ပြောခဲ့တာတွေကို စာလုံးတွေ အဖြစ် ပုံနှိပ်မယ်ဆိုရင်ရော ဖြစ်နိုင်မယ်လို့ ခင်ဗျားထင်လား။

Kurosawa : ကျနော့်ဘက်ကတော့ ငြင်းစရာ မရှိဘူး။ ဒီအကြောင်းအရာတွေက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမဆို ကိုယ့်ထင်မြင်ချက်ကိုယ် လွတ်လပ်စွာ ပေးနိုင်ခွင့်ရှိတဲ့ အကြောင်းအရာတွေပဲကို။

Marquez : အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။ ကျနော်လည်း ဂျပန်တယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ခင်ဗျားတင်းမာသလို တင်းမာမိမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်ခင်ဗျားကို နားလည်ပါတယ်။ စစ်ပွဲတွေဆိုတာ ဘယ်သူ့ ဘယ်သူအတွက်မှ မကောင်းပါဘူး။

Kurosawa : အဲ့ဒါကို ပြောချင်တာ။ စိတ်မကောင်းစရာက ပစ်ခတ်မှုတွေ၊ စစ်ပွဲတွေ စလိုက်ပြီ ဆိုတာနဲ့ ယေရှုနဲ့ နတ်သားတွေကအစ စစ်ဗိုလ်ချုပ်နဲ့ စစ်သားတွေ အသွင်ကို ပြောင်းသွားတာပဲ။

ZMH

မာေကး နဲ႕ ကူရိုဆာဝါ

အခ်ိန္က 1990ပတ္ဝန္းက်င္။ ကိုလံဘီယာ စာေရးဆရာ ေဂဘရီရယ္ ဂါစီယာ မာေကး (ဆရာသင့္လူဘာသာျပန္တဲ့ ေဝလြင့္ကင္းကြာ ႏွစ္တရာတို႔၊ ဗိုလ္မႉးႀကီးထံ စာေရးမည့္သူ မရွိပါတို႔၊ ကပ္တြင္းက ခ်စ္ျခင္းတို႔ေၾကာင့္ ဒီက စာဖတ္ပရိသတ္ေတြနဲ႕ မာေကးကေတာ့ မစိမ္းပါဘူး) နဲ႕ နာမည္ႀကီး ဂ်ပန္ဒါရိုက္တာ အကီရာ ကူရိုဆာဝါ ( Rashomon၊ Seven Samurai၊ Ran)တို႔ တိုက်ိဳမွာ ေတြ႕ျဖစ္ၿပီး ၆နာရီၾကာ စကားဝိုင္းဖြဲ႕ ျဖစ္ၾကတယ္။ ေျပာခဲ့တဲ့ အေၾကာင္းအရာ ေတြကေတာ့ အစုံပါပဲ။ အဲ့ထဲကမွ L.A times မွာ ေဖာ္ျပခဲ့တဲ့ သူတို႔ ႏွစ္ေယာက္စကားဝိုင္းရဲ႕ အပိုင္းအစေလးအခ်ိဳ႕ကို အင္တာဗ်ဴးသေဘာမ်ိဳး ဘာသာျပန္ ေဖာ္ျပလိုက္ပါတယ္။ ႐ုပ္ရွင္အေၾကာင္း ပါမယ္။ post-war ဂ်ပန္အေၾကာင္း နည္းနည္းပါမယ္။ အႏုျမဴဗုံး အႀကဲခံရတဲ့ အေၾကာင္းနဲ႕ ေနာက္ဆက္တြဲအခ်ိဳ႕ ပါမယ္။ က်န္တဲ့ ေထြရာေလးပါးေလးေတြ နည္းနည္းပါမယ္။

Marquez : က်ေနာ္က သူငယ္ခ်င္းအခ်င္းခ်င္း ခင္ရာမင္ေၾကာင္း စကားဝိုင္းဖြဲ႕တာမ်ိဳးကို အင္တာဗ်ဴးဆန္ဆန္ မသြားခ်င္ဘူးဗ် ။ ဒါေပမယ့္ က်ေနာ္ ခင္ဗ်ားအေၾကာင္းကို ေတာ္ေတာ္သိခ်င္ေနတယ္။ ခင္ဗ်ား ဇာတ္ၫႊန္း ဘယ္လိုေရးသလဲ ဆိုတာနဲ႕ပဲ စလိုက္ၾကရေအာင္ဗ်ာ။ ဘာျဖစ္လို႔ ဒါနဲ႕စရသလဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္က ဇာတ္ၫႊန္းဆရာ ျဖစ္ေနတာရယ္၊ ခင္ဗ်ားကလည္း ဂႏၱဝင္စာေပလက္ရာအခ်ိဳ႕ကို ႐ုပ္ရွင္အျဖစ္ လွလွပပ အသြင္ကူးေျပာင္း ထားခဲ့တာေၾကာင့္ရယ္ေပါ့။

Kurosawa : ဇာတ္ၫႊန္းတစ္ခုျဖစ္ဖို႔ ဆန္းသစ္တဲ့ အိုင္ဒီယာတစ္ခု ရလာၿပီဆိုတာနဲ႕ ခဲတံေတြ ေဘာပင္ေတြ စာ႐ြက္ေတြနဲ႕ က်ေနာ့္ကိုယ္ က်ေနာ္ ဟိုတယ္အခန္းထဲ အက်ဥ္းခ်ထားလိုက္ေတာ့တာပဲ။ အဲ့လိုအခ်ိန္မ်ိဳးမွာ ဇာတ္လမ္းရဲ႕ အေျခခံေက်ာရိုးကို ရတယ္။ ၿပီးေတာ့ ဘယ္လိုဇာတ္သိမ္း ရမလဲဆိုတာကိုလည္း သိခ်င္သိေနတတ္တယ္။ က်န္တာေတြကိုေတာ့ သဘာဝအေလ်ာက္ ဗီဇအရ ေပၚလာတဲ့ သိစိတ္စီးေၾကာင္းေလး အတိုင္းပဲ ေမ်ာၿပီးေရးသြား႐ုံပဲ။

Marquez : ခင္ဗ်ားစိတ္ထဲ အရင္ေရာက္လာတာ အိုင္ဒီယာတစ္ခုလား ပုံရိပ္တစ္ခုလား။

Kurosawa : ဒါကိုေတာ့ က်ေနာ္ေသခ်ာ မရွင္းျပတတ္ဘူး။ ဒါေပမယ့္ က်ေနာ္ထင္တာကေတာ့ ျပန့္က်ဲေနတဲ့ ပုံရိပ္ေတြနဲ႕ စတယ္ ဆိုတာပဲ။ အဲ့လိုမဟုတ္ဘဲ က်ေနာ္သိတဲ့ ဂ်ပန္က ဇာတ္ၫႊန္းဆရာ ေတြကေတာ့ ဇာတ္ၫႊန္းစမေရးခင္ ေသခ်ာကို စနစ္တက် အကြက္ခ် ျပင္ဆင္တာပဲဗ်။ ပထမဦးဆုံး ဇာတ္ၫႊန္းအၾကမ္းတစ္ခု ထုတ္မယ္။ ဇာတ္ဝင္ခန္း အလိုက္ ျပန္စီမယ္ ဘာညာေတြေပါ့့။ စေတာင္ မေရးရေသးဘူး plotကို စနစ္တက် ႀကိဳခ်ၿပီးၿပီ။ ဒါမ်ိဳးက က်ေနာ့္အထင္ေတာ့ မွန္ကန္တဲ့ လုပ္ရပ္မ်ိဳး မဟုတ္ဘူး။ က်ေနာ္တို႔က ဖန္ဆင္းရွင္ေတြမွ မဟုတ္ပဲ။ သူ႕ဖလိုးေလးနဲ႕သူပဲ ေကာင္းပါတယ္။

Marquez : ခင္ဗ်ား ေဒါ့စတိုယက္စတီးတို႔၊ ေဂၚကီတို႔၊ ရွိတ္စပီးယားတို႔ရဲ႕ ဇာတ္လမ္းေတြကို ႐ုပ္ရွင္ျပန္ရိုက္ေတာ့လည္း အေပၚက ခင္ဗ်ားေျပာတဲ့နည္းလမ္း အတိုင္းပဲ ခ်တာပဲလား။

Kurosawa : စာအုပ္ထဲက ပုံရိပ္ေတြကို ႐ုပ္ရွင္ပုံရိပ္ေတြ အျဖစ္ အသြင္ေျပာင္းၿပီး ပရိသတ္ေတြကို ခ်ျပဖို႔ ေတာ္ေတာ္ခက္တယ္ဆိုတာ ႐ုပ္ရွင္ရိုက္သက္ သိပ္မရွိေသးတဲ့ လူေတြ မသိနိုင္ဘူးဗ်။ ဆိုၾကပါစို႔။ ရထားလမ္းေဘးမွာ လူေသအေလာင္းေတြ႕တဲ့ ဇာတ္ကြက္ပါတဲ့ စုံေထာက္ဝတၳဳတစ္ခုကို လူငယ္ဒါရိုက္တာေလး တစ္ေယာက္က ႐ုပ္ရွင္အေနနဲ႕ ျပန္ရိုက္ၿပီေပါ့။ သူက အေလာင္းေတြ႕တဲ့ ေနရာနဲ႕ ဇာတ္ဝင္ခန္းကို စာအုပ္ထဲက အတိုင္း တေသြမတိမ္း မတူတူေအာင္ ခ်မွာ။ ဒါလုံးဝ အမွားႀကီးပဲ။ ျပႆနာက ဘာလဲဆိုေတာ့ သူက ဝတၳဳတစ္အုပ္လုံး ဖတ္ၿပီးတဲ့အျပင္ ရထားလမ္းေဘးမွာ အေလာင္းေတြ႕တာကိုလည္း သိႏွင့္ေနၿပီးၿပီေလ။ ဒါေပမယ့္ စာအုပ္မဖတ္ရေသးတဲ့ လူေတြအတြက္ အဲ့ရထားလမ္းေဘးနဲ႕ ြအေလာင္းေတြ႕မယ့္ေနရာက ထူးထူးျခားျခား စိတ္ဝင္စားစရာမွ မရွိေသးပဲ။ အၿမဲ အတိအက်ႀကီး လိုက္လုပ္ေနလို႔ မျဖစ္ဘူး။ ဒီလူငယ္ဒါရိုက္တာေလးက ႐ုပ္ရွင္မွာ စာအုပ္က အတိုင္းႀကီး မဟုတ္ဘဲ တျခားနည္းလမ္းေတြနဲ႕ ျပရမယ္ဆိုတာကို စာအုပ္ရဲ႕ ညို႔ငင္အားကို မလြန္ဆန္နိုင္တာေၾကာင့္ သတိမမူမိပဲ ျဖစ္သြားတာ။

Marquez : ႐ုပ္ရွင္ပုံရိပ္ေတြအျဖစ္ ေဖာ္ျပဖို႔ လုံးဝမျဖစ္နိုင္တဲ့ လက္ေတြ႕ဘဝထဲက ပုံရိပ္ေတြဘာေတြမ်ား ခင္ဗ်ားဘဝထဲမွာ ရွိသလား ?

Kurosawa : ရွိတာေပါ့။ က်ေနာ္ အဲ့တုန္းကေတာ့ ေတာ္ေတာ္ငယ္ေသးတယ္။ လက္ေထာက္ ဒါရိုက္တာ ဘဝနဲ႕ အိဒါခ်ီလို႔ ေခၚတဲ့ ၿမိဳ႕ေလးကို က်ေနာ္ ေရာက္ျဖစ္ခဲ့တယ္။ မိုင္းတြင္းရွိတဲ့ ၿမိဳ႕ပါ။ က်ေနာ္တို႔ ဒါရိုက္တာက ၿမိဳ႕ကို ေတြ႕ေတြ႕ခ်င္းပဲ ၿမိဳ႕ရဲ႕ သာမန္နဲ႕မတူ တမူထူးျခားတဲ့ ပတ္ဝန္းက်င္ အေျခအေနကို သတိျပဳမိၿပီး ဒီၿမိဳ႕မွာ ႐ုပ္ရွင္ရိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ရိုက္လည္း ရိုက္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ထြက္လာတဲ့ ႐ုပ္ရွင္ပုံရိပ္ေတြက က်ေနာ္တို႔ ခံစားမိတဲ့ ၿမိဳ႕ရဲ႕ အေငြ႕အသက္မ်ိဳး လုံးဝျပန္မရဘူး။ ၿမိဳ႕ေနလူထု အမ်ားစုက မိုင္းတြင္းအလုပ္သမားေတြပါ။ အႏၱရာယ္မ်ားလြန္းတဲ့ အလုပ္ခြင္မွာ အလုပ္လုပ္ေနရတဲ့ လူေတြဆိုလည္း မမွားဘူး။ ဒီလူေတြ၊ သူတို႔မိန္းမေတြ၊ ကေလးေတြနဲ႕အတူတူ တသက္လုံး ယွဥ္တြဲေနထိုင္လာတဲ့ ထာဝရအေၾကာက္တရားေတြ။ ေသျခင္းရဲ႕ အေငြ႕အသက္ေတြ။ထိုင္းထိုင္းမွိုင္းမွိုင္း ခံစားမႈမ်ိဳးေတြ။ ခင္ဗ်ား အဲ့ဒီၿမိဳ႕ကို ၾကည့္လိုက္တာနဲ႕ ရႈခင္းရႈကြက္ေတြကို အရင္ျမင္မယ္။ ၿပီးတာနဲ႕ အႈံ႕အႈံ႕မွိုင္းမွိုင္း ခံစားမႈမ်ိဳးရမယ္။ တခါတေလ ဒီႏွစ္ခုက ဘယ္ဟာကဘာမွန္း မသိေအာင္ ရႈပ္ေထြးသြားမယ္။ ႐ုပ္ရွင္ပုံရိပ္ေတြမွာ ဒါမ်ိဳးေတြ ေပ်ာက္ဆုံးေနတယ္။ ကင္မရာက ဒါေတြကို ဖမ္းဆုပ္ဖို႔ထိ မတတ္နိုင္ခဲ့ဘူး။

Marquez : က်ေနာ္ သိသေလာက္ေတာ့ ဝတၳဳေရးဆရာ အမ်ားစုက သူ႕တို႔ဝတၳဳေတြကို ျပန္ရိုက္ထားတဲ့ ႐ုပ္ရွင္ေတြကို မႀကိဳက္ၾကဘူး။ အဲ့ဒါနဲ႕ ပတ္သတ္တဲ့ ခင္ဗ်ားရဲ႕ အေတြ႕အႀကဳံေလး လုပ္ပါဦး။

Kurosawa : ခဏဗ်။ က်ေနာ္ ခင္ဗ်ားကို ေမးခြန္းတစ္ခု အရင္ျပန္ေမးဦးမယ္။ ခင္ဗ်ား က်ေနာ့္႐ုပ္ရွင္ ” Red Beard ” ကို ၾကည့္ၿပီးၿပီလား။

Marquez : ႏွစ္ ႏွစ္ဆယ္အတြင္း ေျခာက္ေခါက္ေလာက္ကို ၾကည့္ၿပီးၿပီ။ က်ေနာ့္ကေလးေတြကိုလည္း ဒီ႐ုပ္ရွင္ကို ၾကည့္ဖို႔ တိုက္တြန္းျဖစ္တယ္။ ဒီ႐ုပ္ရွင္ အေၾကာင္း ေန႕တိုင္းလိုလို ေျပာျဖစ္တယ္။ ဘာလို႔လည္းဆိုေတာ့ ဒီ႐ုပ္ရွင္က ခင္ဗ်ား႐ုပ္ရွင္ေတြထဲ က်ေနာ္ေရာ၊ က်ေနာ့္မိသားစုပါ ႀကိဳက္တဲ့႐ုပ္ရွင္ျဖစ္သလို က်ေနာ္ အႀကိဳက္ဆုံး ႐ုပ္ရွင္ေတြထဲက တကားလည္း ျဖစ္ေနေသးတယ္။

Kurosawa : ” Red Beard ” ကက်ေနာ့္ ႐ုပ္ရွင္ေတြရဲ႕ ဆင့္ကဲေျပာင္းလဲမႈမွာ အခရာက်တဲ့ အမွတ္တစ္ခုပဲ။ ဒီလိုဗ်။ ” Red Beard ” မတိုင္ခင္က က်ေနာ့္႐ုပ္ရွင္ေတြနဲ႕ ” Red Beard ” ေနာက္ပိုင္း က်ေနာ့္႐ုပ္ရွင္ေတြ ကြာသြားတယ္ဆိုတာ ေျပာခ်င္တာ။ ” Red Beard ” က က်ေနာ့္အတြက္ အဆုံးတခု ျဖစ္သလို၊ အစတခု ဆိုလည္း မမွားဘူး။

Marquez : ခင္ဗ်ား ေျပာတာ မွန္ပါတယ္။ ေနာက္ၿပီး ” Red Beard ” မွာ က်ေနာ့္အတြက္ ဘယ္လိုမွ ေမ့လို႔မရတဲ့ ဇာတ္ဝင္ခန္း ႏွစ္ခန္းလည္း ပါေသးတယ္။ ရွိခိုးေကာင္ ( အင္းဆက္တမ်ိဳး ) အခန္းနဲ႕ ေဆး႐ုံဝင္းထဲမွာ ကာရာေတးခ်တဲ့ အခန္းပဲ။

Kurosawa : ဟုတ္ကဲ့။ ” Red Beard ” ဆိုလို႔ မူရင္းစာအုပ္ကို ေရးတဲ့ စာေရးဆရာ ရႉဂူရို ရာမာမိုတိုက သူ႕ဝတၳဳေတြ ႐ုပ္ရွင္ျပန္ရိုက္တာမ်ိဳးကို သေဘာေတြ႕တဲ့ လူစားမ်ိဳးေတာ့ မဟုတ္ဘူး။ ” Red Beard ” ကိုေတာ့ က်ေနာ္အပူကပ္လြန္းလို႔ ႁခြင္းခ်က္အေနနဲ႕ ခြင့္ျပဳေပးတာ။ အံမယ္။ ႐ုပ္ရွင္ထြက္လာေတာ့ သူၾကည့္ၿပီး က်ေနာ့္ကို ဒီလိုေျပာတယ္။ ” မင္း႐ုပ္ရွင္က ငါ့ဝတၳဳထက္ ပိုစိတ္ဝင္စားဖို႔ ေကာင္းတယ္ ” ဆိုပဲ။

Marquez : သူဘာလို႔ ႐ုပ္ရွင္ကို အဲ့ေလာက္ႀကီး ႀကိဳက္သြားတာပါလိမ့္။

Kurosawa : က်ေနာ္ထင္တာကေတာ့ သူက ႐ုပ္ရွင္(cinema) ရဲ႕ သ႐ုပ္သကန္ကို ေကာင္းေကာင္းႀကီး သေဘာေပါက္လို႔ပဲ။ ႐ုပ္ရွင္ဆန္ျခင္း ဆိုတာကိုေပါ့။ ” Red Beard ” နဲ႕ ပတ္သတ္လို႔ သူက်ေနာ့္ကို ေတာင္းဆိုတာ တခုထဲရယ္။ အဓိက ဇာတ္ေကာင္ျဖစ္တဲ့ အမ်ိဳးသမီးဇာတ္ေကာင္ကို ေသခ်ာကိုင္တြယ္ပါတဲ့။ အရာရာတိုင္းမွာ ရႈံးေနတဲ့ အမ်ိဳးသမီးဇာတ္ေကာင္ေပါ့။ စိတ္ဝင္စားဖို႔ေကာင္းတာက ဝတၳဳထဲမွာၾက ဒီအမ်ိဳးသမီးအေၾကာင္းကိုေတာ့ သူအဲ့ေလာက္ႀကီး အေသးမစိတ္ထားဘူး။

Marquez : ဒါကိုေတာ့ က်ေနာ္နားလည္တယ္။ က်ေနာ္တို႔ ဝတၳဳသမားေတြမွာ အဲ့ဒါမ်ိဳး ရွိတတ္တယ္။

Kurosawa : သူတို႔ ဝတၳဳေတြကို ႐ုပ္ရွင္ျပန္ရိုက္တာနဲ႕ ပတ္သတ္ၿပီးေတာ့ တခ်ိဳ႕စာေရးဆရာေတြ ေျပာၾကတာရွိတယ္။ ” ငါ့ဝတၳဳထဲက ဒီအပိုင္းေလးကို မင္းပုံေဖာ္ထားတာေတာ့ ႀကိဳက္တယ္ကြာ ” လို႔ေျပာေလ့ရွိၾကတယ္။ အမွန္က သူတို႔ေျပာတဲ့အပိုင္းက ႐ုပ္ရွင္ထဲမွာ ဒါရိုက္တာသပ္သပ္ ထည့္ထားတဲ့ အပိုင္း။ ဝတၳဳထဲမွာ မပါဘူး။ သူတို႔ ေရးဖို႔မတတ္နိုင္ခဲ့တဲ့၊ မေရးျဖစ္ခဲ့တဲ့အပိုင္းကို ဒါရိုက္တာေၾကာင့္ ပိတ္ကားေပၚမွာ ထင္ထင္ရွားရွား ျမင္သြားတာမ်ိဳးေပါ့။ က်ေနာ္နားလည္ပါတယ္။

Marquez : ” Poets are mixers of poisons ” ဆိုတဲ့ ဆိုရိုးစကားလည္း ရွိေသးကိုးဗ်။ စကားမစပ္ ခင္ဗ်ားအခုရိုက္ေနတဲ့ ႐ုပ္ရွင္အေၾကာင္း တစ္ခ်က္သြားရေအာင္။ တိုင္ဖြန္းမုန္တိုင္း တိုက္တဲ့အခန္း ႐ုပ္ရွင္ထဲ ပါတယ္ဆို။ မုန္တိုင္းကို ရိုက္ရတာ ခင္ဗ်ား ႐ုပ္ရွင္အတြက္ အႀကီးမားဆုံး အခက္အခဲ ျဖစ္မယ္ထင္တယ္။

Kurosawa : မုန္တိုင္းထက္ အခက္အခဲက တိရစ္ဆာန္ေတြကို ရိုက္ရတာပဲ ျဖစ္မယ္ဗ်။ ေရေႁမြေတြ၊ ႏွင္းဆီပန္း ဝတ္ရည္ေတြကို စားတဲ့ ပု႐ြက္ဆိပ္ေတြ၊ အိမ္မွာ အေနၾကာေနတဲ့ ေႁမြေတြ။ ဒီေကာင္ေတြက လူေတြနဲ႕ ရင္းႏွီးၿပီး အသားက်ေနတာ။ ေမာင္းထုတ္လို႔လည္း မရ။ အဲ့ဒါေတြအကုန္လုံးကို ရွင္းပစ္ဖို႔ ေႁမြရိုင္း အႀကီးႀကီးတေကာင္ ေတာထဲထိ သြားရွာၿပီး ဖမ္းလိုက္ရေသးတယ္။ ရွင္းတန္သေလာက္ေတာ့ ရွင္းသြားပါတယ္။ အဲ… ပု႐ြက္ဆိတ္ေတြ က်န္ေသးတယ္။ သူတို႔ကိုလည္း တတြဲႀကီး ႏွင္းဆီၿခဳံေတြေပၚ ေရာက္ေအာင္ လုပ္ရေသးတယ္။ ၿခဳံေတြေပၚေတာင္ မကဘူး။ ႏွင္းဆီပြင့္ေတြ အေပၚထိေရာက္ေအာင္ ရိုးတံေတြမွာ ပ်ားရည္လိုက္သုတ္ၿပီး မွ်ားေခၚရတာ။ ဒါမွရိုက္လို႔ရမွာကိုး။ က်ေနာ္တို႔ အခက္အခဲေတြ အမ်ားႀကီး ႀကဳံေတြ႕ခဲ့ရတာဗ်။ ဒါေပမယ့္ သူတို႔ေတြနဲ႕ ပတ္သတ္လို႔ ေတာ္ေတာ္မ်ားမ်ား သိခြင့္ရတဲ့ အတြက္ တန္ပါတယ္။

Marquez : ခင္ဗ်ား ႐ုပ္ရွင္က ပု႐ြက္ဆိတ္ေတြေရာ၊ မုန္တိုင္းေတြေရာ ပါတယ္ဆိုေတာ့ ဘယ္လို႐ုပ္ရွင္မ်ိဳးမို႔လို႔လဲ။ ဇာတ္လမ္းေလး လုပ္ပါဦး။

Kurosawa : ဇာတ္လမ္းအေၾကာင္းေျပာရင္ အၾကာႀကီး ျဖစ္သြားမွာ။

Marquez : တေယာက္ေယာက္က တေယာက္ေယာက္ကို သတ္တဲ့ ဇာတ္လမ္းမ်ိဳးလား။

Kurosawa : မဟုတ္ဘူးဗ်။ နာဂါစာကီက အဘြားႀကီးတေယာက္ အေၾကာင္း။ ဗုံးႀကဲခံရတုန္းက အသက္မေသဘဲ လြတ္ေျမာက္သြားတဲ့ အဘြားႀကီးနဲ႕ ႏြေရာသီတခုမွာ သူ႕ေျမးေတြ သူ႕ဆီကို လာလည္တဲ့ အေၾကာင္းပါပဲ။ က်ေနာ္ကေတာ့ ဒီဇာတ္လမ္းထဲမွာ လူေတြကို ထိတ္လန့္တုန္လႈပ္သြားေစနိုင္တဲ့ အနိဌာ႐ုံေတြ ထည့္မရိုက္ထားဘူး။ တခ်ိဳ႕က ဒါမ်ိဳးေတြကို မခံစားနိုင္ၾကဘူးေလ။ က်ေနာ္ျပခ်င္တာက အႏုျမဴဗုံးက ဖန္တီးေပးလိုက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ က်ေနာ္တို႔ျပည္သူေတြရဲ႕ ႏွလုံးအိမ္ထဲမွာ ဘယ္ေလာက္ထိ အျမစ္တြယ္ေနတယ္ ဆိုတာရယ္၊ အဲ့ဒီဒဏ္ရာေတြ တျဖည္းျဖည္းစၿပီး ေပ်ာက္ကင္းလာတာရယ္။ ဗုံးႀကဲခံရတဲ့ ေန႕ကို က်ေနာ္ေတာ့ အခုထိ မေမ့နိုင္ေသးဘူး။ လက္ေတြ႕ဘဝမွာ ဒါႀကီး ျဖစ္ခဲ့တယ္ဆိုတာ ယုံဖို႔ သိပ္ခက္ေနတယ္ဗ်ာ။ အဆိုးဆုံးကေတာ့ ဂ်ပန္ေတြက ဒီျဖစ္ရပ္ႀကီးကို သူတို႔ရဲ႕ မွတ္ဥာဏ္ေတြထဲကေန ေဖ်ာက္ဖ်က္ပစ္လိုက္ၿပီးၿပီ ဆိုတာပဲ။

Marquez : အဲ့လို သမိုင္းဆိုင္ရာ ေမ့ေဖ်ာက္ထားမႈမ်ိဳးက အနာဂတ္ဂ်ပန္ နဲ႕ ဂ်ပန္ျပည္သူေတြရဲ႕ ကိုယ္ပိုင္အမွတ္ လကၡဏာေတြအေပၚ သက္ေရာက္မႈမ်ိဳးေတြ ရွိမလား။

Kurosawa : ဂ်ပန္ေတြက အဲ့အေၾကာင္းကို ထဲထဲဝင္ဝင္ သိပ္မေျပာၾကဘူးဗ်။ က်ေနာ္တို႔ဆီက နိုင္ငံေရးသမားေတြကလည္း U.Sကို ေၾကာက္ေနရတာေၾကာင့္ လားေတာ့ မသိဘူး။ အသံကိုတိတ္ေနေရာပဲ။ သူတို႔က ထ႐ူးမန္း ေျပာတဲ့ ” ဘယ္လိုမွ မတတ္သာသည့္အဆုံး ကမၻာစစ္ႀကီး ၿပီးသြားေစရန္ က်ေနာ္တို႔ အႏုျမဴဗုံးႀကဲလိုက္ရပါသည္ ” ဆိုတာႀကီးကို လက္ခံလိုက္ပုံရတယ္။ က်ေနာ္တို႔ အတြက္ကေတာ့ စစ္ပြဲက မၿပီးဘူး။ ဟီရိုရွီးမားနဲ႕ နာဂါစာကီမွာ အႏုျမဴဗုံးေၾကာင့္ ေသတဲ့သူ ၂၃၀၀၀၀ ရွိတယ္လို႔ တရားဝင္ စာရင္းထုတ္ျပန္တယ္ေနာ္။ အမွန္က ငါးသိန္းေက်ာ္ေလာက္ ေသတာ။ ဗုံးႀကဲခံၿပီး ၄၅ႏွစ္ၾကာ အခုခ်ိန္ထိကို ေဆး႐ုံေတြမွာ ေသဖို႔ေစာင့္ေနတဲ့ ဗုံးဒဏ္သင့္ လူနာေတြ ၂၇၀၀ေလာက္ ရွိေသးတယ္။ အႏုျမဴဗုံးက အခုထိ ဂ်ပန္ေတြကို သတ္ေနတုန္းပဲ။

Marquez : အေမရိကန္ေတြ ဗုံးႀကဲၿပီး အဆုံးသတ္လိုက္တာက ဆိုဗီယက္ေတြ ဂ်ပန္ကို သူတို႔ထက္ အရင္ဦးေအာင္ ကိုင္သြားမွာ စိုးလို႔လည္းပါမယ္။ ဒီအခ်က္က ယုတၱိလည္းရွိတယ္။

Kurosawa : ဟုတ္ပါတယ္။ ဒါေပမယ့္ ဘာလို႔ စစ္ပြဲနဲ႕ ဘာမွမဆိုင္တဲ့ ျပည္သူေတြပဲရွိတဲ့ ၿမိဳ႕ကို ႀကဲရတာလဲ။ ႀကဲစရာ စစ္စခန္းေတြမ်ား အမ်ားႀကီးရယ္ပါ။

Marquez : တိုက်ိဳရဲ႕ အသည္းႏွလုံးလို႔ ေျပာလို႔ရတဲ့ ဘုရင့္နန္းေတာ္ကိုေတာ့ သူတို႔ ဗုံးမႀကဲခဲ့ဘူးေနာ္။ ဘာပဲျဖစ္ျဖစ္ လူ႕သမိုင္းတစ္ေလွ်ာက္ ဘယ္သူမွ မႀကဳံဖူးခဲ့တဲ့ အေတြ႕အႀကဳံမ်ိဳးကို ဂ်ပန္လူမ်ိဳးေတြ နဖူးေတြ႕ ဒူးေတြ႕ ေတြ႕ႀကဳံခံစားခဲ့ရတာပဲဗ်။ စဥ္းစားရမွာက အႏုျမဴမသုံးလိုက္ဘူးဆို ဂ်ပန္ လက္နက္ခ်ပါ့မလား။ ၿပီးေတာ့ အဲ့လို အတိုင္းသာျဖစ္သြားရင္ အခုဂ်ပန္နဲ႕ တူနိုင္ပါ့မလား။

Kurosawa : အဲ့ဒါကေတာ့ ေျပာရခက္တယ္။ ဗုံးဒဏ္ကေန လြတ္ေျမာက္သြားတဲ့ နာဂါစကီသားေတြက သူတို႔ အေတြ႕အႀကဳံေတြကို ျပန္အမွတ္မရ ခ်င္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ လြတ္ေျမာက္သြားတဲ့သူ အမ်ားစုက သူတို႔ မိဘေတြ၊ ကေလးေတြ၊ ညီအစ္ကို ေမာင္ႏွမေတြကို စြန့္ပစ္ခဲ့ရလို႔ပဲ။ အဲ့လို စြန့္ပစ္ၿပီးမွ လြတ္ေျမာက္လာၾကတာ မ်ားတယ္။ သူတို႔က အခုခ်ိန္ထိ သူတို႔ကိုယ္သူတို႔ အျပစ္သားေတြလို ခံစားေနရတုန္း။ လိပ္ျပာမလုံ ျဖစ္ေနတုန္း။ ဗုံးႀကဲၿပီး သိပ္မၾကာပါဘူး။ ဒီျဖစ္ရပ္ႀကီး တခုလုံးကို ေမ့ေဖ်ာက္ဖို႔အတြက္ ဂ်ပန္ကို ၆ႏွစ္ေလာက္ သိမ္းထားတဲ့ အေမရိကန္တပ္ေတြက နည္းအမ်ိဳးမ်ိဳးနဲ႕ အရွိန္ျမင့္ လုပ္ေဆာင္မႈေတြ စလုပ္ေတာ့တာပဲ။ ဂ်ပန္အစိုးရကလည္း သူတို႔နဲ႕ ပူးေပါင္းတယ္။ က်ေနာ္ ဒီျဖစ္ရပ္ႀကီး တခုလုံးကို စစ္ရဲ႕ မေရွာင္လႊဲနိုင္တဲ့ ကံဆိုးမႈ တခုအေနနဲ႕ လက္ခံပါတယ္။ ဒါေပမယ့္ အနည္းဆုံးေတာ့ဗ်ာ။ ဗုံးအတြက္ သူတို႔ ဂ်ပန္ျပည္သူေတြကို ေတာင္းပန္သင့္တယ္။ အဲ့လို ေတာင္းပန္တာေတာင္ ဒီျဖစ္ရပ္ႀကီးကေတာ့ ၿပီးမသြားဘူး။

Marquez : အဲ့အထိ ေတာင္ပဲလား။ ေနာက္ရလာမယ့္ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို ဒီျဖစ္ရပ္ဆိုးႀကီး အတြက္ေပးတဲ့ ေလ်ာ္ေၾကးအေနနဲ႕ ယူဆလို႔ မရဘူးလား။

Kurosawa : အႏုျမဴဗုံးက စစ္ေအးတိုက္ပြဲကို စတင္ေစခဲ့သလို လက္နက္အားၿပိဳင္မႈ ေတြကိုလည္း စေစခဲ့တာပဲ။ ေနာက္ၿပီးေတာ့ အႏုျမဴဗုံးက အႏုျမဴစြမ္းအင္ ဖန္တီးမႈနဲ႕ အသုံးခ်မႈတို႔ရဲ႕ အစဆိုလည္း မမွားဘူး။ ေပ်ာ္႐ႊင္မႈေတြကို ဒီလိုဟာမ်ိဳးနဲ႕ စတယ္ဆိုတာက ၾကားလို႔ သိပ္မေကာင္းဘူး။ လူရယ္စရာ ျဖစ္ေနတယ္။

Marquez : က်ေနာ္ သိပါတယ္။ အႏုျမဴစြမ္းအင္က စေပါက္ဖြားလာထဲက က်ိန္စာသင့္ေနတဲ့ မေကာင္းဆိုးဝါး စြမ္းအင္တခု အေနနဲ႕ ေပါက္ဖြားလာတာပါပဲ။ အဲ့လို က်ိန္စာေအာက္ကေန စြမ္းအင္တခု ျဖစ္ထြန္းလာတာကလည္း ကူရိုဆာဝါ႐ုပ္ရွင္အတြက္ ၿပီးျပည့္စုံတဲ့ theme တစ္ခု ျဖစ္မယ္ထင္တယ္ေနာ္။ က်ေနာ္ ထင္တယ္။ ခင္ဗ်ားက အႏုျမဴစြမ္းအင္ကို ရႈတ္ခ်တာမ်ိဳး မဟုတ္ဘူး။ အႏုျမဴစြမ္းအင္ကို စသုံးထဲက တလြဲအသုံးခ်တာမ်ိဳးကို ရႈတ္ခ်တာပဲ။ ေျပာရရင္ေတာ့ လွ်ပ္စစ္က လူေတြအတြက္ အက်ိဳးရွိတယ္။ ဒါေပမယ့္ အက်ဥ္းသားေတြကို ေသဒဏ္စီရင္တဲ့ လွ်ပ္စစ္ထိုင္ခုံေတာ့ မပါဘူး။ အဲ့သလိုေပါ့။

Kurosawa : ဒီဟာက မတူဘူးေလ။ က်ေနာ္ထင္တာက အႏုျမဴစြမ္းအင္ဆိုတာ လူသားေတြ ထိန္းခ်ဳပ္နိုင္စြမ္းရဲ႕ တစ္ဘက္ကို ေက်ာ္ေနၿပီ။ အႏုျမဴဓာတ္ေပါင္းဖိုေတြမွာ ျဖစ္ခဲ့တဲ့ မေတာ္တဆမႈေတြကိုပဲ ၾကည့္။ ပ်က္ဆီးဆုံးရႈံးမႈေတြ ႀကီးလြန္းတဲ့အျပင္ ေပးဆပ္ရမႈေတြလည္း ႀကီးတယ္။ ႏွစ္ေပါင္းရာေက်ာ္၊ မ်ိဳးဆက္ေပါင္းမ်ားစြာအထိပါ ေရဒီယိုဓာတ္သင့္မႈေတြ ျဖစ္ၿပီး က်န္ရစ္တာ။ ေတာ္ေတာ္နဲ႕ နလန္မထူနိုင္ဘူး။

Marquez : လူသားဆန္မႈအေပၚ က်ေနာ့္ရဲ႕ ယုံၾကည္မႈ တည္ေဆာင္နိုင္ျခင္းက ခင္ဗ်ား႐ုပ္ရွင္ေတြေၾကာင့္ အမ်ားႀကီးပါတယ္။ ခင္ဗ်ား႐ုပ္ရွင္ေတြရဲ႕ ေက်းဇူးရွိတယ္။ အျပစ္မရွိတဲ့ ျပည္သူေတြအေပၚအႏုျမဴဗုံး ႀကဲခ်တာေတြ၊ အေမရိကန္ေတြ နဲ႕ ဂ်ပန္အစိုးရ ေပါင္းၿပီး ေမ့ေဖ်ာက္ပစ္ဖို႔ ႀကံတာေတြ၊ စတဲ့ဆိုး႐ြားတဲ့ ျဖစ္ရပ္ေတြအေပၚ ခင္ဗ်ားရဲ႕ အျမင္ကိုလည္း က်ေနာ္နားလည္တယ္။ ဒါေပမယ့္ က်ေနာ္တခု စဥ္းစားမိတာက အႏုျမဴစြမ္းအင္ကို စစ္ဘက္မွာမသုံးဘဲ လူေတြအတြက္ အက်ိဳးရွိတဲ့ ေနရာေတြမွာ အသုံးခ်ရင္ အဆင္ေျပနိုင္မလား ဆိုတာ။ အဲ့လို စဥ္းစားမိတိုင္းလည္း ခင္ဗ်ားခံစားရသလိုမ်ိဳးအႏုျမဴနဲ႕ ပတ္သတ္တဲ့ ျဖစ္ရပ္ဆိုးေတြနဲ႕ ေနာက္ဆက္တြဲေတြကို ေတြးမိၿပီး စိတ္က ရႈပ္ေထြးသြားျပန္ေရာ။

Kurosawa : လက္ေတြ႕ဘဝႀကီးထဲမွာ သူတို႔ အသုံးခ်ျခယ္လွယ္လို႔ မရတဲ့ အပိုင္းေတြ အမ်ားႀကီးရွိေသးတယ္ ဆိုတာ သိလာရင္ လူသားေတြ လူသားပိုဆန္လာလိမ့္မယ္လို႔ ထင္တယ္။ ခ်ာနိုဘိုင္း အႏုျမဴ မေတာ္တဆမႈ ျဖစ္ရပ္ဆိုး ေနာက္ဆက္တြဲေၾကာင့္ ျဖစ္လာတဲ့ စအိုအေပါက္ မပါတဲ့ ကေလးေတြတို႔၊ ေျခရွစ္ေခ်ာင္းနဲ႕ ျမင္းတို႔ဆိုတာ လူသားေတြရဲ႕ ပေယာဂေၾကာင့္ ေပၚလာသင့္တဲ့ အရာေတြမွ မဟုတ္ပဲ။ သဘာဝနဲ႕ ဆန့္က်င္ေနတာေတြ။ ဒါေတြ ထားေတာ့ဗ်ာ။ က်ေနာ္တို႔ စကားဝိုင္းကလည္း မရည္႐ြယ္ဘဲနဲ႕ တျဖည္းျဖည္း စိုးရိမ္စရာေကာင္းေအာင္ ေလးနက္လာၿပီ။

Marquez : က်ေနာ္တို႔က မွန္ကန္တဲ့ လုပ္ရက္ကို လုပ္ခဲ့တာပဲေလ။ စကားဝိုင္းတခုက တျဖည္းျဖည္း အတည္ေပါက္ဆန္လာၿပီး ေလးနက္လာၿပီဆို ေလးေလးနက္နက္ ျပန္ေဆြးႏြေးဖို႔ကလြဲလို႔ တျခားေ႐ြးစရာ မွမရွိပဲ။ ဒါနဲ႕ ခင္ဗ်ား အၿပီးသတ္ေနတဲ့ ႐ုပ္ရွင္အသစ္က ခင္ဗ်ားအေပၚမွာ ေျပာသြားတဲ့ ခင္ဗ်ားထင္ျမင္ခ်က္ေတြရဲ႕ ျပတင္းေပါက္ တခုမ်ား ျဖစ္မလား။

Kurosawa : တိုက္ရိုက္ႀကီးေတာ့ မဟုတ္ပါဘူး။ ဗုံးႀကဲခံရတုန္းက က်ေနာ္က ဂ်ာနယ္လစ္ ေပါက္စဘဝပဲ ရွိေသးတာ။ ဒီျဖစ္ရပ္နဲ႕ ပတ္သတ္တဲ့ ေဆာင္းပါးတပုဒ္လည္း ေရးခ်င္ခဲ့ေသးတယ္။ ျပင္းျပင္းထန္ထန္ တားျမစ္ထားေတာ့ ေရးလို႔ကလည္း မရခဲ့ဘူး။ ေဟာ…အခုေတာ့ ဒီျဖစ္ရပ္နဲ႕ ပတ္သတ္ၿပီး က်ေနာ္ ႐ုပ္ရွင္ရိုက္ခြင့္ ႀကဳံၿပီ။ က်ေနာ္ ထဲထဲဝင္ဝင္သိေအာင္ သုေတသနလုပ္တယ္။ ေလ့လာတယ္။ က်ေနာ္သိခဲ့တာေတြထက္လည္း အမ်ားႀကီး ပိုသိလာတယ္။ က်ေနာ့္ရဲ႕ ထင္ျမင္ခ်က္ေတြကို တိုက္ရိုက္ႀကီး ႐ုပ္ရွင္ထဲ သြပ္ထည့္ၿပီး ရိုက္ခ်လိဳက္ရင္ က်ေနာ့္႐ုပ္ရွင္လည္း ဂ်ပန္မွာတင္ မကဘူး၊ ဘယ္ေနရာမွာမွ ျပလို႔ရမွာ မဟုတ္ဘူး။

Marquez : ခင္ဗ်ားအခု ေျပာခဲ့တာေတြကို စာလုံးေတြ အျဖစ္ ပုံႏွိပ္မယ္ဆိုရင္ေရာ ျဖစ္နိုင္မယ္လို႔ ခင္ဗ်ားထင္လား။

Kurosawa : က်ေနာ့္ဘက္ကေတာ့ ျငင္းစရာ မရွိဘူး။ ဒီအေၾကာင္းအရာေတြက ကမၻာေပၚမွာရွိတဲ့ ဘယ္သူမဆို ကိုယ့္ထင္ျမင္ခ်က္ကိုယ္ လြတ္လပ္စြာ ေပးနိုင္ခြင့္ရွိတဲ့ အေၾကာင္းအရာေတြပဲကို။

Marquez : အရာအားလုံး အတြက္ ေက်းဇူးတင္ပါတယ္ ခင္ဗ်ား။ က်ေနာ္လည္း ဂ်ပန္တေယာက္ ျဖစ္ခဲ့မယ္ဆိုရင္ ဒီကိစၥေတြနဲ႕ ပတ္သတ္ၿပီး ခင္ဗ်ားတင္းမာသလို တင္းမာမိမွာပဲ။ ဘာပဲျဖစ္ျဖစ္ က်ေနာ္ခင္ဗ်ားကို နားလည္ပါတယ္။ စစ္ပြဲေတြဆိုတာ ဘယ္သူ႕ ဘယ္သူအတြက္မွ မေကာင္းပါဘူး။

Kurosawa : အဲ့ဒါကို ေျပာခ်င္တာ။ စိတ္မေကာင္းစရာက ပစ္ခတ္မႈေတြ၊ စစ္ပြဲေတြ စလိုက္ၿပီ ဆိုတာနဲ႕ ေယရႈနဲ႕ နတ္သားေတြကအစ စစ္ဗိုလ္ခ်ဳပ္နဲ႕ စစ္သားေတြ အသြင္ကို ေျပာင္းသြားတာပဲ။

ZMH